Su Nann Nwal

Su Nann Nwal ကမ္ဘာရွှေ၊နိုင်ငံခြားငွေကြေးတွဲဈေးအတက်၊အကျ သိလိုသူများနဲ့ အရောင်းအဝယ်ပြုလုပ်ချင်သူများfollowလုပ်ပေးပါ

 #တရားကို တေးဆို ၊  #အဖေကို သားကဆဲ #ဆွေမျိုးထဲက ဓါးပြတိုက် ၊  #မိုက်လျှင်သောတာပန် #မကောင်းကြံလျှင် သမာဓိ ၊  #ရွှေရှိမှ လ...
19/09/2023

#တရားကို တေးဆို ၊ #အဖေကို သားကဆဲ

#ဆွေမျိုးထဲက ဓါးပြတိုက် ၊ #မိုက်လျှင်သောတာပန်

#မကောင်းကြံလျှင် သမာဓိ ၊ #ရွှေရှိမှ လူလိမ္မာ

#လိမ်နိုင်မှ သစ္စာရှင် ၊ #ပညာရှင်ကို ပယ်၍ထား

#အချစ်ဆုံးက သစ္စာပျက် ၊ #ရိုးသားသူကို အရူးဆို

#အပျိုငယ်က လင်နေစော ၊ #အင်္ကျီပါးနဲ့ ဥပုသ်သည်ဇရပ်အလယ် ကို့ယို့ကားယား ၊ #အမျိုးသမီးကောင်းက ပိုက်ဆံရှာ

#အပျိုမဖြစ်ခင်က ရည်းစားထား ၊ #ဆင်းရဲသားက သူဌေးယောင်ဆောင်

#အဝတ်ပြောင်မှ လူရိုသေ ၊ #လင်ရှိမယားက အပျိုလုပ်

#မသာပို့ရင်း အပျိုလှည့် ၊ #အလှူပေးရင်း ထမင်းရောင်း

#ဆယ်နှစ်သမီးက အိမ်ထောင်ကျ ၊ #ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်

#ပွဲသဘင်ပါမှ အလှူဖြစ် ၊ #စာမတတ်သူက တရားပြ

#ဇာတ်သမားမှ လူခေါ်ချင် ၊ #သူတော်စင်ကို ပယ်၍ထား

#ကြွေးပေးသူက ကျွန်နဲ့တူ ၊ #ကြွေးယူသူက သခင်ဖြစ်

#မုန့်ပေးလျှင် ကျမ်းဂန်တတ် ၊ #ရွှေကပ်သည့်ဘုရားမှ လူရိုသေ

#အဖေအမေက ကျွန်နဲ့တူ ၊ #သားသမီးက သခင်ဖြစ်

💢ခေတ်ကြီးကိုတော့ အပြစ်ဆို ၊ မိမိကိုယ်တော့ အကောင်းပြော

💢ဂုံံးတိုက်လျှင် ကျေးဇူးရှင် ၊ ဖြောင့်မတ်လျှင် လူမသုံး

💢သီလယူရင်း မျက်စပစ် သူတော်ကောင်းတို့ တရားပျက်ကြလေပြီ ။

ရှေးစာဆို အတိတ်တဘောင် ပြန်လည်မျှဝေသည်။

Credit to writer ✍🏻

အသက်ငယ်တုန်းက မြန်မြန်ပြေးနိုင်ချင်ခဲ့ပေမယ့် အသက်ကြီးလာတော့ မှန်မှန် ပြေးနိုင်ဖို့ ပိုအရေးကြီးမှန်းသိလာတယ်။ စီးပွားရေးမှ...
25/08/2023

အသက်ငယ်တုန်းက
မြန်မြန်ပြေးနိုင်ချင်ခဲ့ပေမယ့်
အသက်ကြီးလာတော့
မှန်မှန် ပြေးနိုင်ဖို့
ပိုအရေးကြီးမှန်းသိလာတယ်။

စီးပွားရေးမှာလဲဒီလိုပါပဲ
စလုပ်တဲ့အချိန်မှာ
မြန်မြန်ပြေးဖို့ ကြိုးစားသင့်ပြီး
ရပ်တည်မှု(အောင်မြင်မှု) ရလာရင်
မှန်မှန်ပြေးနိုင်ဖို့ ပိုဦးစားပေး
ကြိုးစားရမှာဖြစ်ပါတယ်။

#ယခုမြန်မာနိုင်ငံမှာ second Business အနေနဲ့လုပ်ကိုင်လို့ရတဲ့ Trading ကိုလေ့လာပြီး လုပ်ကိုင်စေချင်ပါတယ်။
🌸အချိန်ပုံမှန်လေးပေးပြီး လေ့လာသွားရင် ကျွမ်းကျင်မှုရှိလာမှာပါ။
🌸ကျွမ်းကျင်လေငွေပိုဝင်လေဖြစ်လို့ အသက်ကြီးသွားလည်း စိတ်ပူစရာမလိုအပ်တော့ပါဘူးရှင့်။

လေ့လာလို၍ #သင်တန်းတက်ချင်တာပဲဖြစ်ဖြစ်
အရောင်းအဝယ်လုပ်ချင်တာပဲဖြစ်ဖြစ်

#ဆုနန်းနွယ် (Business Advisor)
09/444068718 သို့အသေးစိတ်မေးမြန်းနိုင်ပါတယ်ရှင့်

ရုံးသို့ လူကိုယ်တိုင် လာရောက် Free Appointment တွေ့ဆုံချင်ပါက 09/444068718သို့ကြိုတင် ဆက်သွယ်နိုင်ပါတယ်ရှင်။

🏢ရုံးလိပ်စာ
Mandalay
✅62A/103*103A
✅58B/103*104

📌By one class online /offline =200000ks
📌Group Class online/offline =180000ks

‼️အနယ်နယ် အရပ်ရပ်နှင် overseas မှ မိတ်ဆွေများလည်း online classသင်ကြားလို့ရပါတယ်ရှင့်။

(Business Advisor)
📲09/444068718




/RTC Team

လူတစ်ယောက်ကပြောဖူးတယ်။ပုပ်တဲ့သီးက အလိုလိုကြွေတယ်တဲ့။မနာလိုဝန်တိုသူများတာ၊အပြုအမူအကျင့် စရိုက်မကောင်းတာကထိုသူရဲ့အလုပ်ဖြစ်...
25/08/2023

လူတစ်ယောက်ကပြောဖူးတယ်။

ပုပ်တဲ့သီးက အလိုလိုကြွေတယ်တဲ့။

မနာလိုဝန်တိုသူများတာ၊အပြုအမူ
အကျင့် စရိုက်မကောင်းတာက
ထိုသူရဲ့အလုပ်ဖြစ်တဲ့အတွက်

အချိန်တန်ကျရင် သူသွားရာလမ်းတိုင်း
သူပြုတဲ့ကံအတိုင်းအဆုံးသတ်သွားမယ်တဲ့။

ဒါကြောင့်

ကိုယ့်စိတ်နဲ့တန်တဲ့ ပတ်ဝန်းကျင်မှာပဲနေတဲ့။

သူ့မစ္ဆရိယ၊သူ့က္ကသက ကိုယ့်ကို မ​ငြိတွယ်စေမိနဲ့တဲ့။

သူ့ပါးစပ်ဖျား၊ သူ့စေရာအောက်မှာ ကိုယ့်စိတ်သန္တာန်မပျောက်စေနဲ့တဲ့။

သူစိုက်ပျိုးတဲ့အရိပ် သူပဲ ခိုစေတဲ့။

တစ်ခါတစ်လေကျရင် ဘဝဟာ
မကောင်းတာတွေကို ခဏခဏပို့တတ်ပြီးမှ
ကောင်းတာတွေကို ခံစားစေခိုင်းတတ်တဲ့။

ဒါကြောင့်

ဒီလိုအရာမျိုးတွေ၊ ဒီလိုလူတွေနဲ့
ကြုံတွေ့တဲ့အခါ

ရှောင်လွှဲလို့မရတော့တဲ့အခါ ပြုံးပြုံး
လေးနဲ့ ဆက်ဆံတတ်ဖို့ရယ်။

အတင်းသတင်းနဲ့ အစွပ်စွဲခံရတဲ့အခါ အရယ်မောမပျက်နဲ့ ဖြေရှင်းဖို့ရယ်။

အရေးမပါတာတွေကို ဘဝထဲကထုတ်ပစ်ပြီး ကြံကြံဒဏ်ခံနိုင်အောင်သန်မာလာအောင်ပဲ ပိုကြိုးစားဖို့ရယ်က

ကိုယ့်အလုပ်ပါပဲတဲ့။

©® ဦးချေ(15.3.23)
photo-pinterest

 #လူသားကောင်းကျိုးဆောင်ရွက်နိုင်သူဖြစ်ပါစေ။
23/08/2023

#လူသားကောင်းကျိုးဆောင်ရွက်နိုင်သူဖြစ်ပါစေ။

23/08/2023
 #မိဘတွေဘဝမကူးခင် များများချစ်ပေးပါ။နောင်မှ နောင်တမရမိပါစေနဲ့။
22/08/2023

#မိဘတွေဘဝမကူးခင် များများချစ်ပေးပါ။
နောင်မှ နောင်တမရမိပါစေနဲ့။

 #သင်ကောင်းဖို့သာလိုပါတယ်✴✴✴✴✴✴✴✴✴ဟန်ဆောင်ကောင်းမှ လူလေးစားခံနေရတဲ့ ခေတ်မှာ အရှိကိုအရှိအတိုင်းနေတတ်တဲ့ သင်ဟာ အရာမဝင်တဲ့သ...
22/08/2023

#သင်ကောင်းဖို့သာလိုပါတယ်
✴✴✴✴✴✴✴✴✴

ဟန်ဆောင်ကောင်းမှ လူလေးစားခံနေရတဲ့ ခေတ်မှာ အရှိကိုအရှိအတိုင်းနေတတ်တဲ့ သင်ဟာ အရာမဝင်တဲ့သူတစ်ယောက်ဖြစ်ချင်ဖြစ်နေနိုင်တယ်။

အပြောကောင်းမှ လူအထင်ကြီးခံနေရတဲ့ ခေတ်မှာ အမှန်ကိုအမှန်အတိုင်းပြောတတ်တဲ့ သင်ဟာ လူ့ကန့်လန့်တစ်ယောက်ဖြစ်ချင်ဖြစ်နေနိုင်တယ်။

ပေးနိုင် ကမ်းနိုင်မှ မျက်နှာကောင်းရနေတဲ့ခေတ်မှာ ဝမရှိဘဲ ဝိမလုပ်တတ်တဲ့ သင်ဟာ အပယ်ခံတစ်ယောက်ဖြစ်ချင်ဖြစ်နေနိုင်တယ်။

ကပ်ဖား ရပ်ဖားလုပ်မှ နေရာကောင်းရနေတဲ့ ခေတ်မှာ ကိုယ့်လမ်းကိုယ်ဖောက်ဖို့ကြိုးစားနေတဲ့သင်ဟာ လူရယ်ချင်စရာဖြစ်ချင်ဖြစ်နေနိုင်တယ်။

သူတစ်ပါးကိုနင်းခွနိုင်မှ အထက်ကိုရောက်နိုင်တဲ့ခေတ်မှာ ကိုယ့်ထက်နိမ့်ကျသူတွေကို တတ်နိုင်သလောက်တွဲယူချင်နေတဲ့ သင်ဟာ လူနုံလူအတစ်ယောက်ဖြစ်ချင်ဖြစ်နေနိုင်တယ်။

သူတစ်ပါးကို တွန်းတိုက်ပြီးမှ အောင်မြင်နိုင်တဲ့ခေတ်မှာ လိပ်ပြာသန့်သန့်နဲ့အသက်ရှင်နေထိုင်နိုင်အောင်ကြိုးစားနေတဲ့သင်ဟာ လူတွေနဲ့အံမဝင်သူတစ်ယောက်ဖြစ်ချင်ဖြစ်နေနိုင်တယ်။

ဒါပေမယ့်...
လူရာမဝင်လို့လည်း အားငယ်မနေပါနဲ့။
ဖယ်ကျဉ်ခံနေရလို့လည်း သိမ်ငယ်မနေပါနဲ့။
အလှောင်အပြောင်ခံနေရလို့လည်း ဒေါသထွက်မနေပါနဲ့။
ကဲ့ရဲ့ခံနေရလို့လည်း စိတ်ဓာတ်ကျမနေနဲ့။
မထီမဲ့မြင်အပြုခံနေရလို့လည်း ဝမ်းနည်းမနေပါနဲ့။
မသမာသူတွေရဲ့ စည်းအပြင်ဘက်ကိုရောက်နေလို့လည်း ပူပန်မနေပါနဲ့။

သင် ငယ်ငယ်တုန်းကအရမ်းကြိုက်နှစ်သက်ခဲ့ကြတဲ့
စင်ဒရဲလားပုံပြင်လေးကိုမှတ်မိဦးမယ်ထင်ပါတယ်။စိတ်ထားယုတ်မာတဲ့မိထွေးနဲ့ ညီအစ်မတွေကြားမှာ ဝိုင်းဝန်းလက်ညိုး အထိုးခံပြီးကြီးပြင်းလာရတဲ့ စင်ဒရဲလားလေးဟာနောင်တစ်ချိန်မှာတော့ ပျော်ရွှင်စရာတွေနဲ့ ဇာတ်သိမ်းခဲ့ရပါတယ်။ဒါက ပုံပြင်ထဲမှာပဲလေ၊အပြင်လောကမှာတော့ ဒီလောက်ကံမကောင်းနိုင်ဘူးလို့စောဒကမတက်လိုက်ပါနဲ့။

သင့်ကံကြမ္မာဆိုတာ သင့်လက်ထဲမှာရှိတဲ့ သင်ပိုင်ဆိုင်တဲ့ အဖိုးတန်ရတနာတစ်ခုပါ။ သင်ကောင်းရင်သင့်ကံလည်းကောင်းနေမှာဖြစ်သလို သင်ဆိုးရင်တော့ သင့်ကံလည်းဆိုးနေပါလိမ့်မယ်။

လက်ရှိအခြေအနေမှာ မအောင်မြင်ခြင်း၊ဆုံးရှုံးခြင်း၊အနှိမ်ခံရခြင်းတွေအတွက် စိတ်ပျက်နေစရာမလိုပါဘူး။ဘယ်သူ့ကိုမှ၊ ဘယ်အရာကိုမှ အပြစ်တင်နေဖို့လည်းမလိုပါဘူး။ “သူကောင်းဖို့မလိုပါ။ကိုယ်ကောင်းဖို့သာလိုပါတယ်"ဆိုတဲ့စကားလေးအတိုင်းပါပဲ။

သင်ကသူတစ်ပါးအပေါ်ကောင်းနေပါလျှက်နဲ့ တစ်ဖက်သားကသင့်အပေါ်မကောင်းတာတွေနဲ့ကြုံရတဲ့ဒီစကားလေးကိုသတိရလိုက်ပါ။

သူ မကောင်းတာကသူ့ရဲ့တာဝန်ပါ။
သင် ကောင်းဖို့ကတော့သင့်ရဲ့တာဝန်ပဲပေါ့။
သူ မကောင်းလို့သင်လည်းတုံ့ပြန်ပြီးမကောင်းတာတွေပြန်လုပ်မယ်ဆိုရင် သင်လည်းသူနဲ့အဆင့်တူ၊မကောင်းတဲ့လူဖြစ်သွားမှာပါပဲ။

အရေးကြီးဆုံးကတော့ လောကမှာကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် ထမ်းဆောင်တတ်ဖို့လိုပါတယ်။

လောကမှာ တာဝန်ကျေပွန်တဲ့
သူဟာ သေတာတောင်မှ
နောင်တနဲ့မသေရတတ်ပါဘူး။

 #ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ။‼️ကိုယ်ကိုယ်တိုင်ကအဓိကပါပဲ
18/08/2023

#ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ။
‼️ကိုယ်ကိုယ်တိုင်ကအဓိကပါပဲ

ဆုတောင်းပြည့်ချင်ရင် ဗုဒ္ဓဘာသာကို မကိုးကွယ်ပါနဲ့။ဗုဒ္ဓဘာသာဟာ ဆုတောင်းတိုင်း ပြည့်မယ်ဆိုပြီး အာမခံပေးတဲ့ ဘာသာမဟုတ်ပါဘူး။ ...
18/08/2023

ဆုတောင်းပြည့်ချင်ရင် ဗုဒ္ဓဘာသာကို မကိုးကွယ်ပါနဲ့။
ဗုဒ္ဓဘာသာဟာ ဆုတောင်းတိုင်း ပြည့်မယ်ဆိုပြီး အာမခံပေးတဲ့ ဘာသာမဟုတ်ပါဘူး။ ဆုတောင်းဖို့ကိုတောင် အားမပေးဘူး။ ဆုတောင်းတယ်ဆိုတာ သူများဆီက လက်ဖြန့်တောင်းတာ။ ဗုဒ္ဓဘာသာက ကိုယ့်အားကိုယ်ကိုးခိုင်းပါတယ်။

ဘ၀ကူးကောင်းချင်ယုံ သက်သက်ဆို ဗုဒ္ဓဘာသာကို မကိုးကွယ်ပါနဲ့။
နောင်ဘ၀ နတ်ပြည်ရောက်ဖို့ ဗြဟ္မပြည်ရောက်ဖို့ အဓိက မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာရဲ့ အဓိက ပန်းတိုင်က ငရဲမရောက်ဖို့အပြင် အထက်ဘုံတွေဖြစ်တဲ့ နတ်ပြည် ဗြဟ္မပြည်စတဲ့ ၃၁ ဘုံ သံသရာကြီးက လွတ်ဖို့ပါပဲ။ ဘ၀ကူးကောင်းဖို့ ဘာသာမဟုတ်ဘဲ ဘ၀တွေ ပြတ်ဖို့ ဘာသာပဲ ဖြစ်ပါတယ်။

လာဘ်ကောင်းဖို့အတွက် ဗုဒ္ဓဘာသာကို မကိုးကွယ်ပါနဲ့။
တကယ်တော့ ဒါဟာ ရယ်စရာကောင်းပါတယ်။ ဗုဒ္ဓဘာသာကို လာဘ်လာဘနဲ့ တွဲမြင်တာဟာ ဟာသ လိုပါပဲ။ ဗုဒ္ဓကိုယ်တိုင်က ပိုင်ဆိုင်မှုတွေ အားလုံးကိုစွန့်ပြီး တောထဲထွက်သွားခဲ့တာ။ သစ်ပင်အောက်မှာ တရားကျင့်ခဲ့တာ။ သင်္ကန်းဆိုတာ စွန့်ပစ်ထားတဲ့ အ၀တ်တွေကို စုချုပ်ထားတဲ့ ၀တ်ရုံသက်သက်။ အဲလို ဆရာတွေဆီကို သွားပြီး လာဘ်လာဘ ပေါအောင် ဘယ်လိုစိတ်နဲ့များ သွားတောင်းချင်ပါလိမ့်။

လူအထင်ကြီးခံရဖို့အတွက် ဗုဒ္ဓဘာသာကို မကိုးကွယ်ပါနဲ့။
တရားရိပ်သာ၀င်တာတွေကို ဓာတ်ပုံရိုက်တင်တာတွေ၊ လှူတာတွေကို လူသိအောင် ‌မောင်းတီးတာတွေဟာ ‘ငါ’ ဆိုတဲ့ အတ္တကို ကြီးထွားစေတဲ့အတွက် ဗုဒ္ဓအလိုနဲ့ ဆန့်ကျင်ပါတယ်။ တဖြည်းဖြည်းနဲ့ တရားကျင့်တာ များတဲ့အခါ ‘အတ္တ’ ဆိုတာ အစိုင်အခဲ တကယ်ရှိတဲ့အရာမဟုတ်တာကို သိလာရင် ဒီလို လုပ်ချင်စိတ်တွေနည်းသွားလိမ့်မယ်။ ကိုယ်ချစ်ခင်တဲ့လူတွေ တရားအရသာကို ရစေချင်တယ်ဆိုရင် တရားကြောင့် ပြောင်းလဲလာတဲ့ ကိုယ့်ရဲ့ ငြိမ်းအေးခြင်းပုံရိပ်ကိုသာ သူတို့ လက်တွေ့ သိမြင်ပါစေ။ တကယ်တော့ တရားကြောင့် လောဘ ဒေါသ မောဟတွေ နည်းပါးသွားတဲ့ သင့်ကို ပတ်၀န်းကျင်က သတိပြုမိလာပါလိမ့်မယ်။ အဲဒီလို အချိန်မျိုးကျရင် သင်ဟာလည်း ဘယ်လိုလူမျိုးကို စကားလေး တစ်ခွန်းပြောလိုက်ရုံနဲ့ တရားရိပ်သာကို သွားဖြစ်အောင် တိုက်တွန်းနိုင်မယ်ဆိုတာ သိလာလိမ့်မယ်။ အချိန်မကျသေးရင် ဘယ်လို တွန်းတွန်း မရွေ့ပေမဲ့ အချိန်တန်လို့ ပါရမီ ရင့်မှည့်လာရင် သင်တစ်ခွန်းမပြောရခင်မှာပဲ သင့်မိသားစု၀င်တွေဟာ ရိပ်သာ၀င်ဖို့ အသင့်ဖြစ်နေပါလိမ့်မယ်။

အခြားဘာသာ၀င်တွေကို ပြောင်းလဲ သာသနာပြုဖို့ ဗုဒ္ဒဘာသာကို မကိုးကွယ်ပါနဲ့။
သာသနာပြုတယ်ဆိုတဲ့အလုပ်ဟာ အင်မတန် သိမ်မွေ့ပါတယ်။ အရင်ခေတ်က နယ်ချဲ့ပြီး သာသနာပြုခဲ့ကြသူတွေရှိတယ်။ စစ်ပွဲတွေ တိုက်ပြီး သာသနာပြုခဲ့ကြသူတွေရှိတယ်။ အခုနောက်ပိုင်းမှာကျတော့ Debate တွေ စကားရည်လုပွဲတွေ လုပ်ပြီး ကိုယ့်ဘာသာက သူများဘာသာထက် သာတာကို သက်သေပြဖို့ ကြိုးစားကြတာတွေရှိတယ်။ ဗုဒ္ဓဘာသာသမိုင်းမှာလည်း ဟိုဘုန်းကြီးကဖြင့် ဟိုဘက်က ဘာသာရေးဆရာကို ဘယ်လိုနိုင်လိုက်တယ်ဆိုတာမျိုးတွေ သမိုင်းနဲ့ ချီပြီး ဂုဏ်ယူကြတာတွေ ရှိပါတယ်။ ဒါတွေဟာ အနှစ်ချုပ်လိုက်ရင်တော့ ဗုဒ္ဓအလိုနဲ့ လုံး၀ဆန့်ကျင်နေတယ်။ အကြောင်းကတော့ ဒီအလုပ်တွေဟာ ‘ငါ့ဘာသာ’ ‘ငါ့ယုံကြည်မှု’ ဆိုတဲ့ အတ္တစွဲတွေကို အားပေးနေလို့ပါပဲ။
ပွင့်လင်းတဲ့ အမြင်ကို ထားပါ။ မေတ္တာတရားကို ဦးစားပေးပါ။ သတ္တ၀ါတိုင်းအပေါ်မှာ မေတ္တာရှိပါ။ ဘာသာခြားဖြစ်သော်ငြား ဗုဒ္ဓရဲ့ လမ်းစဥ်တွေဟာ သူတို့အတွက် အကျိုးရှိစေမယ်ဆိုရင် မခြွင်းမချန် ပြောပြပါ။ ဒါဟာလည်း သူတို့က လာမေးမှ ပြောပြသင့်ပါတယ်။ အတင်းကြီး သွားမပြောသင့်ဘူး။ ပြောတဲ့အခါမှာလည်း သူတို့ကောင်းကျိုးကို လိုလားတဲ့ စိတ်မျိုးနဲ့ ပြောပါ။ ကိုယ့်ဘာသာ လူကြိုက်များပါစေ ဆိုတဲ့ စိတ်မျိုးနဲ့ Promote သွားမလုပ်သင့်ပါဘူး။

အမှန်တရားကို သိဖို့ ဗုဒ္ဓဘာသာကို ကိုးကွယ်ပါ။
ဗုဒ္ဓဘာသာကို လေ့လာလိုက်စားဖို့အတွက် အကောင်းဆုံး စိတ်အခြေအနေကတော့ ကျန်းမာ ငယ်ရွယ် စိတ်အဆင်ပြေချိန်မှာ စူးစမ်းတဲ့သဘောနဲ့ လိုက်စားတာ အကောင်းဆုံးပါပဲ။ လောကကြီးရဲ့ အဖြစ်မှန်ဟာ ဘာလဲဆိုတာ သိချင်စိတ်နဲ့ တရားထိုင်တာဟာ ချိန်ခွင်လျှာကို အညီမျှဆုံး ဖြစ်စေလိမ့်မယ်။
ဒုက္ခရောက်မှ တရားပြေးထိုင်တာဟာ အကျိုးအများကြီးရှိနိုင်ပေမဲ့ သောကဗျာပါဒတွေနဲ့ စိတ်တည်ငြိမ်မှုရဖို့ ခက်ခဲနိုင်တယ်။ ခန္ဓာကိုယ်ကြီး နာမကျန်းမှ ရိပ်သာပြေးရင်လည်း အဲဒီအချိန်ကျမှ နည်းသစ်တွေကို သင်နေရမှာမို့ ခက်နေလိမ့်မယ်။ ဒါကြောင့် အားလုံး အဆင်ပြေ၊ ကျန်းမာချိန်မှာ ‘စူးစမ်းလိုမှု’ အတွက် တရားရှာတာဟာ အကောင်းဆုံးပါ။

စိတ်ငြိမ်းချမ်းရာအတွက် ဗုဒ္ဓဘာသာကို ကိုးကွယ်ပါ။
ဗုဒ္ဓဘာသာဟာ ရဖို့အတွက် မဟုတ်ပါဘူး။ ဆုပ်တွယ်ထားမှုတွေကို လွှတ်ချတတ်ဖို့ လေ့ကျင့်ရမှာဖြစ်တယ်။ ဒီလို လွှတ်ချနိုင်လေလေ စိတ်ဟာ ပေါ့ပါးလေလေဆိုတာကို သိလာရင် သင့်ရဲ့ စိတ်ဟာ ချမ်းသာလာပါလိမ့်မယ်။ ပေါ့ပါး လွတ်လပ်လာလိမ့်မယ်။

Crd # ကိုချမ်း

 #ကိုယ့်ထက်နိမ့်ကျတယ်ဆိုပြီးနှိမ်ချင်တဲ့သူကများတယ်။ကိုယ်ချင်းစာစိတ်ရှိကြပါ။
15/08/2023

#ကိုယ့်ထက်နိမ့်ကျတယ်ဆိုပြီးနှိမ်ချင်တဲ့သူကများတယ်။
ကိုယ်ချင်းစာစိတ်ရှိကြပါ။

၁။ ဘယ်သူ့ကိုမှ အားမကိုးပါနဲ့။      ဘဝမှာ ကိုယ်ကလွဲရင် ဘယ်သူကမှ      ကိုယ့်အတွက် အမြဲရှိမနေနိုင်ဘူး။၂။ ဘာကြောင့်ပဲဖြစ်ဖြစ...
14/08/2023

၁။ ဘယ်သူ့ကိုမှ အားမကိုးပါနဲ့။
ဘဝမှာ ကိုယ်ကလွဲရင် ဘယ်သူကမှ
ကိုယ့်အတွက် အမြဲရှိမနေနိုင်ဘူး။

၂။ ဘာကြောင့်ပဲဖြစ်ဖြစ် ရိုးသားပါ။
ဘယ်နေရာရောက်ရောက် ရိုးသားပါ။
ဘာလုပ်လုပ် ရိုးသားပါ။
ဘာပြောပြော ရိုးသားပါ။
ဘယ်အခြေအနေမှာဖြစ်ဖြစ် ရိုးသားပါ။
ရိုးသားခြင်းဟာ လူ့တန်ဖိုးအစစ်ဖြစ်လို့
ရိုးသားမှုမရှိလျှင် လူဟာ တန်းဖိုးမရှိပါဘူး
ဘာမှမရှိပေမယ့် အမြဲရိုးသားမှုရှိနေတော့
ကိုယ်ဟာ တန်ဖိုးရှိတဲ့သူတဲ့သူ ဖြစ်နေပါပြီနော်။

၃။ ဘာမှမသိရင် အောက်ကျို့ရတယ်။
ဒါကြောင့် သိအောင် လေ့လာပါ။
ဘာမှမရှိရင် မျက်နှာငယ်ရတယ်။
ဒါကြောင့် ရှိအောင် ကြိုးစားပါ။
ငွေရှာပါ၊ ပိုက်ဆံစုပါ။
ဘယ်သူ့အပေါ်မှ မမှီခိုဘဲ ဘယ်သူ့မျက်နှာကိုမှ
မကြည့်ဘဲနေနိုင်တဲ့အထိ ကြိုးစားရှာဖွေပါ။

၄။ တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတယ်။
ဒါပေမဲ့ အဲ့ဒီအထဲမွာ ကိုယ်ကျင့်တရား မပါစေနဲ့။
ကိုယ့်ဒဏ်ရာကို လူတိုင်းကို ချမပြပါနဲ့။
မင်းသိအောင် ကိုယ်ချင်းစာပေးမယ့်သူထက်
မင်းမသိအောင် ကြိတ်ပျော်နေမယ့်သူက ပိုများပါတယ်။

၅။ လိုအပ်နေမှန်းသိရင် တစ်ချို့က ထွက်သွားချင်တယ်။
လွယ်လွယ်နဲ့ရရင် တန်ဖိုးမထားကြတော့ဘူး။
ဒါကြောင့် အများကြီးဖက်တွယ်မနေပါနဲ့နော်။
တချို့က အများကြီးချစ်တာနဲ့ လုံးဝ မတန်ပါဘူး။

၆။ တစ်ခါတလေမှာ…
အေးအေးဆေးဆေးလေး အနားယူပြီး
တစ်ယောက်ထဲ နေတတ်အောင် နေကြည့်ပါ။
လွတ်လပ်ပေါ့ပါး စိတ်ချမ်းသာလာပြီးတော့
တချို့အရာတွေက ကိုယ်ထင်ထားသလောက် အရေးမကြီးမှန်း၊
အရေးမပါမှန်း သိလာပါလိမ့်မယ်။

၇။ ပျော်ရွှင်မှုဆိုတာ တစ်ခြားသူဆီမှာ မရွိပါဘူး။
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ကိုယ့်ဘဝထဲကပဲ ကိုယ်ကိုယ်တိုင် ရှာယူရတာပါနော်။

Address

62A103-103A အမှတ်(တ-၄/၅၂)
Mandalay

Opening Hours

Monday 10:00 - 16:00
Tuesday 10:00 - 16:00
Wednesday 10:00 - 16:00
Thursday 10:00 - 16:00
Friday 10:00 - 16:00

Telephone

+959444068718

Website

Alerts

Be the first to know and let us send you an email when Su Nann Nwal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Su Nann Nwal:

Share