15/06/2024
တခါတုန်းက လူတစ်ယောက်ဟာ
မျက်မမြင် သူငယ်ချင်းတစ်ယောက်ကို
ထမင်းဖိတ်ကျွေးတယ်။
ထမင်းစားရင်း အချိန်က
တော်တော်လေးနောက်ကျသွားပြီး
မိုးချုပ်သွားတယ်။
မျက်မမြင်သူငယ်ချင်းက
မိုးအရမ်းချုပ်နေပြီ
ပြန်တော့မယ်လို့ပြောတယ်။
ဒါနဲ့အ်ိမ်ရှင်က သူ့ကို
မီးအိမ်တစ်ခုပေးလိုက်တယ်။
မျက်မမြင် သူငယ်ချင်းက
ဒေါသအရမ်းထွက်သွားပြီးပြောတယ်။
"ကျွန်တော်ဟာ
မျက်မမြင်တစ်ယောက်လို့ သိနေပါရဲ့
ကျွန်တော့်ကို မီးအိမ်တစ်ခုပေးတာ
ကျွန်တော့်ကို လှောင်နေတာလား?"
အိမ်ရှင်က ပြန်ပြောတယ်...
"ကျွန်တော် သင့်ကို အလေးထားလို့
မီးအိမ်ပေးတာပါ... သင်ကမမြင်ရပေမဲ့
တခြားသူက မြင်ရတယ်လေ...
ဒါကြောင့် ညအမှောင်ထဲမှာ
တခြားလူက သင့်ကို
မတိုက်မိနိုင်တော့ဘူးပေါ့..."
မျက်မမြင်သူငယ်ချင်း
သဘောပေါက်နားလည်သွားပါတယ်။
နားလည်သဘောပေါက်တာချင်းမတူရင်
နောက်ဆုံးရလဒ်က မတူကြပါဘူး။
ကျွန်တော်တို့ နေရာချင်းလဲပြီး
စဉ်းစားပေးဖို့ လိုပါတယ်။
ဘယ်ကိစ္စမဆို
မတူတဲ့ရှုထောင့်ကနေကြည့်ရင်
မတူတဲ့အမြင်ရှိကြပါတယ်။
သင့်မှာ သမီးတစ်ယောက်ရှိရင်
သားရှင်ဘက်က များများတင်တောင်းဖို့
သင်မျှော်လင့်လိမ့်မယ်။
သင့်မှာ သားတစ်ယောက်ရှိရင်
သမီးရှင်ဘက်က များများမတောင်းဖို့
မျှော်လင့်လိမ့်မယ်။
သင့်မှာ ချွေးမတစ်ယောက်ရှိရင်
သူအိမ်မှုကိစ္စတွေများတယ်၊
နားလည်မှုမရှိဘူးလို့ ပြစ်တင်မိလိမ့်မယ်။
သင့်မှာ သမီးတစ်ယောက်ရှိရင်
သူ့ယောက္ခမအိမ်ကို
လွှမ်းမိုးနိုင်သူ ဖြစ်စေချင်တယ်။
သင်လမ်းလျှောက်တဲ့ အချိန်
ကားမောင်းသူတွေကို အမြင်ကပ်တယ်။
သင်ကားမောင်းချိန်
လမ်းလျှောက်သူတွေကို ကြည့်မရဘူး။
သင်အလုပ်သမားဖြစ်နေရင်
သင်ရဲ့သူဌေးက ကပ်စေးနည်း
အာဏာပြလွန်းတယ်လို့ ယူဆတယ်။
သင်သူဌေးဖြစ်တဲ့အချိန်
သင့်အလုပ်သမားတွေက
ခိုကပ်တယ် တာဝန်ယူချင်စိတ်
မရှိဘူးလို့ ယူဆတယ်။
သင်ဝယ်ယူသူ ဖြစ်တဲ့အချိန်
စျေးရောင်းသူက အမြတ်ကြီးစားလွန်းတယ်လို့
သတ်မှတ်တယ်။
သင်စျေးရောင်းသူဖြစ်တဲ့အချိန်
ဝယ်ယူသူက စျေးဆစ်တတ်လွန်းတယ်လို့
သတ်မှတ်တယ်။
အမြဲတမ်း ကိုယ့်နေရာကနေဘဲ မကြည့်ဘဲ
တခြားသူဘက်ကနေလဲ ကြည့်ပေးပါ။
နေရာလဲပြီး တစ်ပါးသူအတွက်လဲ
စဉ်းစားပေးဖို့လိုပါတယ်။
တခြားသူရဲ့ ဒုက္ခကို နားလည်ပေးနိုင်တာ
ဂရုစိုက်မှုတစ်မျိုးပါ။
တခြားသူရဲ့အခက်အခဲကိုနားလည်ပေးနိုင်တာ
ကြင်နာခြင်းတစ်မျိုးပါ။
တခြားသူရဲ့ အမှားကို ခွင့်လွတ်ပေးတတ်တာဟာ
သဘာထားကြီးခြင်း တစ်မျိုးပါ။...............
သူ့နေရာမှာ ငါသာဆိုရင် လို့ တွေးမိတတ်ကြပါစေ....
Credit - original