13/05/2023
🔴မုန်တိုင်းမတိုက်ခတ်မီ၊ တိုက်ခတ်စဉ်၊ တိုက်ခတ်ပြီး အချိန်များတွင် လုပ်ဆောင်ရန်🔴
မုန်တိုင်းအတွက် ဘယ်လိုပြင်ဆင်ထားရမလဲ ?
⚠️ အဆင်ပြေရင် ဘေးလွတ်ရာကို အမြန်ဆုံးရွှေ့ပြောင်းပါ။
⚠️ စားစရာ အစာခြောက်၊ အဝတ်အစား ၁ စုံ ၂ စုံ၊ ဓား၊ ဓာတ်မီး၊ မီးခြစ်၊ အချက်ပြရန် ဝီစီ (Whistle)၊ အရေးကြီးစာရွက်စာတမ်း တွေပါတဲ့ Emergency Kit ကို ရေလုံအောင်ထုတ်ပြီး ပြင်ထားပါ။
⚠️မုန်တိုင်းနဲ့အတူလှိုင်းတက်လာရင် မိသားစုတွေ ကွဲသွားနိုင်တယ်။ ကွဲသွားရင် ပြန်ဆုံဖို့ တစ်နေရာကို ကြိုတင်သတ်မှတ်ထားပါ။
⚠️ဘယ်မှသွားဖို့အဆင်မပြေရင် အနည်းဆုံး 8/9 မီတာရှိတဲ့တောင်တွေပေါ်ကို တက်ရှောင်ပါ။ ဖြစ်နိုင်ရင် မီတာ 100 ကျော်မြင့်တဲ့တောင်တွေပေါ် တက်ပြီး အကာအကွယ်ယူပါ။ လှိုင်းကိုလွတ်အောင်ရှောင်ပါ။
🔴လေကွယ်တဲ့အရပ်ဖြစ်ဖို့ အရေးကြီးပါတယ်🔴
⚠️မုန်တိုင်းပြီးသွားလို့ ကိုယ်ကျန်ရှိနေရင် ဝီစီမှုတ်ပြီး အကူအညီတောင်းပါ။
🔺လျှပ်စစ်မီးများ၊ ဓါတ်ငွေ့ပိုက်လိုင်းများအားလုံးကို ဆက်သွယ်မှုများ ဖြတ်တောက်ပစ်ရန်၊
🔺လေပြင်းဒဏ်ကြောင့် မိမိမှီခိုရာအဆောက်အဦ ပြိုကျနိုင်သည့်အနေအထားရှိပါက ခိုင်ခန့်သည့်စားပွဲ၊ ကုတင်များ၏အောက်တွင် ခိုလှုံနေထိုင်ရန်၊ ခိုင်ခန့်သည့်တိုင်တစ်ခုကို တွယ်ဖက်ထားရန်၊
🔺မုန်တိုင်းသတိပေးချက်များရရှိသောအခါ ပင်လယ်ပြင်ထွက်၍ ငါးဖမ်းခြင်းများ မပြုလုပ်ရန်၊
🔺မုန်တိုင်းခိုအဆောက်အဦများသို့ အမြန်ဆုံးပြောင်းရွှေ့ခိုလှုံရန်၊
🔺ရေဒီယိုဖြင့် နောက်ဆုံးသတင်းထုတ်ပြန်ချက်များကို အဆက်မပြတ်ဖမ်းယူနားထောင်ရန်၊
🔺သက်ဆိုင်ရာမှ မုန်တိုင်းအန္တရာယ်ကင်းရှင်းကြောင်း ကြေငြာချက်ထုတ်ပြန်သည်အထိ အန္တရာယ်ကင်းသည့်နေရာတွင်စောင့်ဆိုင်းရန်၊
🔺မုန်တိုင်းကျရောက်ချိန် ကားမောင်းနေပါက ကားကိုရပ်တန့်ထားရန်၊ ပင်လယ်ပြင်မှကွာလှမ်းသောနေရာ၊ သစ်ပင်ကြီးများ၊ လျှပ်စစ်ပါဝါလိုင်းများ၊ ရေလှောင်ကန်များနှင့် ဝေးကွာပါက ကားအတွင်း၌နေရန်။
⚠️မုန်တိုင်းမကျရောက်မီ -
🔺 မိုးလေဝသသတင်းများကိုဂရုစိုက်နားထောင်ရန်၊
🔺 မိမိနှင့်အနီးဆုံးတည်ရှိသော မုန်တိုင်းခိုအဆောက်အဦကို ကြိုတင်သတ်မှတ်ထားရှိရန်နှင့် ထိုနေရာသို့ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံးရောက်ရှိနိုင်မည့်လမ်းကြောင်းကို ကြိုတင်ရှာဖွေထားရန်၊
🔺ကောလဟာလသတင်းများကိုနားမထောင်မိရန်၊
🔺အရေးကြီးပစ္စည်းများပါဝင်သည့် အရေးပေါ်လက်စွဲအသုံးအဆောင် အရန်သင့်ကြိုတင်ပြင်ဆင်ထားရန်၊
🔺မိမိအိမ်အား သေချာစွာစစ်ဆေး၍ ခိုင်ခန့်မှုမရှိသည်များကို ခိုင်ခံ့အောင် အားဖြည့်ပြုပြင်ထားရန်၊
🔺အိမ်၊ခြံဝင်းအတွင်း ကျိုးပဲ့နိုင်သည့်အကိုင်း၊ အခက်လက်များကို ကြိုတင်ခုတ်ထွင်ရှင်းလင်းထားရန်၊
🔺မိမိအရပ်ဒေသသည် မုန်တိုင်းဒီရေလှိုင်းဒဏ် ကျရောက်နိုင်သည့်ဒေသဖြစ်လျှင် ကုန်းမြင့်နေရာ၊ မုန်တိုင်းခိုအဆောက်အဦ စသည့်ပုန်းခိုရန်နေရာအား ကြိုတင်ရှာဖွေသတ်မှတ်ထားရန်၊
🔺အရေးပေါ်ဆက်သွယ်ရမည့် ကယ်ဆယ်ရေးအဖွဲ့၊ အရေးပေါ်အဖွဲ့၊ သတင်းအချက်အလက်ရရှိနိုင်မည့်အဖွဲ့များ၏ဖုန်းနံပတ်၊ နေရပ်လိပ်စာတို့ကို အလွယ်တကူထားရှိရန်၊
🔺အစာအခြောက်များ၊ အရေးပေါ်ဆေးဝါးများ၊ သင့်လျှော်သည့်အကာအကွယ်ပစ္စည်းများကို စုဆောင်းထားရန်။
⚠️မုန်တိုင်းအန္တရာယ်ကျရောက်ပြီးပါက -
🔺သက်ဆိုင်ရာမှ မုန်တိုင်းအန္တရာယ်ကင်းရှင်းပြီဖြစ်ကြောင်း မကြေငြာမချင်း အပြင်မထွက်ရန်၊
🔺ဓါတ်ငွေ့များယိုစိမ့်မှုရှိ၊ မရှိစစ်ဆေးရန်၊ ရေစိုနေသောလျှပ်စစ်ပစ္စည်းများကို အသုံးမပြုရန်၊
🔺သက်ဆိုင်ရာမှကြေငြာပေးမည့်သတင်းနှင့် အကြံပြုချက်များကို ဂရုစိုက်နားထောင်ရန်၊
🔺မိမိအိမ်သို့သက်ဆိုင်ရာမှ အကြံမပြုမခြင်းဆန္ဒစောပြီး မပြန်ရန်၊ ပြန်ပါကလည်းသတ်မှတ်ထားသည့်လမ်းကြောင်းမှသာပြန်ရန်၊
🔺ကုန်းလမ်းခရီးသွားရပါက မြွေအန္တရာယ်အထူးသတိထားရန်၊
🔺လမ်းဘေးတွင်ပြတ်ကျနေသော လျှပ်စစ်ကြိုးများကိုမကိုင်မိ၊ မထိမိရန်သတိပြုရန်၊
🔺မီးဘေးအန္တရာယ်သတိပြုရန်၊
🔺ဝမ်းပျက်၊ဝမ်းလျှောရောဂါသတိပြုရန်။
မုန်တိုင်းအကြောင်းအသေးစိတ်ကို ဒီမှာဖတ်ပါ။
oz
https://m.facebook.com/story.php?story_fbid=1956176751403394&id=100010332636450&mibextid=Nif5oz
မုန်တိုင်းရှောင်ရန် စစ်တွေမြို့နယ်ရှိ cyclone shelter များစာရင်း
https://m.facebook.com/story.php?story_fbid=1956204694733933&id=100010332636450&mibextid=Nif5oz
လက်ရှိ မေလ (14) ရက် ညမှာ မုန်တိုင်း ဗဟို ဝင်ရောက်ဖို့ ခန့်မှန်းထားပါတယ်။ အချိန်မရှိပါ။ အမြန်ပြောင်းရွေ့ကြပါ။
ရခိုင်ကမ်းရိုးတန်းနေ မိတ်ဆွေ၊ သူငယ်ချင်းတွေရှိရင် အမြန် ဆက်သွယ်ပြီး အသိပေး နှိုးဆော်ပေးပါ။ အသက်ပေါင်းများစွာ အရေးမို့ ကိုယ့်ရဲ့ ဖုန်းတစ် call၊ Share လေးတစ်ချက်ကလည်း အရေးကြီးနေပါတယ်။
ယခု post ကိုလည်း အချိန်မလွန်ခင် အန္တရာယ်ရှိတဲ့ ဒေသက လူတွေဆီရောက်အောင် မျှဝေပေးဖို့တောင်းဆိုပါရစေ။
info from moezala