29/08/2017
မြန်မာနိုင်ငံ၏ ဈေးကွက်စီးပွားရေးစနစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပုဂ္ဂလိက ကဏ္ဍအတွက် လိုအပ်သည့် ကာလရှည် ငွေကြေး အရင်းအမြစ် များကို စုစည်းနိုင်ရန်၊ စနစ်ကျနသော ဈေးကွက် တစ်ခုဖြစ်လာစေရန် ရည်ရွယ်၍ တည်ထောင်ထားသော ရန်ကုန်စတော့အိတ်ချိန်း၏ ပထမဆုံးသောပြပွဲ ကြီးကို ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်၊ (တနင်္ဂနွေ)နေ့ နံနက် (၉:၀၀) နာရီ မှ ညနေ (၅:၀၀) နာရီ အထိ ရန်ကုန်မြို့ ၊ အလံပြဘုရားလမ်း ၊ Park Royal Hotel တွင် ခမ်းနားစွာ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
YSX EXPO 2017 ကျင်းပရခြင်း၏ အဓိက ရည်ရွယ်ချက်များမှာ-
-(က) စတော့ဈေးကွက်ဆိုင်ရာ အသိပညာ ဗဟုသုတများ ပြန့်ပွားပြီး ရင်းနှီးမြှုပ်နှံသူအရေအတွက် နှင့် စာရင်းဝင်ကုမ္ပဏီအရေအတွက်များ တိုးပွားလာစေရန်၊
-(ခ) ရင်းနှီးမြှုပ်နှံသူများအနေနှင့် သင့်လျော်သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နည်းဗျူဟာများကို ချမှတ် နိုင်ရေးအတွက် စာရင်းဝင်ကုမ္ပဏီများ၊ငွေချေး သက်သေခံလက်မှတ်ကုမ္ပဏီများ နှင့် တိုက်ရိုက်ထိတွေ့ ကာ ရင်းနှီးမြှုပ်နှံနိုင်စေရေးအတွက် ပံ့ပိုးပေးရန်၊
-(ဂ) အသိအမြင် ဗဟုသုတပြည့်ဝပြီး အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများကို အရင်းအနှီး ဈေးကွက်အတွင်း ၀င်ရောက် လာနိုင်စေရန် ကူညီဆောင်ရွက်ပေးနိုင်ရန်၊
-(ဃ) အရင်းအနှီးဈေးကွက် တိုးတက်ဖွံ့ဖြိုးရေးအတွက် စာရင်းဝင်ကုမ္ပဏီ များ၊ ရင်းနှီးမြှုပ်နှံသူများ၊ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများ အတူတကွ ဆုံစည်းကာ ပညာရပ်ဆိုင်ရာများဆွေးနွေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း စသည့် အခွင့်အလမ်း များ ဖော်ဆောင်နိုင်စေရန် ဖြစ်ပါသည်။
YSX EXPO 2017 တွင် စတော့ရှယ်ယာဈေးကွက် အကြောင်း လေ့လာလိုသော အများပြည်သူ များအတွက် စာရင်းဝင် ကုမ္ပဏီများ၏ ရှေ့လုပ်ငန်းစဉ် အလားအလာများကို ပြသထားသော (Exhibition Booth) ပြခန်းငယ်မျုားအား ဖွင့်လှစ်ပေးထားမည်ဖြစ်ပြီး မည်သူမဆို ၀င်ရောက်လေ့လာနိုင်စေရန် စီစဉ်ထားပါသည်။
ထို့အပြင် YSX EXPO တွင် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲ Panel Discussion များထည့်သွင်းထားရာ ယင်းဆွေးနွေးပွဲများတွင် လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေးအလားအလာများနှင့် စီးပွားရေး လုပ်ငန်းများအား ဆွဲဆောင်နိုင်မည့် အခြေအနေများ၊ ငွေချေးသက်သေခံ လက်မှတ်ရောင်းဝယ်ရေးဈေးကွက်တွင် ကြုံတွေ့နေ ရသော စိန်ခေါ်မှုများအား Section သုံးပိုင်းခွဲ၍ အလှည့်ကျ ဆွေးနွေး သွားမည်ဖြစ်ပါသည်။ အဆိုပါ ဆွေးနွေးပွဲတက်ရောက်လိုပါက https://ysx-expo.com/?utm_source=fbpost လင့်ထဲသို့ ၀င်ရောက်၍ ကြိုတင် စာရင်းပေးသွင်း ရန်လိုအပ်ပါသည်။
ဆွေးနွေးပွဲ ပထမပိုင်းတွင် ပါဝင်ဆွေးနွေးမည့် ပုဂ္ဂိုလ်များမှာ-
(၁) ဦးယဉ်ဇော်မျိုး (Speaker) (Member of the Board and Managing Director of YSX)
(၂) ဦးဇေယျသူ (Moderator) (Publisher and Deputy Chief Editor of the Voice Weekly Journal)
(၃) ဦးထွန်းထွန်း (Panelist 1) (Chief Financial Officer of FMI)
(၄) ဦးသိန်းဟန် (Panelist 2) (Member of the Board and MD of MTSH and Chairman of Myanmar Edible Oil Industrial Public Corporation Limited
(၅) ဦးသောင်းဟန် (Panelist 3) (Managing Director and Chief Executive Officer of MCB, Managing Director of AYA Bank, Group Chief Operating Officer of Max Myanmar Group
(၆) ဦးမြင့်ဇော် (Panelist 4) (Board Member and senior manager of First Private Bank limited
ဆွေးနွေးပွဲ ဒုတိယပိုင်းတွင် ပါဝင်ဆွေးနွေးမည့် ပုဂ္ဂိုလ်များမှာ -
(၁) ဦးကျော်မင်းထွန်း (Speaker)(Pro Rector (retired), Yangon Institute of Economics and Board Member of Central Bank of Myanmar
(၂) ဦးသက်ထွန်းဦး ( Moderator)(Executive Senior Manager, Yangon Stock Exchange)
(၃) ဒေါ်ခင်ထွေးရွှေ (Panelist 1)(Executive Director, Myanmar Securities Exchange Centre)
(၄) Mr. Jonathan Lin (Panelist 2) (Head of Operation, KBZ Stirling Coleman Securities)
(၅) ဦးသောင်းဟန် (Panelist 3)(Managing Director of CB Securities limited)
(၆) ဦးRickyဦး (Panelist 4)(Senior Vice President of AYATrust Securities )
(၇) Mrs. Duangrat Watanapongchat (Panelist 5)
(Executive Chairman of KTZ Ruby Hill Securities Co.ltd and Chief Risk Management of KTZmico Securities Co.ltd)
(၈) Dr.အောင်ကျော်ကျော် (Panelist 6)
(Acting Head of Securities Brokerage Dept of Amara Investment Securities)
ဆွေးနွေးပွဲ တတိယပိုင်းတွင် ပါဝင်ဆွေးနွေးမည့် ပုဂ္ဂိုလ်များမှာ -
(၁) Mr. Sugish*ta (Speaker) (Economist, Daiwa Institute of Research Ltd)
(၂) Daw Sarah Wai (Moderator)(Assistant General Manager, MITV)
(၃) ဦးဌေးချွန် (Panelist 1) (Commissioner of Securities and Exchange Commission of Myanmar)
(၄) ဒေါ်ဝင်းဝင်းတင့် (Panelist 2)(Group Managing Director of City Mart Holding Limited)
(၅) ဦးဝေဖြိုး (Panelist 3)(Managing Director of Yathar Cho Industry Co,.ltd, Vice-president of UMFCCI and President of MYEA)
(၆) ဦးမိုးကျော် (Panelist 4)(Managing Partner of Win Thin & Associates and Member of Myanmar Accountancy Council)
(၇) ဦးမင်းနိုင်ဦး (Panelist 5) (Managing Director of Allen and Gledhill Myanmar Co., Ltd)
YSX EXPO 2017 တွင် စတော့ရှယ်ယာရင်းနှီးမြှုပ်နှံလိုသောပြည်သူများ အတွက် ငွေချေးသက်သေခံ လက်မှတ်စာရင်း ( Securities Account ) ဖွင့်လှစ်နိုင်ရန် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများမှ Account Opening Deskများလာရောက်ဖွင့်လှစ်ထားမည် ဖြစ်ပါသဖြင့် အဆိုပါ Desk များတွင် စာရင်းများလာရောက် ဖွင့်လှစ်ရင်း ကံစမ်းမဲများနှင့် လက်ဆောင်များကို ပေးအပ်သွားမည် ဖြစ်ပါသည်။ စာရင်းဖွင့်လှစ်လိုသူများ အနေနှင့် နိုင်ငံသားမှတ်ပုံတင်ကတ်ပြားနှင့် ဘဏ်စာရင်းစာအုပ်ကို ယူဆောင်လာရန်လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ YSX EXPO 2017 သို့ကြွလှမ်းခဲ့ပါရန် ဖိတ်ခေါ်လိုက်ရပါသည်။
YSX EXPO 2017 တွင် ပါဝင်နိုင်ပါရန် Online Registration နှင့်သော်လည်းကောင်း၊ YSX ၏ ဖုန်း 01-371276, 01-371167, 01-371274 သို့ ဖုန်းခေါ်ဆို၍ လည်းကောင်း ကြိုတင်စာရင်းပေးနိုင်ကြပါသည်။
Source: YSX