26/08/2026
🍀💓🍀အဟာရဒါန နေ့လည်ဆွမ်း အလှူတော်🍀💞🍀
🌿🌿လောကီ လောကုတ္တရာစီးပွား ကြွယ်၀ပြည့်စုံ ထာ၀ရဖူလုံနိုင်ရန် ရည်သန်တောင်းဆု အာရုံပြု၍....🌿🌿
(၂၆.၆.၂၀၂၆) ရက်နေ့တွင်
မွန်ပြည်နယ် သံဖြူဇရပ်မြို့နေ ဦးကျော်မင်းဦး+ဒေါ်ညိုညိုစန်း ၊ဦးသိန်းဇော်+ဒေါ်ခင်သက်ဝေ မိသားစုတို့မှ စုပေါင်းကာ နေ့လည်ဆွမ်းအတွက် အလှူတော်ငွေ (၁,၂၀၀,၀၀၀/) ကျပ်ကို ဆရာတော်၏ ကပ္ပိယထံ ဆပ်ကပ် လှူဒါန်းခဲ့ကြပါသည်။
အလှူရှင် မိသားစုတို့သည်
ဆွမ်းလှူရကျိုးဖြစ်သော
♦အသက်ရှည်လိုသူ ဆွမ်းကိုလှူ
ဆွမ်းလှူပါက အသက်ရှည်ရ။
♦အဆင်းလှလိုသူ ဆွမ်းကိုလှူ
ဆွမ်းလှူပါက အဆင်းလှ။
♦ချမ်းသာလိုသူ ဆွမ်းကိုလှူ
ဆွမ်းလှူပါက ချမ်းသာရ။
♦ခွန်အားကောင်းလိုသူ ဆွမ်းကိုလှူ ဆွမ်းလှူပါက ခွန်အားရ။
♦ဉာဏ်ကောင်းလိုသူ ဆွမ်းကိုလှူ
ဆွမ်းလှူပါက ဉာဏ်ကောင်းရခြင်း တို့ဖြင့် ပြည့်စုံကြပါစေ။
🌻ကုသိုလ်ကောင်းမှု အစုစုတို့ကို
(၃၁) ဘုံသားအားလုံး မြင်နိုင်၊ကြားနိုင် သာဓုခေါ်နိုင်ကြ၍ ချမ်းသာခြင်း ခံစားနိုင်ကြပါစေ။🌻
ကိုနေလင်းအောင် (09-4464-335-25)