Su Htoo Pan -Rice Trading & Peanut Oil

Su Htoo Pan -Rice Trading & Peanut Oil rice & peanut oil

26/09/2024

Watch, follow, and discover more trending content.

ဖန်ခွက်ကို လွှတ်ချလိုက်ပါ*************************တစ်ခါတုန်းက စာသင်ခန်းထဲမှာ ဖရော်ဖက်ဆာတစ်ဦးက ဖန်ခွက်တစ်ခုထဲ ရေ အချို့ထည...
30/08/2024

ဖန်ခွက်ကို လွှတ်ချလိုက်ပါ
*************************

တစ်ခါတုန်းက စာသင်ခန်းထဲမှာ ဖရော်ဖက်ဆာတစ်ဦးက ဖန်ခွက်တစ်ခုထဲ ရေ အချို့ထည့်ပြီးမတ် တပ်ရပ် လိုက်တယ် ။ သူက ကျောင်းသားအားလုံးမြင်ရအောင်ဖန်ခွက်ကို ကိုင်မြှောက်ပြ လိုက်ပြီး ကျောင်းသားတွေ ကိုမေး လိုက်တယ် ။

''ဒီဖန်ခွက်အလေးချိန်ဘယ်လောက်ရှိတယ်လို့ထင်လဲ''

''၅၀ ဂရမ် ''....
"၁၀၀ ဂရမ် ....
"၁၂၅ ဂရမ် ..

ကျောင်းသားတွေက ပြန်ဖြေကြတယ် ။

" ဒီဖန်ခွက်ကို ချိန်မကြည့်ဘဲနဲ့ ဆရာတိတိကျကျ မသိနိုင်ဘူး ဖရော်ဖက်ဆာကပြောတယ် ။

"ဒါပေမယ့် ဆရာမေးချင်တာက ဒီဖန်ခွက်ကို ဒီအတိုင်းမိနစ်အနည်းငယ်ကိုင်ထားရင် ဘာဖြစ်နိုင်သလဲ

"ဘာမှမဖြစ်နိုင်ပါဘူး ကျောင်းသားတွေက ပြန်ဖြေတယ် ။

" ကောင်းပြီ ဒါဆို ဒီဖန်ခွက်ကို တစ်နာရီလောက် ဒီအတိုင်း ကိုင်ထားရင်ရော ဘာဖြစ်နိုင်သလဲ ပရော်ဖက်ဆာက ထပ်မေးတယ် ။

"ဆရာ့လက်မောင်း နာလာပါလိမ့်မယ် ကျောင်းသာတွေထဲက တစ်ယောက်က ဖြေတယ်။


"မင်းမှန်တယ်။ ကဲ ဒါဆို ဒီအတိုင်း တစ်ရက်လောက်ကိုင်ထားရင်ရော ဘာဖြစ်နိုင်သလဲ

" ဆရာ့လက် ထုံကျင်လာမယ် ကြွက်သားတွေ နာလာ မယ် တောင့်တောင့်ကြီးဖြစ်သွားမယ် ပြီးတော့ ဆေးရုံသွားရမှာ ကြိမ်းသေပဲ

ကျောင်းသားတစ်ယောက်က အရဲစွန့်ပြီးပြောတယ် ။ တခြားကျောင်းသားတွေက ဝိုင်းရယ်ကြတယ် ။

#အရမ်းကောင်းတယ်ဒါပေမယ့်အခုလိုလုပ်ခဲ့တဲ့အချိန်တိုင်းမှာဖန်ခွက်ရဲ့အလေးချိန်ပြောင်းလဲသွားနိုင်သလား
ပရော်ဖက်ဆာက ဆက်မေးတယ် ။

" မပြောင်းလဲနိုင်ပါဘူး လို့ ဝိုင်းဖြေကြတယ် ။

" ဒါဆို ဘာလို့ လက်တွေနာကြီးကြွက်သားတွေထုံကျင်တာတွေဖြစ်လာရတာလဲ

ကျောင်းသားတွေအားလုံးမဖြေနိုင်ပဲ အကြံအိုက်သွားကြတယ် ။

" ဒါဆို အခု လို နာကျင်တာတွေက သက်သာအောင် ဘယ်လိုလုပ်သင့်သလဲ ပရော်ဖက်ဆာက ထပ်မေးတယ်။

#ဖန်ခွက်ကိုလွှတ်ချလိုက်ကျောင်းသားတစ်ယောက်ကဖြေတယ်။

" အမှန်ကန်ဆုံးပဲ ပရော်ဖက်ဆာက ဆက်ပြောတယ် ။

#ဘ၀ရဲ့ ပြဿနာတွေဆိုတာ အခုသင်ခန်းစာနဲ့အတူတူပဲ ဦးခေါင်းထဲကို ပြဿနာတွေ မိနစ်အနည်း ငယ်လောက် ထည့်ထားလိုက် အိုကေသွားလိမ့်မယ် ပြဿနာတွေကို အကြာကြီးတွေးနေရင်တော့ စတင်ပြီးခေါင်း ကိုက်လာလိမ့်မယ် ။

"ဘ၀မှာ စိန်ခေါ်မှုတွေ ပြဿနာတွေ ကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့က အရေးအကြီးဆုံးပါပဲ ဒါပေမယ့် အဲဒါထက်အရေးကြီးတာကတော့ - - သင်အိပ်ရာမ၀င်ခင် နေ့စဉ်နေ့တိုင်းကြုံတွေ့နေရတဲ့ပြဿနာတွေကို လွှတ်ချလိုက်ဖို့ပဲ

စိတ်ဖိစီးမှုမရှိဘဲ နိုးထလာတဲ့မနက်ခင်းဟာ လန်းဆန်းပြီး ကြံ့ခိုင်သန်စွမ်းနေလိမ့်မယ် ။

ဘယ်လိုပြဿနာ မျိုးဖြစ်ဖြစ် ကိုင်တွယ်နိုင်စွမ်းရှိပြီး ဘယ်လိုစိန်ခေါ်မှုမျိုးဖြစ်ဖြစ် နည်းလမ်းရှာဖွေရင်ဆိုင်နိုင်ပါတယ်

Crd :

30/08/2024

ထိုင်းတွင် မျိုးဆက်သစ်လူငယ်များက မိသားစုလုပ်ငန်းကို ဆက်ခံလုပ်ကိုင်မှုနှုန်း မြင့်မား
--------------------------------------------------------------

ထိုင်းနိုင်ငံမှာ မိသားစုစီးပွားရေးလုပ်ငန်းတွေကို နောက်မျိုးဆက်လူငယ်တွေက ဆက်ခံလုပ်ကိုင်မှုနှုန်းဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့တောင် ပျှမ်းမျှထက် ပိုမိုမြင့်မားကြောင်း KBank တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး Bangkok post သတင်းမှာ ဖော်ပြထားပါတယ်။
သူတို့ဘဏ်မှာ ဝန်ဆောင်မှုရယူကြတဲ့ မျိုးဆက်သစ် Customer တွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ မိသားစုစီးပွားရေး လုပ်ငန်းကို ဆက်ခံဖို့ စီစဉ်ထားကြကြောင်း Karsikornbank (KBank) ရဲ့ ပုဂ္ဂလိကဘဏ်ဝန်ဆောင်မှုဆိုင်ရာ ဌာနကြီးမှူးတစ်ဦးဖြစ်သူ ပီရာပတ် ရင်ပရာယွန် က ပြောပါတယ်။
စင်္ကာပူ နဲ့ ဟောင်ကောင် တို့လို အခြားဒေသတွင်းနိုင်ငံတွေမှာဆိုရင် မိသားစု လုပ်ငန်းကို နောက်မျိုးဆက်က ဆက်ခံတဲ့နှုန်းဟာ ၅၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိတယ်လို့လည်း မစ္စတာ ပီရာပတ် ရဲ့ ပြောကြားချက်အရ သိရပါတယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် မိသားစုစီးပွားရေးလုပ်ငန်းကို နောက်မျိုးဆက်က ဆက်ခံလုပ်ကိုင်မှုနှုန်းဟာ ကျဆင်းလျက်ရှိပြီး မိသားစုလုပ်ငန်းတွေ ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးဟာလည်း ခက်ခဲလာလျက် ရှိပါတယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာ သုတေသနအချက်အလက်တွေအရ မိသားစုလုပ်ငန်းကို မျိုးဆက် တစ်ဆက်ကနေ တစ်ဆက် ဆက်ခံမှုနှုန်းဟာ သိသိသာသာ ကျဆင်းလျက်ရှိနေတာကို တွေ့ရပါတယ်။ မိသားစု လုပ်ငန်းကို ဒုတိယမျိုးဆက်ထိ ဆက်ခံမှုနှုန်း ၃၀ ရာခိုင်နှုန်း၊ တတိယမျိုးဆက်ထိ ဆက်ခံမှုနှုန်း ၁၂ ရာခိုင်နှုန်းနဲ့ စတုတ္ထမျိုးဆက်ထိ ဆက်ခံမှုနှုန်း ၃ ရာခိုင်နှုန်းသာ ရှိတာပါ။

ထိုင်းမိသားစုစီးပွားရေးလုပ်ငန်းတွေဟာ သူတို့ရဲ့လုပ်ငန်းကို နောက်မျိုးဆက်ထံ လက်ဆင့်ကမ်းနိုင်ဖို့အတွက် ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုတွေနဲ့ ဘဏ္ဍာရေးဆိုင်ရာ အကြံဉာဏ်တွေကို ပိုမိုတောင်းဆိုလာကြပြီး KBank အနေနဲ့လည်း သူတို့ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ဝန်ဆောင်မှုအသစ်တွေ စီစဉ်မိတ်ဆက်ပေးထား ရကြောင်း မစ္စတာ ပီရာပတ် က ပြောပါတယ်။

မျိုးဆက်သစ် ထိုင်းမိသားစုစီးပွားရေးလုပ်ငန်းတွေဟာ လုပ်ငန်းကို ဆက်ခံဖို့အတွက် ရွေးချယ်ရာမှာ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်းနဲ့ ကျွမ်းကျင်ပညာရှင်ပီပီသသ လုပ်ငန်းစီမံခန့်ခွဲနိုင်စွမ်းတွေကို မရှိမဖြစ် အရည်အချင်းတွေအဖြစ် သတ်မှတ်လာကြပါတယ်။

နောက်ပြီး ပထမမျိုးဆက်လုပ်ငန်းရှင်တွေဟာ သူတို့လုပ်ငန်းကို ဆက်ခံမယ့် နောက်မျိုးဆက်တွေအနေနဲ့ ဒစ်ဂျစ်တယ်စနစ်ကို ကူးပြောင်းရေး အားထုတ်လုပ်ဆောင်ကြဖို့လည်း မျှော်လင့်ထားကြပါသေးတယ်။

ဒီလို လုပ်ငန်းကို လက်ဆင့်ကမ်းဖို့ မျှော်လင့်ချက်နဲ့ အစီအမံတွေ ထားရှိပေမဲ့လည်း ဒီနေ့ခေတ် ထိုင်းမိသားစု စီးပွားရေးလုပ်ငန်း ပထမမျိုးဆက် လုပ်ငန်းရှင်တွေဟာ သူတို့ရဲ့ ကလေးတွေကို အလုပ်အကိုင် ရွေးချယ်မှုနဲ့ ပတ်သက်လို့ အတင်းအကျပ်ဖိအားပေးတာမျိုးတွေ မရှိတော့ပဲ ပိုပြီးလွတ်လပ်ခွင့်တွေ ပေးလာကြတယ်လို့ မစ္စတာ ပီရာပတ် ကပြောပါတယ်။

ဒါကြောင့် သူတို့ရဲ့လုပ်ငန်း ရေရှည်ဆက်လက်တည်တံ့ဖို့အတွက် ပြင်ပက ကျွမ်းကျင်မန်နေဂျာတွေ ငှားရမ်းတာလိုမျိုး နည်းလမ်းတွေကို ရှာဖွေလာကြပြီး သူတို့ရဲ့ မျိုးဆက်တွေက လုပ်ငန်းမှာ ကိုယ်တိုင်ဝင်ရောက် မလုပ်ကိုင်ရင်တောင် အဓိကရှယ်ယာရှင်တွေအဖြစ်နဲ့ ဆက်လက်ရှိနေနိုင်ဖို့ စီမံလာကြတယ်လို့လည်း သူက ပြောပါသေးတယ်။

Ref : BKK Post

30/08/2024

ဇင့်ဓာတ်တွေ အများကြီးပါတဲ့ ပြောင်းဖူးကို ဈေးထဲကနေ လွယ်လွယ်ကူကူ ဝယ်စားကြပါစို့ 😃👍

အရိုးရှင်းဆုံးအရာတွေဟာ တခါတလေမှာ အကောင်းဆုံးအရာတွေဖြစ်နေတတ်ပါတယ်။

🌽 အခုတွေ့ရတဲ့ ပြောင်းဖူးအဆံကြီးကြီးတွေဟာ ချိုမှချိုပါ ... အိမ်မှာပြုတ်စားတော့ သန့်သန့်ရှင်းရှင်းပူပူနွေးနွေးလေးလည်း စားရတယ်။ ဝဝလင်လင်လည်း စားရပါတယ်။

🌽 ပြောင်းဖူးအမွှေးလေးတွေနဲ့ ဆော့ကစားစေရင်း Sensory Diet လည်းဖြစ်စေပါတယ်။

🌽 ပြောင်းဖူးစေ့ကလေးတွေကို သားသားမီးမီးတို့ ကိုယ်တိုင် လက်ကလေးနဲ့ ခြွေစေပြီးမှ စားစေခြင်းဖြင့် Fine Motor Skills အတွက်လည်း အလွန်ကောင်းစေပါတယ်။

ပြောင်းဖူးမှာ ပါဝင်သောအကျိုးကျေးဇူးများ
==================

၁) ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်များဖြစ်ကြတဲ့ ဖော့စဖရပ်စ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဇင့်နှင့် သံဓာတ်များကြွယ်ဝစွာ ပါဝင်ပါတယ်။
၂) ဖော့စဖရပ်စ်ဓာတ်ဟာ ကယ်စီယမ် ဓာတ်ထက်ပို၍ အရိုးကိုကျန်းမာစေပါတယ်။
၃) ပိုတက်စီယမ်ဓာတ်ဟာလည်း သွေးနီဥအတွင်းရှိ ဓာတ်ပစ္စည်းများပြုလုပ်ရန်အတွက် ဆိုဒီယမ်နဲ့သံဓာတ်တို့ထက် ပို၍ကောင်းမွန်ကြောင်းသိရှိ ရပါတယ်။
၄) အိုမင်းရင့်ရော်မှုကို ကာကွယ်နိုင်တဲ့ အင်တီအောက်ဆီဒင့် လည်းဖြစ်ပါတယ်။
၅) အဝါရောင် ပြောင်းဖူးစေ့ဟာ အမြင်အာရုံအတွက်လည်း အလွန်ကောင်းစေပါတယ်။

Credit - စာသား/ ဓါတ်ပုံ

28/01/2024
🙏💐🙏💐🙏💐*ပြာသိုလပြည့် ရှင်တစ်ထောင် အခါတော်နေ့*
25/01/2024

🙏💐🙏💐🙏💐*ပြာသိုလပြည့် ရှင်တစ်ထောင် အခါတော်နေ့*

* ပြာသိုလပြည့် ရှင်တစ်ထောင်အခါတော်နေ့ *
•••••••••••••••••••••••••••••

ပြာသိုလပြည့်နေ့ကို ရှင်တစ်ထောင်အခါတော်နေ့ အဖြစ် သိသူ ရှားပါး ပေလိမ့်မည်။ ဤသို့ သတ်မှတ်ရခြင်းမှာ ဂေါတမဘုရားရှင် လက်ထက်တော်အခါက ရသေ့ညီနောင် ရှင်အပါးတစ်ထောင်တို့သည် ၎င်းတို့၏ အယူဝါဒအား စွန့်ပယ်ကြလျက် ဗုဒ္ဓသာသနာတော်အတွင်း ကူးပြောင်းရောက်ရှိလာကြသောကြောင့် ဖြစ်ပါသည်။

ဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ပထမဝါကျွတ်ပြီးနောက် ရသေ့တစ်ထောင်ကို ချွတ်ရန် ဥရုဝေလတောသို့ တန်ဆောင်မုန်းလပြည့်နေ့တွင် သွားရောက်ခဲ့ပြီး ပြာသိုလပြည့်နေ့အထိ ၂-လကြာမျှ ဥရုဝေလတော၌ပင် ရသေ့များနှင့် သီတင်းသုံး ခဲ့ပါသည်။

ထိုစဉ်ကာလ ဥရုဝေလတော၌ အစ်ကိုကြီး ဥရုဝေလကဿ ဦးဆောင်သော ရသေ့ငါးရာ၊ အစ်ကိုလတ် နဒီကဿ ဦးဆောင်သော ရသေ့သုံးရာ၊ ညီငယ် ဂယာကဿ ဦးဆောင်သော ရသေ့နှစ်ရာ စသည်တို့သည် သုံးနေရာခွဲလျက် နေထိုင် သီတင်းသုံး နေကြသည်။

ဥရုဝေလတောအုပ်သို့ ရောက်ရှိတော်မူခဲ့သော ဂေါတမဘုရားရှင်သည် ဦးစွာ ဥရုဝေလကဿ ရသေ့ကြီးထံ သွားရောက်လျက် နေခွင့် တောင်းခံသောအခါ နဂါးကြီးရှိသောနေရာ၌ သီတင်းသုံးခွင့် ရခဲ့သည်။

ရသေ့များ အားလုံးကပင် နဂါးကြီး၏ လက်ချက်ဖြင့် ဘုရားရှင် အသက်ဆုံးမည်ဟု ထင်ကြသော်လည်း ဘုရားရှင်က နဂါးကြီးအား တန်ခိုးတော်ဖြင့် အနိုင် ရလိုက်သည့်အခါ ရသေ့အပေါင်းတို့သည် ဘုရားရှင်အား လေးစား အထင်ကြီးသွားကြကုန်၏။

ဥရုဝေလကဿ နှင့်တကွ ရသေ့အားလုံးတို့သည် တရားနည်းလမ်းမကျသော မီးလှုံခြင်း၊ ရေငုပ်ခြင်း စသည့် ပဉ္စာတပအကျင့်များကို ကျင့်ကြကုန်၏။

ထိုအကျင့်များကို ကျင့်ခြင်းဖြင့် ကိလေသာ ခေါင်းပါးလိမ့်မည်ဟုလည်း လွဲမှားစွာ မှတ်ထင်ထားကြ၏။

၎င်းတို့၏ ကျင့်ကြံပုံမှာ ဆီးနှင်းများ တဖွဲဖွဲကျဆင်းနေပြီး ခိုက်ခိုက်တုန်အောင် ချမ်းအေးလှစွာသော ပြာသိုလ သမယအတွင်း သတ်မှတ်ရက် ရှစ်ည၌ နေရဉ္ဇရာမြစ်အတွင်းသို့ သက်ဆင်းကာ ရေငုပ်ကြကုန်၏။ သည့်အတွက် ခိုက်ခိုက်တုန်မျှ အချမ်းဝေဒနာကို ခံစားကြရလေသည်။

ထိုအခါ ဗုဒ္ဓဘုရားရှင်က ရသေ့များ အချမ်းဝေဒနာ သက်သာစေရန် မီးအိုးကင်း ၅၀၀ ကို တန်ခိုးတော်ဖြင့် ဖန်ဆင်းပေးတော် မူခဲ့ပါသည်။

ထို့အပြင် ဗုဒ္ဓဘုရားရှင်သည် ရသေ့များခွဲ၍ မကွဲသော ထင်းတုံးငါးရာအား တစ်ပြိုင်နက် ကွဲစေခြင်း၊ ရသေ့များ မွှေး၍ မရသောမီးကို တစ်ပြိုင်နက် တောက်လောင်စေခြင်း၊ ရသေ့များ ငြိမ်း၍ မရသော မီးငါးရာအား တပြိုင်နက် ငြိမ်းစေခြင်း၊ မီးအိုးကင်း ငါးရာကို တပြိုင်နက် ဖန်ဆင်းခြင်း စသော တန်ခိုးတော်စုစုပေါင်း ၃,၅၁၆-မျိုးကို ပြသတော်မူခဲ့သည်။

ထိုအခါ ရသေ့အပေါင်းတို့သည် ၎င်းတို့၏ အသုံးအဆောင် ပစ္စည်းများအားလုံးကို နေရဉ္ဇရာမြစ်အတွင်းသို့ စွန့်ပစ်လိုက်ကြပြီး ဗုဒ္ဓဘုရားရှင်ထံ၌ ရဟန်းအဖြစ်ကို တောင်းခံခဲ့ကြလေ၏။

ပထမအကြိမ် ဥရုဝေလကဿ နှင့် တပည့်များ၊ ဒုတိယအကြိမ် နဒီကဿ နှင့် တပည့်များ၊ တတိယအကြိမ် ဂယာကဿ နှင့် တပည့်များ သုံးသုတ်ခွဲ၍ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြသည်။

သည့်နောက် ရှင်တစ်ထောင် (ဝါ) ရသေ့တစ်ထောင်လုံး ဧဟိဘိက္ခုရဟန်းများ ဖြစ်လာကြတော့သည်။

ထိုအခါ ဗုဒ္ဓဘုရားရှင်လည်း ရသေ့တစ်ထောင်အား ဂယာသီသကျောက်ဖျာပြင်၌ "အာဒိတ္တ ပရိယာယ သုတ္တန်ဒေသနာ" ကို ဟောကြားတော်မူရာ ရဟန်းအားလုံး အာသဝေါကုန်ခမ်း၍ အရဟတ္တမဂ်ဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြပြီး ရဟန္တာများ ဖြစ်တော်မူပါတော့သည်။

ထိုနေ့သည်ကား ပြာသိုလပြည့်နေ့ ဖြစ်လေသည်။ ထိုသို့ ရှင်အပါးတစ်ထောင် ဗုဒ္ဓသာသနာအတွင်း ဝင်ရောက်ခဲ့သည်ကို အကြောင်းပြု၍ ပြာသိုလပြည့်နေ့အား ဗုဒ္ဓဘာသာဝင်တို့က " ရှင်တစ်ထောင် အခါတော်နေ့ " ဟူ၍ သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပေသည်။

ဓမ္မချစ်ခင် ယောဂီမိဘဆွေမျိုးများ အားလုံးတို့သည်လည်း ဘုရားရှင်၏ ဂုဏ်တော်များကို ကြည်ညိုသောအားဖြင့် ဘုရားရှင် ဟောကြားဆုံးမခဲ့သော ဒါန, သီလ, ဘာ၀နာ တရားများကို ယခုလို မွန်မြတ်လှစွာသော အခါသမယနေ့တွင် အထူး ကျင့်ကြံအားထုတ် ကြပါစို့ ဟု တိုက်တွန်း နှိုးဆော်လိုက်ပါသည်။

အရှင်ဝိသုတ (ရေစကြို)

🎉🎊🥰ကျေးဇူးရှင် မိဘပြည်သူအပေါင်းတို့ရှင်                 ကျွန်တော်တို့ *ဆုထူးပန်-ဆန်၊ဆီနှင့်                   ကုန်မျိုးစ...
21/10/2023

🎉🎊🥰ကျေးဇူးရှင် မိဘပြည်သူအပေါင်းတို့ရှင်
ကျွန်တော်တို့ *ဆုထူးပန်-ဆန်၊ဆီနှင့်
ကုန်မျိုးစံုရောင်းဝယ်ရေး ၊*သိန်းသန်း
အောင်-ဆန်နှင့်ဆန်ထွက်ပစ်စည်းအမျိုး
မျိုးရောင်းဝယ်​ရေး မိသားစု မှ
🏮🏮🏮သီတင်းကျွတ် မီးထွန်းပွဲတော် အခါသမယ
နဲ့အတူ ကျွန်တော်တို့ ဆိုင်ရှိ ပစ်စည်း
အမျိုးစံုကို လာရောက် ဝယ်ယူ
၍သော်လည်းကောင်း၊Phone ဖြင့်
ဆက်သွယ်မှာယူ၍သော်လည်းကောင်း
🙏🙏🙏ဝယ်ယူအားပေးကြသော မိတ်​ဟောင်း
မိတ်သစ် Customers တစ်ဦးတစ်
ယောက်စီတိုင်းအား ကျေးဇူးတုန့်
ပြန်​သော အနေနဲ့ ကျွန်တော်များ
*ဆုထူးပန်*အမှတ်တံဆိပ်ပါ T~
Shirt အင်္ကျီ များ Myittar ဖြင့်
လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

ဝယ်ယူအားပေးမှုကို ကျေးဇူး
အထူးတင်ပါသည်။
*ဆုထူးပန်၊ သိန်းသန်းအောင်*
(မိသားစု)
☎️09-2015099,09-987331515,09-797312855
09-441054050,09-780190150

16/09/2023
16/09/2023

ဆလော့ဂိမ်းကြောင့် ဘဝပျက်ပြီး ငါးပေါင်းထုပ်ကင်ရောင်းစားနေရာတဲ့ ဖူကက်မြို့က နိုက်ကလပ်ပိုင်ရှင်
မေ ၃၀ ရက်၊ ၂၀၂၃
ထိုင်းနိုင်ငံတောင်ပိုင်း ကမ္ဘာကျော်ဖူကက်မြို့က နိုက်ကလပ်နဲ့ဘားပိုင်ရှင်တစ်ဦးဟာ ဆလော့ဂိမ်းကစား ရာကနေ ဘဝပျက်ပြီး လမ်းဘေးမှာငါးပေါင်းထုပ်ကင်ရောင်းစားနေရတဲ့အခြေအနေကို ဆိုက်ခဲ့ပါတယ်။
သူ့ရဲ့အဖြစ်အပျက်နဲ့ပတ်သက်ပြီး jaff_pannawit လို့အမည်ပေးထားတဲ့ Tik Tok အကောင့်ပိုင်ရှင်က လွန်ခဲ့တဲ့ရက်ပိုင်းမှာ ဓာတ်ပုံနဲ့တကွဗီဒီယိုတစ်ခုကို တင်ထားပြီး “အရင်က နိုက်ကလပ် ဘားပိုင်ရှင် အခုတော့ ငါးပေါင်းထုပ်ကင်သည် ဖိုက်တင်း” ဆိုပြီး ကက်ရှင်ပေးထားပါတယ်။
ဖူးကက်ခရိုင် ပါတောင်ဘက်မှာ လမ်းဘေးငါးပေါင်းထုပ်ကင်ရောင်းစားနေတဲ့ ဈေးသည်ရဲ့လက်မောင်းမှာ “PG ပျက်စီးမှုအလုံးစုံရဲ့ဆုံမှတ်” ဆိုပြီး တက်တူးထိုးထားတာကို တွေ့ရပါတယ်။
“PG” ဆိုတာ ဆလာ့ဂိမ်းအမှတ်အသားလို့သိရပါတယ်။ “အရင်က ရှိတယ် အခုတော့ လူမွဲ” ဆိုပြီး ငါးပေါင်းထုပ်ကင်သည်က ဗီဒီယိုမှာ သင်ခန်းစာယူစရာ မှတ်ချက်ပေးထားပါတယ်။
Photo: อีจัน
#ဖူကက် #ဆလော့ #နိုက်ကလပ်ပိုင်ရှင် #ငါးပေါင်းထုပ်

🙏မင်္ဂလာပါ🙏(၂.၃.၂၀၂၃)ကြာသပတေးနေ့မှာ ကျရောက်သော“တောင်သူလယ်သမားနေ့”အခါသမယမှာမြန်မာပြည်သူပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း က...
02/03/2023

🙏မင်္ဂလာပါ🙏
(၂.၃.၂၀၂၃)ကြာသပတေးနေ့မှာ ကျရောက်သော
“တောင်သူလယ်သမားနေ့”အခါသမယမှာ
မြန်မာပြည်သူပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းအပေါင်းနှင့်ပြည့်စံုကြပါစေ လို့ “ဆုထူးပန်”ဆန် ဆီ ကုန်မျိုးစံု ရောင်းဝယ်ရေး မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်။🙂😁🙏

🙏မင်္ဂလာပါ 🙏🦚🦚🦚မကြာမီ ကာလ အတွင်းမှာ သီတင်းကျွတ်                 အချိန်ခါ ကျရောက်တော့မည်ဖြစ်ပါသဖြင့်                  စျေ...
18/09/2022

🙏မင်္ဂလာပါ 🙏

🦚🦚🦚မကြာမီ ကာလ အတွင်းမှာ သီတင်းကျွတ်
အချိန်ခါ ကျရောက်တော့မည်ဖြစ်ပါသဖြင့်
စျေးဝယ်သူ အိမ်ရှင်မများနှင့် မိဘပြည်
သူများအပေါင်း
🌲🌲🌲ဝါကျွတ်အခါသမယမှာ မိဘပြည်သူများအ
နေဖြင့်လူကြီးမိဘ ဆရာသမားတို့အား
ဂါရဝပြုကန်တော့ချင်ရင်ဘဲဖြစ်ဖြစ်
မင်မင်တို့ ဆိုင်မှ ထုတ်လုပ်ဖြန့်ချီသော
🌈🌈🌈ဆုထူးပန် အမှတ်တံဆိပ် ပါ ဆန် အမျိုးမျိုး
နှင့်မြေပဲဆီသန့် များကို အောက်ဖော်ပြပါ
လိပ်စာ အတိုင်း စိတ်ကြိုက် မှာယူ အား
ပေးနိုင်ပါတယ်ရှင်။

🏨🏨🏨န-၅/၁၇ ၄၁Aလမ်း ၆၃~၆၄ကြား

📲📲📲၀၉-၂၀၁၅၀၉၉/၀၉-၇၉၀၁၃၁၇၃၃

Address

Between63×64street/41×42street/န-၅/၁၇
Mandalay

Telephone

09797312855

Website

Alerts

Be the first to know and let us send you an email when Su Htoo Pan -Rice Trading & Peanut Oil posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Su Htoo Pan -Rice Trading & Peanut Oil:

Share