Teen Taru

Teen Taru always your partner

💕💕💕BeST SuPPoRTinG Team 💕💕💕ဘာမှမျှော်လင့်ချက်မရှိတာတောင် ယုံယုံကြည်ကြည်ကူညီပေးတဲ့ brotherတို့ cheerနော် Step One complet...
09/06/2020

💕💕💕BeST SuPPoRTinG Team 💕💕💕

ဘာမှမျှော်လင့်ချက်မရှိတာတောင် ယုံယုံကြည်ကြည်ကူညီပေးတဲ့ brotherတို့ cheerနော် Step One completed

ဘဝသင်ခန်းစာ ၈/၂၀၂၀နှောင့်ယှက်တက်သောအတွေးများလွန်ခဲ့သောတစ်ပတ်က ကျွန်မတာဝန်ယူရတဲ့ အလုပ်ထဲကတစ်ခုမှ ပြသာနာဖြစ်ပါတယ်၊ ဖြစ်ပုံ...
14/03/2020

ဘဝသင်ခန်းစာ ၈/၂၀၂၀

နှောင့်ယှက်တက်သောအတွေးများ

လွန်ခဲ့သောတစ်ပတ်က ကျွန်မတာဝန်ယူရတဲ့ အလုပ်ထဲကတစ်ခုမှ ပြသာနာဖြစ်ပါတယ်၊ ဖြစ်ပုံက အကြံပြုတာကို အပြစ်တင်တယ်လို့မြင်တဲ့ မတူညီတဲ့ လူနှစ်ဦးရဲ့အတွေးအခေါ်ကြောင့် ဖြစ်သွားတာပါ အဲ့ဒါက ကျွန်မပြောချင်တဲ့ key pointမဟုတ်ပါဘူး

အဲ့လိုပြသာနာဖြစ်ပြီး စီတ်ထဲတကယ်ကိုစိတ်မကောင်းဖြစ်မိတယ် စေတနာကလူတိုင်းနဲ့မတန်ဘူးပေါ့ စိတ်ထဲ အမြဲတမ်းအဲ့ဒီအကြောင်းဘဲတွေးနေမိတယ် မကျေနပ်ချက်ပေါင်းများစွာနဲ့ သည်းညည်းခံပြီးနေခဲ့တယ် ဒါပေမယ့် အတွေးကတော့မရဘူး

အဲ့လိုအတွေးတွေကြောင့် စီစဉ်ထားသမျှအကုန်ပျက်သွားတယ် ခရီးသွားအစီအစဉ်၊ အစည်းအဝေးတွေ၊ အရေးကြီးသောဆုံးဖြတ်ချက်တွေ၊ နေ့ရက်တွေအမှတ်မှားတာတွေ ဆက်တိုက်ဘဲ အမှားများကို တသီတတန်းကြည့် လုပ်လိုက်မီတယ်၊

အမှားတွေများလွန်းလို့ ကိုယ့်ကိုယ်ကို ခဏရပ်ပြီးတော့ ငါ့ဘာတွေတွေးနေတာလည်း ငါဘာလုပ်ဖို့စီစဉ်ထားတာလည်းဆိုတာကို ခဏလေးငြိမ်ပြီး တိတ်ဆိတ်တဲ့တစ်နေရာမှာ တစ်ယောက်တည်းသီးသန့်သွားထိုင်ပြီး စဉ်းစားနေလိုက်တာ

နောက်ဆုံးအဖြေက- မလိုအပ်တဲ့ အမှိုက်အတွေးတွေကို စဉ်းစားနေမီတာပါလားလို့ ဆင်ခြင်မိလိုက်တာဘဲ

အတွေးနယ်ချဲ့တာတွေကို ပြန်ရုပ်သိမ်းပါညီမလေး အရှေ့မှာ အဲ့ထက်အရေးကြီးတာတွေစောင့်နေတယ်လို့ (ကိုယ့်ကိုယ်ကို ပြန်သတိပေးတာပါ)

Three Star
Right Person Right Place

ဘဝသင်ခန်းစာ ၃/၂၀၂၀*** အလုပ်ဆိုတာ စီစဉ်ထားသလို ဘယ်တော့မှ ဖြစ်မလာတာ သဘာဝတရားပါ***ကျွန်မလွန်ခဲ့တဲ့တစ်နှစ်က အလုပ်တွေ ဆက်တိုက...
06/02/2020

ဘဝသင်ခန်းစာ ၃/၂၀၂၀

*** အလုပ်ဆိုတာ စီစဉ်ထားသလို ဘယ်တော့မှ ဖြစ်မလာတာ သဘာဝတရားပါ***

ကျွန်မလွန်ခဲ့တဲ့တစ်နှစ်က အလုပ်တွေ ဆက်တိုက်လုပ်လာတာ လုပ်ချင်ရင် စီစဉ်ထားတဲ့အတိုင်းဖြစ်တယ်ဆိုတာကို လက်ကိုင်ဆွဲပြီးလုပ်ခဲ့ပါတယ်

အဲ့ဒီလွန်ခဲ့တဲ့နှစ်ကဘဲ သူးလေးကုမ္ပဏီရဲ့ ထောက်ပံ့မှုကြောင်း နိုင်ငံတကာ ကမ္ဘာဘဏ် ကစီစဉ်တဲ့ *Communication master Class** ကို ဆရာမ Valerie နဲ့သင်ခွင့်ရခဲ့တယ်

သင်တန်းမှာ ပို့ချတာကို လုပ်ငန်းခွင်မှာ ပြန်လည်အသုံးချဖြစ်ခဲ့တယ် အသုံးချရင်းနဲ့ ပထမတစ်ခေါက်လောက်က အဆင်ပြေချောမွေ့ပြီး အရမ်းကို စိတ်ကျေနပ်စရာကောင်းခဲ့ပါတယ် လွန်ခဲ့တဲ့ နှစ်မကုန်ခင် အတောအတွင်းလေးမှာပါ

ဒါပေမယ့် ဒီ၂၀၂၀ မှာတော့ သင်ယူလာရပါတယ်
အတွေ့အကြုံလေးတစ်ခုပြောပြချင်ပါတယ်
ကျွန်မဘားအံရုံးမှာ မားကတ်တင်းကူလုပ်ပေးရင်နဲ့ ရုံး အုပ်ချုပ်ရေးပိုင်းကိုအနည်းငယ်ကူပေးဖြစ်ပါတယ်။ ရုံးမှာ မှန်ကာနိုင်ဖို့ကို အမှန်အကန် ကြိုးစားပြီးလုပ်ပါတယ်။ ဈေးနှုန်းစုံးစမ်း၊ တွက်ချက်၊ အနှိမ့်ဆုံးဈေးနဲ့ရအောင် ညှိနှိုင်၊း၊ လုပ်ငန်းဆောင်ရွက်လျှင်တစ်ရက်တည်းနဲ့ပြီးအောင်ပါ လုပ်ဖို့ ဆိုင်ရှင်ကိုပြော ၊အထက်ကိုတင်ပြ၊ အမှန်တကယ်လိုအပ်ကြောင်းရှင်းပြတော့ မှန်ကာဖို့ကို အထက်က အတည်ပြုချက်ရလာပါပြီ။ Budget လည်းကျလာရော စရံသွားပေးပြီးတော့ ဆိုင်က လာတိုင်းပေးပါတယ်။ လာတိုင်းတော့ သူနေသိပ်မကောင်းဘူးတဲ့ အမြန်ဆုံးတော့လုပ်ပေးမယ်တဲ့။

ကဲ ဇာတ်လမ်းကစပြီ။ ပထမတစ်ရက် နေမကောင်းလို့ခွင့်ယူတယ်တဲ့။ မနက်ဖြန်လာလုပ်ပေးမယ်တဲ့။ ဒုတိယတစ်ရက်လည်းကျတော့ မှန်ကိုတော့ ဆိုင်မှာဘဲခွေမယ်၊ တစ်ပတ်ခါ လာတပ်ပေးမယ်တဲ့၊ တတိယတစ်ရက်လည်းကျရော နေမကောင်းတဲ့ တစ်ယောက်က လာလုပ်ပေးရင်းကြာလိမ့်မယ်တဲ့ အစားထိုးတစ်ယောက်ကို လွတ်ပြီးထပ်တိုင်းပေးပါတယ်။

ဒါနဲ့ကျွန်မက ဆိုင်ရှင်ကို ဖုန်းဆက်ပြီ အန်တီရေ အမြန်လေးလုပ်ပေးပါနော် ပြောတော့ ကဲ ဒီညနေပေါ့ သူတို့ လာတပ်ပေးပါတယ်။ Frame ကို အရင်တပ်ထားပေးမယ်တဲံ မနက်ဖြန်မှ မှန်လာလုပ်ပေးမယ်ဆိုတော့ကာ ဒါပါဘဲ ပြောချင်တာကတော့ ကျွန်မစီစဉ်ထားတာက ပိုက်ဆံကျ၊ ဆိုင်သွားပြော တစ်ရက်စီစဉ် နောက်နေ့လုပ် ပြီးပြီးဆိုပြီးတော့ စီစဉ်ထားတာပါ ဘာeffectကိုမှ ထည့်မတွက်ထားပါဘူး ထည့်တွက်စရာလည်းမလိုဘူးပေါ့နော်

ကျန်ပါသေးတယ် အလံတိုင်ကိစ္စကော တစ်ခြားအလုပ်တော့ကောဘဲ

ပြောချင်တာကတော့ အလုပ်ဆိုတာ ကိုယ်က သေချာplaning ချထားတာတောင်မှ မဖြစ်လာနိုင်ပါဘူး ***ဖြစ်လာရင်တော့ ကိုယ်အရမ်းအရမ်းကျေးဇူးတော်ခံစားနေရတာပေါ့နော်*** မမျှော်မှန်းနိုင်တဲ့ အခြေအနေလေးတွေကို ထည့်တွက်ရပါတယ် မကပါဘူး မဖြစ်လာခဲ့ရင် လည်း ** အော် ဒါကြောင့် မဖြစ်လာနိုင်တာဘဲ** ဆိုတာကိုလည်း လက်ခံနိုင်ရပါမည်။

ကျွန်မဘာလို့ အဲ့ဒါကို ထည့်ပြောလည်းဆိုတော့ ကျွန်မကိုယ့်၌ကို က မဖြစ်လာနိုင်တာကို မနည်းလက်ခံနိုင်အောင် ကြိုးစားခဲ့ရလို့ပါ။

Three Star
Right Person Right Place

Address

Myawadi

Telephone

+959651138811

Website

Alerts

Be the first to know and let us send you an email when Teen Taru posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Teen Taru:

Shortcuts

Share