World's Gold, Dollars &Oil Trading consultant

World's Gold, Dollars &Oil Trading consultant Nature forex trading

https://m.facebook.com/story.php?story_fbid=3683095978437470&id=2063310277082723
19/01/2021

https://m.facebook.com/story.php?story_fbid=3683095978437470&id=2063310277082723

❝ ကျွန်တော်ကြိုးစားရဦးမယ် ❞

ကိုယ့်အပေါ် ကြင်နာသူတွေကို
ပြန်ဂရုစိုက်တတ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

ကိုယ့်အပေါ် ခွင့်လွှတ်သည်းခံပြီး
နားလည်ပေးသူတွေကို
ပြန်ပြီး နားလည်ပေးတတ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

စစ်မှန်တဲ့ သူငယ်ချင်းကောင်းတွေ
ရှားပါးလာတဲ့ ခေတ်ကြီးမှာ
အပေါ်ယံမဟုတ်တဲ့ သူငယ်ချင်းအပေါင်းသင်းတွေကို
တန်ဖိုးထားတတ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

အချစ်စစ် မဟုတ်တဲ့
အတုအယောင်အချစ်မျိုးတွေနဲ့တွေ့တဲ့အခါ
ဘဝပါယိုင်နဲ့မသွားအောင် တည်ငြိမ်နိုင်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

ငွေမရှိလို့ အနှိမ်ခံရတဲ့ဘဝကနေ
လွတ်မြောက်ဖို့အတွက် ချွေတာသင့်တာချွေတာဖို့
ကျွန်တော် ကြိုးစားရဦးမယ်။

လူတွေရဲ့ ကဲ့ရဲ့မှုတွေ အပြစ်တင်ဝေဖန်မှုတွေကို
လိုက်ပြီး ဂရုမစိုက်တတ်တဲ့
လူတစ်ယောက်ဖြစ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

ဝမ်းနည်းမှုတွေ သိမ်ငယ်မှုတွေနဲ့
နာကျင်စရာတွေကို ရင့်ကျက်စွာဖြတ်ကျော်နိုင်တဲ့
လူတစ်ယောက် ဖြစ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

လောကဓံရဲ့ရိုက်ခတ်မှုဒဏ်တွေကို
အပြုံးနဲ့ကျော်လွှားနိုင်တဲ့ လူတစ်ယောက်ဖြစ်အောင်
ကျွန်တော် ကြိုးစားရဦးမယ်။

ဘဝကို လွယ်လွယ်နဲ့
အရှုံးပေးသူ တစ်ယောက်မဖြစ်အောင်
ကျွန်တော် ကြိုးစားရဦးမယ်။

ကျွန်တော် ကြိုးစားရဦးမယ်။
ကျွန်တော် ကြိုးစားရမယ်။
ကျွန်တော် ကြိုးစားမှ ဖြစ်မယ်။




ဒီရက်ပိုင်းထဲ Gold သမားတေ အတွက် က ......?မသဲကွဲဘူးလား......????Business AdvisorU Soe Htet Oo
15/12/2020

ဒီရက်ပိုင်းထဲ Gold သမားတေ အတွက် က ......?

မသဲကွဲဘူးလား......????

Business Advisor
U Soe Htet Oo

15/12/2020

စာပေချစ်သူများသို့
PDF

စာအုပ်အမည်= #ဦးနှောက်နှင့်နှလုံးသား

စာရေးသူအမည်= #ဖေမြင့်

ဆိုဒ်=5.8MB
https://my.pcloud.com/publink/show?code=XZbAA4ZUTzRDrwRNXH7IctCH2glHSxJQioy

ိုစည်သူဖြိုး

With pCloud's unique Download Link feature you can share files with everyone. Click to download. Join pCloud.com and get up to 20GB FREE cloud storage.

11/12/2020

မင်္ဂလာပါ။။။

ကမ္ဘာ့ရွှေဈေး အောက်ဆင်းမလား အပေါ်တက်မလား ပလီပလာများနေတဲ့ ဝက်ဝံနဲ့ နွားမ လေးတို့ နှစ်ကိုယ်ကြားဘာတေ အကောက်ကြံကြလေမလဲ buy မ...
07/12/2020

ကမ္ဘာ့ရွှေဈေး
အောက်ဆင်းမလား
အပေါ်တက်မလား
ပလီပလာများနေတဲ့
ဝက်ဝံနဲ့ နွားမ လေးတို့ နှစ်ကိုယ်ကြား
ဘာတေ အကောက်ကြံကြလေမလဲ
buy မလား ရှုံးမယ်
sell မလား ရှုံးမယ်
သူတို့ ပလီပလာများနေတုန်း ပါ

Business Advisor
U Soe Htet Oo

နင်တို့သတ်တာ အရေးမကြီးဘူးငါတို့ရှုံးရင်ငတ်မှာ ဘယ်သူ့ဘက်က အားပေးရမလဲပြော🤧🤧🤧🤧🤧🤧🤧🤧
03/12/2020

နင်တို့သတ်တာ အရေးမကြီးဘူး
ငါတို့ရှုံးရင်ငတ်မှာ
ဘယ်သူ့ဘက်က အားပေးရမလဲပြော
🤧🤧🤧🤧🤧🤧🤧🤧

လူတိုင်းသိထားသင့်သည့် ကာကွယ် ခုခံပိုင်ခွင့်ဆိုင်ရာ ဥပဒေများ===================================ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-(9...
02/12/2020

လူတိုင်းသိထားသင့်သည့် ကာကွယ် ခုခံပိုင်ခွင့်ဆိုင်ရာ ဥပဒေများ
===================================

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-

(96)-ကာကွယ်ခုခံရာတွင် ပြုလုပ်မှု။

(97)-လူ့ကိုယ်နှင့် ပစ္စည်းကို ကာကွယ်ခုခံပိုင်ခွင့်။

(98)-စိတ်ပေါ့သွပ်သူ စသည်တို့၏ပြုလုပ်မှုကိုတားဆီးရန် ကာကွယ်ခုခံပိုင်ခွင့်။

(99)-ကာကွယ်ခုခံပိုင်ခွင့်မရှိသည့် ပြုလုပ်မှုများ။

(100)-လူ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်သည် မည်သည့်အခါတွင် လူသေစေရန်ပြုလုပ်နိုင်ခြင်း။

(101)- လူ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့် မည်သည့်အခါတွင် သေစေခြင်းမှတစ်ပါး အခြားဘေးအန္တရာယ်ဖြစ်စေရန် ပြုနိုင်ခြင်း။

(102)-လူ့ကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့် စတင်ဖြစ်ပေါ်လာသည့်အခါနှင့် ဆက်လက်တည်ရှိနေမည့် ကာလအပိုင်းအခြား။

(103)-ပစ္စည်း ကာကွယ်ခုခံပိုင်ခွင့်သည် မည်သည့်အခါတွင် လူကိုသေစေရန်ပြု နိုင်ခြင်း။

(104)-ပစ္စည်း ကာကွယ်ခုခံပိုင်ခွင့်သည် မည်သည့်အခါတွင် သေစေခြင်းမှတစ်ပါး အခြားဘေးအန္တရာယ်ဖြစ်စေရန်ပြု နိုင်ခြင်း။

(105)-ပစ္စည်း ကာကွယ်ခုခံပိုင်ခွင့် စတင်ဖြစ်ပေါ်သည့်အခါနှင့် ဆက်လက်တည်ရှိနေမည့် ကာလအပိုင်းအခြား။

(106)-အပြစ်မရှိသူအား အန္တရာယ်ဖြစ်ကောင်းဖြစ်နိုင်စေကာမှု သေစေလောက်သောလက်ရောက်မှုမှ ကာကွယ်ခုခံပိုင်ခွင့်။

# # # # # #

ပုရွက်အတွေးကမ္ဘာ့ အံ့ဖွယ် သတ္တဝါ တစ်မျိုးအကြောင်းပြောပါ ဆိုရင် ပုရွက်ဆိတ်တွေ အကြောင်းပြောရမှာပါ…ပဲ.။ သူတို့ဟာ ကမ္ဘာပေါ်မ...
01/12/2020

ပုရွက်အတွေး

ကမ္ဘာ့ အံ့ဖွယ် သတ္တဝါ တစ်မျိုးအကြောင်းပြောပါ ဆိုရင် ပုရွက်ဆိတ်တွေ အကြောင်းပြောရမှာပါ…ပဲ.။ သူတို့ဟာ ကမ္ဘာပေါ်မှာ ရှိနေခဲ့ကြတာ နှစ်ပေါင်း ၉၂သန်း တောင်ရှိကြပြီ ..တဲ့..။ သူတို့မှာ အုပ်ချုပ်ရေး စနစ်ရှိတယ် (Administration System).. တည်ဆောက်ရေးစနစ် (Construction System) ရှိတယ်.. ရိက္ခာစုဆောင်းရေး နဲ့ သယ်ယူပို့ဆောာင်ရေး စနစ်ရှိတယ် (Logistics System). ကာကွယ်ရေး စနစ်ရှိတယ် (Defence System)..မျိုးဆက်ပြန့်ပွားရေး စံနစ် (Breading System)ရှိတယ် ။ သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားကို ဘုရင်မ (Queen) ကဦးဆောင်တယ်..။ မျိုးဆက်ပြန့်ပွားရေးကို Drone လို့ခေါ်တဲ့ ပုရွက်ထီးတွေက တာဝန်ယူတယ်..။
လုပ်သားပုရွက်ဆိတ်တွေက တည်ဆောက်ရေးတို့ သယ်ယူရေးတို့ လုပ်ရတယ်..။ ထောက်လှမ်းရေး နဲ့ ကာကွယ်ရေးကို စစ်သားပုရွက်ဆိတ် (Soldier Ants) တွေက လုပ်ရတယ်..။ ဘယ်နားမှာ ရိက္ခာရှိတယ် သယ်ယူဖို့ အင်အားဘယ်လောက်လိုမယ် ဆိုတာကို ထောက်လှမ်းရေး ပုရွက်တွေက ရှာဖွေထောက်လှမ်းပြီး နောက်ကြောင်းဋ္ဌာနချုပ်ကို ပြန်သတင်းပို့ရတယ်..။ သတင်းပို့ချက်ကို ရတာနဲ့ လုပ်သား ပုရွက်တွေက ချက်ချင်းပဲ တန်းစီပြီး ရိက္ခာရှိရာကို သွားကြတယ်..။ ထောက်လှမ်းရေးပုရွက်ဆိတ် သယ်လာတဲ့ သတင်းအချက်အလက်အပေါ်မှာ စစ်ဆင်ရေး ပုရွက်ဆိတ်တွေက တုံ့ဆိုင်းမနေပဲ ချက်ချင်း အကောင်အထည် ဖေါ်ကြတာပါ..။
ကမ္ဘာပေါ်မှာ ပုရွက်ဆိတ် မရှိတဲ့ နေရာရယ်လို့ မရှိဘူး..။ ကမ္ဘာရဲ့ ဘယ်အစိတ်အပိုင်းမှာပဲ နေနေ ပုရွက်ဆိတ်ကို သိကြတယ်..။ ပင်ဂွင်း တွေကို လူတိုင်းမမြင်ဖူးဘူး..။ ရေခဲဝက်ဝံတွေကို လူတိုင်းမမြင်ဖူးဘူး..။ နှင်းကျားသစ်ကို လူတိုင်းမမြင်ဖူးဘူး..။ သားမင်းကို လူတိုင်းမမြင်ဖူးဘူး..။ ငါးလိပ်ကျောက်တွေ ကို လူတိုင်းမမြင်ဖူးဘူး..။ ဝေလငါးကို လူတိုင်းမမြင်ဖူးဘူး..။ ဒါပေမယ့် ပုရွက်ဆိတ်ကိုတော့ လူတိုင်းသိတယ် မြင်ဖူးတယ်..။
ကောင်းပြီ ဒါဆိုရင် ပုရွက်ဆိတ်တွေဟာ ကမ္ဘာ့ နေရာ အနှံ့အပြားမှာ ရှင်သန် နေထိုင်နိုင်ကြတာ ဘာကြောင့်များပါလိမ့်..။ ရှိပါတယ်..။ သူတို့ရှင်သန်ရခြင်းရဲ့ အကြောင်းရင်းက သူတို့မှာ အတွေးအခေါ်ရှိလို့ပါ..။ ဘယ်လို အတွေးအခေါ်တွေများပါလိမ့်..။
၁။ ပုရွက်ဆိတ်တွေဟာ ဘယ်တော့မှ နောက်ဆုတ်ထွက်ခွာမသွားပါဘူး.။
(Ants Never Quit)
သူတို့ဟာ တစ်နေရာရာကို ဦးတည်ပြီးသွားနေကြချိန်မှာ ဟန့်တားဖို့ ကြိုးစားကြည့်လိုက်ပါ..။ အဲဒီအဟန့်အတားကို သူတို့ ကွင်းရှောင် ကျော်လွှားပြီး ဆက်သွားကြပါလိမ့်မယ်.။ သူတို့ဟာ သူတို့ရဲ့ ခရီးပန်းတိုင်ကို ရောက်ဖို့အတွက် ကျော်လွှားခြင်း.. ငုံ့လျှိုးခြင်း.. ကွင်းရှောင်ခြင်း ဆိုတဲ့ နည်းဗျူဟာတွေကို သုံးပြီး ဆက်သွားကြပါတယ်..။
ဒါကြောင့် ပုရွက်ဆိတ်ရဲ့ အတွေးအခေါ် နံပါတ်၁ က ရတဲ့ သင်ခန်းစာက “ကိုယ်သွားလိုရာကို ရောက်အောင်သွားဖို့ အရေးမှာ နည်းလမ်း တစ်ခုထဲ ရှိနေတာမဟုတ်ပါဘူး..။ တခြားနည်းလမ်းကို ရှာပါ..။ မရှောင်လွှဲလိုက်ပါနဲ့” …………..။

၂။ ပုရွက်ဆိတ်တွေဟာ နွေရာသီတစ်လျှောက်လုံးမှာ ဆောင်းတွင်းအတွက် စဉ်းစားနေကြပါတယ်..။
(Ants think winter all summer)
သူတို့ဟာ သူတို့အတွက်နွေရာသီဟာထာဝရ ဖြစ်နေလိမ့်မယ်လို့ မျှော်လင့်မထားကြပါဘူး..။ ဒါကြောင့်မို့ သူတို့ဟာ နွေရာသီ အလွန်မှာ ရောက်လာမယ့် ချမ်းအေးတဲ့ ကာလအတွက် ရိက္ခာကို နွေကာလရဲ့ အလယ်မှာပဲ စတင်စုဆောင်းကြပါတယ်..။
“သဲသောင်ပြင်မှာ နေရောင်ခြည်နဲ့ နွေးထွေးသာယာနေချိန်မှာ အေးစိမ့် လာတော့မယ့် ကျောက်စိုင်ကျောက်ခဲတွေ ကိုသတိရပါ”
၃။ ပုရွက်ဆိတ်တွေဟာ ဆောင်းရာသီတစ်လျှောက်လုံး နွေရာသီအကြောင်းစဉ်းစားနေကြပါတယ်..။
(Ants think summer all winter)
ပုရွက်ဆိတ်တွေဟာ သိပ်အေးတဲ့ ဆောင်းရာသီအခါမှာ တစ်ကောင်နဲ့ တစ်ကောင်ပူးကပ်နေထိုင်ကြရင်း သူတို့ကိုယ်သူတို့ သတိပေးနေကြတာက “ဆောင်းတွင်းဟာ ထာဝရ မဖြစ်နိုင်ဘူး.. မကြာခင်မှာ နွေရာသီ ရောက်လာပြီးတို့တတွေ ဒီနေရာက ထွက်ခွာနိုင်ကြလိမ့်မယ်” လို့ ဖြစ်ပါတယ်..။ ဆောင်းတွင်းဟာ သူတို့အတွက် ပြင်းထန် လှပါတယ်..။ သူတို့ဟာ သူတို့ စောင့်စားနေခဲ့တဲ့ ပူနွေးတဲ့ နွေရာသီရဲ့ ပထမဆုံးနေ့မှာပဲ သူတို့ရဲ့ ခိုအောာင်းရာ အသိုက်အမြုံ ကနေ ထွက်လာခဲ့ကြပါတယ်…။ တကယ်လို့များ မိုးလေဝသ အခြေအနေဟာ သူတို့ ထင်သလို မနွေးထွေးပဲ စွတ်စိုလာတယ် ဆိုရင်လဲ သူတို့ရဲ့ အသိုက်အမြုံ ရှိရာကို ပြန်ဝင်ပြီး နေကြတာပါပဲ..။ ပူနွေးလာမှသာ ပြန်ထွက်လာကြပါတယ်.။
ဒါကြောင့် ပုရွက်ဆိတ်တွေရဲ့ သုံးခုမြောက် ဒဿနက “ မမြဲခြင်းသဘောကို ဆင်ခြင်ပြီး အမြဲတန်း အကောင်းမြင်စွာနေထိုင်ခြင်း” ပဲ ဖြစ်ပါတယ်..။
၄။ ပုရွက်ဆိတ်တွေဟာ ဖြစ်နိုင်သမျှကို အကုန်လုပ်ကြပါတယ်..။
(All that you possibly can)
ပုရွက်ဆိတ်တွေဟာ နွေရာသီမှာ ဆောင်းတွင်းအတွက် ရိက္ခာစုဆောင်းကြရာမှာ ဘယ်လောက်များ သယ်ယူစုဆောင်းလေ့ရှိကြပါသလဲ..။ သူတို့ဟာ သူတို့ တတ်နိုင်သလောက် မခိုမကပ်ပဲ အင်အား အကုန်သုံးပြီး စုဆောင်းကြပါတယ်..။ ဒါကြောင့် သူတို့ရဲ့ ဒဿနက “လုပ်နိုင်သလောက် အကုန်လုပ်ပါ.. ပြီးတော့ နဲနဲ ပိုလုပ်ပါ” လို့ ဖြစ်ပါတယ်..။

ဒါကြောင့်မို့ ဘဝမှာ အောင်မြင်ချင်ရင် အတိတ်ဖြစ်စဉ်တွေမှာပဲ နစ်မြုပ်မနေပဲ ပုရွက်ဆိတ်တွေရဲ့ ဒဿန လေးခုဖြစ်တဲ့
1) Never Give Up
2) Look Ahead
3) Stay Positive
4) Do All You Can ဆိုတာကို ခါးဝတ်ပုဆိုးလို စွဲစွဲမြဲမြဲ လိုက်နာကျင့်ကြံမယ် ဆိုရင် အောင်မြင်ဖို့ရာ သေချာပါတယ်..။

ချစ်ခင်စွာဖြင့်
ကောင်းလွန်း

Credit: Koung Loon

" လဲကျတိုင်းသာ ကြောက်စိတ်ဝင်ရမယ်ဆိုရင်ဘယ်ကလေးမှ လမ်းလျှောက်တတ်မှာမဟုတ်ဘူး လူတော်တော်များများက ပြောတတ်ကြတယ်..လူတစ်ယောက်အေ...
29/11/2020

" လဲကျတိုင်းသာ ကြောက်စိတ်ဝင်ရမယ်ဆိုရင်
ဘယ်ကလေးမှ လမ်းလျှောက်တတ်မှာမဟုတ်ဘူး

လူတော်တော်များများက ပြောတတ်ကြတယ်..
လူတစ်ယောက်အောင်မြင်ပြီဆိုရင်
"သြော် သူကတော့ ကံကောင်းလိုက်တာနော်"တဲ့
သွားပြီ အဲ့စကားထဲမှာ အကုန်ပါသွားပြီ..

'ကံကောင်းလိုက်တာနော်'လို့ ပြောတဲ့သူမှန်သမျှဟာ
သူဘာလို့အောင်မြင်ရသလဲဆိုတဲ့ အဓိကအချက်ကို မကြည့်တော့ဘူး..
သူဘယ်လိုကြိုးစားခဲ့သလဲဆိုတာကို စိတ်မဝင်စားတော့ဘူး..
အဲဒီတော့ ဘာတွေအတုခိုးမလဲ
ဘာပညာ ဘာနည်းလမ်းမှ မရတော့ဘူး ။

တို့ဂေါတမဘုရား ကံကောင်းလို့ဘုရားဖြစ်တာမဟုတ်ဘူး..
လေးသချေၤနဲ့ကမ်ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ရတာ ကြိုးစားခဲ့ရတာ ။

အောင်မြင်သူတွေကို အားကျရင်
နောက်ကြောင်းကို ကြည့်ပါ..
သူဘာတွေလုပ်ခဲ့သလဲ
သူဘယ်လောက်ကြိုးစားခဲ့လဲ ကြည့်ပါ..
ဒါမှ ကိုယ့်အတွက် ပညာဗဟုသုတရမှာပေါ့..
'ကံကောင်းလိုက်တာနော်'ဆိုတော့ လမ်းကဆုံးပြီ ။

ကမ်ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေကို ကြည့်..
ကံကောင်းလို့ချမ်းသာလာတာ ငါမတွေ့ဖူးဘူး..
ဗေဒင်တွေ ယတြာတွေနဲ့ ချမ်းသာလာတာလည်း ငါမတွေ့ဖူးဘူး..
ဘယ်တန်ခိုးရှင်ကမှ မစတာ မဟုတ်ဘူး..
ကြိုးစားပါ ကိုယ့်ကိုကိုယ်ယုံကြည်ပါ
အဲ့ဒါ တန်ခိုးပဲ ။

' ငါတော့ကံဆိုးလိုက်တာ'ဆိုရင်
အဲ့ဒီကောင် ကံဆိုးပြီသာမှတ်တော့
'ငါမဖြစ်နိုင်ပါဘူး'ဆိုရင်
အဲ့ဒီကောင် ဖြစ်ကိုမဖြစ်တော့ဘူး..
လုပ်ကြည့်ချင်စိတ်မှ မရှိတာ ။

' ငါ ဖြစ်လောက်ပါတယ်'ဆိုရင်
အဲ့ဒီကောင် တစ်ခါတော့ကြိုးစားကြည့်လိမ့်မယ်
ဖြစ်ဖို့အလားအလာရှိတယ်..

' ငါမဖြစ်သေးတာပါ'ဆိုရင်
အဲ့ဒီကောင် ၂ကြိမ်၃ကြိမ်ကြိုးစားကြည့်လိမ့်မယ်..
ဖြစ်ဖို့နီးစပ်တယ်..

' ငါဖြစ်ကိုဖြစ်ရမယ်'ဆိုရင်
အဲ့ဒီကောင် ဖြစ်ကိုဖြစ်မှာ..
သူ့မှာ ထပ်တလဲလဲကြိုးစားလိုစိတ် ရှိတယ်
သူ့မှာ အောင်မြင်လိုစိတ်ပြင်းထန်တယ်..

အောင်မြင်ချင်ရင် ဇွဲရှိရမယ်..
ဇွဲဆိုတာ ကြာရှည်ခံနိုင်တဲ့သတ္တိ
လဲကျတိုင်းသာကြောက်စိတ်ဝင်ရမယ်ဆိုရင်
ဘယ်ကလေးမှ လမ်းလျှောက်တတ်မှာမဟုတ်ဘူး..
စိတ်ဓာတ်ယိမ်းယိုင်သွားတဲ့အခါတိုင်း
"ငါ ငယ်ငယ်က လဲဖူးပါလား ငါပြန်ထလို့
အခုလိုလမ်းလျှောက်တတ်လာတာပါလား" ဆိုပြီး
ကိုယ့်ခွန်အား ကိုယ်ပြန်မွေးပါ

ထိုင်နေရင်းနဲ့တော့ မျှော်လင့်ချက်မထားနဲ့..
ဘာမှမလုပ်ရင် ဘာမှမရဘူး..
လှိုင်းကြောက်ရင် လှေမစီးနဲ့ ကမ်းစပ်မှာပဲထိုင်နေ..

လုပ်ချင်စိတ်ရှိရင် အလုပ်ပေါတယ်..
အလုပ်မရှိရင် စာဖတ်..
ဘဝအတွက် အထောက်အကူအများကြီးရတယ်..

အခွင့်အလမ်းမရှိခင်မှာ
အသိပညာပိုင်းဆိုင်ရာ အတတ်ပညာပိုင်းဆိုင်ရာတွေကို
ကိုယ့်ဘက်က အသင့်ပြင်ထား readyလုပ်ထား
မောင်းတင်ထား ဒါအလုပ်ပဲ..

(ဆရာကြီးဦးအောင်သင်း)

ပြန်​လည်​မျှ​ေ၀​ပေးပါသည်

 #မဲ့----------------ဖုန်းတွေမှာ ဝါယာကြိုး မဲ့လာတယ် ဖိနပ်တွေမှာ သဲကြိုး မဲ့လာတယ် ကားတွေမှာ သော့ မဲ့လာတယ်  အဝတ်အစားတွေမှာ...
29/11/2020

#မဲ့
----------------
ဖုန်းတွေမှာ ဝါယာကြိုး မဲ့လာတယ်

ဖိနပ်တွေမှာ သဲကြိုး မဲ့လာတယ်

ကားတွေမှာ သော့ မဲ့လာတယ်

အဝတ်အစားတွေမှာ အရှက် မဲ့လာတယ်

လူငယ်တွေမှာ အလုပ် မဲ့လာတယ်

မွေးခါစကလေးတွေမှာ ဖခင် မဲ့လာတယ်

ခေါင်းဆောင်တွေမှာ စာနာစိတ် မဲ့လာတယ်

ပညာရေးတွေမှာ တန်ဖိုး မဲ့လာတယ်

နှလုံးသားမှာ တရား မဲ့လာတယ်

မိန်းမပျိုလေးတွေမှာအရှက်အကြောက် မဲ့လာတယ်

လူတွေမှာ ကတိသစ္စာ မဲ့လာတယ်

ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားတွေ မဲ့လာတယ်

တစ်ဦးအပေါ်တစ်ဦး ယုံကြည်မူတွေ မဲ့လာတယ်

ချစ်သူတွေကြားမှာ ခံစားချက်တွေ မဲ့လာတယ်

ညီကိုမောင်နှမတွေကြားမှာသံယောစဉ်မဲ့လာတယ်

နေချင်စဖွယ်အိမ်တွေမှာ ပျော်ရွှင်မူတွေ မဲ့လာတယ်

ကျယ်ပျောလှတဲ့ ကမ္ဘာကြီးထဲမှာ လွတ်လပ်မူတွေ
မဲ့လာတယ်

အခြွေအရံတွေကြားမှာ လုံခြုံမူတွေ မဲ့လာတယ်

လူလူချင်း ဂါရဝ တရားတွေ မဲ့လာတယ်

သင်းချိုင်းကိုရောက်ကြပေမဲ့လဲ နောင်တ တရား
တွေ မဲ့လာတယ်

နောက်ဆုံးမှာ လူတွေရဲ့ မျော်လင့်ချက် တွေလည်း
အစအဆုံးမဲ့လာကြတော့တယ်။

CREDIT.

#စာပေချစ်သူများကို_အစဉ်လေးစားလျှက်_မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

ကဲ ဈေးကွက်ပိတ်တော့မယ်နော့Forex TradingဟာGame တစ်ခုအဟုတ်ပါ  Because ofနိုင်ငံရေး လူမှူရေးနဲ့ ကမ္ဘာ့ စီးပွားရေးကို အခြေပြု...
27/11/2020

ကဲ ဈေးကွက်ပိတ်တော့မယ်နော့
Forex Tradingဟာ
Game တစ်ခုအဟုတ်ပါ
Because of
နိုင်ငံရေး လူမှူရေးနဲ့ ကမ္ဘာ့ စီးပွားရေးကို အခြေပြုပြီး
ဆန်ဆီဆားပဲပြောင်းရွှေငွေဒေါလာရေနံစမ်း
ဈေးကွက်တေကို ရောင်းမယ် ဝယ်မယ်
အရောင်းအဝယ်ကိစ္စကို ချက်ချင်း လုပ်လို့ရတဲ့
Marketကြီးတစ်ခုဖြစ်ပါတယ်
(Game လို့သာဆိုရင် ပုံသေနည်းတေနဲ့ ဆော့ပီး မီလျံနာတေဖြစ်ကုန်ကြတော့မှာပေါ့ဗ‌ျာ)
So,ရွှေဈေးသည် ထုံးနန်းအစဉ်လာအတိုင်း 2021မရောက်ခင်ထိ
ကျပါမယ်
ဒေါ်လာဈေး ဘယ်ကြားရောက်ရောက်ပါ ရွှေဈေး ကျမြဲကျပါဦးမယ် ။။။
Buy မလား
Sell မလား
Forex ကို Gameလို့ ဆိုတဲ့ ပုဂိ္ဂုလ် တေ Challenge ပါ

Business Advisor
U Soe Htet Oo
09964343241

Address

Mandalay

Alerts

Be the first to know and let us send you an email when World's Gold, Dollars &Oil Trading consultant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share