Saya Thein - Ko Thein Zaw

Saya Thein - Ko Thein Zaw Financial Consultant at AIA
☏ 09762772040 ☏
အသက် အာမခံ /ကျန်းမာရေး အာမခံနဲ့
ပတ်သတ်ပြီး မိတ်ဆွေတို့ကို ကူညီပေးရန်
အမြဲအသင့်ရှိပါသည်။

Financial Consultant at AIA Myanmar

ဘဝက သင့်ကို ဖိစီးနှိပ်စက်နေတယ်လို့ ခံစားရရင် သေးငယ်တဲ့ ပျော်ရွှင်မှုလေးတွေကို ရှာဖွေပါ။ အနုပညာ၊ ဂီတကနေစလို့ ချစ်ရတဲ့သူတစ...
12/08/2026

ဘဝက သင့်ကို ဖိစီးနှိပ်စက်နေတယ်လို့ ခံစားရရင် သေးငယ်တဲ့ ပျော်ရွှင်မှုလေးတွေကို ရှာဖွေပါ။
အနုပညာ၊ ဂီတကနေစလို့ ချစ်ရတဲ့သူတစ်ယောက်ကို ရယ်မောအောင် လုပ်ပေးရတာမျိုးအထိ သင့်ကို ပျော်ရွှင်စေမယ့် အရာတွေကို ရှာဖွေလိုက်ပါ။

​စိတ်လန်းဆန်းပေါ့ပါးသွားဖို့အတွက် ပုံသေနည်းရယ်လို့ မရှိပါဘူး။

Saya Thein -09762772040
#အာမခံ

12/08/2026

အာမခံဆိုတာ အသက် တစ်လသားကနေ အသက်ကြီးတဲ့သူတွေအထိ မည်သူလိုအပ်ပါမယ်လို့ ရွေးထုတ်တာမဟုတ်ပါ။ မည်သူမဆို ကိုယ်အခက်ခဲ တခုခုနဲ့ ကြုံခဲ့ရရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းကို company ထံ လွှဲပြောင်းဖြေရှင်းလိုက်ခြင်းပါပဲ။
အာမခံအကြောင်းများ သိလိုပါက အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ပြင်းထန်ရောဂါများအတွက် ငွေကြေးအကာအကွယ် ကြိုတင်ရယူထားဖို့ အကောင်းဆုံးအချိန်ဆိုတာ ရှိပါသလား။လုပ်ငန်းခွင် စတင်ဝင်ရောက်မဲ့သူ...
16/07/2026

ပြင်းထန်ရောဂါများအတွက် ငွေကြေးအကာအကွယ် ကြိုတင်ရယူထားဖို့ အကောင်းဆုံးအချိန်ဆိုတာ ရှိပါသလား။

လုပ်ငန်းခွင် စတင်ဝင်ရောက်မဲ့သူဖြစ်စေ၊ အေးချမ်းတဲ့မိသားစုဘဝ တည်ဆောက်နေသူဖြစ်စေ၊ အနာဂတ်အတွက် ကြိုတင်အစီအစဉ်ဆွဲပြီး ပြင်ဆင်နေသူဖြစ်စေ၊ ဘဝရည်မှန်းချက်တွေ မတူညီကြပေမဲ့ ဘဝအတွက် အကာအကွယ်လိုအပ်တာခြင်းတော့ အားလုံး တူညီကြပါတယ်။

ပြင်းထန်ရောဂါအာမခံအကာအကွယ်က အလိုအပ်ဆုံးအချိန်မှာ ငွေကြေးပံ့ပိုးမှုရရှိနိုင်တာကြောင့် အကယ်၍ ပြင်းထန်ရောဂါဖြစ်လာတဲ့အခါမှာ ငွေကြေးအခက်အခဲတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေစရာမလိုဘဲ ကျန်းမာရေးပြန်လည်ကောင်းမွန်လာဖို့အတွက်သာ အပြည့်အဝအာရုံစိုက်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် AIA Myanmar ရဲ့ ပြင်းထန်ရောဂါ (၃၉) မျိုးအတွက် AIA Critical Illness Care ငွေကြေးအကာအကွယ်နဲ့ စုဆောင်းငွေများ ပါဝင်တဲ့ AIA Beyond Critical Illness ပြင်းထန်ရောဂါအကာအကွယ်တို့ဖြင့် ကာကွယ်လိုက်ပါ။

အသေးစိတ်ကို ဒီလင့်ခ် https://bit.ly/3QEWdvC မှာ ဖတ်ရှု၊ လေ့လာနိုင်ပါတယ်။

Is there a best time to secure financial protection against critical illnesses?

Whether you are just starting your career, building a happy family life, or planning and preparing for the future, your life goals may differ, but the need for protection in life remains the same for everyone.

That is why critical illness protection is so important. It provides financial support when you need it most, allowing you to focus fully on your recovery without having to worry about the financial challenges that may arise if you are diagnosed with a critical illness.

At AIA Myanmar, you can protect yourself with AIA Critical Illness Care, which provides financial protection against 39 critical illnesses, or AIA Beyond Critical Illness, which includes critical illness protection with savings benefits.

For more details, please visit and learn more at: https://bit.ly/4fntsNb.

ကျွန်တော်တို့ရဲ့ကမ္ဘာမြေကြီးက ဂြိုဟ်တစ်ခုအနေနဲ့သာမက အားလုံးအတွက် နေအိမ်ဆိုရင်လည်း မမှားပါဘူး။ အသက်၊ သဘာဝအလှတရားနဲ့ အဆုံး...
05/06/2026

ကျွန်တော်တို့ရဲ့ကမ္ဘာမြေကြီးက ဂြိုဟ်တစ်ခုအနေနဲ့သာမက အားလုံးအတွက် နေအိမ်ဆိုရင်လည်း မမှားပါဘူး။ အသက်၊ သဘာဝအလှတရားနဲ့ အဆုံးအစမရှိတဲ့ အရင်းအမြစ်တွေကို ပေးစွမ်းနေတဲ့ အမိကမ္ဘာမြေ ဆက်လက်လှပ၊ တည်တံ့နေဖို့အတွက် ယခင်ကထက် ပိုမိုဂရုစိုက်ပေးဖို့ လိုအပ်နေပါပြီ။

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်တဲ့ “Climate Action” ဆိုတဲ့အတိုင်း အမှိုက်လျှော့ချခြင်း၊ စွမ်းအင်ချွေတာခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းစတဲ့ ရိုးရှင်းပြီး တာဝန်သိမှုရှိတဲ့ လုပ်ဆောင်ချက်များဟာ ကမ္ဘာမြေအတွက် အဓိပ္ပာယ်ရှိတဲ့ရလဒ်တွေကို ဖန်တီးပေးနိုင်ပါတယ်။

ရာသီဥတုပြောင်းလဲခြင်းဟာ ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်ချက်များနဲ့အတူ ထိရောက်စွာဆောင်ရွက်ဖို့က လူသားတိုင်းရဲ့ တာဝန်လည်း ဖြစ်ပါတယ်။

သေးငယ်တဲ့လုပ်ဆောင်ချက်တိုင်းက ထိရောက်တဲ့ ရလဒ်နဲ့ ရေရှည်တည်တံ့ပြီး စိမ်းလန်းတဲ့ အနာဂတ်ကို ဖော်ဆောင်နိုင်မှာဖြစ်လို့ AIA Myanmar နဲ့အတူ ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝကို လျှောက်လှမ်းရင်း ကမ္ဘာမြေအပေါ် ချစ်ခင်၊ လေးစားမှုကို ပြသဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Today, the Earth we live on is not only a planet but also our home. Mother Earth, which provides us with life, natural beauty, and endless resources, is now calling for greater care and attention than ever before.

In line with the theme of World Environment Day 2026, “Climate Action”, simple and responsible actions such as reducing waste, saving energy, and planting trees can make a meaningful difference in protecting our planet. Climate change is a pressing challenge that we face today and a shared responsibility for us.

Every small action can contribute to a more sustainable and greener future. With AIA Myanmar, we invite you to show your love and respect for Mother Earth through responsible actions while living Healthier, Longer, Better Lives.

သွေးတိုးရောဂါဟာ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ လေဖြတ်ခြင်းစတဲ့ ရောဂါဖြစ်ပွားနိုင်ခြေကို အဆမတန်မြင့်တက်စေပြီး သိသာထင်ရှားတဲ...
17/05/2026

သွေးတိုးရောဂါဟာ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ လေဖြတ်ခြင်းစတဲ့ ရောဂါဖြစ်ပွားနိုင်ခြေကို အဆမတန်မြင့်တက်စေပြီး သိသာထင်ရှားတဲ့ ရောဂါလက္ခဏာမပြဘဲ အသက်ဆုံးရှုံးနိုင်သည်အထိ တိတ်တဆိတ် အန္တရာယ်ပြုနိုင်ပါတယ်။ ‌‌ရောဂါလက္ခဏာမပြသရွေ့၊ နေထိုင်ကောင်းနေသရွေ့ ရောဂါရှိကြောင်း သိရှိနိုင်ဖို့လည်း ခဲယဉ်းပါတယ်။

ဒါကြောင့် ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့သွေးတိုးရောဂါနေ့ကို အစွဲပြုပြီး ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်နိုင်တဲ့ အလေ့အကျင့်ကောင်းတွေ လုပ်ဆောင်ဖို့ အကြံပြုပါရစေ။

၁။ လူတစ်ယောက်မှာ ရှိသင့်တဲ့ သွေးပေါင်ချိန်ရှိ၊ မရှိ ပုံမှန်စစ်ဆေးပါ။

၂။ မိမိချစ်ခင်ရသူတွေကိုလည်း သွေးပေါင်ချိန် စစ်ဆေးဖို့ တိုက်တွန်းပါ။

၃။ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးပါ။ (အငန်ဓာတ်နဲ့ အသင့်စား အစားအစာတွေကို လျှော့စားပါ။)

၄။ နှစ်သက်ရာ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ရင်း တက်ကြွစွာ နေထိုင်ပါ။

၅။ စိတ်ဖိစီးမှု လျှော့ချကာ စိတ်အပန်းဖြေဖို့အတွက် လုံလောက်စွာ အနားယူဖို့ အချိန်ပေးပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့လူဦးရေ ၁ ဒသမ ၄ ဘီလီယံဝန်းကျင်ဟာ သွေးတိုးရောဂါ ခံစားနေရပြီး လူ ၄ ယောက်မှာ ၁ ယောက်သာလျှင် ရောဂါကို မှန်ကန်၊ ထိရောက်စွာ ထိန်းချုပ်နိုင်ကြပါတယ်။ AIA Myanmar နဲ့အတူ ကျန်းမာအောင်နေထိုင်တဲ့ နည်းလမ်းတွေအပေါ် လက်ခံထားတဲ့အမြင်တွေကို ပြန်လည်သုံးသပ်ရင်း သွေးတိုးရောဂါ ကာကွယ်နိုင်မဲ့ အလေ့အကျင့်ကောင်းတွေကို စတင်လုပ်ဆောင်ကြပါစို့။

Saya Thein

ကမ္ဘာ့ကြက်ခြေနီနေ့ (World Red Cross and Red Crescent Day) ဗဟုသုတမျှဝေပါရစေ။နှစ်စဉ် မေလ (၈) ရက်နေ့ တွင် ကျင်းပပါသည်။​ရည်ရ...
08/05/2026

ကမ္ဘာ့ကြက်ခြေနီနေ့ (World Red Cross and Red Crescent Day)
ဗဟုသုတမျှဝေပါရစေ။

နှစ်စဉ် မေလ (၈) ရက်နေ့ တွင် ကျင်းပပါသည်။

​ရည်ရွယ်ချက်: ကြက်ခြေနီလှုပ်ရှားမှု၏ အခြေခံမူများကို ဂုဏ်ပြုရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများကို အသိအမှတ်ပြုရန် ဖြစ်ပါသည်။

​အဓိကအချက်အလက်များ

​၁။ သမိုင်းကြောင်း

​ကြက်ခြေနီအဖွဲ့ကို စတင်တည်ထောင်သူ ဟင်နရီဒူးနန့် (Henry Dunant) ၏ မွေးနေ့ကို အစွဲပြု၍ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

​ဟင်နရီဒူးနန့်သည် ပထမဆုံးသော ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်လည်း ဖြစ်ပါသည်။

​၂။ အခြေခံမူ (၇) ချက်

​ကြက်ခြေနီအဖွဲ့သည် အောက်ပါမူများအတိုင်း လုပ်ငန်းဆောင်ရွက်ပါသည် -

​လူသားချင်းစာနာမှု (Humanity)

​ဘက်မလိုက်မှု (Impartiality)

​ကြားနေမှု (Neutrality)

​လွတ်လပ်မှု (Independence)

​စေတနာ့ဝန်ထမ်းအကျိုးဆောင်မှု (Voluntary Service)

​စည်းလုံးညီညွတ်မှု (Unity)

​ကမ္ဘာတစ်ဝှမ်းနှံ့စပ်မှု (Universality)

​၃။ လုပ်ငန်းစဉ်များ

​သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တွင် ကူညီကယ်ဆယ်ခြင်း။

​စစ်ပွဲနှင့် ပဋိပက္ခဒဏ်ခံရသူများကို ကူညီခြင်း။

​သွေးလှူဒါန်းခြင်း လုပ်ငန်းများကို စီစဉ်ခြင်း။

​ရှေးဦးသူနာပြုစုခြင်း (First Aid) သင်တန်းများ ပေးခြင်း။

​၂၀၂၆ ခုနှစ်အတွက် အထူးမှတ်ချက်

​၂၀၂၆ ခုနှစ်သည် ကြက်ခြေနီလှုပ်ရှားမှု၏ ၁၆၃ နှစ်မြောက် နှစ်ပတ်လည် ဖြစ်ပါသည်။ ဤနေ့တွင် "လူတိုင်းသည် အရေးပါသည်" (Everyone Counts) ဆိုသည့် စိတ်ဓာတ်ဖြင့် စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်လေ့ရှိပါသည်။

​"လူသားချင်းစာနာစိတ်ဖြင့် လောကကြီးကို ပိုမိုကောင်းမွန်အောင် ဖန်တီးကြပါစို့။"
ကြက်ခြေနီအသင်းများတွင် ပါဝင်ပြီး အများအကျိုး ထမ်းဆောင်နေကြသော Heroes များကို ဂုဏ်ပြုပါ၏။
🙏Saya Thein 🙏

07/05/2026

သင့်မိသားစုရဲ့ အနာဂတ်ကို ယုံကြည်စိတ်ချစွာ ကာကွယ်နိုင်ဖို့...

သင့်မိသားစုအတွက် ခိုင်မာတဲ့ အနာဂတ်ကို ယုံကြည်စိတ်ချစွာ ကာကွယ်နိုင်ဖို့အတွက် AIA Myanmar ရဲ့ အာမခံဝန်ဆောင်မှုများအကြောင်း အသေးစိတ်ဆွေးနွေးပေးမယ့် "Insurance Awareness Session" ကို မန္တလေးမြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
ဒီ Session မှာ...
• အသက်အာမခံ အကာအကွယ်များ
• ကျန်းမာရေးအလုံးစုံအာမခံ အကာအကွယ်များ
• ကင်ဆာရောဂါအာမခံ နှင့် ပြင်းထန်ရောဂါ (၃၉) မျိုး အကာအကွယ်များ
• AIA Term Protect အကြောင်းများကို ကျွမ်းကျင်ပညာရှင်များမှ အသေးစိတ် ရှင်းလင်းဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

🗓 နေ့ရက်: ၈ ရက်၊ မေလ၊ ၂၀၂၆ (သောကြာနေ့)
⏰ အချိန်: နေ့လယ် ၁:၀၀ နာရီမှ ညနေ ၃:၀၀ နာရီအထိ
📍 နေရာ: AIA Myanmar Mandalay Office (Block 3, Unit 8, Mingalar Mandalay)

မိမိတို့ချစ်ရတဲ့ မိသားစုအတွက် အကောင်းဆုံးအကာအကွယ်တွေ ပြင်ဆင်ထားနိုင်ဖို့ တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

KBZ Center Mandalay တွင် ကျောက်ကပ်ဆေးစက် (၁၆)လုံး ထပ်မံတိုးချဲ့မည်ဖြစ်သောကြောင့် အခမဲ့ကုသမှုခံယူလိုသူများ လျှောက်ထားနိုင...
03/05/2026

KBZ Center Mandalay တွင် ကျောက်ကပ်ဆေးစက် (၁၆)လုံး ထပ်မံတိုးချဲ့မည်ဖြစ်သောကြောင့် အခမဲ့ကုသမှုခံယူလိုသူများ လျှောက်ထားနိုင်

May 3, 10:51 AM

မန္တလေးမြို့ရှိ KBZ Center Mandalay တွင် ထပ်မံရောက်ရှိလာသည့် စက်အလုံးရေ(၁၆)လုံး တပ်ဆင်ပြီးစီးပါက စက်အလုံးရေ(၂၀)ဖြင့် တပတ်လျှင် စုစုပေါင်းလူနာ(၁၂၀) ဦးအထိ အခမဲ့ကျောက်ကပ်သွေးသန့်စင်ကုသမှု ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် KBZ Center Mandalay အနေဖြင့် ငွေကြေးခက်ခဲသည့် ကျောက်ကပ်လူနာများအတွက် အခမဲ့ကျောက်ကပ်သွေးသန့်စင်ကုသမှုအား အပတ်စဥ် တနင်္လာနေ့မှ စနေနေ့အထိ စက်လေးလုံးဖြင့်လူနာ (၂၄) ဦးကို ဆောင်ရွက်ပေးလျက်ရှိသည်။

ယခုအခါ ကျောက်ကပ်ဆေးစက်များ ထပ်မံတိုးချဲ့တော့မည်ဖြစ်သောကြောင့် ကျောက်ကပ်သွေးသန့်စင်ခြင်းပြုလုပ်ရမည့် လူနာများအတွက် အခမဲ့ကျောက်ကပ် သွေးသန့်စင်ခြင်း ပြုလုပ်ပေးနိုင်ရန် လျှောက်လွှာများကို မေလ (၄) ရက်၊ (၅) ရက်နှင့် (၆) ရက်တို့တွင် နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ထုတ်ဝေပေးသွားမည် ဖြစ်သည်။

ကျောက်ကပ်သွေးသန့်စင်ခြင်း ပြုလုပ်ရမည့်သူသည် လက်အကြောမွေးထားပြီး ယင်းလက်ဖြင့် ကျောက်ကပ် သွေးသန့်စင်ခြင်း သုံးလနှင့်အထက် ပြုလုပ်ထားသည့် လူနာများနှင့် ဘီပိုး၊ စီပိုးမရှိသော လူနာများ ဖြစ်ရပါမည်။

လျှောက်လွှာထုတ်ယူရာတွင်လည်း လူနာကိုယ်တိုင်သော်လည်းကောင်း၊ လူနာ၏ ရောဂါလက္ခဏာ အရင်းအမြစ်ကို သိရှိသော မိသားစုဝင်တဦးဦးကသော်လည်းကောင်း လူနာ၏ မှတ်ပုံတင်မူရင်းနှင့် မိတ္တူတို့ကို ယူဆောင်၍ လျှောက်လွှာများ လာရောက် ထုတ်ယူနိုင်သည်။

လျှောက်လွှာများကို မေ (၁၈) ရက်၊ (၁၉) ရက်နှင့် (၂၀) ရက်တို့၌ ပြန်လည်လက်ခံ သွားမည်ဖြစ်ပြီး စိစစ်ရွေးချယ်ပြီးပါက အခမဲ့ကျောက်ကပ်သွေးသန့်စင် ကုသခွင့်ရရှိမည့်လူနာများအား ပြန်လည်ဆက်သွယ် ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

KBZ Center Mandalay မှ ဆောင်ရွက်ပေးနေသည့် ကျန်းမာရေး ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စုံစမ်း မေးမြန်းခြင်း၊ ကြိုတင်စာရင်းပေးသွင်းခြင်းတို့ကို ဆောင်ရွက်လိုပါက KBZ Center Mandalay ၏ Call Center ဖုန်း (၀၉ ၉၄၁ ၆၀၀ ၉၉၉) သို့မဟုတ် U9 ဖုန်း ကိုင်ဆောင်သူများအတွက် Short Code ၁၀၁၀ သို့ တနင်္လာနေ့မှ သောကြာနေ့အတွင်း နံနက် ၉ နာရီမှ ညနေ (၄) နာရီအထိ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
မေတ္တာဖြင့် ပြန်လည်ဝေမျှပါသည်။
🙏 Saya Thein 🙏
#ကျောက်ကပ်
သတင်းအချက်အလက်၊ ဓာတ်ပုံ KBZ center Mandalay

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ လုပ်ငန်းနယ်ပယ်အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းများ၊ အလုပ်သမားမျ...
01/05/2026

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ လုပ်ငန်းနယ်ပယ်အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းများ၊ အလုပ်သမားများ အားလုံးကို ဂုဏ်ပြုအပ်ပါတယ်။

လုပ်ငန်းအဖွဲ့အစည်း တိုးတက်အောင်မြင်ဖို့သာမက မိသားစု၊ လူမှုပတ်ဝန်းကျင်မှာလည်း အရေးပါတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေဖြစ်တာကြောင့် မတူညီတဲ့ အခန်းကဏ္ဍအသီးသီးမှာတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းများ၊ အလုပ်သမားများ တစ်ဦးတစ်ယောက်ချင်းစီရဲ့ဘဝဟာ တန်ဖိုးရှိပြီး ဘဝလုံခြုံမှုရှိဖို့နဲ့ အနာဂတ်တွေကို ကာကွယ်ပေးဖို့ ထိုက်တန်သူတွေ ဖြစ်ကြပါတယ်။

ဒါကြောင့် လုပ်ငန်းရှင်များအနေနဲ့ မိမိတို့လုပ်ငန်းရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဝန်ထမ်းများ၊ အလုပ်သမားများအတွက် အသက်အာမခံ၊ ကျန်းမာရေးအာမခံအပြင် မတော်တဆထိခိုက်မှုတို့ကိုပါ ကာကွယ်ပေးနိုင်မဲ့ Corporate Solutions အဖွဲ့လိုက်အကာအကွယ်မှတစ်ဆင့် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ယူဆောင်ပေးနိုင်ပါပြီ။

မိမိရဲ့ ဝန်ထမ်းများ၊ အလုပ်သမားများအတွက် ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝတွေကို AIA Myanmar နဲ့အတူ ရယူလိုက်ပါ။

Corporate Solutions အဖွဲ့လိုက်အကာအကွယ်များအကြောင်း အသေးစိတ်သိရှိလိုပါက https://bit.ly/4oXED1Q မှာ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ မတ်လ ၃၁ ရက်အတွင်း ပြုလုပ်ခဲ့တဲ့ AIA+ Lucky Draw Campaign ရဲ့ ကံထူးရှင် ထွက်ပေါ်လာပါပြီ။  ...
30/04/2026

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ မတ်လ ၃၁ ရက်အတွင်း ပြုလုပ်ခဲ့တဲ့ AIA+ Lucky Draw Campaign ရဲ့ ကံထူးရှင် ထွက်ပေါ်လာပါပြီ။ ကျပန်းရွေးချယ်ခြင်းမှတစ်ဆင့် Grand Prize အဖြစ် iPad တစ်လုံး ကံထူးခဲ့တဲ့ ‌ဒေါ်ဝိုင်းပြည့်ဖြိုးအတွက် ဂုဏ်ယူပါတယ်။

အာမခံဝန်ဆောင်မှုတွေကို တစ်နေရာတည်းရယူနိုင်တဲ့ AIA+ အက်ပလီကေးရှင်းကို အသုံးပြုကာ ကမ်ပိန်းအစီအစဉ်မှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့ Member များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။

နောက်ထပ်ပြုလုပ်မဲ့ စိတ်လှုပ်ရှားဖွယ် အစီအစဉ်တွေကို စောင့်မျှော်ရင်း AIA+ အက်ပလီကေးရှင်းရဲ့ လွယ်ကူ၊ မြန်ဆန်တဲ့ ဒီဂျစ်တယ်အတွေ့အကြုံကို ရယူလိုက်ပါ။

‌AIA+ အက်ပလီကေးရှင်းကို ဒေါင်းလုဒ်ပြုလုပ်ရန်

Android: https://rb.gy/5jz86c
iOS: https://rb.gy/9toleq


AIA Myanmar is pleased to announce the lucky winner of the AIA+ Lucky Draw Campaign selected at random from entries received during the campaign period from 1 January 2026 to 31 March 2026. Congratulations to our Grand Prize Winner, Daw Wine Pyae Phyo!

We extend our special appreciation to all participants who took part in the campaign simply by using the versatile AIA+ application for their policy‑related services.

Stay tuned for more exciting campaigns, and do not forget to continue enjoying the fast and convenient digital experience with AIA+ application.

Download AIA+ Application here:
Android: https://rb.gy/5jz86c
iOS: https://rb.gy/9toleq

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Saya Thein - Ko Thein Zaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share