12/11/2015
ခေးတို့သိထားသင့်တဲ့ မိန်းမကောင်းတို့အမူအကျင့်များ
---------------------------------
၁။ ရည်းစားကို ဖုန်းဘေလ်မထည့်ခိုင်းခြင်း
ခေးတို့ရေ တကယ့်မိန်းမကောင်းတွေဟာ သူ့ရည်းစားကို ဖုန်းဘေလ်ထည့်ခိုင်းပြီး နားပူနားစာမလုပ်တတ်ကြဘူးကွဲ့ ကိုယ့်တာဝန်ကိုယ်ယူပြီး မိန်းမကောင်းစိတ်ဓါတ်ပြတတ်ကြတယ်
၂။ ကားနဲ့လာခေါ်မှလိုက်မယ် မလုပ်ရဘူး
ခေးတို့ရေ တကယ့်မိန်းမကောင်းတွေက သူ့ချစ်သူရည်းစားကို ငွေကြေးကြောင့်ကြိုက်တာမဟုတ်ပါဘူးကွယ် သူ့ချစ်သူရည်းစားရဲ့ သူ့အပေါ်မှာချစ်စရာကောင်းတဲ့အပြုအမူနဲ့ လေးစားစရာကောင်းတဲ့အရည်အချင်းကြောင့် ရွေးချယ်ကြတာပါ ကားနဲ့လာခေါ်မှ ဘယ်သွားသွားတက္ကဆီနဲ့မှဆိုတာ ကြိုးစားနေနဲ့လူငယ်အမျိုးသားလေးတွေကို စိတ်ဒုက္ခပေးရာရောက်ပါတယ် ခု ရေတွင်းတူး ခု ရေကြည်သောက်ချင်လို့မှမရတာ သူ့ကိုကြိုးစားခွင့်ပေးပြီး သူ့အပေါ်ဝန်ထုတ်ဝန်ပိုးဖြစ်စေမယ့်အရာတွေကို ရှောင်ရှားပါ
၃။ အီစီကလီcommentတွေ ပြန်မပေးဘူး
ခေးတို့ရေ သစ္စာဆိုတာ အသစ်ကိုဆာတာ မဟုတ်ပါဘူးကွယ် အသစ်ကိုဆာရင် မိန်းမပေါ့မိန်းမပျက်စာရင်းထဲ ပါသွားလိမ့်မယ် Facebookမှာ ကိုယ့်ကိုကွန်မန့်လာပေးပြီး ဖွန်ကြောင်တဲ့ကောင်လေးတွေကို အီစကလီပြန်မန့်ပြီးကျူနေမယ်ဆို ခေးတို့ရဲ့relationshipက အဆင်မပြေနိုင်သလို ခေးတို့ကိုယ်တိုင်လည်း မျက်နှာများတဲ့စာရင်းထဲဝင်သွားမယ် ရည်းစားရှိရက်နဲ့လာကျူတဲ့ကောင်လေးတွေကရော ဒီစော် လွယ်ပါတယ်ကွာဆိုပြီး အထင်သေးအမြင်သေးနဲ့ တန်ဖိုးထားမှာမဟုတ်ဘူးဆိုတာ ပြေနေစရာမလိုဘူးထင်ပါတယ် ခေးတို့ရေ
၄။ တမင်ပြသနာရှာပြီး ချော့ခိုင်းတာမျိုးရှောင်မယ်
ခေးတို့ရေ မိန်းမဆိုတဲ့အမျိုးကိုက ဂရုစိုက်တာကို သာမန်ထက်လိုချင်တာမျိုး ဒီတော့ ကိုယ့်ချစ်သူရည်းစားဆီက အချော့အမြှူ ဂရုစိုက်တာလိုချင်မယ် ဒါဟာ သဘာဝပါပဲ သဘာဝထက်လွန်ပြီး တမင်ပြသနာရှာ ပြန်ချော့ခိုင်း အဲဒါဆိုရင် relationship မှာအဆင်မပြေဖြစ်မှာသေချာနေပါပြီ ကိုယ်တိုင်လည်း စိတ်ရောဂါတစ်ခုခုရှိနေပြီလို့ ယုံကြည်လိုက်ပါ ကိုယ့်ချစ်သူရည်းစားက ကိုယ့်ကိုဘယ်လောက်ချစ်ကြောင်းကိုစမ်းသပ်ရာမှာ ဒီနည်းလမ်းက မမှန်ပါဘူး ကြာလာရင် ကိုယ့်ချစ်သူရည်းစားက စိတ်ပျက်လာမယ် ချီးထုတ်မ ဆိုင်ကိုမဆိုပြီး ပစ်သွားခံရနိုင်တယ်
ခုတော့ ဒီလောက်ပါပဲ
ပျော်ရွှင်ချမ်းမြေ့ကြပါစေ
အမရာ (ခေတ္တ စင်ကျားပူ)
(( မော်ဒယ် လုလုအောင် Lulu aung၏ ဓါတ်ပုံအားခွင့်မတောင်းဘဲယူသုံးမိ၍ ခွင့်လွှတ်စေချင်ပါသည် ))