12/11/2022
❤️ ဝိညာဉ်သေများ _ Pre Order Now!
ရုရှားပြည်ရှိ ကျေးပိုင်ကျွန်ပိုင်များနှင့် အရာရှိကြီးများ၏ အကျင့်ပျက်ချစားမှု၊အတုအယောင်များမှုနှင့် လောဘရမ္မက် ငမ်းငမ်းတက်မှုများကို လှောင်ပြောင်သရော်ထားသည့် ကမ္ဘာ့အပြောင်မြောက်ဆုံး Satire ဝတ္ထုကြီးတစ်ပုဒ်...
🍀ဝိညာဉ်သေများ (ကိုနေ(မန်း))
◾️ တန်ဖိုး -15,000 ၊ စာမျက်နှာ 700
◾️ စာအုပ်ထွက်မည့်ရက် - 23.11.2022
◾️ စာအုပ်မှာယူရန်👉 www.pannsattlann.com/product/dead-soul/
- “ဝိညာဉ်သေများ”သည် ရုရှားပြည်ရှိ ကျေးပိုင်ကျွန်ပိုင်များနှင့် အရာရှိကြီးများ၏ အကျင့်ပျက်ချစားမှု၊ အတုအယောင်များမှုနှင့် လောဘရမ္မက် ငမ်းငမ်းတက်မှုများကို လှောင်ပြောင်သရော်ထားသည့် ကမ္ဘာ့အပြောင်မြောက်ဆုံး Satire ဝတ္ထုကြီးတစ်ပုဒ်ဟု ကမ္ဘာက တညီတညွတ်တည်း လက်ခံထားကြပါသည်။ “ဝိညာဉ်သေများ”သည် ဂိုဂေါလ်၏ အပြောင်မြောက်ဆုံးလက်ရာလည်း ဖြစ်သည်။
- ဇာတ်လမ်းက လူထူးလူဆန်း ချိချိကော့ဗ်(Chichikov) အကြောင်း ဖြစ်သည်။ ချိချိကော့ဗ်သည် မြေရှင်များထံမှ ကျေးကျွန်များကို ဝယ်ယူသည်။ အရှင်ဝယ်ယူသည်မဟုတ်ဘဲ သေဆုံးသည့်ကျေးကျွန်များ(ဝိညာဉ်သေများ)ကိုသာ ဝယ်ယူသူဖြစ်သည်။ ချိချိကော့ဗ်သည် အကောက်ခွန်ဌာနအမှုထမ်းဖြစ်ခဲ့ဖူးပြီး မှောင်ခိုနှင့် ပေါင်းသင်းသဖြင့် အလုပ်ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ သူသည် ကျေးသေကျွန်သေများကိုဝယ်ယူပြီး ကျေးကျွန်များကိုအပေါင်ခံသည့် ဂေါပကအဖွဲ့ ၌ အပေါင်ထား၍ ငွေထုတ်ယူရန် ကြံစည်နေသူသာဖြစ်သည်။
- ဝိညာဉ်သေများဝတ္ထုကြီးသည် ၁၉ရာစုအစောပိုင်း ရုရှားလူနေမှုစနစ်ကို လှောင်ပြောင်သရော်ထားသည့် ဝတ္ထုကြီးဖြစ်သည်။ ထိုခေတ်ရုရှားလူမျိုးတို့၏ ဟိတ်ဟန်များမှုများ၊ အပေါ်ယံရွှေမှုန်ကြဲထားသည့် အတုအယောင် ဟန်ဆောင်မှုများ၊ ကြေးရတတ်တို့၏ ဉာဏ်နီဉာဏ်နက်များပုံများကို ပြက်ပြက်ထင်ထင်ဖြစ်အောင် ဖော်ပြထားသည်။ မြေရှင်ကြေးရှင်များ၏ လောဘရမ္မက်သည်းထန်ပုံကို ဖော်ထုတ်ပြသပြီး ထိုခေတ်အခါက မြေရှင်ကြေးရှင်များ၊ အရာရှိကြီးများ၏ အတုအယောင်ဟန်ဆောင်လောကကို ခြယ်မှုန်းဖော်ပြသည်။ ထိုမြေရှင်ကြေးရှင်များ၊ အရာရှိကြီးများ လောဘရမ္မက် ငမ်းငမ်းတက်ကြပုံ၊ သိက္ခာစောင့်စည်းမှုကိုကျော်လွန်ပြီး လာဘ်စားကြပုံနှင့် ဥစ္စာပစ္စည်း ပိုင်ဆိုင်ခြင်းကို အဓိကထားကြပုံကို ထိထိမိမိ သရော်ထားသည်။ အဓိကဇာတ်ဆောင် ချိချိကော့ဗ်ကိုပင် အတုအယောင်သမား၊ ဟန်သမား၊ အကြံသမား၊ ပိုင်းလုံး၊ လောဘဇောတိုက်သူ၊ ရုပ်ဝတ္ထုပစ္စည်းကိုသာ အဓိကထားပိုင်ဆိုင်လိုသူ၊ လူလိမ်လူညာအဖြစ် ဝိညာဉ်သေများတွင် ဂိုဂေါလ်က ပုံဖော်ထားသည်ကို ကျွန်တော်တို့တွေ့မြင်ကြရမည် ဖြစ်သည်။ ။
(စာဖတ်သူတစ်ဦး၏ ဖတ်ညွှန်းမှ ကောက်နှုတ်ဖော်ပြချက်)
---------
စာအုပ်များကို...
1️⃣ Website (www.pannsattlann.com)
2️⃣ App (Pann Satt Lann)
3️⃣ ဟယ်လိုဆားဗစ် (ဖုန်းအမှာ)
09 889003011
09 889003022
09 889003033
တို့မှ မှာယူနိုင်ပါတယ်။
ပန်းဆက်လမ်းမှ မှာယူသည့် စာအုပ်တိုင်းမှာ...
🤍 စာအုပ်မိုးကာ + စာမှတ်ကတ် 🤍
လေးတွေ ပါဝင်မှာဖြစ်ပြီး...
ချစ်ခင်သူရသူတွေထံ စာအုပ်လေးတွေ
လက်ဆောင် ပို့မယ်ဆိုရင် ...
💓 အပြုံးလက်ဆောင် ဆိုတဲ့
ထုပ်ပိုးမှုလှလှလေးနဲ့ ပို့ဆောင်ပေးမှာပါ...
https://www.facebook.com/pannsattlannbooks/posts/1959625387548890
📦 ပြည်တွင်း ပို့ခ တစ်အုပ် ၁၀၀၀ ကျပ်၊
*ထပ်တိုးတစ်အုပ် ၂၀၀* ကျပ် ဖြစ်ပြီး
🌐 ပြည်ပနိုင်ငံပေါင်း ၂၀၀ ကျော်မှလည်း
အိမ်အရောက် မှာယူနိုင်ပါတယ်...
ရွှင်သာချမ်းမြေ့ကြပါစေ💓
#စာဖတ်ပါ_အနာဂတ်ကိုယုံကြည်ပါ
#ပန်းဆက်လမ်း (pannsattlann.com)