Myan Trade

Myan Trade Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myan Trade, Finance, Naypyidaw.

ဘီလျံနာ "ဆွန်"-------------------၁၉၉၀ နှောင်းပိုင်းတွေလောက်ကဖြစ်ခဲ့တဲ့ "Dot-com Bubble" လို့လူသိများတဲ့ နည်းပညာအရေးအခင်း...
22/10/2017

ဘီလျံနာ "ဆွန်"
-------------------

၁၉၉၀ နှောင်းပိုင်းတွေလောက်ကဖြစ်ခဲ့တဲ့ "Dot-com Bubble" လို့လူသိများတဲ့ နည်းပညာအရေးအခင်း မှာကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးတစ်ဖြစ်လဲ "မဆာယိုချီဆွန်" ဟာတစားခံဖြစ်ခဲ့ဖူးပါတယ်။တချိန်ကသူ့လုပ်ငန်းတွေရဲ့ တစ်ပါတ်ဝင်ငွေဟာ ၁၀ ဘီလီယံနှုန်းအထိရှိခဲ့ဖူးပါတယ် ။ အဲ့ဒီနောက်"SoftBank Group Crop" တည်ထောင်သူ ဆွန် ရဲ့ဆက်သွယ်ရေး နဲ့ ငွေကြေးရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေရဲ့ ရှယ်ယာဈေးဟာ ၂ လအတွင်း ၇၅% အထိထိုးကျခဲ့ပါတယ် ။၂၀၀၀ ခုနှစ် နှစ်ကုန်ပိုင်းမှာ ၉၃% အထိကျဆင်းခဲ့ပြီး ဆွန်ရဲ့ကြွယ်ဝမှုအားလုံးနီးပါးဆုံးရှုံးခဲ့ရတဲ့အပြင် စီးပွားရေးလုပ်ငန်း ဒေဝါလီခံရလုနီးပါးဖြစ်ခဲ့ပါတယ် ။ အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံ(လက်ရှိကမ္ဘာ့အဆင့် ၄ ZARA သူဌေးကြီးပိုင်ဆိုင်မှု/တစ်ဦးချင်းအရအကြီးမားဆုံး) လောက်ဆုံးရှုံးခဲ့တဲ့ တချိန်ကသူ အခုတဖန်ပြန်လို့ အကြွယ်ဝဆုံးဂျပန်လူမျိုး အဖြစ်ပြန်လည်ရပ်တည်လာပြီး Forbes မဂ္ဂဇင်းရဲ့ဖော်ပြချက်များအရ ကမ္ဘာ့အဆင့် ၃၅(24.2B) အထိကြွယ်ဝနေပြီ ဖြစ်ကြောင်းသိရပါတယ် ။

U.S အလုပ်လက်မဲ့ဦးရေ ဆယ်စုနှစ် လေးစုအတွင်း အနည်းဆုံးသို့ရောက်ရှိလာ ဟာဘေး နှင့် အာမ ဟာရီကိန်း တို့ကြောင့်ရပ်နားနေရသောလုပ...
20/10/2017

U.S အလုပ်လက်မဲ့ဦးရေ ဆယ်စုနှစ် လေးစုအတွင်း အနည်းဆုံးသို့ရောက်ရှိလာ

ဟာဘေး နှင့် အာမ ဟာရီကိန်း တို့ကြောင့်ရပ်နားနေရသောလုပ်သားများပြန်လည်လုပ်ငန်းခွင်ဝင်ပြီးနောက် အလုပ်လက်မဲ့များသို့ထောက်ပံ့ကြေးပေးငွေများယခင်အပါတ်အတွက်ထွက်ပေါ်လာခဲ့ပြီး ၊ ယမန်နေ့အလုပ်သမားဌာနမှ ၁၉၇၃ နောက်ပိုင်းU.Sသမိုင်းတစ်လျှောက် အလုပ်လက်မဲ့နှုန်းများ အနည်းဆုံးသို့ရောက်ရှိလာကြောင်း ဖော်ပြခဲ့ကြသည် ။ ၎င်းထွက်ပေါ်ချက်သည် မျှော်မှန်းချက်ထက်ပင်သာလွန်နေခဲ့သေးသည်ဟုလည်းသိရသည် ။

Quote of the day.
18/10/2017

Quote of the day.

ကန်ဒေါ်လာသို့-------------ပြီးခဲ့တဲ့စက်တင်ဘာလ ၂၉ ရက်နေ့ကအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဗဟိုအစိုးရမှဘဏ္ဍာရေးသဘာပတိ အသစ်ခန့်အပ်ရေ...
17/10/2017

ကန်ဒေါ်လာသို့
-------------

ပြီးခဲ့တဲ့စက်တင်ဘာလ ၂၉ ရက်နေ့ကအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဗဟိုအစိုးရမှဘဏ္ဍာရေးသဘာပတိ အသစ်ခန့်အပ်ရေးအတွက် အောက်တိုဘာလထဲဆုံးဖြတ်ချက်ချသွားမယ် လို့ပြောကြားထားခဲ့ပါတယ် ။ ဒီအပြောင်းအလဲဟာကမ္ဘာ့စီးပွားရေးကိုအတော်အတန်လှုပ်ခတ်စေနိုင်တာမျိုးပဲဖြစ်ပါတယ် ။ မနေ့ကအလှုပ်အခတ်ကလဲသူ့ကြောင့်ဖြစ်နိုင်ပါတယ် ။

လက်ရှိ ဂျဲနက်ယယ်လန်(၇၁နှစ်) ဟာလာမယ့်ဇန်နဝါရီလကုန်မှာရာထူးသက်တမ်း ၄ နှစ်ကုန်တော့မှာဖြစ်လို့ နောက်အသစ်တက်မယ့်သူတစ်ဦးရွေးချယ်ရတော့မှာဖြစ်ပါတယ် ။ ထရမ့် နဲ့တွေ့ခဲ့တဲ့သူတွေထဲရေပန်း အစားဆုံးသူတစ်ဦးကတော့ ကီဗင်ဝါ့ရှ် (၄၇နှစ်) ဖြစ်ပါတယ် ။ သူဟာ ထရမ့်နဲ့ပုဂ္ဂိုလ်ရေးအရရင်းနှီးဆက်စပ်မှုလဲရှိပြီး ၂၀၀၈ စီးပွားရေးအကျပ်အတည်းတွင်းက ဗဟိုအစိုးရရဲ့ဘဏ္ဍာရေးဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းထမ်းဆောင်ခဲ့ဖူးသူလဲဖြစ်ပါတယ် ။ ထရမ့်အနေနဲ့ ဂျာရုမ်းပိုဝဲလ်(ဗဟိုအစိုးရရဲ့ဘဏ္ဍာအုပ်ချုပ်ရေး ဘုတ်အဖွဲ့ဝင်တစ်ဦး) ကိုလဲရာထားတယ်လို့သိရပါတယ် ။

ကိုယ်စားလှယ်လောင်းများအဖြစ် ဂျွန်တေလာ(ဘောဂဗေဒ ပါမောက္ခ)နှင့် ဂျွန်အလစ်ဆင်(ဘဏ်အလုပ်အမှုဆောင်ဟောင်း)တိုလဲရှိနေခဲ့ကြတာဖြစ်ပါတယ် ။

ရွှေအဝယ်အတွက် Technical တွေအရရော Fundamental တွေအရပါ တိုက်ဆိုင်တဲ့အခြေအနေဖြစ်ပါတယ် ။ကျွန်တော်ကလက်ရှိအမြတ်ရနေပါပြီ ။အဝယ်(C...
16/10/2017

ရွှေအဝယ်အတွက် Technical တွေအရရော Fundamental တွေအရပါ တိုက်ဆိုင်တဲ့အခြေအနေဖြစ်ပါတယ် ။ကျွန်တော်ကလက်ရှိအမြတ်ရနေပါပြီ ။

အဝယ်(CB)
------
လက်ရှိရွှေဈေး - 1302.20(CP)
မျှော်မှန်းရွှေဈေး - 1370.00(TP)
အရှုံးမှတ် - 1270.00(SL)
ကာလ - တစ်လ

အရန်ပြင်ဆင်မှုအဖြစ် အရှုံးမှတ်ရောက်ခဲ့ရင် သတင်းအခြေအနေမထူးခြားခဲ့ရင်ဝယ်ချင်သေးပါတယ် ။ ဝေဖန်ဆွေးနွေးမှုကိုဖိတ်ခေါ်ပါတယ်ခင်ဗျာ ။

"U.S ဗဟိုဘဏ်မှခိုင်မာသောတိုးတက်မှုအလျှောက်အတိုးနှုန်းများကိုဆက်လက်တိုးမြှင့်ပေးရန်ရာထားကြောင်း ရေရှည်အားဖြင့်ငွေဖောင်းပွမှု...
16/10/2017

"U.S ဗဟိုဘဏ်မှခိုင်မာသောတိုးတက်မှုအလျှောက်အတိုးနှုန်းများကိုဆက်လက်တိုးမြှင့်ပေးရန်ရာထားကြောင်း ရေရှည်အားဖြင့်ငွေဖောင်းပွမှုနှုန်းကိုပိုမိုမျှော်လင့်ထားကြောင်း" ကိုတနင်္ဂနွေနေ့က ဗဟိုအစိုးရမှ သဘာပတိ Janet Yellen မှဝါရှင်တန်တွင်ပြုလုပ်ခဲ့သော နှစ်သုံးဆယ်ပြည့် "International Banking Seminar" တွင်ပြောကြားခဲ့ပါတယ် ။ ငွေဖောင်းပွမှု ၂ ရာခိုင်နှုန်းခန့်တည်ရှိခြင်းမှအလုပ်အကိုင်နှင့်ထုတ်ကုန်မြှင့်တင်ရေးကဏ္ဍအသီးသီးတို့၌ ပိုမိုကောင်းမွန်စေမည်ဖြစ်သည် ။



International Monetary Fund - IMF ၌အဖွဲ့ဝင်ခြင်းအကြောင်း ကမ္ဘာ့အတိုင်းအတာနဲ့အလုပ်မလုပ်သေးပေမယ့် ကမ္ဘာအဆင့်နဲ့ရွှေ့နေတဲ့စီးပ...
14/10/2017

International Monetary Fund - IMF ၌အဖွဲ့ဝင်ခြင်းအကြောင်း

ကမ္ဘာ့အတိုင်းအတာနဲ့အလုပ်မလုပ်သေးပေမယ့် ကမ္ဘာအဆင့်နဲ့ရွှေ့နေတဲ့စီးပွားရေးပြတ်ရွေ့ကြောကြီးတွေကိုသိခြင်းကသင့်အတွက်များစွာအထောက်အကူဖြစ်စေပါတယ် ။အတွေးအမြင်သစ်တွေခေတ်ကိုဦးဆောင်သူတွေဖြစ်လာစေပါတယ် ။ ကျွန်တော်လဲလေ့လာနေဆဲတစ်ဦးပဲဖြစ်ပါတယ် ။

ကမ္ဘာ့ဘဏ် နဲ့ IMF ဆိုတာလူတိုင်းမြင်ဖူးကြားဖူးနေကြစကားလုံးတွေဖြစ်ပါတယ်(အထူးသဖြင့် ငွေကြေးဈေးကွက်က ကုန်သည်တွေသိမှာပါ) ။ ကမ္ဘာ့ဘဏ်မှာငွေတင်ထားဖို့ဆိုတဲ့စကားမျိုးကြားခဲ့ဖူးပေမယ့်ဘာလို့မှန်းအစကမသိခဲ့ပါဘူး။ သူတို့က ကမ္ဘာအရပ်ရပ်ကအဖွဲ့ဝင်နိုင်ငံတွေရဲ့စီးပွားရေးအကျပ်အတည်းတွေကိုနည်းသထက်နည်းအောင်လိုက်လံဖြည့်စွက်ပေးနေတဲ့တာဝန်ကိုသူတို့ထမ်းဆောင်ပါတယ် ။

IMF ဟာ ကမ္ဘာ့ဘဏ်နဲ့ ခေါင်းစဉ်မတူပေမယ့် အတူတကွဖန်တီးထားပြီးလက်တွဲလုပ်ဆောင်နေကြတာပဲဖြစ်ပါတယ် ။ သူတို့ရဲ့အတိုးနှုန်းများပင်လျှင်တန်းညှိထားလေ့ရှိပါတယ် ။ IMF အနေနဲ့မန်ဘာထည့်ဝင်ငွေများကို ရေတိုအနေနဲ့ချေးလေ့ရှိပြီး ကမ္ဘာ့ဘဏ်ကရေရှည်အားဖြင့်အလုပ်လုပ်ပြီး စီးပွားရေးဖြေရှင်းချက်တွေနဲ့ဆင်းရဲနွမ်းပါးမှုလျော့ချရေးတွေ လုပ်လေ့ရှိပါတယ် ။ ရပ်တည်မှုကိုတော့ မန်ဘာထည့်ဝင်ငွေများအပြင် ငွေချေးစာချုပ်(bonds)များဖြင့်လည်ပါတ်လျှက်ရှိကြပါတယ် ။ ကမ္ဘာ့ဘဏ်အနေနဲ့ ရောဂါကာကွယ်မှုများ၊ လိုအပ်သော လူထုအဆောက်အဦးတည်ဆောက်မှုများကို အသားပေးပြီးဆောင်ရွက်ကာ IMF အနေနဲ့ စီးပွားရေးစီမံချက်တွေ ငွေကြေးဈေးကွက်တွေအပေါ်အဓိကထားလုပ်ကိုင်လေ့ရှိပါတယ် ။

IMF ရဲ့အထောက်အပံ့တွေကိုအဖွဲ့ဝင်ထားတဲ့နိုင်ငံတွေသာရနိုင်တာဖြစ်ပါတယ် ။ အစုငွေထည့်ထားတဲ့ အချိန်တွေကြာလာတာနဲ့အမျှ အဖွဲ့ဝင်နိုင်ငံဖြစ်စေဖို့လိုအပ်ချက်တွေပိုမိုလျော့ချပေးမှုတွေရှိပါတယ် ။ အဖွဲ့ဝင်နိုင်ငံဖြစ်လာစေရန်အတွက် ထည့်သွင်းပေးချေမှုပမာဏတွေကတော့ ထည့်ဝင်တဲ့နိုင်ငံရဲ့စီးပွားရေးအပေါ်မူတည်လို့အမျိုးမျိုးကွဲပြားပါတယ် ။ နိုင်ငံ့စီးပွားကြီးရင်ကြီးသလိုထည့်ဝင်ရမယ့် ဝေစုပမာဏဟာလဲကြီးနိုင်ပါတယ် ။ ရလာတဲ့ပိုက်ဆံတွေကိုတော့ဘယ်နိုင်ငံပိုက်ဆံလိုသလဲထုတ်ချေးပေးမယ်ဆိုတဲ့ပုံစံနဲ့အပြန်အလှန်ထောက်ပံ့ပေးနေကြပါတယ် ။ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့အဖွဲ့ရဲ့စီမံချက်တွေကိုလိုက်နာဖို့လိုအပ်ပါတယ် ။ အထူးသဖြင့် ဘဏ္ဍာရေးအထောက်အပံ့ရယူဖို့လိုအပ်တဲ့ အဖွဲ့ဝင်နိုင်ငံငယ်တွေဟာချမှတ်တဲ့စည်းကမ်းကိုပိုလို့တင်းကျပ်စွာခံယူရပါတယ် ။ အဖွဲ့ဝင်နိုင်ငံတွေဟာIMF ရဲ့ကျယ်ပြန့်တဲ့ဝန်ဆောင်မှုသာမက အခြားအဖွဲ့ဝင်နိုင်ငံတွေရဲ့စီးပွားရေးမှတ်တမ်းမှတ်ရာတွေကိုပါလေ့လာခွင့်သိခွင့်ရှိမှာဖြစ်ပါတယ်။

လက်ရှိ အဖွဲ့ဝင် ၁၈၈ နိုင်ငံရှိပြီး အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာတည်ရှိပါတယ် ။ အဖွဲ့ဝင်နိုင်ငံသို့မဟုတ် ဒေသအလိုက်အဖွဲ့ဝင်များဘုတ်အဖွဲ့တွင်တည်ရှိပြီး နိုင်ငံစီးပွားရေးအပေါ်မူတည်လျက်အချိုးကျခန့်အပ်ထားလေ့ရှိပါတယ် ။ ဒါကြောင့်စီးပွားရေးအင်အားအကောင်းဆုံး နိုင်ငံကအကြီးလေးဆုံးတာဝန်ကိုယူရလေ့ရှိပြီး လက်ရှိတွင်အမေရိကန်ဟာ voting power အရှိဆုံးနိုင်ငံအဖြစ်ရှိပါတယ် ။

အနောက်အုပ်စုအလိုတော်မကျလို့ နိုင်ငံတစ်ခုစီးပွားရေးပိတ်ဆို့ခံထားတဲ့အချိန်မှာလက်လွှတ်လိုက်တဲ့အထောက်အပံ့လို့ပြောရင်လဲမမှားလောက်ပါဘူး ။ မည်သို့ဆိုစေဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေနဲ့များစွာအထောက်အပံ့ဖြစ်တဲ့အရာဆိုတာတော့လုံးဝမငြင်းနိုင်ပါဘူး ။ မသိသေးတဲ့သူတွေသိချင်နေတဲ့သူတွေအတွက် ဗဟုသုတရစေဖို့ဖော်ပြပေးလိုက်ရပါတယ် ။

ရွှေ ဂျုံအမ် ######xအင်္ဂါနေ့က ဂျပန်(ဟိုကိုင်းဒိုးကျွန်း) ပေါ်ကဖြတ်ကျော်လို့ မြောက်ကိုရီးယားက ကင်ဂျုံအမ် တို့ပြစ်ခတ်ခဲ့တဲ့ဒံ...
29/08/2017

ရွှေ ဂျုံအမ်
######x

အင်္ဂါနေ့က ဂျပန်(ဟိုကိုင်းဒိုးကျွန်း) ပေါ်ကဖြတ်ကျော်လို့ မြောက်ကိုရီးယားက ကင်ဂျုံအမ် တို့ပြစ်ခတ်ခဲ့တဲ့ဒုံးကျည်က အပြင်မှာတော့ ပစိဖိတ်သုမုဒ္ဒရာထဲကျခဲ့ပေမယ့် ဈေးကွက်မှာတော့အမေရိကန်ပေါ်ကျခဲ့တယ်လို့ဆိုရမယ် စတော့ဈေးတွေကျဒေါ်လာဈေးကျ ရွှေဈေးတွေတက် ဖြစ်ကုန်ပါတယ်။ ရွှေဈေးက အဝယ်တွေ 1320 ပါတ်လည်လောက်မှာ TP တွေထိကုန်ကြတယ် ။ trader တွေအဝယ်သမားတွေအကုန်ပြန်စောင့်ကြည့်မယ့်အနေနဲ့အဝယ်တွေပိတ်လိုက်တော့အရောင်းသမားတွေဖက်ကရောင်းအားတွေက ချက်ချင်းတခိုးပြပြီး ရွှေဈေး retracement ပြန်ဆင်းတာ မနက်ကတက်ထားတဲ့ gap ဖြစ်တဲ့ 60 pips ကျော်ကိုဆင်းရင်း အရောင်းသမားတွေအင်အားပြလာလိုက်တာဒီနေ့အမြင့်ဆုံးဈေးကနေဆို အောက်ကို pips 180 ကျော်ဆင်းလာနေပါတယ် ။ ဒါက ဘာမှမသေချာသေးတဲ့အနေအထားပါ ဒေါ်နယ်ထရန့် စစ်လိုလားမယ်ယူဆကြလို့အကုန်ရွှေတွေဝယ်ကုန်ကြတာ ဒီနှစ်ရဲ့အမြင့်ဆုံးရွှေဈေးတစ်ခုကိုရောက်သွားခဲ့တာပါ။ အခု ဒေါ်နယ်ထရန့်အစိုးရက ဒီလိုလုပ်တာ မြောက်တွေအနေနဲ့ UNအဖွဲ့ဝင်တွေအားလုံးနဲ့အိမ်နီးချင်းတွေအပေါ် သူတို့ရဲ့အနိမ့်ပါးဆုံးအဆင့်အတန်းကိုပြလိုက်တယ်လို့ဝေဖန်ပြီး ဘယ်လိုတုန့်ပြန်မယ်လို့တိတိပပပြောတာမျိုးမရှိသေးပါဘူး ။ ဒါပေမယ့် စီးပွားရေးသမားတစ်ဖြစ်လဲ နိုင်ငံရေးအဓိပတိ ထရမ့်အနေနဲ့ဒေါ်လာဈေးထက် စတော့ဈေးတွေအခုလိုဖောင်းပွမှုမြင့်နေတဲ့အန္တရာယ်များတဲ့အချိန်မှာ Financial Crisis အဖြစ်ခံပြီးဖြေရှင်းမယ်တော့မထင်ဘူးခင်ဗျ ။ အဲ့ဒါကြောင့်ပဲလားတော့မသိ ဂျပန်ဝန်ကြီးချုပ် ရှီဇိုအဘီ နဲ့ မိနစ် ၄၀ ကြာမြောက်ကိုရီးယားကိုဖိအားပေးဖို့ဆွေးနွေးဖြစ်ခဲ့ကြတယ်ဆိုပါတယ် ။ တခြားကွန်မြူနစ် နိုင်ငံကြီး နှစ်နိုင်ငံဖြစ်တဲ့ ရုရှား နဲ့တရုတ်ကိုပါအကူအညီတောင်းထားတယ်လို့လဲသိရပါတယ် ။ ပြုံယမ်းအပေါ်ကျမယ့် ဗုံးဟာ ဖိအားဗုံးပဲဖြစ်လာနိုင်ဖွယ်ရာရှိပါတယ် ဒါဆိုရွှေဈေးကမတန်တဆတက်ထားတဲ့အတွက်ပြန်ကျကိုကျမှာပဲဖြစ်ပါတယ် ။ တဖက်ကကြည့်မယ်ဆိုရင် US$ Index တွေကလဲအရမ်းကျနေတော့ နိုင်ငံရေးအခြေအနေအလှည့်အပြောင်းကိုကြည့်ရဦးမှာဖြစ်ပါတယ် ။ Day Trade သမားတွေကတော့အမြတ်ယူပိတ်လုပ်မယ်ဆိုရင်တော့ R = 1317, S = 1300 လို့တော့အကြမ်းဖြင်းသတ်မှတ်နိုင်ပါတယ် ။ ဈေးက R နားမှားရှိရင်ရောင်းပြီး S နားမှာရှိရင်တော့ဝယ်ရမှာဖြစ်ပါတယ် ။ အာလုံးကံကောင်းကြပါစေ ။

Inflation - ငွေကြေးဖောင်းပွခြင်း------------------------------------ငွေကြေးဖောင်းပွဖို့ ကြိုးစားနေကြတဲ့ နိုင်ငံကြီးတွေရဲ...
27/07/2017

Inflation - ငွေကြေးဖောင်းပွခြင်း
------------------------------------

ငွေကြေးဖောင်းပွဖို့ ကြိုးစားနေကြတဲ့ နိုင်ငံကြီးတွေရဲ့အားထုတ်မှုတွေကဘာတွေကြောင့်လဲ ? ဘာတွေကငွေကြေးဖောင်းပွခြင်းရဲ့ကောင်းကျိုး နဲ့ဆိုးကျိုးတွေလဲဆိုတာ ကျွန်တော်သိထားသလောက်ပြန် sharing လုပ်ချင်ပါတယ် ။ လိုအပ်တာရှိရင်လဲဝေဖန်နိုင်ပါတယ် ။

ပုံမှန်အားဖြင့်တော့ငွေကြေးဖောင်းပွမှုအလွန်အကျွံဖြစ်လာရင် နိုင်ငံတစ်နိုင်ငံစီးပွားရေး ကိုထိခိုက်တာ ကျွန်တော်တို့အလွယ်တကူစဉ်းစားလို့ရပါတယ် ။ တစ်နည်းအားဖြင့်ငွေဖောင်းပွမှုကြောင့် လူတွေဟာ ငွေကိုဘဏ်တွေကနေအကုန်ပြန်ထုတ်ကြပြီးပိုင်ဆိုင်မှုတစ်ခုခုနဲ့ပြန်ခြေကုပ်ယူကြဖို့ကြိုးစားကြပါတယ် ။ ဒါပေမယ့် ငွေကြေးဖောင်းပွမှု ၂ ရာခိုင်နှုန်းလောက်က နိုင်ငံတစ်နိုင်ငံရဲ့စီးပွားအကျိုးများစွာပြုနေပါတယ် ။ နိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေးအေးစက်နေတဲ့အချိန်မှာ စီးပွားရေးပညာရှင်တွေရဲ့ ငွေကြေးဖောင်းပွစေလိုမှုတွေကိုတွေ့နိုင်ပါတယ် ။

ကောင်းကျိုးများ
--------------
ငွေကြေးဖောင်းပွခြင်းဟာ ဥရောပလိုငွေကြေးတစ်ခုတည်းသုံးတဲ့နေရာမျိုးမှာ အရမ်းအရေးပါပါတယ် ။ ငွေတန်ဖိုးမြင့်နေခြင်းက စက်မှုဖွံ့ဖြိုးပြီး GDP အရမ်းမမြင့်တဲ့နိုင်ငံတွေအပေါ်အခက်တွေ့စေတယ် ငွေလိုအပ်မှုတွေဖြစ်ပေါ်စေပါတယ် ။ တစ်ဖက်ကနေ ငွေတန်ဖိုးသူတို့ကမပြောင်းလဲမလျော့ချနိုင်ပါဘူး ။ ဒီတော့ကုန်ပစ္စည်းတန်ဖိုးလျော့ချတာတွေဝန်ထမ်းလျော့ချတာတွေလုပ်လာရတယ် အဲ့ဒီအချက်တွေကစီးပွားရေးကို ထိခိုက်စေရတဲ့အချက်တွေပဲဖြစ်ပါတယ် ။ ဥရောပအနေနဲ့ ယူရိုဈေးကို သင့်တင့်တဲ့တန်ဖိုးတစ်ခုထိချထားနိုင်ရင်တော့ လုပ်ငန်းရှင်တွေအနေနဲ့လုပ်ငန်းလည်ပါတ်ရတာပိုမိုမြန်ဆန်လာနိုင်ပြီး စီးပွားရေးကိုတောင့်တင်းစေမှာဖြစ်ပါတယ် ။

ငွေကြေးဖောင်းပွခြင်းဟာ လုပ်ငန်းတွေရဲ့လစာပေးမှုကို ထိန်းညှိပေးနိုင်ပါတယ် ။ လုပ်ငန်းတွေရဲ့လစာပေးနှုန်းထားတွေကိုလဲလွယ်ကူစေပါတယ် ။ ဥပမာ အလုပ်ရုံတစ်ခုမှာမကြိုးစားတဲ့သူတွေကိုခေါ်ပြီးလစာဖြတ်ဖို့ဆိုတာ ခက်ခဲပါတယ် ။ ငွေကြေးတန်ဖိုးကျဆင်းလာတဲ့အခါ လစာတွေတိုးပေးရပါတယ် အဲ့ဒီအခါ အလုပ်ကြိုးစားတဲ့သူတွေကိုလစာတိုးပေးပြီး မကြိုးစားတဲ့သူကိုမတိုးပေးတာက လစာဖြတ်တာထက်ပိုထိရောက်တဲ့နည်းလမ်းလဲဖြစ်ပါတယ် ။ အဲ့လိုမဟုတ်ရင်တော့ ဝန်ထမ်းများဖြုတ်ချပြီးတော့ပဲ တွန်းအားပေးရပါတော့တယ် ။

ဘလိုမဆို တွေးခေါ်နိုင်ပါတယ် ငွေကြေးဖောင်းပွစေချင်တဲ့သူနဲ့မဖောင်းပွစေချင်သူ အမျိုးမျိုးရှိနိုင်ပါတယ် ။ ပို့ကုန်တန်ဖိုးပိုများတဲ့နိုင်ငံတစ်ခုအနေနဲ့ဆိုရင် ငွေကြေးတရိပ်ရိပ်ဖောင်းပွနေတာက စီးပွားရေးကိုအလွယ်တကူထွန်းကားနိုင်တဲ့ အချက်လို့မြင်ပါတယ် ။ ကမ္ဘာ့စီးပွားရေးကျဆင်းချိန် (ဥပမာ ၂၀၀၇-၈) လိုအချိန်မျိုးမှာပြန်လည်ဦးမော့လာဖို့အတွက်တော့ ကိုယ့်ငွေကြေးရဲ့ဈေးကိုမဖြစ်မနေ ချပြစ်ရတာပါပဲ ။ ကျွန်တော်တို့မြန်မာတွေဒါကိုနားလည်ထားဖို့အရေးကြီးနေပြီ ။ နိုင်ငံငွေကြေးဖောင်းပွလာတော့မယ်ဆိုရင် ခိုင်မာတဲ့ငွေကြေးတစ်ခုကိုပြောင်းလဲ ကိုင်ဆောင်ထားတာကဆုံးရှုံးမှုကိုအလွယ်ကူဆုံးကာကွယ်နိုင်တဲ့အချက်ဖြစ်ပါတယ်။ နိုင်ငံစီးပွားရေးခိုင်မာတဲ့အလျောက်လဲ ငွေကြေးဖောင်းပွမှုကိုအနည်းငယ်တော့ဖြစ်တတ်ပြီး အဲ့ဒါကိုကလဲခိုင်မာတဲ့သဘောသဘာဝတွေသာဖြစ်ပါတယ် ။

တစ်ဖက်ကငွေကြေးတန်ဖိုးအလွန်မြင့်တက်မှုဟာ လည်းအရမ်းကိုအန္တရာယ်ရှိပါတယ် ။ ကိုယ့်နိုင်ငံငွေကြေးဈေးမြင့်တက်မှုကြာရှည်လာတာနဲ့အမျှ စီးပွားရေးလည်ပါတ်မှုတွေမှာဖိအားတွေပြန်ကြုံတွေ့စေပါတယ် ။ ငွေတွေတန်ဖိုးရှိလာတာနဲ့အမျှ အရင်းရှင်တွေအနေနဲ့ငွေသုံးစွဲဖို့တွန့်ဆုတ် ကြပါတယ် ။ ရှေ့လျောက်ဈေးတွေကျလာနိုင်တဲ့အတွက် ပိုက်ဆံအနေနဲ့ပဲလက်ထဲထားလာကြလို့ဖြစ်ပါတယ် ။ ငွေတန်ဖိုးမြင့်ခြင်းအားဖြင့် အကြွေးတွေကိုမူလတန်ဖိုးထက်ပိုတက်သွားစေပြီး အကြွေးပေးနေရတဲ့သူတွေအနေနဲ့ ငွေသုံးစွဲနိုင်မှုကိုလျော့နည်းလာစေပါတယ် ။ အပေါင်ပေးပြီးချေးတဲ့ သူတွေအနေနဲ့လဲ သူတို့ဆပ်ရမယ့်ပိုက်ဆံလျော့ကျဖို့ ငွေကြေးဖောင်းပွမှု အနည်းငယ်ကိုတော့မျှော်လင့်ကြလေ့ရှိပါတယ် ။ အကယ်၍ ဖောင်းပွလာမှုမရှိခဲ့ရင်တော့ သူတို့ဟာအတိုးအတွက်ရုန်းကန်ကြရပါတယ် ။ ဒါဟာဂျပန်လိုဥရောပလိုဖွံဖြိုးပြီး GDP မြင့်တဲ့နိုင်ငံအချို့ရင်ဆိုင်နေရတဲ့ပြဿနာပါ ။

ဆိုးကျိုးများ
----------

၂ ရာခိုင်နှုန်းထက်ပိုပြီးငွေဈေးကျပြီဆိုရင်လည်းစီးပွားရေးကိုထိခိုက်လာနိုင်ပါတယ် ။ ပိုပြီးငွေဈေးကျလေ ပြဿနာကကြီးလေပါပဲ ။ မြန်မာကျပ်ငွေ ကို ၁၉၅၂ ဇူလိုင် (၁) နေ့မှာ ၁ကျပ် ကို အိန္ဒိယငွေကြေး ၁ ရူပီး အမေရိကန်ဒေါ်လာ ၄.၇၆ ဒေါ်လာရှိခဲ့တယ်(မြန်မာ့ဗဟိုဘဏ်ကသတ်မှတ်ခဲ့တယ်) ။ အခု ၁ ဒေါ်လာဈေးဟာ ၆၄.၄ ရူပီးပဲရှိပေမယ့် မြန်မာငွေ ၁၃၆၀ ကျပ်ရှိနေပါပြီ ။ စီးပွားရေးစက်ဝိုင်းကအတက်အကျနဲ့သွားနေတဲ့အတိုင်း စီးပွားရေးအကျပ်အတည်းတွေဟာလဲဖြစ်ပေါ်လေ့ရှိပါတယ် ။ စီးပွားရေးကျဆင်းတဲ့အချိန်မှာ ငွေကြေးဖောင်းပွမှုကိုထိန်းမနိုင်တာမျိုးတွေရှိတတ်ပါတယ် ။အဲ့ဒီလို ငွေကြေးဖောင်းပွမှုကိုထိန်းရင်းက ပိုဆိုးသွားပြီး ငွေကြေးအကျပ်အတည်းအခြေအနေထိဖြစ်သွားရတာမျိုးတွေလဲရှိဖူးပါတယ် ။ ဥပမာ ၁၉၇၀ ကျော်လောက်မှာ စတာလင်ပေါင် တန်ဖိုးဟာကျဆင်းခဲ့ပါတယ်။ ၁၉၇၉ မှာ Iron Lady လို့ကြော်ကြားတဲ့ ကွန်ဆာဗေးတစ် ပါတီက မာဂရက်သက်ချာ ဝန်ကြီးချုပ်ဖြစ်လာခဲ့တဲ့နောက် အလုပ်လက်မဲ့နှုန်းမြင့်မားနေမှုငွေကြေးဖောင်းပွမှုတွေကို ၁၉၈၉ လောက်အရောက်မှာတော့ဖြေရှင်းပြစ်လိုက်နိုင်ခဲ့ပါတယ် ။ အကျိုးဆက်အဖြစ်တဖြည်းဖြည်း အတိုးနှုန်းမြင့်မားလာတယ် ငွေကြေးဈေးတက်လာပြီး အိမ်ဈေးတွေကျလာခဲ့တယ် ။၁၉၉၁-၉၂ မှာ အတိုးနှုန်းမြင့်မားလာမှုနဲ့ ပေါင်ငွေ ဈေးတက်မှုကလိုအပ်တာထက်ပိုခဲ့ပြီး စီးပွားရေးကျဆင်းဆုတ်ယုတ်မှုကိုဖြစ်ပေါ်စေခဲ့ပါတယ် ။

ငွေကြေးဖောင်းပွမှုကရေရှည်စီးပွားရေးရင်းနှီးမြုပ်နှံသူတွေအတွက်အဟန့်အတားဖြစ်စေပါတယ် ။ ဖောင်းပွမှုများလွန်းနေတဲ့ငွေကြေးဟာတည်ငြိမ်မှုလဲမရှိသလိုအနာဂါတ်ကိုလဲခန့်မှန်းရခက်တဲ့အတွက်ပဲဖြစ်ပါတယ် ။ ရင်းနှီးမြုပ်နှံမှုနည်းလေစီးပွားရေးကျဆင်းလေပဲဖြစ်ပါတယ် ။

ငွေစုဆောင်းမှုတွေလဲလျော့ချပြစ်စေပါတယ်။ ငွေကြေးဖောင်းပွလာတာနဲ့အမျှငွေတန်ဖိုးဟာလဲ ကျလာတာပါ ။ အတိုးနှုန်းထက် ငွေတန်ဖိုးကျဆင်းလာပြီဆို လူတွေဟာငွေတွေကိုပြန်ထုတ်ကြပါတယ် ။ အငြိမ်းစားလစာတွေဟာလဲငွေကြေးဖောင်းပွမှုတွေကြားမှာပင်စင်လစာတန်ဖိုးလျော့နည်းလေ့ရှိကြတယ် ။ ငွေကြေးဖောင်းပွမှုမြင့်ရင် အတိုးနှုန်းတွေလျော့ကျလေ့ရှိပါတယ် ။ အတိုးနှုန်းနဲ့အတူငွေဈေးလဲလျော့ကျလာတဲ့အတွက် ငွေကိုလဲထုတ်မချေးကြတော့ပါဘူး ။

ကုန်ဈေးနှုန်းတွေမကြာခဏတက်လေ့ရှိပြီး လုပ်ခလစာတွေလဲကျလေ့ရှိပါတယ် ။ အခြေခံလစာတွေထက်ငွေကြေးဖောင်းပွမှုများလာရင်တော့ လူထုအဘက်ဘက်ကိုဝင်ငွေတွေထိခိုက်လာစေပါတယ် ။ ပြဿနာတွေကိုတိုးလို့ဖြစ်ပေါ်စေပါတယ် ။ ဒါတွေကိုရှောင်ခွင်းဖို့ဆိုရင် လူတိုင်းစီးပွားရေးရဲ့အခြေခံသဘောတရားတွေကို နားလည်ထားဖို့လိုပါလိမ့်မယ် ။

အားလုံးငွေကြေးအခက်အခဲများမှ ကင်းဝေးကြပါစေ ။ ကျေးဇူးတင်ပါတယ် ။

USDJPY ကိုပဲအသားပေး trade ကြတဲ့သူတွေလဲဒီမှာ ရှိကြမယ်ထင်ပါတယ် ဒီလိုဆို တစ်ခုလောက်ဆွေးနွေးချင်ပါတယ် ။ဒီ chart ဟာလောလောလတ်လ...
22/07/2017

USDJPY ကိုပဲအသားပေး trade ကြတဲ့သူတွေလဲဒီမှာ ရှိကြမယ်ထင်ပါတယ် ဒီလိုဆို တစ်ခုလောက်ဆွေးနွေးချင်ပါတယ် ။

ဒီ chart ဟာလောလောလတ်လတ် ကျွန်တော့်အတွက် အဆင်အပြေဆုံး chart ဖြစ်နေပါတယ် ။

# ကမ္ဘာ့ အရှေ့ခြမ်းခေါင် နဲ့ အနောက်ခြမ်းခေါင် တို့အားပြိုင်တဲ့ chart ဖြစ်နေပါတယ် ။ ဂျပန်နိုင်ငံဟာ အမေရိကန်နဲ့ စီးပွားရေအရရောစစ်ရေးအရရောနီးစပ်မှုရှိပါတယ် ။ ဒေါ်နယ်ထရမ့်လက်ထက် ၅ လလောက် လွန်ဆွဲပွဲမှာ ဘယ်သူမှ သာတယ်တော့ပြောလို့မရပဲ ဈေးကွက်က sideways ပြေးနေပြီး ၅ လ လုံးရဲ့ ၂၃ ကနေ ၂၅ နေ့ကြားတွေမှာတော့ အလယ်ဈေး တစ်ခုဖြစ်တဲ့ 111.10(+-) နားကိုပဲပြန်လာတတ်တော့ အရောင်းအဝယ်လုပ်ဖို့ safe zone တစ်ခုရထားသလိုဖြစ်နေခဲ့တာပေါ့ ။ သူ့ကို trand ဆွဲလိုက်ရင် Rising wedge ပုံဆန်လာတာတွေ့ရပါတယ်။ Rising Wedge ကအကျကြမ်းတော့မယ့် အချက်ပြတစ်ခုပါ ။ တကယ်လို့ လာမယ့် အပါတ် US Dollar Index(လက်ရှိ 93.78) များတက်လာရင် USD လဲ Chart ထဲ RSI ပြင်ရင်း တက်လာနိုင်ပါတယ် ။ ပြီးရင် Rising wadge အကျအတိုင်း လိုက်ရောင်းနိုင်ပါပြီ ။ TP 300 pips လောက်အသာလေးရနိုင်ပါတယ် ။ သတင်းတွေကို စောင့်နေပြီး transaction ဝင်နိုင်ပါတယ် ။ SL တစ်ခုထားဖို့တော့မမေ့ပါနဲ့ ။

# US$ ပြီးရင် ကမ္ဘာတစ်ဝှမ်းကဘဏ်တွေရဲ့ အရံငွေကြေးအဖြစ်ထားကြတဲ့ ရွှေရဲ့ဈေး နဲ့ဂျပန်ယန်းဟာတိုက်ရိုက်ဆက်နွယ်မှုရှိတဲ့အတွက် ဂျပန်ယန်းကို ရွှေဈေးအတက်အကျနဲ့လဲခန့်မှန်းကြတဲ့သူတွေလဲရှိပါတယ် ။ ဥပမာပေးရရင် ကန်ဒေါ်လာဈေးကြရင် သူတို့ ၂ဦးကပြိုင်တက်ကျတာမျိုးပါပဲ ။ သို့ပေမယ့် ရွှေနဲ့ယန်းမှာUS လိုပဲ အညွှန်းကိန်းတွေ Down Trend ဖြစ်နေပါတယ် လူတွေက US ရဲ့ Dollar Indexရဲ့ D1က Down Trend ကို ရိုးရိုးလေး ရှာစားကောင်းနေပါတယ် Brexit မလာခင် GBP တို့ EUR တို့ ကို ဝယ်လိုက် အမြတ်ယူလိုက် လုပ်နေကြပါတယ် ။ ဒါပေမယ့် JPY လို safe zone မျိုး ကျွန်တော်တော့ မတွေ့မိဘူး ။

# အနည်းဆုံးတော့ Swap ကြေးသက်သာတဲ့ BOJ(bank of Japan) ဟာ တကယ်တော့ long swap ကို အတိုးပေးတဲ့ဘဏ်တစ်ခုပါ ။ ဒီပေးတဲ့ swap ကို တချို့ Broker Company တွေက swap ကြေးသက်သာတဲ့အသွင်ကိုပြောင်းယူထားတာပဲဖြစ်ပါတယ် ။ ဒီနေရာမှာ ကိုလုပ်နေတဲ့ Broker Company ကို စိတ်မကွက်လိုက်ပါနဲ့ ကိုပေးရတဲ့ swap က မဆိုစလောက်ရှိတာပါ သူထားပေးတဲ့ spread ကသင့်တင့်တဲ့ fixed ဈေးတစ်ခုဖြစ်နေမယ်ဆို အဆင်ပြေပါပြီ ။ ပြောချင်တာက XAU တို့ GBP တို့ ထက် Swap အများကြီးသက်သာလို့ ညသိပ်မယ်ဆို လဲအမြတ်ပိုကျန်တဲ့ chart တွေထဲက တစ်ခုပါ ။

မြန်မာပြည်သား trader တွေအားလုံး မင်္ဂလာပါ ။လောလောလတ်လတ်မှာဆိုရင်တော့ အင်အားကောင်းလာတဲ့ အမေရိကန် နဲ့ဂျာမနီ တို့ရဲ့ စီးပွားေ...
11/07/2017

မြန်မာပြည်သား trader တွေအားလုံး မင်္ဂလာပါ ။

လောလောလတ်လတ်မှာဆိုရင်တော့ အင်အားကောင်းလာတဲ့ အမေရိကန် နဲ့ဂျာမနီ တို့ရဲ့ စီးပွားရေး အချက်အလက်တွေကြောင့် ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်းတိုးပေးရမယ့် ချက်အလက်တွေအရ ရွှေဈေးကတော့ ပြီးခဲ့တဲ့မတ်လ လယ်လောက်ကဈေးထိအောင်ပြန်ကျလာပါတယ် ။

ရွှေဈေးဟာအရမ်းကို လှုပ်ခတ်လွယ်ပါတယ် ။ ရွှေတွေ ဟာ bond yield တွေနဲ့ပါတ်သတ်နေတာတွေကြောင့်ပါ ။ နောက် ရွှေဈေးကို ဈေးတန်းတစ်ခုမှာထားပြီးတော့လဲ ကန်ဒေါ်လာအပေါ် ထောက်ကန်ပေးနိုင်ပါတယ် ။

U.S.ကအလုပ်အကိုင်အခွင့်အလမ်းနဲ့ဂျာမန်ရဲ့ပို့ကုန်နှုန်းထားတွေဟာခန့်မှန်းနှုန်းထားတွေထက်ပိုကောင်းလာခဲ့တာကရွှေဈေးကိုအဓိကပိုကျစေခဲ့ပုံရပါတယ် ။

အခုလို ကန်ဒေါ်လာဈေးတွေနဲ့ စတော့ဈေးတွေ တက်လာတာဟာ ရင်းနှီးမြုပ်နှံသူတွေ အနေနဲ့ ကမ္ဘာ့ဈေးကွက်တိုးတက်လာမှုကိုမြင်စေပြီးရွှေတွေကို စွန့်စားမှုပိုဆန်တဲ့ပိုင်ဆိုင်မှုအဖြစ်သတ်မှတ်ပြီး ထုတ်ရောင်းလာစေဖို့အသိတွေဖြစ်စေပါတယ်။

ဈေးကွက်ဟာ ဗုဒ္ဓဟူးနဲ့ကြာသာပတေးနေ့တွေမှာ US ဗဟိုအစိုးရဘက်က Janet Yellen ပြောမယ့်စကားတွေအပေါ်လဲမူတည်နေပါတယ် ။

ဇွန်လနှောင်းပိုင်းကစလို့ U.S. 10 Year Bond Yields တွေဟာ ၂ လအတွင်းအမြင့်ဈေးတစ်ခုဆီတက်လာခဲ့ပြီးအဲ့ဒီတစ်ဆက်တည်းမှာ ရွှေဈေးဟာ $1295.97 ဆိုတဲ့အမြင့်ကနေတစ်လအတွင်း 900 pips ကျော် ကျဆင်းခဲ့ရပါတယ် ။

ကျွန်တော်ကတော့ ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ 1200 ဈေး လောက်မှာ ရွှေကိုဝယ်စေချင်ပါတယ် ။ ဘာလို့ဆို အခွန်တိုးခဲ့မှုကြောင့်ထိခိုက်ခဲ့ရတဲ့ အိန္ဒိယက ဝယ်လိုအားတွေဟာ အဲ့ဒီ့ဈေးနဲ့ဆိုပြန်ဝယ်လာနိုင်တဲ့အတွက်ရယ် တစ်ကယ်ထွက်လာမယ့် U.S အတိုးနှုန်းကလဲ နှစ်အနည်းငယ်အရှိန်ယူပြီးမှ အမြင့်ကိုရောက်နိုင်တဲ့အတွက်ဖြစ်ပါတယ်။

တွက်ချက်ထားတဲ့ဖက်ကနည်းအရ ဆိုရင်လည်း မတ်လကအနိမ့်ဈေးတွေဖြစ်တဲ့ 1200 ဒါမှမဟုတ် 1195 ဈေးတစ်ခုခုလောက်မှာ ဝယ်သင့်ပါတယ် အမြတ်ကို 500 pips(သို့)600 pips 1250 ခန့်မှာထားနိုင်ပါတယ်။ အရှုံးမှတ်ကိုလဲ သင်ကိုယ်တိုင်တွက်ချက်ပြီး ထည့်ပေးထားဖို့လဲမမေ့ပါနဲ့ ။(ဥပမာ1185)
အားလုံးပဲကျွန်တော်ပေးတဲ့ အကြံလေးကို သဘောပေါက်ကြေနပ်ကြဖို့မျှော်လင့်ပါတယ် ။ အချိန်ပေးတဲ့အတွက်လဲအထူးကျေးဇူးတင်ပါတယ်။

စိတ်ဝင်စားပါကဆက်သွယ်ရန် -
Ph : 09458022193
Email : [email protected]

Hello Myanmar Traders,

So far Gold prices fell on to their lowest since mid-March after strong economic data in the United States and Germany bolstered expectations that central banks will raise interest rates.

Gold is highly sensitive to rising rates because they push up bond yields. They also tend to boost the dollar, in which gold is priced.

The rationale for tightening was bolstered by better than expected U.S. jobs data and strong German export figures.

These also fueled optimism about the global growth outlook, boosting stock markets and the dollar, encouraging investors to ditch gold for riskier assets.

Markets were looking ahead to Wednesday and Thursday, when U.S. Federal Reserve Chair Janet Yellen addresses Congress.

U.S. 10-year bond yields have risen sharply since late June and are near two-month highs, while gold is down from a high of $1,295.97 a month ago,which is over 900 pips .

I support to all of investors to buy at about $1,200 because Indian demand, which was dented by a new sales tax, is likely to recover and U.S. interest rates are expected to rise slowly over the next few years. Technical support to long for gold was around $1,200 or $1,195, the March low price and take profit at 1250(500 pips). Please don't forget to put stop loss as your technical prefer(eg:1185.+-). Hopefully all of you can see and satisfied my advice as well . Thanks you so much for your time.

Address

Naypyidaw
14100

Website

Alerts

Be the first to know and let us send you an email when Myan Trade posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category