Yu Pann Myaing Trading Company Limited

Yu Pann Myaing Trading Company Limited Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yu Pann Myaing Trading Company Limited, National Road Near The Sibin Guest House, Zabuthiri Township, Naypyitaw.

02/05/2025
ဘယ်ရောင်လဲနှစ်သက်ကြပါသလဲရှင်🥰🥰
20/06/2024

ဘယ်ရောင်လဲနှစ်သက်ကြပါသလဲရှင်🥰🥰

ယနေ့မှာ ကျရောက်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ခုနှစ်ရက်သားသမီးအပေါင်း ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာနဲ့ ဖြတ်သန်းနိုင်ပြီး တရားဘာ...
22/05/2024

ယနေ့မှာ ကျရောက်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ခုနှစ်ရက်သားသမီးအပေါင်း ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာနဲ့ ဖြတ်သန်းနိုင်ပြီး တရားဘာဝနာများ အေးချမ်းစွာ ပွားများနိုင်ပါစေလို့ Yu Pann Myaing မိသားစုမှ ဆုတောင်းပေးလိုက်ရပါတယ်။ 🙏

#ကဆုန်လပြည့်

ဒီနေ့ကျရောက်တဲ့ မေဒေးနေ့ ( အလုပ်သမားနေ့ ) အား ယုပန်းမြိုင်မိသားစုမှ ကြိုဆိုဂုဏ်ပြုအပ်ပါတယ်။ ကာယ၊ဉာဏလုပ်သားများအားလုံး ကျ...
01/05/2024

ဒီနေ့ကျရောက်တဲ့ မေဒေးနေ့ ( အလုပ်သမားနေ့ ) အား ယုပန်းမြိုင်မိသားစုမှ ကြိုဆိုဂုဏ်ပြုအပ်ပါတယ်။ ကာယ၊ဉာဏလုပ်သားများအားလုံး ကျန်းမာပျော်ရွှင်ကြပါ‌စေကြောင်း ဆုတောင်းအပ်ပါတယ်။

မြန်မာတို့ရဲ့နှစ်သစ်ကို ကူးပြောင်းတဲ့သင်္ကြန်အချိန်အခါသမယမှာ စိတ်နှလုံးရွှင်ပြုံးအေးချမ်း၍ လာဘ်လာဘများတိုးပွားကာ ဘေးဘယာ ...
13/04/2024

မြန်မာတို့ရဲ့နှစ်သစ်ကို ကူးပြောင်းတဲ့သင်္ကြန်အချိန်အခါသမယမှာ စိတ်နှလုံးရွှင်ပြုံးအေးချမ်း၍ လာဘ်လာဘများတိုးပွားကာ ဘေးဘယာ ဝေးကွာပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 💦🤗

"အလှစိုက်မြက်များကို ဘယ်လိုစိုက်ပျိုးရမလဲ"မြက်ခင်းအလှစိုက်ချင်ပေမယ့် ဘယ်လိုစိုက်ပျိုးရမလဲဆိုတာ သေချာမသိတဲ့သူများအတွက် ပြ...
08/04/2024

"အလှစိုက်မြက်များကို ဘယ်လိုစိုက်ပျိုးရမလဲ"

မြက်ခင်းအလှစိုက်ချင်ပေမယ့် ဘယ်လိုစိုက်ပျိုးရမလဲဆိုတာ သေချာမသိတဲ့သူများအတွက် ပြန်လည်မျှဝေပေးပါ့မယ်။

မိမိရဲ့ နေအိမ်ခြံဝန်းအတွင်း အတွင်းမှာ သေချာပြုစုပျိုး‌ထောင်စိုက်ပျိုးချင်တယ်ဆိုရင်တော့ ဘဲစားမြက်ထက် ဂျပန်မြက်ကို စိုက်ပျိုးသင့်ပါတယ်။ ဒါပေမဲ့ မိမိခြံဝန်းက အရိပ်ရသစ်ပင်တွေ များတယ်ဆိုရင်တော့
ဘဲစားမြက်က ဂျပန်မြက်ထက် အရိပ်မှာ ပိုမိုဖြစ်ထွန်းရှင်သန်တဲ့ အတွက်ကြောင့် ဘဲစားမြက်ကို စိုက်ပျိုးသင့်ပါတယ်။

အရင်ဆုံးစိုက်ပျိုးတော့မယ်ဆိုရင် စိုက်ပျိုးမယ့်မြေနေရာကို ညီညာအောင် ပြင်ဆင်ရပါမယ်။ မြေပြင်တဲ့နေရာမှာ မိမိစိုက်ပျိုးမယ့် မြေအမျိုးအစားက မြေစေးဖြစ်နေမယ်ဆိုရင် ပြင်ရလွယ်ကူအောင် သဲ၊ ဖွဲပြာ အစရှိတာတွေနဲ့ ရောစပ်ပြီး ပြုပြင်နိုင်ပါတယ်။

ဘောလုံးကွင်းများ၊ အားကစားကွင်းများလို ဧရိယာကျယ်ပြန့်တဲ့ နေရာမျိုးတွေမှာတော့ မြေမပြင်ခင် သဲတစ်လွှာ၊ Geotextile လို့ခေါ်တဲ့ အဝတ်စတစ်လွှာခံပြီး ရေပိုက်များမြှုပ်ကာ ပြင်ဆင်ပေးဖို့တော့လိုအပ်ပါတယ်။ မြက်မစိုက်ခင်မှာ မြေကို စိုစွက်အောင် နှစ်ကြိမ်ခန့် ရေလောင်းပေးထားဖို့လိုပါမယ်။ စိုက်ပျိုးပြီးတဲ့ အခါမှာတော့ တစ်နေ့ကို နှစ်ကြိမ်နဲ့ ဆယ်ရက်ခန့် ဆက်တိုက်လောင်းဖို့လိုအပ်ပါတယ်။ အဲဒီနောက်မှာတော့ တစ်ရက်ခြားတစ်ခါခန့်သာ လောင်းပေးဖို့ လိုအပ်ပါတယ်။

မြက်ခင်းကို မြေသြဇာကျွေးတဲ့အပြင် ပေါင်းပုံမှန်ရှင်းပေးခြင်း၊ ပုံမှန်မြက်ဖြတ်ပေးခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။

ဒီလောက်ဆိုရင် အလှစိုက်မြက်တွေကို ဘယ်လိုစိုက်ပျိုးရမလဲဆိုတာ သိလောက်ပြီထင်ပါတယ်။ Yu Pann Myaing Trading Company Limited က ဒီလို အလှစိုက်မြက်တွေဖြစ်တဲ့ ဂရင်းမြက်၊ ဂျပန်မြက်၊ ယိုးဒယားမြက်၊ ဗမာဘဲစားမြက်တွေကို အနည်းဆုံးဆယ်ပေပတ်လည် တစ်ကျင်းကနေ စတင်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ရောင်းချပေးနေတဲ့ အတွက် မြက်ခင်းစိုက်ဖို့ လိုအပ်တဲ့အခါ 09 779 225 711 ကိုဆက်သွယ်လိုက်တော့နော်။

#ဘဲစားမြက် #ယိုးဒယားမြက် #ဂျပန်မြက် #ဂရင်းမြက် #ဗမာဘဲစားမြက်

ယနေ့ကျရောက်တဲ့ တပေါင်းလပြည့်နေ့ အခါသမယမှာ ခုနှစ်ရက်သားသမီးများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်း ယု...
24/03/2024

ယနေ့ကျရောက်တဲ့ တပေါင်းလပြည့်နေ့ အခါသမယမှာ ခုနှစ်ရက်သားသမီးများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်း ယုပန်းမြိုင်မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်....🙏

#ယုပန်းမြိုင် #တပေါင်းလပြည့်နေ

“ သစ်ပင်ကြီးများ ရွေ့ပြောင်းစိုက်ပျိုးချင်တယ်ဆိုရင် ယုပန်းမြိုင်ကို သတိရလိုက်ပါ ”ရှင်သန်မှုအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုအ...
22/03/2024

“ သစ်ပင်ကြီးများ ရွေ့ပြောင်းစိုက်ပျိုးချင်တယ်ဆိုရင် ယုပန်းမြိုင်ကို သတိရလိုက်ပါ ”

ရှင်သန်မှုအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ အရိပ်ရသစ်ပင် အသေးကနေ အကြီးထိ ရွေ့ပြောင်းစိုက်ပျိုးပေးနေတဲ့ ယုပန်းမြိုင်...🌳🌲

သစ်ပင်ကြီးများအား ကရိန်းများဖြင့် လူအင်အားသုံးကာ စနစ်တကျ ရွေ့ပြောင်းစိုက်ပျိုးပေးနေတဲ့ ယုပန်းမြိုင်...🌳🌲

လူကြီးမင်းတို့ အရိပ်ရချင်လို့ပဲဖြစ်စေ၊ အလှဆင်ချင်လို့ ဖြစ်စေ စိုက်ပျိုးချင်တဲ့အပင်ကို ရှင်သန်ဖို့ နှစ်ရှည်ကြာမြင့်တဲ့အထိ တာဝန်ယူရွေ့ပြောင်း‌စိုက်ပျိုးပေးနေတဲ့ ယုပန်းမြိုင်...🌳🌲

ကဲ....ဘာအပင်ပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် သစ်ပင်ကြီးများ ရွေ့ပြောင်းစိုက်ပျိုးချင်တယ်ဆိုရင်တော့ ယုပန်းမြိုင်ရဲ့ 09 779 225 711 ကို အခုပဲ ဟဲလိုလိုက်တော့နော်....🤗

ယုပန်းမြိုင်ရဲ့ ဝန်ဆောင်မှုအားလုံးကို အောက်ပါ Link က‌နေလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 💯

https://www.facebook.com/share/p/bn1VinXY2jKhnTXh/?mibextid=RtaFA8

" ဆောင်ရွက်ပြီးစီးခဲ့သော Project များမှ ပုံရိပ်တချို့ "ယုပန်းမြိုင်ရဲ့  တာဝန်ယူ‌ဆောင်ရွက်ခဲ့တဲ့ Project တွေများထဲမှ သစ်ပ...
17/03/2024

" ဆောင်ရွက်ပြီးစီးခဲ့သော Project များမှ ပုံရိပ်တချို့ "

ယုပန်းမြိုင်ရဲ့ တာဝန်ယူ‌ဆောင်ရွက်ခဲ့တဲ့ Project တွေများထဲမှ သစ်ပင်ပန်းပင်ကြီးများ ရွေ့ပြောင်း စိုက်ပျိုးပေးခဲ့တဲ့ ပုံရိပ်တချို့ကို ပြန်လည် ဝေမျှ ပေးလိုက်ရပါတယ်။
Yu Pann Myaing Trading Company Limited ဆိုတာ 2009 ခုနှ်ကတည်းက တရားဝင်လုပ်ငန်းလိုင်စင်ဖြင့် တည်ထောင်ခဲ့ပြီး Project ပေါင်းများစွာကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ဆောင်ရွက်ပေးနေတဲ့ Trading Company ပဲဖြစ်ပါတယ်။

အဲဒါကြောင့် လူကြီးမင်းတို့ လုပ်ငန်းခွင်နဲ့ နေအိမ်အဆောက်အဦတွေမှာ အလှစိုက်သစ်ပင်ပန်းပင်တွေ စိုက်ပျိုးချင်လို့ပဲ ဖြစ်ဖြစ်၊ စိတ်အပန်းဖြေစရာ Landscape Garden များတည်ဆောက်ချင်တယ်ဆိုရင်တော့ Yu Pann Myaing Trading Company Limited ကို အခုပဲ ဆက်သွယ်လိုက်‌တော့နော်။

Yu Pann Myaing Trading Company Limited မှ တာဝန်ယူဆောင်ရွက်ပေးတဲ့ လုပ်ငန်းများအကြောင်း အောက်က Link လေးမှာလည်း ဝင်ရောက်ကြည့်ရှု့ နိုင်ပါပြီ။
https://www.facebook.com/share/p/uB4bNtENJeyCzxEi/?mibextid=oFDknk

ဆက်သွယ်ရန် ဖုန်းနံပါတ် - 09 779 225 711

ယနေ့ကျရောက်သော "တောင်သူလယ်သမားနေ့" တွင် ကျေးဇူးရှင် တောင်သူဦးကြီးများနှင့်တကွ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး စိတ...
02/03/2024

ယနေ့ကျရောက်သော "တောင်သူလယ်သမားနေ့" တွင် ကျေးဇူးရှင် တောင်သူဦးကြီးများနှင့်တကွ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး စိတ္တသုခ၊ကာယသုခ နှစ်ဖြာသောသုခများနဲ့ ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

" ယုပန်းမြိုင်မှ မြက်ခင်းများဖြင့် အလှဆင်ပါ"လူကြီးမင်းတို့ရဲ့  ကုမ္ပဏီအရှေ့ မျက်နှာစာများ၊ နေအိမ်ရှေ့မျက်နှာစာများ၊ စက်ရ...
26/02/2024

" ယုပန်းမြိုင်မှ မြက်ခင်းများဖြင့် အလှဆင်ပါ"

လူကြီးမင်းတို့ရဲ့ ကုမ္ပဏီအရှေ့ မျက်နှာစာများ၊ နေအိမ်ရှေ့မျက်နှာစာများ၊ စက်ရုံအလုပ်ရုံများ၊ ဘောလုံးကွင်း ဂေါက်ကွင်းတို့လို အားကစားကွင်းများ စတဲ့ နေရာတွေမှာ မျက်စိအေးအေးလေးနဲ့ စိတ်ချမ်းသာဖွယ် မြက်ခင်းစိမ်းစိမ်းလေးတွေနဲ့ အလှဆင်ဖို့ ယုပန်းမြိုင်မှ တာဝန်ယူပေးပါရစေ။ 🤗

ယုပန်းမြိုင်မှ တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့
- ဂရင်းမြက်
- ဂျပန်မြက်
- ယိုးဒယားမြက်
- ဗမာဘဲစာမြက် စတာတွေကို အလှဆင်ပေးနေပါတယ်။🌿

လုပ်ငန်းခွင်အရှေ့ မျက်နှာစာနဲ့ မိသားစု၊သားသားမီးမီးတွေ အပန်းဖြေအနားယူရန် ပန်းခြံ အလှဆင်ဖို့အတွက် ဂရင်းမြက်၊ ဘောလုံးကွင်း ဂေါက်ကွင်းတို့လို အားကစားကွင်းတွေအတွက် ဂျပန်မြက်အပြင် အခြားသော မြက်တွေကို အနည်းဆုံးဆယ်ပေပတ်လည် တစ်ကျင်းကနေ စတင်ပြီး ရောင်းချပေးနေပါတယ်။✅

အရည်အသွေးမြက်ခင်းများနဲ့ လူကြီးမင်းတို့ရဲ့ စိတ်နှလုံးအေးချမ်းစေဖို့ ယုပန်းမြိုင်မှ တာဝန်ယူဖြေရှင်းပေးမှာမို့ ဥယျာဥ်ခြံမြေနဲ့ ပတ်သက်ပြီး လိုအပ်တာများရှိရင် ယုပန်းမြိုင်ကို ချက်ချင်းဆက်သွယ်လိုက်တော့နော်။😉

#ဂျပန်မြက် #ဘဲစာမြက် #ယိုးဒယားမြက် #ဂရင်းမြက်

Address

National Road Near The Sibin Guest House, Zabuthiri Township
Naypyitaw

Website

Alerts

Be the first to know and let us send you an email when Yu Pann Myaing Trading Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yu Pann Myaing Trading Company Limited:

Share