21/05/2026
✍️ကံ၊ စိတ်၊ ဥတု၊ အာဟာရ
ဒီ(၄)မျိုးက အသိဉာဏ်ပညာဗဟုသုတရှိမယ်၊သင့်တင့်မျှတတဲ့ဥစ္စာဓနရှိမယ်၊ သင့်တော်တဲ့အရပ်မှာနေထိုင်မယ်ဆိုရင်
၈၀% လောက်စီမံလို့ရတယ်။
ဗုဒ္ဓဟောတဲ့ မင်္ဂလာသုတ်ကိုလေ့လာရင် သိနိုင်တယ်။🙏🙏🙏
🧠ကံ(၂)မျိုး
အတိတ်ကံ နဲ့ ပစ္စုပ္ပန်ကံ
ကံဆိုတာ အလုပ်။ ကံကောင်းချင်ရင် ကောင်းတဲ့အလုပ်လုပ်ရပါမယ်။
အတိတ်ကံကို ပြန်သွားပြီးပြင်လို့မရပေမယ့်၊
ယနေ့၊ ယခု ပစ္စုပ္ပန်ကံကို ပိုကောင်းအောင်စီမံလုပ်ဆောင်လို့ရပါတယ်။
ပစ္စုပ္ပန်ကံသည် အနာဂတ်အတွက် အတိတ်ကံဖြစ် တယ်။
ဒီအတွက် စည်းမျဉ်းစည်းကမ်းနဲ့ အလေ့အထကောင်းတွေလိုအပ်တယ်။
❤️စိတ်(၂)မျိုး
ကုသိုလ်စိတ် နဲ့ အကုသိုလ်စိတ်
လောဘ၊ ဒေါသ၊ မောဟနဲ့ လွှမ်းရင် အကုသိုလ် စိတ်ဖြစ်တယ်။
လောဘ၊ ဒေါသ၊ မောဟ ကင်းရင် ကုသိုလ်စိတ်ဖြစ်တယ်။
အကုသိုလ်စိတ်ကို ပယ်နိုင်ရင် ကုသိုလ်စိတ်ကအလိုလိုတိုးလာတယ်။
ကုသိုလ်စိတ်ကို များများလေ့ကျင့်ရင် အကုသိုလ် စိတ်အလိုလိုလျော့သွားတယ်။
ဒီအတွက် အသိဉာဏ်ပညာဗဟုသုတ ကြွယ်ဝခြင်း နဲ့ ဆင်ခြင်သတိပြုခြင်းအလေ့အကျင့်လိုအပ်တယ်။
🌦️ဥတု(၂)မျိုး
ပူခြင်းနဲ့ အေးခြင်း
သဘာဝရဲ့ဥတုအပြောင်းအလဲကို ထိန်းချုပ်နိုင်ဖို့ဆိုတာ ခက်ခဲတယ်။
ကိုယ့်ခန္ဓာဖြစ်ပေါ်လာတဲ့ အပူအအေးကိုပဲ အပြင်ကဥတုနဲ့မျှတအောင် နေထိုင်ရတာက ပိုလွယ်တယ်။ ဥပမာ ပူရင်ရေချိုး၊ အေးရင်အနွေးထည်ထပ် မီးလှုံသလိုမျိုးပေါ့။
ပြင်ပဥတုကို တစိတ်တပိုင်းအနေနဲ့ချိန်ညှိလို့ရတာက
ဥပမာ အဲယားကွန်းတပ်ထားမယ်။
ဒီအတွက် သင့်တော်တဲ့အရပ်ဒေသနဲ့ သင့်တင့်မျှတတဲ့ဥစ္စာဓနလိုအပ်တယ်။
🍲အာဟာရ (၂)မျိုးလည်း ဒီလိုပဲ
ဓာတ်တည့်စာနဲ့ ဓာတ်မတည့်စာ
ခန္ဓာကိုယ်အတွက် အာဟာရက မရှိမဖြစ်လိုအပ်တယ်။ စားချင်တာစားတာထက် စားသင့်စားထိုက်တာကို ရွေးချယ်စားသောက်ပေးဖို့လိုအပ် တယ်။
ဒီအတွက် သင့်တော်တဲ့အရပ်ဒေသနဲ့ သင့်တင့်မျှတတဲ့ဥစ္စာဓနလိုအပ်သလို အသိဉာဏ်ပညာဗဟုသုတလည်းလိုအပ်တယ်။
#အားလုံးကျန်းမာချမ်းသာကြပါစေ။
#ကံ
#စိတ်
#ဥတု
#အာဟာရ
#21/5/2026