Q-7 Money Change

Q-7 Money Change Wave/Kpay/CBpay/AYA/KBZ/MAB/UAB/MCB
ငွေလွဲ၊ငွေထုပ်၊ငွေသွင?

WiFi ရှိတဲ့အိမ်တိုင်းဆောင်ထားသင့်တဲ့ ပစ္စည်းလေးပါဗျ။ မီးလာတဲ့ချိန် ပလပ်တိုက်ရိုက်ထိုးထားပြီး မီးပျက်တဲ့ချိန် လုပ်ရှုပ်ခံ...
28/02/2022

WiFi ရှိတဲ့အိမ်တိုင်းဆောင်ထားသင့်တဲ့ ပစ္စည်းလေးပါဗျ။ မီးလာတဲ့ချိန် ပလပ်တိုက်ရိုက်ထိုးထားပြီး မီးပျက်တဲ့ချိန် လုပ်ရှုပ်ခံပြီး ထပြောင်းစရာမလိုပဲ Auto အလုပ်လုပ်ပါတယ်။
WiFi စက်တခုတည်း သုံးမယ်ဆိုရင် 10နာရီ၀န်းကျင်လောက် အသုံးခံပါတယ်။ WiFi စက်နှစ်လုံး တပြိုင်နက် အသုံးပြုနိုင်တဲ့အပြင် ဖုန်းပါ တခါတည်း အားသွင်းနိုင်ပါတယ်။
09953259530
09448258500
09760133784

Yoma Cash 10သိန်းရမည်Mandalay09790132763
28/11/2021

Yoma
Cash
10သိန်း
ရမည်
Mandalay
09790132763

လိုရင် ရှာရခက်လို့ပါ____________________12လက်မ = 1 ပေ3ပေ = 1 ကိုက်22 ကိုက် = 1 သံကြိုး10 သံကြိုး = 1 ဖာလုံ8ဖာလုံ =1 မိုင...
28/11/2021

လိုရင် ရှာရခက်လို့ပါ
____________________

12လက်မ = 1 ပေ
3ပေ = 1 ကိုက်
22 ကိုက် = 1 သံကြိုး
10 သံကြိုး = 1 ဖာလုံ
8ဖာလုံ =1 မိုင်
16 အောင်စ = 1 ပေါင်
14 ပေါင် = 1 စတုန်
2 စတုန် = 1ကွာတ
4 ကွာတ = 1 ဟန်ဒရိတ်
20 ဟန်ဒရိတ်= 1 တန်
2 ရွေးကလေး = 1 ရွေးကြီး
4 ရွေးကြီး = 1 ပဲ
2 ပဲ = 1 မူး
2 မူး = 1 မတ်
2 မတ် = 1 ငါးမူး
2 ငါးမူး = 1 ကျပ်
16 ပဲ = 1 ကျပ်သား
၃၆ ပရမာဏုမြူ = ၁ အဏုမြူ
၃၆ အဏုမြူ = ၁ လိက္ခာမြူ
၇ လိက္ခာမြူ = ၁ သန်းဦးခေါင်း
၇ သန်းဦးခေါင်း = ၁ မုန်ညင်းလုံး
၃ မုန်ညင်းလုံး = ၁ နှမ်းလုံး
၄ နှမ်းလုံး = ၁ ဆန်လုံး
၄ ဆန်လုံး = ၁ ချင်းရွေး
၈ ချင်ရွေး = ၁ ပဲ
၅ ပဲ = ၁ မတ်
၂ မတ် = ၁ ငါးမူး
၂ ငါးမူး = ၁ ကျပ်
၅ ကျပ် = ၁ ပို
၂၀ ပို = ၁ ပိသာ
၃ လက်ဘက်ရည်ဇွန်း = ၁ စားပွဲဇွန်း
၂ စားပွဲဇွန်း = ၁ အရည်အောင်စ
၂လမြူ = ၁ လမြက်
၂လမြတ် = ၁ လမယ်
၂လမယ် = ၁စလယ်
၂စလယ် = ၁ခွက်(၄ဘူး)
၂ခွက် = ၁ပြည်(၈ဘူး)
၄ပြည် = ၁စိတ်
၂စိတ် = ၁ခွဲ
၂ခွဲ = ၁တင်း
၁တင်းခွဲ = ၁အိပ်
စပါး ၂၅တင်း = လှည်းတစ်စီးတိုက်
ဆန်တစ်အိပ် = ၁၀၈ ပေါင်
မြန်မာအတိုင်းအတာအခေါ်များ -
၁၀ ဆံချည် = ၁ နှမ်း
၆ နှမ်း = ၁ မုယော
၄ မုယော = ၁ လက်သစ်
၈ လက်သစ် = ၁ မိုက်
၃ မိုက် = ၁ တောင်
၄ တောင် = ၁ လံ
၇ တောင် = ၁ တာ
၂၀ တာ = ၁ ဥသာဘ
၂၀ ဥသာဘ = ၁ ကောသ
၄ ကောသ = ၁ ဂါဝုဒ်
၄ ဂါဝုဒ် = ၁ ယူဇနာ
၁ ယူဇနာ = ၁၂ မိုင် ၆ ဖာလုံ ၄ သံကြိုး
၁ တောင် =၁ ပေခွဲ
၁ လံ = ၆ ပေ
၁ မိုက် = ၆ လက်မ
၁ ထွာ = ၉ လက်မ
°F = 1.8 °C+32 (°F to °C)
K =°C +273 (K to °C )

1 Bit = Binary Digit
8 Bits = 1 Byte
1024(B) Bytes = 1 Kilobyte (KB)
1024(KB) Kilobytes = 1(MB) Megabyte
1024(MB) Megabytes = 1(GB) Gigabyte
1024(GB) Gigabytes = 1(TB) Terabyte

1 Bit = Binary Digit
8 Bits = 1 Byte
1000 (B)Bytes = 1(KB) Kilobyte
1000(KB) Kilobytes = 1 (MB)Megabyte
1000(MB) Megabytes = 1(GB) Gigabyte
1000 (GB)Gigabytes = 1(TB) Terabyte
1000 millisecond = 1 second
1000000 microsecond = 1second
1000000000 nanosecond = 1second
1 kilohertz = 1000 hertz
1megahertz = 1000 kilohertz
1 gigahertz = 1000 megahertz
A1 594 x 841 mm 23.4 x 33.1 in
A2 420 x 594 mm 16.5 x 23.4 in
A3 297 x 420 mm 11.7 x 16.5 in
A4 210 x 297 mm 8.3 x 11.7 in
A5 148 x 210 mm 5.8 x 8.3 in
A6 105 x 148 mm 4.1 x 5.8 in
A7 74 x 105 mm 2.9 x 4.1 in
A8 52 x 74 mm 2.0 x 2.9 in
A9 37 x 52 mm 1.5 x 2.0 in
A10 26 x 37 mm 1.0 x 1.5 in
Letter 216 x 279 mm 8.5 x 11.0 in 1:1.2941
Legal 216 x 356 mm 8.5 x 14.0 in 1:1.6471

1 centimetre (cm)= 10 millimetres(mm)
1 metre(m) = 100 centimetres(cm)
1kilometre(km)= 1000 metres(m)
1Inch = 2.54 centimeter
1 m = 3.28 ft
1mile = 1.6090 Km
1 gram (g) = 1,000 milligrams(mg)
1 kilogram (kg) = 1,000 grams (g)
1 Liter (L) = 1000 grams(g)
1 Liter (L) = 1000 milliliter(ml)
1 Liter (L)=1.057 quarts(qt)
1 milliliter(ml) = 1 cubic centimeter (cc)
1 gram(g) = 1 cubic centimeter (cc)
1 pound (lb)= 453.59 grams(g)
2.21 pounds = 1 kilograms
၁ တန် = ၂၂၄၀ ပေါင်
၁ ပိသာ = ၃.၆ ပေါင်
ဘိလပ်မြေ၁ အိတ် = ၁၁၂ ပေါင်
1Gallon = 2 Viss ( ပိသာ )
1 gallon = 4 quarts
သစ် ၁ တန် = ၅၀ ကုဗပေ
၁ ဟန်ဒရိတ် = ၁၁၂ ပေါင်
၂၀ ဟန်ဒရိတ်( CWT ) = ၁ တန်
၁ တန် = ၂၂၄၀ ပေါင်
၁ ပိသာ = ၃.၆ ပေါင်
၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၁ ဧက = 0.404686 Hectares
ဘိလပ်မြေ၁ အိတ် = ၁၁၂ ပေါင် ( ၁ ဟန်ဒရိတ် ၊ 1 CWT)
1 Gross= 12 Dozen
Liquid 1 m3 = 218.67 Gallons
1Drum = 50 Gallons
1 ft3 = 6.24 Gallons
1Gallon = 2 Viss ( ပိသာ )
1CWT = 31.11 Viss
1lb = 0.278 Viss
Water 1Gallon = 8.34 lbs
Glue 1Gallon = 10.70 lbs
1Inch = 2.54 centimeter
1cm = 0.3937 inch
1ft = 0.3048 meter
1 m = 3.28 ft
1 m2 = 10.80 ft2
1 Yard (ကိုက် ) = 0.9144 m
1 m = 1.0940 yards
1mile = 1.6090 Km
1Km = 0.6214 Mile
1 Gallon = 4.54 Liters
1Liter = 0.22 Gallon
1Ounces = 28.53 Grams
1Gram = 0.0352 Ounce
1Kg = 2.2 lb
1lb = 0.4536 Kg
၁ ကျပ်သား = ၁၆.၃၂၉၃ ဂရမ်

၁ ကျင်း = ၁၀၀ ကုဗပေ
အလျားxအနံxအမြင့် မြှောက်ကာ ကျင်းဖွဲ့တွက်သည်။

1 ton = 50 cft
အသား ၅၀ကုဗပေ ကို တစ်တန် ဟုတွက်သည်။
လက်သမားတွက် သစ်တစ်တန်
ထု ၂၀ လက်မ × ဗြက် ၂၀ လက်မ ×အရှည် ၁၈ ပေ
(သို့)
၄၀၀ လက်မ × အရှည် ၁၈ ပေ
ကိုတစ်တန်ဟုတွက်သည်။
(ကျသင့်ငွေ=ထု×ဗြက်×အရှည်×1တန်တန်ဖိုး×အချောင်းရေ÷7200)
ဥပမာ 1တန် 720000ဖြင့် 4" 2" အရှည် 9ပေ အချောင်း 50 တန်ဖိုးရှာရန်
ကျသင့်ငွေ=4×2×9×720000×50÷7200 ကျပ်
=360000 ကျပ်
၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၁ ဧကရှိသော စတုရန်းပုံအနားတစ်ဖက် = ၂၀၈.၇၁ပေ(၂၀၉)
၁ ဧကရှိသော စတုရန်းပုံ ပတ်လည်အနား = ၈၃၄.၈၄ ပေ(၈၃၆)
မြေဧက ဖွဲ့နည်း တွက်နည်း နှင့် စိုက်ပျိုးပင် တွတ်နည်း
=============
တစ်ဧက = ၄၃၅၆၀ စတုရန်းပေ
လေးနားညီ စတုရန်း= လျား ၂၀၈.၇၁ ပေ x နံ ၂၀၈.၇၁ ပေ။
နှစ်နားညီ စတုဂံ = လျားxနံ ÷ 43560
နှစ်နားပြိုင် တြာဗီဇီယံ = ပြိုင်နား နှစ်ခုပေါင်း ÷၂ x နံ ÷ 43560
တြိဂံ = ၀.၅xအခြေxအမြင့် ÷ 43560
တြိဂံ = ½ အခြေxအမြင့် ÷ 43560
ထောင့်မှန် တြိဂံ - အခြေxအမြင့် = ရလာဒ် ÷ ၂ ÷ 43560
စက်ဝိုင်း - အချင်းဝက်x အချင်းဝက်x 3.1416 ÷ 43560
စက်ဝိုင်း - အချင်းxအချင်းx .၇၈၅၄ ÷ 43560
ပုံသေ မြှောက်ကိန်း ၀.၇၈၅၄
၀.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို (အနားလေးဖက်) ၄ နှင့်စားပြီး စတုရန်းကွက် ဖေါ်သည်။
အနား ၅မျက်နှာ ၆မျက်နှာနှင့် အနားများစွာ = စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ် ပြီးတွက်
ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။
#ခြံမြေကွက်အကျယ်အဝန်းအရ_စိုက်ပင်_တွက်နည်း
( ဒေါက်တာချစ် စိုက်ပျိုးရေး စာအုပ်မှ…. )
(A) လျား x နံ ရှိ စိုက်ပင် အရေအတွက်ကို မြှောက်။
(B) ခြံကွက်၏ လျား x နံ မြှောက်ကိန်း ÷ ပင်ခြား ကွာဝေးမြှောက်ကိန်း
မြေကွက် လျား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀ စတုရန်းပေ
သစ်ပင် ၁၂ ပေခြား စိုက်လျှင် ၁၂ x ၁၂ = ၁၄၄
၆၀၀၀၀ ÷ ၁၄၄ = ၄၁၆ ပင်
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည်
၄၁၆ x .၁၅ = ၆၂
၄၁၆ + ၆၂= ၄၇၈ ပင်
(C) ဧကပြည့် ( ၁ ဧက ) တွက်လျှင်
စိုက်ပင်အကွာအဝေး နှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။
စိုက်ပင်ကွာဝေး ၁၉ x ၁၉ = ၃၆၁
၄၃၅၆၀ ÷ ၃၆၁ = ၁၂၀
ဖိုခနောက်ဆိုင်စိုက်လျှင် ၁၂၀ x .၁၅ = ၁၈ ပင်ပိုထွက်
၁၂၀ + ၁၈ = ၁၃၈ ပင်

Credit... Original Uploader

------------------------------------------------------------------
မိတ်ဆွေတို့ အတွက် ...
အကျိုးတစုံတရာရှိတယ်ဆိုရင်မိတ်ဆွေတို့ရဲ့အပေါင်းအသင်းသူငယ်ချင်းတွေ အတွက်လဲ Share လုပ်သွားလိုက်ပါအုန်း။ ။

Wave AccountWave PWTrue Money -No %လိုသလောက်ထုပ်ယူနိုင်ပါပြီ။Mandalay09448258500
08/11/2021

Wave Account
Wave PW
True Money -No %
လိုသလောက်
ထုပ်ယူနိုင်ပါပြီ။
Mandalay
09448258500

'' အပေါင်းအသင်း ''ပေးနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာသင်မပေးနိုင်တဲ့တနေ့ ပစ်သွားမှာပါ။ကျွေးနိုင်လို့ပေါင်းတဲ့အပေါင်းအသင်...
06/11/2021

'' အပေါင်းအသင်း ''

ပေးနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာ
သင်မပေးနိုင်တဲ့တနေ့ ပစ်သွားမှာပါ။

ကျွေးနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာ
သင်မကျွေးနိုင်တဲ့တနေ့ ပစ်သွားမှာပါ။

ကူညီနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာ
သင်မကူညီနိုင်တဲ့တနေ့ ပစ်သွားမှာပါ။

ခိုင်းသ၍ လုပ်ပေးနိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာ
သူခိုင်းသ၍ သင်မလုပ်ပေးနိုင်တဲ့တနေ့ ပစ်သွားမှာပါ။

ချေး ငှါး နိုင်လို့ပေါင်းတဲ့အပေါင်းအသင်းဟာ
သင်မချေး မငှါးနိုင်တဲ့တနေ့ ပစ်သွားမှာပါ။

တကယ်တော့ သူငယ်ချင်းဆိုတာ
ပေးဆပ်နိုင်မှုနဲ့ မရင်းနှီးပါနဲ့
ရယူမှုနဲ့ မရင်းနှီးပါနဲ့
မေတ္တာနဲ့ရင်းနှီးပါ
နားလည်မှုနဲ့ ပေါင်းသင်းပါ
စာနာစိတ်နဲ့ မိတ်ဖွဲ့ပါ
ညာတာစိတ်နဲ့ လက်တွဲပါ
အစားကောင်းစားရတိုင်း သတိရပါ
အသိတရားကောင်းရရှိတိုင်း ဝေငှပါ
ပျော်စရာတွေ့တိုင်း လှမ်းခေါ်ပါ
စိတ်ညစ်စရာတွေ့တိုင်း တိုင်ပင်ပါ
ဝမ်းနည်းစရာတွေ့တိုင်း ဖွင့်ဟပါ
သူဆီက ဆိုတဲ့ ရလိုမှုတွေ ဖျောက်ပစ်ပါ
ဘာတွေ ဘယ်လိုကြုံကြုံ
ဘဝက ခဏလေးပါ
ကိုယ့်ရဲ့ အတ္တစိတ်ကြောင့် မာန်မာနတွေကြောင့်
သူငယ်ချင်းကောင်းတွေကိုတော့
လက်မလွတ်လိုက်ရပါစေနဲ့........

ကိုယ်မောင်းနေတဲ့ ကားမှာမပါလည်း ဗဟုသုတအနေနဲ့သိထားသင့်သည့်ဂီယာများ==============================◼️4WD မှာပါတဲ့ L - H နဲ့ C...
31/10/2021

ကိုယ်မောင်းနေတဲ့ ကားမှာမပါလည်း
ဗဟုသုတအနေနဲ့သိထားသင့်သည့်ဂီယာများ
==============================

◼️4WD မှာပါတဲ့ L - H နဲ့ C ဆိုတဲ့
အက္ခရာတွေရဲ့ အသုံးပြုပုံများ⬇⬇

▪️2H - 4H - 4HLC - LC ဆိုပြီးတော့ပါတဲ့
4WD ကားတွေမှာဆိုရင်2H ဆိုတာ
နောက်ဘီးနှစ်ဘီးယက်စနစ်ဖြစ်ပါတယ်။
သူက ပုံမှန်လမ်းတွေမှာ ပုံမှန် သွားစေပါတယ်။

▪️4H ဆိုတာကတော့ ရှေ့ဘီး နောက်ဘီး
နှစ်မျိုးလုံး စက်အားဖြင့် တွန်းစေတာပါ။
ရာသီဥတုဆိုးဝါးချိန်မှာ ဆွဲအားညီမျှစေဖို့
သုံးတာဖြစ်ပါတယ်။

▪️4HLC ဆိုတာကတော့ center differential
ကို lock လုပ်လိုက်တာပါ။
ပြောရရင် ရှေ့ဘီးနောက်ဘီးတွေရဲ့လိမ်အားကို
၅၀%စီမျှတအောင် လုပ်ဆောင်စေတာဖြစ်ပါတယ်။
အထူးသတိပေးချင်တာက ကားရပ်ပြီးမှ
ဒီ (Mode) ကို ချိန်းပေးရတာပါ။
ရွှံ့နွံ လမ်းကြမ်းတွေမှာသုံးတာပါ။

▪️4LLC ကတော့ Low range Gear lock center
ဖြစ်စေတာပါ။ သူ့ကိုသုံးရင်လဲ ကားရပ်ပြီးမှာ
Gear modeကို ချိန်းပေးရမှာပါ။
တောတွေ တောင်ကုန်းငယ်တွေတက်တဲ့အခါမှာ
သုံးနိုင်ပါတယ်။

▪️နောက် ပုံမှန်ကားတွေမှာပါတဲ့
➡️P ဆိုတာ Parking (ပါကင်)ရပ်ထားတာပါ။
➡️R ဆိုတာ Reverse နောက်ဆုတ်ခြင်းပါ။
➡️N ဆိုတာ NEUTRAL ဂီယာပါ။
➡️D ဆိုတာ DRIVE ရှေ့သို့မောင်းနှင်ခြင်းပါ။
➡️+/- (သို့) M +/- ဆိုတာ အော်တိုမှ မန်နူရယ်
ချိန်းပြီး ကိုယ်တိုင် ဂီယာ (အတိုး/အလျော့)
လုပ်တာပါ။





"စာဖတ်သူ နှင့် စာမဖတ်သူ"==================စာပေဗဟုသုတရှိသူသည် စာပေဗဟုသုတမရှိသူထက် အမြဲတမ်း ခေါင်းတစ်လုံးမြင့်နေတယ်။...အနေ...
31/10/2021

"စာဖတ်သူ နှင့် စာမဖတ်သူ"
==================
စာပေဗဟုသုတရှိသူသည် စာပေဗဟုသုတမရှိသူထက် အမြဲတမ်း ခေါင်းတစ်လုံးမြင့်နေတယ်။...
အနောက်တိုင်းသားများက အရှေ့တိုင်းသားများထက် နေရာတိုင်းတွင် သာနေခြင်းမှာ စာဖတ်ခြင်းကြောင့်ပင်ဖြစ်သည်။...

အင်္ဂလန်၌ ရပ်ကွက်တစ်ခုဖော်တိုင်း မဖြစ်မနေပါရသောအရာမှာ "စာကြည်တိုက်"ပင်ဖြစ်သည်။...
ရပ်ကွက်စာကြည်တိုက်ပင်ဖြစ်သော်လည်း ထိုစာကြည်တိုက်တွင် ကမ္ဘာ့ဂန္ထဝင်စာအုပ်အားလုံး ရှိနေရသည်။...

ထိုစာပေဗဟုသုတအားကြောင့်လည်း ကျွန်းနိုင်ငံလေး တစ်ခုသာဖြစ်သော အင်္ဂလန်သည် တစ်ကမ္ဘာလုံးနီးပါးကို အုပ်ချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။..
(မေတ္တာရှင်...ရွှေပြည်သာ)...

စာဖတ်ခြင်းက သင့်ကို ဘယ်လိုထူးခြားတဲ့စွမ်းအင်တွေ ပေးနိုင်တယ်လို့ထင်ပါသလဲ

စာဖတ်ခြင်းက ဗဟုသုတတိုးပွားဖို့အတွက်ပဲလို့ ထင်နေကြပါတယ်။ တကယ်တော့ စာဖတ်ခြင်းကနေ ဗဟုသုတ တိုးပွားရုံသာမက သင်မသိသေးတဲ့ အခြားကောင်းမွန်တဲ့ရလဒ်တွေ အများကြီး ရှိပါသေးတယ်။ ဒါကြောင့် အားလပ်ချိန်တွေမှာ စာအုပ်
လေးတွေ ဖတ်ပေးပါ။


၁. ဦးနှောက်ကို ပိုမိုလှုံ့ဆော်ပေးနိုင်
တယ်။

စာဖတ်ခြင်းဟာ သင့်ရဲ့ဦးနှောက်ကို အ
လုပ်လုပ်စေပါတယ်။ ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ တခြားကြွက်သားတွေလိုပဲ သင့်
လေ့ကျင့်ခန်းလုပ်လေ သင်ရဲ့ကြွက်သား
တွေ ကြီးထွားလာလေ ဖြစ်ပါတယ်။

၂. စာဖတ်ခြင်းက အာရုံစူးစိုက်မှုအား
ကောင်းစေပါတယ်။

ဘ၀မှာ တစ်ခုခုကို အောင်မြင်ချင်တယ်ဆိုရင် အာရုံစူးစိုက်မှုရှိနေဖို့က အရမ်းအရေးကြီးပါတယ်။
သင်ဟာ စာအုပ်တစ်အုပ်ကိုဖတ်နေတဲ့အခါမှာ
စာရွက်ပေါ်က စာလုံးတွေတိုင်းအပေါ်ကို
အာရုံစူးစိုက်ထားပြီး ဇာတ်လမ်းထဲမှာ
မျောပါနေပါတယ်။
စာဖတ်ခြင်းဟာ သင့်ရဲ့ အာရုံစူးစိုက်မူအကျင့်ကို
အလွယ်တကူ ပြုစုပျိုးထောင်ပေးနိုင်ပါတယ်။

၃. ဗဟုသုတများစွာ ကြွယ်ဝစေတယ်။

စာအုပ်ဖတ်ခြင်းဟာ ဗဟုသုတကြွယ်ဝစေပြီး
အတွေးအခေါ် မြင့်တက်လာစေနိုင်ပါတယ်။
စာအုပ်လေး ဘယ်လောက်ပါးပါစေ
သင် တစ်ချိန်ချိန်မှာ ပြန်လည် အသုံးပြုရမယ့်
အသိပညာတွေပါ၀င်ပြီး သင် စာများများ ဖတ်နိုင်လေ သင့်အတွက် ပိုအကျိုးများလေ ဖြစ်ပါတယ်။

၄. စိတ်ဖိစီးမှုလျော့ကျစေတယ်။

စာအုပ်ကောင်းကောင်း၊ ၀တ္ထုကောင်း
ကောင်းတစ်အုပ်ဟာ သင့်ကို တခြားကမ္ဘာတစ်ခုဆီ ဆွဲခေါ်သွားနိုင်ပြီး သင့်လက်ရှိဘ၀ရဲ့ စိတ်ဖိစီးမှုတွေကို ကုသဖို့အတွက် အကောင်းဆုံး နည်းလမ်း တစ်ခုဖြစ်ပါတယ်။

၅. စာဖတ်ခြင်းက နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်စေနိုင်ပါတယ်။

စာအုပ်တစ်အုပ်ကိုင်လိုက်တာနဲ့ အိပ်ပျော်သွားတဲ့သူတွေ များစွာ ရှိတတ်ပါတယ်။ စာဖတ်တဲ့ အလေ့အကျင့်မရှိသေးကြလို့ ဖြစ်ပါတယ်။
ဒါပေမယ့် သင်ဟာ အိပ်ယာမ၀င်ခင် စာအုပ်ကို
နည်းနည်းပဲဖြစ်ဖြစ်
ဖတ်တတ်တဲ့အကျင့်ရှိမယ်ဆိုရင် သင့်အိပ်စက်ချိန်မှာ ပိုပြီး နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နိုင်မှာ ဖြစ်ပါတယ်။

၆. လူတွေကို ပိုပြီး နားလည်ပေးနိုင်လာ
မယ်။

တခြားလူတွေရဲ့အတွေ့အကြုံတွေ၊ အ
ခက်အခဲတွေကို ဖတ်ရှုခြင်းဟာ ဘ၀မှာ တခြားလူတွေရဲ့ အခက်အခဲတွေကို ပိုမိုသိလာပြီး လူတွေကို ပိုမိုနားလည်တတ်လာပါတယ်။ လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး ဝေဖန်ဖို့က လွယ်ပါတယ်။ သို့ပေမယ့် သင်ဟာ စာအုပ်တွေထဲကနေ လူအများရဲ့ အတွေ့အကြုံမျိုးစုံကို ဖတ်ထားမယ်ဆိုရင် လူအမျိုးမျိုးကို ပိုပြီး နားလည်ပေးတတ်နိုင်လာပါတယ်

မည်သည့်ကျောင်းဆရာမှ တပည့်များအား
တစ်သက်လုံး သုံးမကုန်နိုင်လောက်သော
ပညာသုတကို ပေးလိုက်နိုင်သည်မဟုတ်။
ကျောင်းသား၏ နှလုံးသားကို ပညာမွတ်သိပ်လာအောင် လုပ်နိုင်သူပင်လျှင် အတော်ဆုံးဆရာဖြစ်သည်ဟု ဆာရစ်ချယ်လစ်ဗင်းစတုန်း ဆိုသော
ပုဂ္ဂိုလ်ကြီးကပညာရေးသြဝါဒစကား ဆိုခဲ့ဖူးပါသည်။

ထိုနောက်တစ်ဖန်
လူငယ်တို့၏ဘဝကို ပညာနှင့် ကိုယ်ကျင့်တရားကောင်းမွန်စေရန် စိတ်အားထက်သန်လေ့ရှိသော
ဆရာကြီးဦးအောင်သင်း၏ အမှာစကားက
ဘယ်သူတွေ ဘာပြောနေနေ
မင်းကိုမင်းချစ်ရင်
ပညာသင်ပါ၊စာဖတ်ပါ
မိဘကိုချစ်ရင် ပညာသင်ပါ၊စာဖတ်ပါ
တိုင်းပြည်နဲ့လူမျိုးကိုချစ်ရင်
ပညာသင်ပါ ၊ စာဖတ်ပါ ။

ပညာဆိုတာဘာလဲ။
မေးရင် မသိဘူး။ မမေးရင် သိတယ်။
ပညာသင်တယ်ဆိုတာ အတွေးအကြံနဲ့
အတွေ့အကြုံကို လက်ဆင့်ကမ်းခြင်းဖြစ်ပါတယ်။

ဘာကြောင့် စာဖတ်သင့်တာလဲ။
စာအုပ်ဆိုတာ ဝင့်ခွင့်ဖြေစရာမလိုတဲ့
တက္ကသိုလ် သို့မဟုတ် ကျောင်းတော်ကြီးဖြစ်နေလို့ပါဘဲ။
ဒါပေမယ့် ကျောင်းဆရာမရှိဘူး။ ဝင်ကြေးမပေးရဘူး။

ထိ့ုနောက်တစ်ဖန်
လူမျိုးတစ်မျိုး၏ အခြေအနေ အဆင့်အတန်း
အနိမ့်အမြင့်ကို သိလိုပါလျှင်
ထိုလူမျိုးတို့ လေ့လာလိုက်စားသော
စာပေ၊ အနုပညာ၊ ဂီတတို့ကို ကြည့်မှ
သိနိုင်မည် ဟု မြဝတီမင်းကြီး ဦးစက မှတ်တမ်း
ပြုခဲ့တာကို ကြည့်မည်ဆိုလျှင်လည်း
စာအုပ် စာပေသည်ပင်လျှင် လူ့တန်ဖိုး
လူ့အဆင့်အတန်းကို ဖော်ပြနေပေသည်။

တကယ်တော့ စာဖတ်ခြင်းသည်
သစ်ပင်စိုက်ပျိုးခြင်းနှင့် တူ၏။
တဖြည်းဖြည်းချင်း လူသားဘဝကို ကောင်းကျိုးပေး
သောသဘောရှိ၏။
အချိန်ကြာလေ အကျိုးရှိလေဖြစ်၏။

စာအုပ်စာပေ လူ့မိတ်ဆွေ၊
အလိမ္မာ စာမှာရှိ၊
စာပေစကား နေ့တိုင်းကြားက ထူးခြားလိမ္မာရှိသည်သာ။
စတဲ့ ဆောင်ပုဒ်များသည် စာအုပ်စာပေကို
ဖတ်စေချင် မြတ်နိုးစေချင်သော
စာရေးဆရာကြီး ပညာရှိကြီးတို့၏
စေတနာ အမှာစကားများပင် ဖြစ်တော့သည်။

စာ ဘာကြောင့် သင်ရတာလဲ?
တကယ်တော့ စာသင်တာ စိတ်တတ်ဖို့ပါ
စာသာတတ်ပြီး စာမဖတ်ရင် စိတ်မတတ်တော့ပါ
စိတ်မတတ်ရင် ပညာတတ် လူပေါကြီးတွေဖြစ်သွားတတ်ပါတယ်။

မရှိတာလည်း ရှိအောင်လုပ်ရင် ရှိနိုင်ပါတယ်
မသိတာလည်း သိအောင်လုပ်ရင် သိနိုင်ပါတယ်
မလုပ်တာကတော့ ဘာမှမဖြစ်နိုင်တော့တာမို့
အခက်အခဲဆုံးလို့ ပြောပါတယ်။
ဒီလိုဆိုရင် စာဖတ်ပြီး သိသွားနိုင်ပါတယ်။
အသိနဲ့ အလုပ်လုပ်မည်ဆိုပါက သေချာပေါက်
ရှိလာမှာပါ။
ဘဝမှာ ကိုယ်ဘာသိချင်သလဲ စာဖတ်ပါ။
ဘဝမှာ ကိုယ်ဘာရှိချင်သလဲ စာဖတ်ပါ။
ဘဝမှာ ကိုယ်ဘာလုပ်ချင်သလဲ စာဖတ်ပါ။

စာဖတ်ခြင်းဟာ မင်းကို ဗဟုသုတနဲ့ပြည်ဝတဲ့သူတစ်ယောက်ဖြစ်စေတယ်။
ဥာဏ်ကောင်းသူတစ်ယောက်ပေါ့။
မင်းဥာဏ်ကောင်းချင်ရင် စာများများဖတ်ပါ။

စာရေးခြင်းဟာ မင်းကို တိကျသေချာတဲ့သူတစ်ယောက် ဖြစ်စေပါတယ်။
နှုတ်တစ်ရာ စာတစ်လုံးဆိုတဲ့
စကားပုံကို မင်းကြားဖူးမှာပါ။

တွေးတော့ကြံဆခြင်းကတော့ မင်းကိုပြီးပြည့်စုံတဲ့
သူတစ်ယောက်ဖြစ်စေပါတယ်။ လိုလျှင်ကြံဆ နည်းလမ်းရဆိုသလိုပေါ့။

တွေးတတ်ဖိုဆိုတာကလည်း မင်း စာများများ
ဖတ်မှ တွေးတတ်မယ်ဆိုတာ မင်းငြင်းချင်သေးလား။

နောက်ဆုံးပြောချင်တာကတော့
မိမိကိုယ်ကိုယ်ချစ်ရင် ကောင်းကောင်းစာဖတ်ပါ။
မင်းကိုယ်မင်း မချစ်ရင်တော့ စာမဖတ်ဘဲ နေချင်သလိုသာ နေလိုက်တော့။
စာမဖတ်ခြင်းက မင်းဘဝကို နိမ့်ကျစေမှာဖြစ်ပြီး
စာဖတ်ခြင်းကတော့ မင်းဘဝကိုတောက်ပစေမှာဖြစ်ပါတယ်

Crd

27/10/2021
27/10/2021

ရှောင်နေလိုက်ပါမိတ်ဆွေ

သူ့စိတ်ဓာတ်ကို ကိုယ်သိရပြီ ဆိုရင် -
တိုက်ရိုက်သွားမပြောနဲ့ !
မသိသလို နေပေးပြီးတော့ -
နောက်ဆို ကိုယ်က ရှောင်နေလိုက်ပါ !!

သူ့အကျင့်ကို ရိပ်မိနေပြီမလား --!
သွားပြီး ပေါက်ကွဲမပြနဲ့ !
မသိသလို နေပေးပြီး ၊
နောက်ဆို ကိုယ်က ဆင်ခြင်လိုက်ပါ !
နင်ကဘယ်လို ငါကဘယ်လိုဆိုပြီး -
စကားလုံးတွေနဲ့ စစ်တိုက်နေဖို့မလိုဘူး !!

ရိုးသားချင်ယောင်ဆောင်နေတဲ့ သူ့အကြောင်းကို -
ကိုယ်က နားလည်နေပြီမလား ---!
ဆက်ပြီး အပေါင်းအသင်းမလုပ်နဲ့ -
တစ်ဖြည်းဖြည်း ရှောင်နေလိုက်ပါ !
ရှေ့ဆက်သွားရင် ကိုယ့်ကိုပါ
ထိခိုက်စေနိူင်တာမို့ပါ !!

တစ်ခါတစ်လေတော့ ကိုယ်သိတဲ့အရာတစ်ခုဟာ -
ကိုယ်စိတ်ထဲမှာ မှတ်သားထားဖို့ပဲ လိုတာပါ !
လုံးဝမပတ်သက် မဆက်ဆံရဘူးလို့ မပြောလိုဘူး !
မဖြစ်သာလို့ ဆက်ဆံနေရအုံးမယ်ဆိုရင်လဲ -
ကိုယ်ပေါင်း စိတ်ခွာ နဲ့ ပေါင်းသင်းနိူင်ပါတယ် !!

ရိုးသားချင်ယောင်ဆောင် -
သဘောကောင်းသလို ဟန်ပြ ၊
ကွယ်ရာမှာ နောက်ကောက်ချနင်း -
ကိုယ့်ရဲ့ မကောင်းသတင်းကို
အလံတလူလူ လို လေလွင့် ၊
ခွင့်ရရင် ရသလို ဖဲ့ညှစ် ၊
အရာရာကို သူ့အပြစ်မဟုတ်ဘူးလို့ -
ဟန်ဆောင်ကာ မျက်နှာဖုံးစွပ်ထားတဲ့ လူမျိုးကို -
ဒီတစ်သက် မင်းတွေ့ဆုံခဲ့ရင် ၊
ကင်းနိူင်သလောက် ရှောင်ဖယ်ကာ နေလိုက်ပါ !!

27/10/2021

Address

Mandalay
CHANAYETARZANTOWNSHIP

Website

Alerts

Be the first to know and let us send you an email when Q-7 Money Change posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share