Mya Nann San Constructionists

Mya Nann San Constructionists Steel Structure & Decoration
Convenience Store
Cb bank Mobile Banking
Construction

17/06/2023
17/06/2023
17/06/2023
မြေဧက တွက်နည်းမြေဧက ဘယ်လိုတွက်ရသလဲ ခဏခဏ မေးလာလို့ အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်နည်းကို ဖော်ပြလိုက်ပါတယ်။ မိမိမြေကွက်...
17/06/2023

မြေဧက တွက်နည်း

မြေဧက ဘယ်လိုတွက်ရသလဲ ခဏခဏ မေးလာလို့ အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်နည်းကို ဖော်ပြလိုက်ပါတယ်။ မိမိမြေကွက်ရဲ့ ပုံသဏ္ဍန်ကိုကြည့်ပြီး ဧက တွက်နိုင်ပါတယ်။

၁။ လေးနားညီ စတုရန်းပုံစံ ဖြစ်ပါက
၂၀၈.၇၁' × ၂၀၈.၇၁' = ၄၃၅၅၉.၈၆ = ၁ ဧက
ဥပမာ ~~~~
၁၀၀ ပေ ပတ်လည်အကွက် ဖြစ်လျင်
၁၀၀' × ၁၀၀' ÷ ၄၃၅၆၀=၀. ၂၂၉ ဧက

၂။ နှစ်နားညီ စတုဂံပုံစံ ဖြစ်လျှင်
(လ x န)' ÷ ၄၃၅၆၀ = __ဧက
ဥပမာ ~~~~
(၄၀'×၆၀')÷၄၃၅၆၀ = ၀.၀၅၅ ဧက
(၆၀'×၈၀')÷၄၃၅၆၀ = ၀.၁၁ ဧက
(၆၀'×၁၀၀')÷၄၃၅၆၀ = ၀.၁၃၇ ဧက
(၈၀'×၁၀၀')÷၄၃၅၆၀ = ၀.၁၈၃၆ ဧက
(၁၀၀'×၁၀၀')÷၄၃၅၆၀ = ၀. ၂၂၉ ဧက

၃။ နှစ်နားပြိုင် တြာဗီဇီယံပုံစံ ဖြစ်ပါက
ပြိုင်နားနှစ်ခုပေါင်း ÷ ၂ x နံ ÷ ၄၃၅၆၀ = ဧက
ဥပမာ ~~~~
[{(၅၀+၈၀)÷၂}×၆၀]÷၄၃၅၆၀ = ၀.၀၈၉ ဧက

၄။ တြိဂံပုံစံဖြစ်လျင်၅ x အခြေ x အမြင့် ÷ ၄၃၅၆၀ = ဧက
½ အခြေ x အမြင့် ÷ ၄၃၅၆၀ = ဧက
ဥပမာ ~~~~၅ × ၁၀၀' × ၅၀' ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက

၅။ ထောင့်မှန် တြိဂံပုံစံဖြစ်လျှင်
အခြေ x အမြင့် = ရလာဒ် ÷ ၂ ÷ ၄၃၅၆၀
ဥပမာ ~~~~
၁၀၀' × ၅၀' = ၅၀၀၀'
၅၀၀၀ ÷ ၂ ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက

၆။ စက်ဝိုင်းပုံစံဖြစ်လျှင်
အချင်းဝက် x အချင်းဝက် x ပိုင်ကိန်း ÷ ၄၃၅၆၀ = ဧက ဖြစ်သည်။ ထို့ကြောင့်
အချင်း x အချင်း x .၇၈၅၄ ÷ ၄၃၅၆၀ = ဧက (ပုံသေမြှောက်ကိန်း .၇၈၅၄)
(.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို အနားလေးဖက် ၄ နှင့်စားပြီး စတုရန်းကွက်ဖေါ်ခြင်းဖြစ်သည်)
ဥပမာ ~~~~
၅၀' × ၅၀' × .၇၈၅၄ ÷ ၄၃၅၆၀ = ၀.၀၄၅ ဧက

၇။ အနား ၅ မျက်နှာ ၆ မျက်နှာနှင့် အနားများစွာပါသော ပုံစံဖြစ်လျှင် စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ်ပြီးတွက်၊ ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။

၁ ဧက = ၄၃၅၆၀ စတုရန်းပေ ဖြစ်ပါသည်။

အညွှန်း....
လ = အလျား
န= အနံ
' = ပေ
(မျိုးမင်းထွန်း)
credit to copy

01/06/2023
12/05/2023
09/04/2023
* မြန်မာလူမျိုး​တွေအားနည်းတာ Responsibility တာဝန်ယူလိုစိတ်လို့ထင်ပါတယ်။Duty နဲ့ Responsibility ကမတူပါဘူး။ Duty ဆိုတာ ခို...
07/10/2022

* မြန်မာလူမျိုး​တွေအားနည်းတာ Responsibility တာဝန်ယူလိုစိတ်လို့ထင်ပါတယ်။
Duty နဲ့ Responsibility ကမတူပါဘူး။
Duty ဆိုတာ ခိုင်းလို့ or မဖြစ်မ​နေလုပ်ရမှာမလို့လုပ်ရတဲ့သ​ဘောပါ။
မြန်မာလိုတာဝန်​​ပေါ့။မြန်မာ​အများစုက တာဝန်​ကျေရင်ပြီး​​ရောလုပ်တဲ့သ​ဘောမှာရှိပါတယ်။
Responsibility က ကိုယ့်​ရပ်တည်နေရတဲ့အ​ခြေအ​နေ၊ကိုယ်ယူရမယ့်တာဝန်ကို ​ကြေပွန်ချင်စိတ်နဲ့လုပ်တာပါ။တာဝန်ယူမှုတာဝန်ခံမှု Accountability ရှိတာပါ။
အလွယ်​ပြောရင် Duty က ကျွန်စိတ်နဲ့တူပြီး Responsibility က ရင့်ကျက်တဲ့ သခင်စိတ်နဲ့တူပါတယ်။

20222023
11/07/2022

20222023

Address

No170 Bogyoke Road
Pyay
09790153992

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959895999907

Website

Alerts

Be the first to know and let us send you an email when Mya Nann San Constructionists posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share