Insurance Services by Kokoyan Yan

Insurance Services  by Kokoyan Yan အာမခံပညာရပ်ဖြင့် မြန်မာပြည်သူလူထု ကြီးအား အကာအကွယ် အကူအညီ ပေးနိုင်ရန်

16/04/2025

ဘဝတသက်တာသင်ယူခြင်း (Life Long Learning) - ရှေ့ဆက်လှမ်းနိုင်ဖို့ အရေးကြီးသော နည်းလမ်း

ဘဝတသက်တာသင်ယူခြင်းဆိုတာ ဘာလဲ။

ရေထဲရှိငါးအတွက် ရေဟာ ရှူရှိုက်ဖို့ လိုအပ်သလို၊ လူတစ်ယောက်အတွက် ဗဟုသုတဟာ ဆက်လက်ရှင်သန်ဖို့ လိုအပ်ပါတယ်။

ဘဝတသက်တာသင်ယူခြင်းဆိုတာ ကျောင်းတွေ၊ သင်တန်းတွေနဲ့ ကန့်သတ်မထားဘဲ၊ ကိုယ့်ဘဝတလျှောက်လုံး နေ့စဉ်နှင့်အမျှ အသိပညာအသစ်တွေ ရယူနေခြင်းဖြစ်ပါတယ်။

ဖတ်တွေ့သမျှ အကြားသမျှကို စစ်ထုတ်ပြီး၊ ကိုယ့်ဉာဏ်နဲ့တွေးတွေးပြီး စမ်းသပ်အသုံးချဖို့ အမြဲအဆင်သင့်ဖြစ်နေတာပါ။

ဘာကြောင့် အရေးကြီးသလဲ။

ရေစီးဆင်းနေတဲ့ မြစ်ဟာ သန့်စင်နေပြီး၊ ရပ်တန့်နေတဲ့ ရေဟာ ပုပ်သိုးသွားတယ်။ ဉာဏ်လည်း ထိုနည်းတူပါပဲ။

၁. ကမ္ဘာကြီးအမြဲပြောင်းလဲနေလို့ - နည်းပညာတွေက လေးနှစ်အတွင်း ၂ဆ တိုးတက်နေပါတယ်။ မလေ့လာဘဲနေရင် နောက်ကျကျန်ခဲ့ပါမယ်။

၂. ယှဉ်ပြိုင်မှုမြင့်တက်လာလို့ - အခုဟာ ဒီပလိုမာရရုံနဲ့ အလုပ်မရတော့တဲ့ ခေတ်ပါ။ ဘာသာရပ်စုံ တတ်ကျွမ်းသူတွေသာ အခွင့်အလမ်းကောင်းတွေ ရရှိနိုင်ပါတယ်။

၃. ဦးနှောက်ကျန်းမာသန်စွမ်းစေလို့ - အသစ်အသစ်လေ့လာခြင်းဟာ ဦးနှောက်ရဲ့ ပလက်စတစ်ဆစ်တီ (neuroplasticity) ကို တိုးတက်စေပြီး၊ အသက်ကြီးလာတဲ့အခါ ဉာဏ်ရည်ကျဆင်းမှုကို လျှော့ချပေးပါတယ်။

၄. အဆင်ပြေလွယ်ကူစေလို့ - လျင်မြန်စွာလိုက်လျောညီထွေစွာနေတတ်သူတို့သာ အခက်အခဲများကြားမှာ အောင်မြင်နိုင်မယ်။

ဘယ်လိုလုပ်မလဲ။

သစ်ပင်စိုက်ဖို့ အကောင်းဆုံးအချိန်ဟာ နှစ်ပေါင်းနှစ်ဆယ်က ဖြစ်ပြီး၊ ဒုတိယအကောင်းဆုံးအချိန်က ယနေ့ပဲဖြစ်ပါတယ်။

၁. ရည်မှန်းချက်ထားပါ - ဘယ်လိုပညာရပ်တွေ သင်ယူချင်လဲ ရှင်းရှင်းလင်းလင်း သိထားပါ။ ဆရာဝန်တစ်ဦးဟာတောင် CPR နည်းလမ်းအသစ်ကို နှစ်စဉ်လေ့လာရပါတယ်။

၂. နေ့စဉ်အကျင့် - နေ့တိုင်း ၂၀ မိနစ်လောက် စာအုပ်ဖတ်ပါ။ တစ်ပတ်မှာ စာအုပ်တစ်အုပ် ပြီးအောင်ဖတ်ရင် တစ်နှစ်မှာ စာအုပ် ၅၂ အုပ် ဖတ်ပြီးသွားပါမယ်။

၃. အွန်လိုင်းကို အသုံးချပါ - toetet.com လို ဝဘ်ဆိုဒ်တွေ၊ Coursera, Udemy, YouTube တွေမှာ အခမဲ့သင်ခန်းစာတွေ ရှိနေပါတယ်။ နေ့စဉ် ၁၅ မိနစ်လောက် အသုံးပြုပါ။

၄. လက်တွေ့ကျင့်သုံးပါ - သင်ယူထားတဲ့ ဗဟုသုတကို ချက်ချင်းအသုံးချပါ။ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ဖို့ ကျွမ်းကျင်သူတွေလုပ်တာကို လုပ်ကြည့်ရပါမယ်။

၅. လူမှုကွန်ရက်ဖန်တီးပါ - သင့်လို စဉ်ဆက်မပြတ် လေ့လာနေသူတွေနဲ့ ဆက်သွယ်ပါ။ အတူတူ သင်ယူခြင်းဟာ တစ်ဦးတည်း လေ့လာတာထက် ၁၀ ဆ ပိုမိုထိရောက်ပါတယ်။

လုပ်တဲ့သူနဲ့ မလုပ်တဲ့သူဘာကွာသွားမလဲ။

မြေဆီနဲ့ကပ်နေတဲ့ ရေတစ်ပုတ်၊ မိုးကိုမော့ကြည့်တဲ့ ရေတစ်ပုတ်။ ခရီးအဆုံးမှာ တစ်ခုက စိမ်းလန်းစိုပြေတဲ့ သစ်ပင်၊ တစ်ခုက ပိုးမွှားတွေနေတဲ့ ရွံ့ညွန်။

လေ့လာသူများ:
• ပြောင်းလဲမှုကို ကြိုဆိုနိုင်ပြီး၊ အလုပ်ပြုတ်မှာ မကြောက်ပါဘူး
• ဝင်ငွေ ၃ ဆမှ ၁၀ ဆအထိ ပိုများနိုင်ပါတယ်
• အသက် ၅၀ ကျော်တဲ့အထိ တန်ဖိုးရှိတဲ့ ပညာရှင်အဖြစ် ရပ်တည်နိုင်ပါတယ်
• ဘဝကို ပိုမိုစိတ်ကျေနပ်မှုရှိစွာ နေထိုင်နိုင်ပါတယ်
မလေ့လာသူများ:
• နည်းပညာပြောင်းလဲမှုကြောင့် အလုပ်ပျောက်နိုင်ပါတယ်
• မျက်နှာငယ်ရပြီး၊ ရှေ့ဆက်သွားဖို့ စိန်ခေါ်မှုတွေနဲ့ ကြုံရနိုင်ပါတယ်
• အသက်ကြီးလာတာနဲ့အမျှ အခွင့်အလမ်းနည်းပါးလာမယ်

toetet.com မှာ ဘာတွေလေ့လာနိုင်သလဲ

ရေကို မတူညီတဲ့ပုံစံထည့်ရင် မတူညီတဲ့ပုံစံရတဲ့ အတိုင်းပါပဲ။ မတူညီတဲ့အရာတွေကို လေ့လာလေ၊ မတူညီတဲ့ ဦးနှောက်ဖွဲ့စည်းပုံတွေ ရလေပါပဲ။
toetet.com မှာ အောက်ပါဘာသာရပ်တွေကို လေ့လာနိုင်ပါတယ်:

• ဘဝတွက်တာကျွမ်းကျင်မှုများ - အချိန်စီမံခန့်ခွဲခြင်း၊ ငွေကြေးစီမံခန့်ခွဲခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်း
• နည်းပညာကျွမ်းကျင်မှုများ - ပရိုဂရမ်းမင်း၊ ဝဘ်ဆိုဒ်ဖန်တီးခြင်း၊ အလိုအလျောက်လုပ်ဆောင်မှု
• စီးပွားရေးစွမ်းရည်များ - မာကတ်တင်း၊ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု နည်းလမ်းများ

နိဂုံးချုပ်အနေနဲ့ပြောရရင် ဘဝတသက်တာသင်ယူခြင်းဟာ ကျွန်တော်တို့ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်ပေးရုံသာမက ဘဝအရည်အသွေးကိုပါ မြှင့်တင်ပေးပါတယ်။ ယနေ့စတင်လိုက်ပါ။ “ရွှေမရှာသူ ရွှေမတွေ့” ဆိုသလိုပါပဲ။

Toe Tet
လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။

19/05/2024
နံပါတ် ၁ ငွေစု မယ်နံပါတ် ၆ ကျန်းမာရေး မတော်တဆထိခိုက်မှုအတွက် ငွေကြေးလိုအပ်မှု အကာအကွယ်အတွက်Life Insurance သည် တစ်ခုတည်းသ...
19/05/2024

နံပါတ် ၁ ငွေစု မယ်
နံပါတ် ၆ ကျန်းမာရေး မတော်တဆထိခိုက်မှုအတွက် ငွေကြေးလိုအပ်မှု အကာအကွယ်အတွက်
Life Insurance သည် တစ်ခုတည်းသော နည်းလမ်းပါ

YanNaungSoe
09422481243

တရုတ်ကြီးပြောတဲ့
စီးပွားရှာသူတိုင်းသိသင့်တဲ့
စီးပွားရေးမြေပုံ ၇ ခု

================

၁။ မင်းပိုင်တဲ့တောင်းထဲမှာ ကြက်ဥ ၁၀လုံး ရှိတယ်။ တစ်နေ့ကို ၉လုံးစားပြီး ၁လုံးချန်ထားလို့ ၁၀ရက်ကြာရင် ဘာဖြစ်မလဲ။ ကြက်ဥ ၁၀လုံးရောက်နေပြီပေါ့။ တစ်လုံးလျှော့စားလိုက်တဲ့အတွက် မင်းလည်း ဘာမှမသိသာပါဘူး။ အဲီတော့ အလုပ်လုပ်မယ်ဆိုရင် ကိုယ့်ဝင်ငွေ ၁၀ပုံ ၁ပုံကို အမြဲချန်ထားရမယ်ကွ။ ၉ပုံတောင်သုံးရတဲ့အတွက် ဒီလောက်ကြီးလည်း ချိုးခြုံစရာမလိုဘူး မလား။ ဒါ ငါပြောချင်တဲ့ မြေပုံ ၁ ကွ။

၂။ နောက်တစ်ခုက မင်းရဲ့ဝင်ငွေထွက်ငွေတွေကို သေသေချာချာသိထားဖို့လိုတယ်။ မလိုအပ်ပဲနဲ့ ထွက်နေတဲ့လမ်းကြောင်းတွေရှိရင် အမြန်ပိတ်ပစ်ပေတော့။ အဲလိုမှ မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေလိမ့်မယ်ကွ။ ဒါငါပြောချင်တဲ့ မြေပုံ ၂ ပဲ။

၃။ တတိယတစ်ခုက ငွေကိုစုပေမယ့် သက်မဲ့လိုသဘောမထားရဘူး။ နွားတွေ ကြက်တွေ မွေးသလိုပေါ့။ အကောင်တွေပွား ၊ ဥတွေဥ အကောင်ထပ်ပွားပေါ့ကွာ။ ငွေကိုငွေချင်းထပ်ပွားနိုင်ဖို့ အကျိုးရှိတဲ့နေရာတွေမှာ ထည့်ဝင်မြုပ်နှံကွ။ အဲလိုမှ မလုပ်ပဲငွေကို သေတ္တာထဲ ထည့်သိမ်းထားမယ်ဆိုရင် ငွေတေဟာအကြောသေသွားလိမ့်မယ်။ လေဖြတ်တဲ့လူလို မင်းငွေတွေဟာ အင်အားမရှိတော့ဘူး ပေါ့။
ဥပမာကွာ ငါ့သားမွေးတုန်းက ငါငွေလေးနည်းနည်းအတိုးချထားတယ်။ ရတဲ့အတိုးတွေကိုမသုံးပဲ အရင်းထဲထပ်မြုပ်တယ်။ အဲဒီကနေအတိုးပြန်ဖြစ် ငါ့သား ၁၂နှစ်ရောက်လို့ ကျောင်းပို့မယ်လုပ်တော့ ငွေကိုပြန်ထုတ်လိုက်တာ မနည်းပါဘူးကွာ ။ ဒါဟာမြေပုံ ၃ပေါ့။

၄။ နောက်တစ်ခုက အလုပ်လုပ်တဲ့အခါမှာ လောင်းကစား မဆန်ရဘူးကွ။ မြတ်ချင်မြတ် မမြတ်ရင်သွားဟ ဆိုတဲ့သဘောမျိုးမလုပ်ရဘူး။ သေချာတာလောက် ကိုယ်ကျွမ်းကျင်သလောက် နိုင်သလောက်ပဲလုပ်ရမယ်။ လောင်းကစားလုပ်လို့ကတော့ ရလည်းခဏပဲ မွဲစရာရှိရင် မြန်မြန်မွဲသွားလိမ့်မယ်။
တစ်ခါက မိုးကြိုးသွားတစ်ခုကို ငါ့လာရောင်းဖူးတယ်။ အပြောကလည်းကောင်း လက်တွေ့စမ်းပြတော့လည်း လျှပ်စစ်မီးလည်းငြိမ်း ၊ ရေဒီယိုလည်းရပ်သွားတော့ အစစ်လို့ယုံသွားတယ်။ အစစ်ဆိုရင်ပြန်ရောင်းရင် သိန်း ၂၀လောက် ရမှာကို။ ဒါနဲ့ ၁သိန်းနဲ့ဝယ်လာပြီး အိမ်ရောက်တော့ လျှပ်စစ်ဓာတ်မီးမပြောနဲ့ လက်နှိပ်ဓာတ်မီးတောင် မငြိမ်းဘူး။ စနစ်တကျစီစဉ်ပြီး လိမ်သွားတာကွ။ တစ်သိန်းမို့ပေါ့ ၁၀သိန်းဆိုရင် ငါခွက်ဆွဲနေလောက်ပြီ။ အဲဒီတော့ ပြောချင်တဲ့ လေးအချက်က ကိုယ်မသိတဲ့ မပိုင်တဲ့အလုပ် ၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြုပ်နှံမှုမှမလုပ်ရဘူး။

၅။ နောက်တစ်ခုက လူတစ်ယောက်ဟာ အိမ်ငှားနေတာ မသင့်တော်ဘူး။ အခြေအနေအရ ငှားနေရင်လည်း ကိုယ်ပိုင်အိမ်ဖြစ်အောင်ကြိုးစားရမယ်။ အိမ်ငှားစရိတ်ဟာ ကြာလာရင် အိမ်တစ်လုံးစာလောက်ရှိလာတယ်။ စိတ်ရှုပ်ရတယ်။ သေးတာကြီးတာမဓာန မဟုတ်ဘူး။ ကိုယ်ပိုဖြစ်အောင်ကြိုးစားဖို့ပဲ။ အဲဒီအပေါက်က ငွေအထွက်ဆုံးပဲ ။ အဲဒီတော့ ကားပဲမောင်းမောင်း ၊ စက်လှေပဲထောင်ထောင် ကိုယ်ပိုင် ဖြစ်အောင်အရင်ဆုံးကြိုးစား ။ ဒါ ငါးခုမြောက်မြေပုံပဲ။

၆။ တို့မြန်မာစကားမှာ မတ်တတ်စာပဲရှိတယ်၊ တုံးလုံးစာမရှိဘူး ဆိုတဲ့စကားရှိတယ်။ စကားပဲရှိတာကွ မလိုက်နာကြဘူး။ ဒါကြောင့် မမျှော်မှန်းနိုင်တဲ့ အနာဂါတ်အတွက် ပြင်ဆင်မှုတွေလုပ်ထားရမယ်။ ရုတ်တရက်ကိုယ်သေသွားရင် ကျန်ရစ်သူမိသားစုကို မထိခိုက်စေဖို့ ၊ ရုတ်တရက်ထိခိုက်မိလို့ ဒုက္ခိတဖြစ်သွားရင် ဆက်လက်အသက်ရှင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရမယ်။ ဒါ ခြောက်ခုမြောက်မြေပုံပဲ။

၇။ ၇ချက်မြောက် ကတော့ ကြိုးစားမှုကို မလျှော့ဖို့ပဲ ၊ ကိုယ်နဲ့လုပ်ငန်းတူတွေရှိနေတယ်ကွ ၊ ကိုယ်ကရပ်ပေမဲ့ သူတို့ကကြိုးစားနေမှာ ၊ ကိုယ်လုပ်တဲ့ အလုပ်မှာ အစွမ်းထက်လေလေ ဝင်ငွေကောင်းလေလေပေါ့ကွာ ၊ မင်းသဘောပေါက်ဖို့က ကိုယ့်ဆီကို အားပေးတဲ့ဖောက်သည်တို့ အားပေးတဲ့ ပရိသတ်တို့ ဆိုတာ စိတ်ချရတာမဟုတ်ဘူး ..ကိုယ့်ထက်သာတဲ့လူ ၊ တော်တဲ့သူရှိရင် အဲဒီကို သွားကြမှာ ..အဲဒါတော့မြဲမြဲမှတ်ထား။ ငါပြောချင်တဲ့ ၇ခုမြောက်မြေပုံက ဒါပဲ။ မင်းသဘောပေါက်ဖို့ကတော့ အလုပ်တစ်ခုမှာ သဘာရင့်ဝါရင့်တာနဲ့ မကြီးပွားဘူးနော် တော်မကြီးပွားတာ..ကုလို့ပျောက်တဲ့ဆရာဝန်ဆီကိုပဲ လူနာက သွားမှာနော်..သဘာရင့်ဝါရင့်တယ်ဆိုပြီးသွားမှာမဟုတ်ဘူး...ဒီအချက်ကို မြဲမြဲသဘောပေါက်စမ်းပါဗျာ



17/05/2024
I have reached 100 followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉
07/01/2024

I have reached 100 followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉

03/11/2023
☂☂☂☂☂☂☂Insurance ဆိုတာမိမိနဲ့ မိမိမိသားစုအတွက်ငွေကြေးဆုံးရှူံးနိုင်ချေအနည်းဆုံး ဖြစ်အောင်အကာအကွယ် ယူတာပါ..☂☂☂☂☂☂☂ကျွန်တေ...
03/11/2023

☂☂☂☂☂☂☂
Insurance ဆိုတာ
မိမိနဲ့ မိမိမိသားစုအတွက်
ငွေကြေးဆုံးရှူံးနိုင်ချေ
အနည်းဆုံး ဖြစ်အောင်
အကာအကွယ် ယူတာပါ..
☂☂☂☂☂☂☂
ကျွန်တော်တို့ ဘဝတွေမှာ
ကျန်းမာရေး အတွက်
Medical Cover

ရာသီဥတုပေါ် မူတည်ပြီး
ခန္ဓာကိုယ် နွေးထွေးမှုရှိအောင်
Clothing Cover
အစရှိသဖြင့်

မိတ်ဆွေ
ကိုင်နေတဲ့ ဖုန်းမှာတောင်
Screen Guard
Phone Cover
ရှိသေးတာဘဲလေ.....

မိတ်ဆွေ အတွက် မှန်ကန်သင့်လျော်တဲ့ အကာအကွယ်ရရှိစေဖို့
ကျွန်တော် ကူညီပေးပါရစေ

YanNaungSoe
09422481243

05/10/2023

Chubb Life Insurance ရဲ့
ဖိတ်ကြားမှုအပေါ် လေးလေး
စားစားတက်ရောက်ချင်ပေမဲ့
အရေးပေါ်ကိစ္စရပ်ကြောင့်
မတက်ရောက်ဖြစ်တာ
ခွင့်လွှတ်ပါ။

25/08/2023

မိတ်ဆွေ........ မရေရာ ..မသေချာမှုတွေများနေတဲ့ ကာလမှာ.... သေချာ ရေရာမှုနဲ့ အနာဂါတ်ကာလ ငွေကြေးလိုအပ်ချက်များအတွက် မိသားစုအရေး ထည့်သွင်းစဉ်းစားထားသင့်တဲ့ သင့်ရဲ့ ငွေကြေး Backup Plan အကြောင်းအသေးစိတ်သိချင်ရင်တော့ ....
မိတ်ဆွေ.....အတွက် အချိန်မရွေး ကူညီဆောင်ရွက်ပေးပို့ အသင့်ရှိနေပါတယ်....

ချစ်ခြင်းများစွာဖြင့်

YanNaungSoe
Agency Manager**
Chubb Life Insurance Myanmar
[email protected]
09422481243
09689036100

20/08/2023

Network is valuable for our Business.

Address

No(1)Pegus Qtr
Thanlyin

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959422481243

Website

Alerts

Be the first to know and let us send you an email when Insurance Services by Kokoyan Yan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Insurance Services by Kokoyan Yan:

Share