31/08/2022
၁၄ ရက်ဗီဇာ
ဘန်ကောက် အလည် 14 ရက်နဲ့လာတာ အရမ်း လွယ်ကူသလား ?
ပုံမှန်ပဲ တွေးလိုက်ရင်တော့ အရမ်း လွယ်ကူပါတယ်။
ပတ်စပို့စ် စာအုပ်လုပ်ပြီး
လေယာဉ်လက်မှတ်ဖြတ်ပြီး ဘန်ကောက်ကို ရောက်တာ နဲ့ 14 ရက်နေထိုင်ခွင့် ပေးတာကို Arrivels ဗီဇာ လို့ခေါ်ကြတယ်။
ကိုယ်က အလည်လာပြီး လည်မယ် ၊ပတ်မယ် ၊သွားမယ် စားမယ် ဆိုသူတွေ အတွက်က အခက်ခဲ သိပ်မရှိနိုင်ဘူး။
ဘာလို့လဲ ဆိုတော့ တကယ်ပဲ အလည် လာတဲ့ သူတွေက ဘယ်နေ့ သွားမယ် ဘယ်နေ့ လာမယ် ဆိုတာကို သေချာ တွက်ချက် စီစဉ်ပြီး လာကြတာ ဖြစ်လို့
ရန်ကုန် - ဘန်ကောက် လေယာဉ်လက်မှတ်
ဘန်ကောက် - ရန်ကုန် လေယာဉ် လက်မှတ်
အသွားပြန် ဖြတ်ပြီး သား။
ဟိုတယ် ဘိုကင် ဘယ်နရက်စာ ၊
လည်ပတ်မှာက ဘယ်နေရာ ၊ စတာတွေကိုကလဲ အစီစဉ်ရှိထားပြီးသား။ ပြီးတော့ သုံးဖို့ စွဲဖို့ ပိုက်ဆံ ကလည်း ပါလာပြီး သား ဆိုတော့
ထိုင်းဘက်က လဝက ကို သေချာပေါက် ဖြတ်ကျော် လို့ရပြီ 95%။
ပြီးတော့ ကိုယ်က အဂ်လိပ်လို အနည်းကျဉ်းနားလည် တယ် ပြောတတ်တယ်ဆို 101% လောက် ထိ အဆင်ပြေပြီ။
သူတို့အမြဲမေးတတ်တာက
ဘယ်မှာတည်းမလဲ
ဘယ်နရက် နေမလဲ
ဘယ်နေ့ပြန်မလဲ
ဘယ်တွေသွားလည်မလဲ ...ဆိုတာကို အဓိက ထားပြီး မေးတတ်ပါတယ်။
လေယာဉ်လက်မှတ် အသွားပြန်ရှိသူ
ဟိုတည် ဘိုကင် ရှိသူ အတွက်က မေးလာရင် စာရွက်စာတမ်း ပြလိုက်ရင်ပြီးပါပြီ။
ဥပဓိရုပ် နဲ့ အဝတ်အစား ပေါ်လည်း မူတည်ပါတယ်။
သပ်သပ်ရပ်ရပ် ဝတ်စားထားပြီး
ယုံကြည်မူ့ အပြည့်ရှိတဲ့ မျက်နာမျိုးဆို တော်ရုံ စစ်ဆေး မေးတာမျိုး မရှိပဲ ...ပတ်စပို့စ်ကို ရောက်ရှိ ဗီဇာ ထုပေးတတ်ပါတယ်။
ခုနောက်ပိုင်းကတော့ နိုင်ငံရေးအခြေ နေအရ အရင်ကထက်ပိုပြီး အစစ်ဆေးများပါတယ်။
ပြီးတော့ အလည် ပုံစံ နဲ့ တက်လာပြီး နေထိုင်ခွင့် ဘတ်ရိုက် တဲ့ သူတွေ ကလည်း များလာပါတယ်။
ဒါကို ထိုင်းဘက် တာဝန်ရှိသူတွေက သိပါတယ်။
မသိတာ မဟုတ်ပါဘူး ။အဲ့တာကြောင့်လဲ အလည် လာတာ တကယ်လား ၊ အလည်နဲ့ လာပြီး အလုပ်လုပ်မယ့် သူလား ဆိုတာ ခွဲခြား စစ်ဆေး နေကြတာပါ။
ဒါကြောင့် အချက်လက်မပြည့်စုံသူ ၊ ထိုင်းကိုလာရတဲ့ အကြောင်းအရင်း ကို တိတိကျကျ ရေရေရာရာ မပြောနိုင်တဲ့သူတွေကို ထိုင်းဘက်ခြမ်းက ဝင်ခွင့် မပေးဘဲ ပြန်လွတ် ပါတယ်။
ထိုင်းတွေလဲ ကိုရီးယား တို့ ဂျပန်တို့ သွားတဲ့ခါ ..
ဒီလို မျိုးတွေ ကြုံရပါတယ်။ ကိုရီးယားလေယာဉ်ကွင်းကနေ ပြန်လွတ်ခံရတဲ့ ထိုင်း လူမျိုး ရှိပါတယ်။
ထိုင်းဘက်ကို အလည်နဲ့ လာပြီး ဘတ်ရိုက်မယ့်သူတွေက ...အများအားဖြင့်
လေယာဉ်လက်မှတ် အသွားပြန် မဖြတ်ချင်ဘူး
ဟိုတည်ဘိုကင် မလုပ်ချင်ဘူး
ပိုက်ဆံကတော့ ဆောင်ထားတတ်ကြပါတယ်။
လေယာဉ်လက်မှတ် အသွားအပြန်
ဟိုတည်ဘိုကင်
လိုအပ်ရင်ပြဖို့ ပိုက်ဆံ
ဖြစ်နိုင်ရင် ဘတ်ဂျက် အဲလိုင်း တွေ နဲ့ လက်မှတ်မဖြတ်ဘဲ ..ဆူဝါနဖူ လေယာဉ်ကွင်း က သူဌေးတွေစီးတဲ့ လေကြောင်းလိုင်း ကိုဖြတ်ရင် ပိုကောင်းပါတယ်။
ပြည့်စုံအောင် မလုပ်ထားတဲ့ခါ
ထိုင်းလဝက က ရစ်ပါပြီ။ ရစ်တဲ့ခါ ...သေချာ ပြောပြ မရှင်းပြနိုင်တဲ့ခါ ...ထိုင်းဘက်ခြမ်းကို ဝင်ခွင့် မပြုဘဲ မြန်မာပြည် ပြန် လွတ် ခံရပါတယ်။
ဒါကြောင့် အလည် ပုံစံ နဲ့ အလုပ်လုပ်ဖို့ ဆုံးဖြတ်ပြီး လာမယ်ဆိုရင် လိုအပ်တဲ့ အချက်အလက် တွေကို ပြည့်စုံ အောင် ပြင်ဆင်ပြီး မှ လာကြပါလို့ အကြံပြုလိုက်ပါရစေ ခင်ဗျာ🙏🙏🙏🙏။
credit #မူရင်း