Health Insurance - Nwe

Health Insurance - Nwe လူတိုင်းအတွက် ကျန်းမာ​ရေး အာမခံ

  (Online Seminar)သားသမီးတွေရဲ့ ပညာရေးနဲ့ အနာဂတ်အတွက် သေချာခိုင်မာပြီး အာမခံချက် ရှိစေတဲ့ ငွေကြေးစီမံမှုမျိုး လုပ်ဆောင်ထ...
27/10/2023

(Online Seminar)

သားသမီးတွေရဲ့ ပညာရေးနဲ့ အနာဂတ်အတွက် သေချာခိုင်မာပြီး အာမခံချက် ရှိစေတဲ့ ငွေကြေးစီမံမှုမျိုး လုပ်ဆောင်ထားပြီးပြီလား။

မိဘတွေ အနေနဲ့ မိမိတို့ သားသမီးတွေရဲ့ အနာဂတ် ရည်မှန်းချက်တွေ အတွက် လိုလေသေးမရှိ ဖြည့်ဆည်းပေးဖို့ အမြဲကြိုးစားလေ့ ရှိကြပါတယ်။ ​

👪 မိဘတွေ အလေးထားဆုံးအရာဟာ သားသမီးတွေရဲ့ အနာဂတ်ပါ။

💑 သားသမီးတွေရဲ့ အနာဂတ်ဟာ မိဘတွေ ခင်းပေးထားတဲ့ လမ်းပေါ် အများကြီး မူတည်တာကြောင့် သားသမီးနောင်ရေးအတွက် စိတ်အေးချင်တယ်ဆို ... ခုကတည်းက စောစီးစွာ ပြင်ဆင်ထားဖို့ လိုပါတယ်။

ဒါကြောင့် မိမိ သားသမီးတွေနဲ့ ချစ်ခင်ရသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဘဝ ဖြစ်စေဖို့ အသိပညာ/ ဗဟုသုတ များရစေမယ့်
Financial Planning Presentation လေးကို Online ကနေ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

▪️နေ့ရက် - အောက်တိုဘာ (၂၇) ရက် (သောကြာနေ့)
▪️အချိန် - ည ၈:၀၀ နာရီ
▪️နေရာ - Zoom Meeting (Online)

တက်ရောက်လေ့လာရန် Register လုပ်လိုပါက -

▪️အမည် အပြည့်အစုံ
▪️ဖုန်းနံပါတ်

တို့ကို ၂၇.၁၀.၂၀၂၃ ည (၇) နာရီမတိုင်မီ Chatbox သို့ ပေးပို့ပြီး စာရင်းပေးထားနိုင်ပါတယ်ရှင်။

စာရင်းပေးသွင်းထားသူများအား Zoom Link နှင့် Passcode ပြန်လည်ပို့ပေးပါမည်။

❤️

#ကျော်ကျော် (တောင်ငူ)

14/10/2023

အာမခံဆိုတာ ဘာလဲ ❓

အာမခံဆိုတာက နှစ်ဦးနှစ်ဖက်ကြားမှာ ထားရှိထားတဲ့ စာချုပ်စာတမ်းဆိုင်ရာသဘောတူညီချက်တစ်ရပ်ပါ။ အာမခံ ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တစ်ဦးတို့ကြား ဒါမှမဟုတ် အာမခံကုမ္ပဏီနဲ့ လုပ်ငန်းအဖွဲ့အစည်း တစ်ခုခုကြားမှာထားရှိတဲ့ ပဋိညာဉ်သဘောတူညီချက်ပေါ့။ အာမခံထားတဲ့သူဘက်မှာ ထိခိုက်မှုဆုံးရှုံးမှု တစ်စုံတရာ ဖြစ်လာမယ်ဆိုရင် စာချုပ်မှာပါတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ သတ်မှတ်ထားတဲ့ ပေးလျော်ရမယ့် ငွေကြေးပမာဏကို အာမခံကုမ္ပဏီ ဘက်ကထုတ်ပေးမှာပါ။ ဒီလိုထုတ်ပေးဖို့အတွက် အာမခံထားတဲ့သူဘက်က လစဉ်အာမခံကြေးပေးသွင်းရမှာ ဖြစ်ပါတယ်။ ပရီမီယံကြေးသွင်းတယ်လို့လည်း သိကြပါတယ်။

အာမခံအမျိုးအစား ဘယ်နှစ်မျိုးရှိတာလဲ❓

အကြမ်းဖျင်းကတော့ အာမခံအမျိုးအစားက (2) မျိုးပဲရှိတာပါ။ ဒါကတော့ ....
(1) အသက်အာမခံ နဲ့
(2) အထွေထွေအာမခံ ဆိုပြီးတော့ပေါ့။

(1) အသက်အာမခံဆိုတာက…….

အသက်အန္တရာယ်ထိခိုက်လာနိုင်တဲ့ အခြေအနေတစ်ရပ်ရပ်အတွက် ထားရှိတဲ့အာမခံ အမျိုးအစားပါ။ အာမခံထားသူ သေဆုံးချိန်မှာ အာမခံကုမ္ပဏီက ကျန်ရစ်ခဲ့တဲ့ မိသားစုကို အာမခံကြေးထုတ်ပေးမှာဖြစ်ပါတယ်။ အရွယ်ရောက်ပြီး သူတိုင်း အသက်အာမခံထားနိုင်ပြီး အာမခံကြေးထုတ်ပေးတဲ့မူဝါဒအရ အသက်အာမခံကို တစ်လုံးတစ်ခဲတည်း ထုတ်ပေးနိုင်သလို နှစ်စဉ်ကြေးအနေနဲ့ ထုတ်ပေးတာမျိုးလည်းရှိပါတယ်။

(1.1) Whole life Assurance (တစ်သက်တာ အသက်အာမခံ):
ဒီအာမခံအမျိုးအစားက တစ်သက်လုံးစာထားရှိတဲ့ အာမခံအမျိုးအစားပါ။ အာမခံထားသူ သေဆုံးချိန်မှာ ကျန်ရစ်သူမိသားစုကထုတ်ယူနိုင်မှာဖြစ်ပါတယ်။

(1.2) Term Life Assurance (အချိန်အပိုင်းအခြား အသက်အာမခံ):
ဒီအာမခံအမျိုးအစားကတော့ အရွယ်ရောက် ပြီးသူတိုင်းထားရှိနိုင်ပြီး အာမခံထားတဲ့ ကာလအပိုင်းအခြားအလိုက်ထုတ်ပေးတာပါ။ ဥပမာ ကိုယ်က အသက် အာမခံကို ၁၀ နှစ် ထားမယ် ဒါမှမဟုတ် ၁၅ နှစ် ထားမယ်ဆိုပါစို့၊ ဒီကာလကုန်ဆုံးချိန်အထိကိုယ်က ထိခိုက်မှုတစ်စုံတရာမရှိဘူးဆိုရင် အာမခံကုမ္ပဏီဘက်က လစဉ်ပေးသွင်းထားတဲ့ အသက်အာမခံကြေးတွေကို ပြန်ထုတ်ပေးမှာပါ။

(2) အထွေထွေအာမခံဆိုတာက……

အာမခံအမျိုးအစားတော်တော်များများက ဒီအလုံးစုံအာမခံထဲမှာ အကျုံးဝင်နေတာပါ။ ဒီအာမခံအမျိုးအစားမှာတော့ အာမခံထားသူက သူပိုင်ဆိုင်တဲ့အရာတစ်ခုခုထိခိုက်ဆုံးရှုံးတိုင်းမှာ အာမခံမူဝါဒနဲ့ ကိုက်ညီနေမယ်ဆိုရင် အာမခံကြေး ရရှိမှာပါ။ ဥပမာ ကားကို အာမခံထားထားမယ်။ ကိုယ်က ယာဉ်မတော်တဆဖြစ်မယ်။ ကိုယ့်ကားရော တစ်ဖက်ကားပါ ထိခိုက်မိတယ်။ ဒီလိုအခြေအနေမှာ အာမခံထားထားမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုတွေအတွက် ကိုယ်က ပေးလျော်စရာမလိုဘဲ အာမခံကုမ္ပဏီက ပေးလျော်ပေးမှာပါ။

အထွေထွေအာမခံထဲမှာ ဘာတွေပါလဲ❓
ဒီအာမခံအမျိုးအစားအောက်မှာ အသက်အာမခံကလွဲလို့ ကျန်တဲ့အာမခံအမျိုးအစားအားလုံးပါပါတယ်။

(2.1) မီးအာမခံ – ဒီသဘောတူညီချက်မှာတော့ အာမခံထားသူအပေါ် အာမခံကုမ္ပဏီက မီးဘေးကြောင့်ဖြစ်တဲ့ ပျက်စီးဆုံးရှုံးမှုတစ်စုံတရာကို ပေးလျော်မယ်ဆိုတဲ့ ကတိကဝတ်ပါရှိပါမယ်။ အာမခံထားသူရဲ့ ပိုင်ဆိုင်မှုပစ္စည်းဖြစ်တဲ့ နေအိမ် ဒါမှမဟုတ် အခြားပိုင်ဆိုင်မှုတစ်ခုခုက မီးလောင်မှုကြောင့် ပျက်စီးခဲ့မယ်ဆိုရင် အာမခံကုမ္ပဏီဘက်က ဆုံးရှုံးမှုအတွက် သဘောတူထားတဲ့ ပမာဏအတိုင်း ပေးလျော်မှာ ဖြစ်ပါတယ်။

(2.2) ပင်လယ်ရေကြောင်းအာမခံ – ဒီအာမခံ ပဋိညာဉ်ကတော့အာမခံကုမ္ပဏီနဲ့ ရေယာဉ်ပိုင်ရှင်တွေ၊ ရေကြောင်းနဲ့ ကုန်စည်ပို့ဆောင်သူတွေကြားမှာ ထားရှိတဲ့ အာမခံအမျိုးအစားပါ။ ရေကြောင်းသွားလာပို့ဆောင်မှုအတွင်း ပျက်စီးမှုတစ်စုံတရာရှိခဲ့ရင် သတ်မှတ်ထားတဲ့ အဖိုးစားနားအတိုင်း အာမခံ ကုမ္ပဏီဘက်က ပေးလျော်မှာဖြစ်ပါတယ်။ ဒီအာမခံထဲမှာမှ ကုန်စည်အတွက်ထားတဲ့ အာမခံ၊ ရေယာဉ်အတွက် သီးသန့်ထားတဲ့အာမခံ နဲ့ တင်ဆောင်လာတဲ့ ကုန်စည်အတွက် ထားတဲ့ အာမခံဆိုပြီး အမျိုးမျိုးရှိနိုင်ပါတယ်။

Miscellaneous Insurance
အပေါ်ကအာမခံအမျိုးအစားတွေနဲ့မတူဘဲ ဆုံးရှုံးနစ်နာမှုတွေအတွက်ထားတဲ့ ငွေကြေးအာမခံ အမျိုးအစားပါ။ ဥပမာပြောပြရရင် ကားအခိုးခံရတယ်ဆိုပါစို့၊ အာမခံထားထားမယ်ဆိုရင် ဆုံးရှုံးနစ်နာသွားမှုအတွက် အာမခံကုမ္ပဏီဘက်က ပေးလျော်မှာပါ။ မော်တော်ယာဉ်အာမခံ၊ ပစ္စည်းခိုးခံရမှုကြောင့် ဆုံးရှုံးနစ်နာမှုအတွက် အာမခံ၊ မသမာမှုနဲ့ သဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့် ပျက်စီးဆုံရှုံးတွေအတွက်လည်း အာမခံထားလို့ရပါတယ်။

အသက်အာမခံနဲ့အထွေထွေအာမခံ ဘာကွာလဲ ❓

အဓိကကွာခြားချက်က..
အသက်အာမခံက အသက်အန္တရာယ်ဖြစ်စေလောက်တဲ့ အခြေအနေတစ်ရပ်ရပ်နဲ့သာသက်ဆိုင်ပြီး အထွေထွေအာမခံထဲမှာ ဒီအသက်အာမခံက အကျုံးမဝင်ပါဘူး။
အသက်အာမခံမှာတော့ အာမခံကြေးက သတ်မှတ်ထားတဲ့ကာလအတွင်းမှာ သတ်မှတ်ထားတဲ့ ငွေကြေးပမာဏကို ပေးသွင်းရတာပါ။
ဒါပေမယ့် အထွေထွေအာမခံမှာတော့ အာမခံကြေးကိုတစ်နှစ်စာအတွက် အလုံးအရင်းနဲ့ ပေးသွင်းရမှာဖြစ်ပါတယ်။

အာမခံကို ဘာကြောင့်လိုအပ်တာလဲ❓

ဆုံးရှုံးနစ်နာမှု၊ ထိခိုက်ပျက်စီးမှုတစ်စုံတရာကြုံတွေ့တဲ့အခါ ငွေကြေးအားဖြင့် အထောက်အပံ့ရရှိစေဖို့ အာမခံထားသင့်ပါတယ်။
💖နေထိုင်မကောင်းတဲ့အခါမှာလည်း ကျန်းမာရေးအာမခံထားထားမယ်ဆိုရင် ဆေးကုသစရိတ်အတွက် အာမခံကုမ္ပဏီကထုတ်ပေးမှာပါ။ မတော်တဆထိခိုက်မှုကြောင့် အသက်သေဆုံးခဲ့ရင်တောင် ပေးဆပ်စရာရှိတဲ့ ကြွေးမြီတွေနဲ့ အခြားသော စရိတ်စကတွေအတွက် အသက်အာမခံရှိနေတာကြောင့် ကျန်ရစ်သူတွေအတွက် စိုးရိမ်မှုကင်းစေမှာပါ။ အာမခံကြေးပုံမှန်သွင်းထားရုံနဲ့ သဘာဝဘေးအန္တရာယ်၊ မီးဘေးနဲ့ ရေဘေး၊ ခိုးယူခံရမှုတွေကြောင့် ပစ္စည်းတွေဆုံးရှုံးမှုတိုင်းအတွက် စိုးရိမ်မှု ကင်းကင်းနေနိုင်မှာပါ။ မတော်တဆမှုဆိုတာမမြင်နိုင်ပါဘူး။ ဒါကြောင့် မတော်တဆမှုအတွက် ကိုယ်တိုင်မှာဖြစ်ဖြစ် ပိုင်ဆိုင်မှု တစ်စုံတရာမှာဖြစ်ဖြစ် ကြုံတွေ့လာရတဲ့အခါ ငွေကြေးဆုံးရှုံးနစ်နာမှုကို အကာအကွယ်ပေးနိုင်စေဖို့ အာမခံကို ထားသင့်တာပါ။
Crd- helloဆရာ၀န်

Health Insurance - Nwe 🍀🍀
Yours Health Insurance Advisor

02/10/2023

အောက်တိုဘာလဟာ
💖 ရင်သားကင်ဆာအန္တရာယ်ကို သတိပြုနိုင်ကြစေဖို့ ရည်ရွယ်တဲ့ “Breast Cancer Awareness Month“ ဖြစ်ပါတယ်။

ဒီလမှာတော့ သတိပြုသင့်တဲ့ ရင်သားကင်ဆာလက္ခဏာများအကြောင်း အသိပေးမျှဝေခြင်း၊ ကြိုတင်ကာကွယ်ခြင်းတို့အပြင် ရင်သားကင်ဆာနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို သတိပြုမိလာကြစေရန် ပညာပေးအစီအစဥ်များကိုကမ္ဘာအနှံ့အပြား၌ ပြုလုပ်ကျင်းပလေ့ရှိပါတယ်။​

ဒီနှစ်ကျရောက်တဲ့ “Breast Cancer Awareness Month“ ရဲ့ theme ကတော့ 👍🧘‍♀️ “၃၆၅ ရက်လုံး ကြိုးစားရှင်သန်ခြင်း (Thrive365)” ဖြစ်ပါတယ်။

ရင်သားကင်ဆာလူနာများဟာ တစ်နှစ်တာပတ်လုံး သတ္တိရှိရှိနဲ့ ရင်ဆိုင်နေကြတဲ့အတွက်ကြောင့် သူတို့ကို ကူညီအားပေးပြီး ဂရုစိုက်မှုပြသပေးတာဟာ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

ရင်သားကင်ဆာဟာ အသက်အရွယ်နှင့် မျိုးရိုးကြောင့်လည်းဖြစ်နိုင်သလို အနေအထိုင်နှင့် အစားအသောက်ပေါ်မှာလည်း အများကြီးမူတည်တဲ့အတွက် ကျန်းမာတဲ့နေထိုင်မှုပုံစံကို ပြောင်းလဲခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်တဲ့အပြင်
💖 ကင်ဆာရောဂါကြောင့်ဖြစ်ပေါ်လာမယ့် ဆေးကုသကုန်ကျစရိတ်များကိုလည်း Dai-ichi Life Myanmar ရဲ့ Health CARE / CI Plus တို့ဖြင့်ကာကွယ်နိုင်မှာဖြစ်ပါတယ်။​

Dai-ichi Life ရဲ့ အသက်အာမခံ/ ကျန်းမာ​ရေးအာမခံ ဝန်ဆောင်မှုများ နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဝက်ဘ်ဆိုက် https://bit.ly/3NiAgec မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်သလို Chat box မှတစ်ဆင့်လည်း မေးမြန်းနိုင်ပါတယ်ရှင်။ ​ ​

Health Insurance - Nwe 🍀🍀


30/09/2023

ကျန်းမာရေးအာမခံ ဘယ်လိုထားမလဲ ❓❓

ဉပမာ - အသက် (၄၀) နှစ် ရှိသူတယောက်က တစ်နေ့ကို 🍀(၆၅၂) ကျပ် စုဆောင်းထားရုံနဲ့ တစ်နှစ်အတွင်း ဆေးရုံတက်ရောက်ကုသရသော ရောဂါတစုံတရာဖြစ်ပွားလာခဲ့ပါက ဆေးကုသစရိတ် 🍀ကျပ်သိန်း (၅၀) အထိ ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။
(မိမိအသက်အရွယ်/ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး စု​ဆောင်း​ငွေပမာဏ ​အနည်းအများ ကွာခြားနိုင်ပါတယ်။)

ဘယ်အရာမှ ကြိုတင်မှန်းဆထားလို့ မရနိုင်တဲ့ ခုလိုချိန်မျိုးမှာ အကယ်၍များ အကြောင်းတခုခုကြောင့် မိမိဆုံးပါးသွားခဲ့ပါကလည်း မိသားစုအတွက် ကျန်းမာရေးအာမခံ၏ သေဆုံးမှုအကျိုးခံစားခွင့်အနေနဲ့ 🍀ငွေကျပ် (၁၀) သိန်း ချန်ထားခဲ့နိုင်မှာ ဖြစ်ပါတယ်။

💖ကျန်းမာရေးအာမခံထားရှိခြင်းက နာမကျန်းဖြစ်ခြင်း/ မတော်တဆမှုတခုခုကြောင့် ဆေးရုံတက်ရတဲ့အခါ သင်ရော/ သင့်မိသားစုမှာပါ ဆေးကုသစရိတ်အတွက် ပူပင်သောကတွေ လျော့နည်းစေနိုင်ပါတယ်။

ဒီလို သင်နဲ့ သင့်မိသားစု အနာဂတ်အတွက် စိတ်​အေးချမ်း​စေမယ့် အကျိုးရှိလှတဲ့ ကျန်းမာ​ရေးအာမခံ ထားရှိလိုပါက ...

Health Insurance - Nwe 🍀🍀
Yours Health Insurance Advisor
09796103070

ထာဝရသင်နှင့်အတူ

💖 World Heart Day 2023 💖 *Use Heart, Know Heart* ..... 💞 Protect your Heart.       If not, 🍀🍀 Cover medical expenses tha...
29/09/2023

💖 World Heart Day 2023 💖
*Use Heart, Know Heart* .....

💞 Protect your Heart.
If not,
🍀🍀 Cover medical expenses that arise due to cardiovascular diseases ...

💖World Heart Day 2023💖

နှလုံးသွေးကြောဆိုင်ရာရောဂါသည် ကမ္ဘာ့နံပါတ်တစ် လူသတ်သမားဖြစ်သည်။ မြန်မာနိုင်ငံတွင် အသက် ၇၀ မတိုင်မှီ သေဆုံးမှုလေးဦးလျှင် တစ်ဦးမှာ နှလုံးရောဂါနှင့် လေဖြတ်ခြင်းကြောင့် ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO မှ ခန့်မှန်းထားပါသည်။

စစ်တမ်းများအရ အသက် ၄၀ မှ ၉၉ နှစ်အတွင်း လူဉီးရေ တစ်ထောင်တွင် (၁၅)ယောက်ခန့်ထိ နှလုံးရောဂါ၏ နောက်ဆက်တွဲ လေဖြတ်ခြင်းကို ခံစားနေကြရသည်။ နှလုံးရောဂါနှင့် လေဖြတ်ခြင်းအတွက် ဆေးကုသစရိတ်များမှာ အလွန်မြင့်မားပါသည်။ ၎င်းတို့သည် အများအားဖြင့် ရေရှည် ကုသမှုကိုလိုအပ်ပြီး မိသားစုများအတွက် အိတ်ကပ်ပြင်ပအသုံးစရိတ်များ (Out of Pocket Expendicture) မြင့်မားစေကာ အိမ်ထောင်စုများစွာကို ကျန်းမာရေးအသုံးစရိတ်နှင့် ဆင်းရဲမွဲတေမှုဘေးသို့ တွန်းပို့နိုင်သည်။

❌တစ်နေ့လျှင် ဆား ၅ ဂရမ် (လက်ဖက်စားဇွန်း တစ်ဇွန်းနီးပါးပမာဏ) ထက် ပိုစားသုံးပါက သွေးဖိအားကို တိုးစေပြီး နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြေ ပိုများသည်။ ၎င်းသည် ကမ္ဘာတစ်ဝှမ်းတွင် သွေးတိုးရောဂါအတွက် ထိပ်တန်းအန္တရာယ်အချက်တစ်ခုအဖြစ် သတ်မှတ်ထားသည်။

💖 ယခုနှစ် World Heart Day 2023 - ကမ္ဘာ့နှလုံးကျန်းမာရေးနေ့တွင် "နှလုံးသားကိုသုံးပါ၊ နှလုံးသားကိုသိပါ" ("Use Heart, Know Heart.") ဆောင်ပုဒ်ဖြင့် နှလုံးရောဂါများကို သတိပေးထားပါတယ်ရှင် .....

26/09/2023

💖 ပညာ​ရေးအသက်အာမခံ

မိဘများအနေနဲ့ ရင်သွေးလေးတွေရဲ့ဘဝအနာဂတ်ဖြောင့်ဖြူးဖို့အတွက် အကောင်းဆုံးကြိုးစားပြင်ဆင်လေ့ရှိကြပါတယ်။ ​

လူကြီးမင်းတို့ရင်သွေးလေးတွေ အရွယ်ရောက်လာတဲ့အခါမှာ ပညာရေးကို အခက်အခဲမရှိသင်ကြားနိုင်ဖို့အတွက် Dai-ichi Life Myanmar ရဲ့ Htar-Wa-Ra Edu Goal (ထာဝရပညာ​ရေးပန်းတိုင်) နဲ့ ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် ...
🍀ငွေကြေးစုဆောင်းထားပြီးသားဖြစ်စေသလို၊
🍀မထင်မှတ်ထားတဲ့ကိစ္စရပ်များကြုံတွေ့လာခဲ့ရင်လည်း သားသမီးတွေရဲ့ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်ဖို့အတွက် ငွေကြေးပိုင်းအရ ကာကွယ်ပေးထားပြီးသား ဖြစ်စေမှာပါ။​

လူကြီးမင်းတို့ရင်သွေးလေးတွေရဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် Htar-Wa-Ra Edu Goal နဲ့ ​ငွေ​ကြေးကာကွယ်မှုရယူလိုပါက ဝက်ဘ်ဆိုက် https://bit.ly/3VlwHsB မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်သလို Chat box မှတစ်ဆင့်လည်း မေးမြန်းနိုင်ပါတယ်ရှင်။ ​

Health Insurance - Nwe 🍀🍀

အသက် (၃၂) နှစ် ရှိသူတစ်ယောက်က ... မိမိကျန်းမာရေးနဲ့ မိသားစုရှေ့ရေး စိတ်အေးရအောင် ပြင်းထန်ရောဂါ အကာအကွယ် အသက်အာမခံ  သိန်း...
24/09/2023

အသက် (၃၂) နှစ် ရှိသူတစ်ယောက်က ...
မိမိကျန်းမာရေးနဲ့ မိသားစုရှေ့ရေး စိတ်အေးရအောင် ပြင်းထန်ရောဂါ အကာအကွယ် အသက်အာမခံ သိန်း(၅၀) ကို ပေါ်လစီသက်တမ်း (၁၂) နှစ် ထားမယ်ဆိုရင် ဘယ်လို အကျိုးခံစားခွင့်တွေ ရနိုင်လဲဆိုတာကို ရှင်းပြပေးပါမယ်ရှင်.....

၁။ စုဆောင်းငွေပရီမီယံ ပေးသွင်းခြင်းကို (၁ လ၊ ၃ လ၊ ၆ လ၊ တစ်နှစ်) မိမိအဆင်ပြေသည့်ပုံစံနဲ့ ပေးသွင်းလို့ရပါတယ်။

၂။ သုံးနှစ်တစ်ကြိမ် သိန်း(၅၀) ၏ ၃% (တသိန်းခွဲ) ကို ရှင်သန်ခြင်း အကျိုးခံစားခွင့်အနေနဲ့ (Cash Back) ရရှိပါမယ်။ ၃-နှစ်မြောက်မှာတစ်ကြိမ်၊ ၆-နှစ်မြောက်မှာတစ်ကြိမ် နဲ့ ၉-နှစ်မြောက်တို့မှာ တစ်ကြိမ်စီ စုစုပေါင်း သုံးကြိမ် (လေးသိန်းခွဲ) ရမှာဖြစ်ပါတယ်။

၃။ အာမခံစာချုပ်သက်တမ်း (၁၂) နှစ်ပြည့်ပါက မိမိပေးသွင်းထားသော ပရီမီယံစုဆောင်းငွေ သိန်း (၅၀) အပြည့်ကို ပြန်လည်ရရှိပါမယ်။

💖 အကယ်၍ .......

ပထမပရီမီယံပေးသွင်းပြီးနောက် အာမခံပေါ်လစီ စတင်အသက်၀င်သည့် နေ့မှ ရက် (၉၀) နောက်ပိုင်းတွင် အာမခံထားသူသည် နှလုံး၊ အသည်း၊ ကျောက်ကပ်၊ ဦး​နှောက် အာရုံ​ကြော၊ ကင်ဆာရောဂါ စသည့် သတ်မှတ်ထားသော ပြင်းထန်ရောဂါများ၏ -

🍀 ကနဉီးအဆင့် ပြင်းထန်ရောဂါအခြေအနေဖြစ်ပွားကြောင်းတွေ့ရှိရပါက အာမခံထားငွေ သိန်း(၅၀) ၏ ၂၅% (၁၂ သိန်းခွဲ) ကို ဆေးကုသစရိတ်အဖြစ် ချက်ခြင်း ထုတ်ပေးမှာဖြစ်ပါတယ်။ (ဥပမာ- အာမခံပေါ်လစီ အသက်၀င်ပြီး တစ်နှစ်အတွင်း ​ရောဂါတွေ့ရပါက အာမခံထားသူသည် တစ်နှစ်စာပရီမီယံ ၄၂၂၀၀၀ ကျပ်သာပေးသွင်းထားရသေးသော်လည်း ဆေးကုသရန် ကျပ် (၁၂သိန်းခွဲ) ကို ချက်ခြင်းရရှိမှာ ဖြစ်ပါတယ်။)
➡️ထို့နောက် လစဉ်ပရီမီယံသွင်းငွေများကို ဆက်လက်ပေးသွင်းပြီး သုံးနှစ်မြောက်တိုင်းတွင် ရှင်သန်ခြင်း အကျိုးခံစားခွင့် သိန်း (၅၀) ၏ ၃% (တစ်သိန်းခွဲ) ကိုလည်း ဆက်လက်ရရှိပါမယ်။
➡️(၁၂) နှစ်ပြည့်ပါက နှစ်စေ့အကျိုးခံစားခွင့် ကျပ်သိန်း (၅၀) အပြည့်ကို ပြန်လည်ရရှိပါမယ်။

🍀 နှောင်းပိုင်းအဆင့် ပြင်းထန်ရောဂါအခြေအနေဖြစ်ပွားကြောင်းတွေ့ရှိရပါက အာမခံထားငွေ သိန်း(၅၀) ကို ဆေးကုသစရိတ်အဖြစ် တလုံးတည်း ရရှိမှာဖြစ်ပါတယ်။ (ဥပမာ- အာမခံပေါ်လစီ အသက်၀င်ပြီး တစ်နှစ်အတွင်း ​ရောဂါတွေ့ရပါက အာမခံထားသူသည် တစ်နှစ်စာပရီမီယံ ၄၂၂၀၀၀ ကျပ်သာပေးသွင်းထားရသေးသော်လည်း ဆေးကုသရန် ကျပ်သိန်း (၅၀) ကို ချက်ခြင်းရရှိမှာ ဖြစ်ပါတယ်။)
❌ဆက်လက်ပေးသွင်းရန်ကျန်ရှိနေသော လစဉ်ပရီမီယံသွင်းငွေများကို ပေးသွင်းရန်မလိုတော့ပါ (ပရီမီယံကင်းလွတ်ခွင့်ရပါတယ်)။
➡️သုံးနှစ်မြောက်တိုင်းတွင် ရှင်သန်ခြင်း အကျိုး ခံစားခွင့် သိန်း(၅၀) ၏ ၃%(တစ်သိန်းခွဲ) ကိုလည်း ဆက်လက်ရရှိပါမယ်။
➡️ပေါ်လစီသက်တမ်း (၁၂)နှစ်ထိ အာမခံထားသူ သက်ရှိထင်ရှားရှိနေပါက နှစ်စေ့အကျိုးခံစားခွင့် ကျပ်သိန်း (၅၀) ကိုလည်း ထပ်မံရရှိပါမယ်။
➡️(၁၂) နှစ်မတိုင်မှီ အာမခံထားသူ ထာ၀စဉ်မသန်စွမ်းခြင်း/ သေဆုံးကွယ်လွန်သွားခြင်းများဖြစ်ပါက ထိုအချိန်တွင် အာမခံထားသူ/ ကျန်ရစ်သူမိသားစု (ဆက်ခံခွင့်အမည် ပေးထားသူ/များ) မှ ကျပ်သိန်း (၅၀) ကို အကျိုးခံစားခွင့် ထပ်ရမှာဖြစ်ပါတယ်။

💖 ဒါကြောင့် သိန်း (၅၀) Plan ပြင်းထန်ရောဂါ အကာအကွယ် အသက်အာမခံထားရှိပါက ပေါ်လစီသက်တမ်း (၁၂) နှစ်အတွင်း မည်သည့်ရောဂါမှ မဖြစ်လျှင် မိမိစုဆောင်းပေးသွင်းထားသော ပရီမီယံငွေများ ကျပ်သိန်း (၅၀) + ရှင်သန်ခြင်း အကျိုးခံစားခွင့် သုံးကြိမ် (လေးသိန်းခွဲ) ကို ရရှိပါတယ်။

💖 အာမခံသက်တမ်း (၁၂) နှစ်အတွင်း နှောင်းပိုင်းအဆင့် ပြင်းထန်ရောဂါများ ဖြစ်ပွားကြောင်းတွေ့ရပါက အာမခံထားငွေ သိန်း (၅၀)၏ နှစ်ဆ သိန်း (၁၀၀) ကို အာမခံထားသူနှင့် မိသားစုမှ အကျိုးခံစားခွင့် ရရှိပါတယ်။ အာမခံသက်တမ်းအတွင်း ပုံမှန်မ​တော်တဆမှု​တခုခုကြောင့် ​အာမခံထားသူ သေဆုံးခဲ့ပါကလည်း မိသားစုမှ သိန်း (၁၀၀) ရရှိမှာဖြစ်ပါတယ်။

🍀ဘယ်သူတွေ ထားလို့ရလဲ?

ပြင်းထန်ရောဂါ အကာအကွယ် အသက်အာမခံ (Dai-ichi CI Plus) ကို အသက် ၁၈ နှစ်မှ ၅၉ နှစ်အသက်အရွယ်ထိ ထားလို့ရပါတယ်။

🍀 ငွေပမာဏ ဘယ်လောက်ထားရမလဲ?

အာမခံထားငွေ အနည်းဆုံး ကျပ်သိန်း (၅၀) မှ အများဆုံး ကျပ်သိန်း (၁၀၀၀) အထိ မိမိယူလိုသော အကာကွယ်ပမာဏ/ ၀င်ငွေပေါ်မူတည်ပြီးထားရှိနိုင်ပါတယ်။

🍀 ဘယ်နှနှစ်ထိ အာမခံအကာကွယ်ရနိုင်လဲ?

အာမခံပေါ်လစီသက်တမ်း (၆၊ ၉၊ ၁၂၊ ၁၅) နှစ်ထိ မိမိအကာကွယ်ထားလိုသော သက်တမ်းကို ရွေးချယ်နိုင်ပါတယ်။

🍀 ငွေကြေးစုဆောင်းမှုပရီမီယံ ဘယ်လိုသွင်းရလဲ?

စုဆောင်းငွေပရီမီယံ ပေးသွင်းခြင်းကို (၁ လ၊ ၃ လ၊ ၆ လ၊ တစ်နှစ်) စသည့် မိမိအဆင်ပြေတဲ့ပုံစံနဲ့ ပေးသွင်းလို့ရပါတယ်။

👍ယခု အသက် ၃၂ နှစ်အရွယ် ပြင်းထန်​ရောဂါအကာကွယ်အသက်အာမခံထားရှိသူ၏ ပရီမီယံ​ပေးသွင်းရ​ငွေမှာ ....
#တစ်လလျှင် - ၃၇၉၀၈ ကျပ် (စု​ဆောင်းငွေ ၃၃၁၉၇ ကျပ် + ပြင်းထန်​ရောဂါအာမခံ ၄၇၁၁ ကျပ်) ဖြစ်ပါတယ်။ အသက်ငယ်ရွယ်လေ ပေးသွင်းရသော ပရီမီယံနှုန်း သက်သာလေဖြစ်ပါတယ်။

💖 အာမခံဝယ်ယူထားရှိပြီး ၄လ​မြောက်မှ ၁၂နှစ်အတွင်း ပြင်းထန်​ရောဂါများဖြစ်ပွားလာပါက ​ဆေးကုသစရိတ် သိန်း (၅၀) ထိ စိတ်ပူစရာမလိုပဲကုသနိုင်မှာဖြစ်တဲ့အပြင် မိသားစု​နောင်​ရေးအတွက်ပါ သိန်း (၅၀) ထားရှိခဲ့နိုင်မှာဖြစ်လို့ စိတ်​အေးချမ်းသာတဲ့ ​နေ့ရက်​တွေကို ပိုင်ဆိုင်နိုင်ကြပါ​စေရှင် 🥰

Health Insurance - Nwe 🍀🍀
Yours Health Insurance Advisor

ထာဝရသင်နှင့်အတူ 🥰

Dai-ichi Health CARE က 💖 မထင်မှတ်ဘဲကြုံတွေ့လာရနိုင်တဲ့ ကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေကနေ မိမိအတွက်သာမက ချစ်ခင်ရသူတွေအတွက်ပ...
24/09/2023

Dai-ichi Health CARE က
💖 မထင်မှတ်ဘဲကြုံတွေ့လာရနိုင်တဲ့ ကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေကနေ မိမိအတွက်သာမက ချစ်ခင်ရသူတွေအတွက်ပါ ကာကွယ်ပေးထားနိုင်ပါတယ်။

ဒါတင်မက
Dai-ichi Health CARE နဲ့ဆိုရင် ပြည်တွင်းဆေးရုံတွေသာမက ပြည်ပနိုင်ငံတွေက သတ်မှတ်ထားတဲ့ဆေးရုံတွေမှာပါ ဆေးရုံတက်စဉ်၊ မတက်ခင်နဲ့ ဆေးရုံဆင်းပြီးကုသမှု၊ ပြင်ပလူနာဌာနပြသမှုတို့အပြင် သေဆုံးမှုတို့အတွက်ကိုပါ ဝယ်ယူမှုအစီအစဥ်ပေါ်မူတည်ပြီး ငွေကြေးအရအကာအကွယ်ပေးထားနိုင်တယ်ပါတယ်။​ ​

အသေးစိတ်ထပ်မံသိရှိနိုင်ဖို့ ...
➡️ဝက်ဘ်ဆိုဒ် https://bit.ly/45bMNJH ကနေတစ်ဆင့် ဝင်ရောက်လေ့လာနိုင်သလို
➡️chat box မှတဆင့်လည်း မေးမြန်းနိုင်ပါတယ်ရှင်။​ ​ ​

Health Insurance - Nwe 🍀🍀
Yours Health Insurance Advisor

19/09/2023

အရေးကြီးဆုံး ကိုယ်တွင်းအင်္ဂါများထဲမှ တစ်ခုဖြစ်တဲ့အသည်းက ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေကို သန့်စင်ပေးပြီး အာဟာရဓာတ်တွေကို သိုလှောင်ကာ ဟော်မုန်းတွေကိုလည်း ထိန်းညှိပေးပါတယ်။ ​​

ကျန်းမာတဲ့အသည်းတစ်ခုကို ထိန်းသိမ်းထားနိုင်ဖို့အတွက်ဆိုရင်
➡️အရက်သောက်သုံးမှုကို လျှော့ချခြင်း၊
➡️အကိုက်အခဲပျောက်ဆေးများ ရေရှည်သုံးစွဲမှုကိုရှောင်ရှားခြင်း၊
➡️အဆီအလွန်အကျွံစားသုံးမှုကို ရှောင်ကြဥ်ခြင်း အစရှိတဲ့ အချက်များကိုလိုက်နာကျင့်သုံးသင့်ပါတယ်။

💖 ဒါ့အပြင် အသည်းရောဂါကဲ့သို့သော ပြင်းထန်ရောဂါတွေကို ဆေးကုသရာမှာ ကုန်ကျစရိတ်အတွက် ငွေကြေးအကာအကွယ်ပေးတဲ့ Dai-ichi CI Plus ကိုရယူထားခြင်းကလည်း အကောင်းဆုံး ကြိုတင်ကာကွယ်မှုများထဲမှ တစ်ခုဖြစ်ပါတယ်။ ​​

မိမိနှင့် မိမိချစ်ခင်ရသူတွေအတွက် ဆေးကုသစရိတ် ဝန်ထုပ်ဝန်ပိုးများကို Dai-ichi CI Plus နှင့် ကာကွယ်လိုပါက
​​
Health Insurance - Nwe 🍀🍀
Yours Health Insurance Advisor
ထာဝရသင်နှင့်အတူ 🥰

Address

Mandalay

Telephone

+959796103070

Website

Alerts

Be the first to know and let us send you an email when Health Insurance - Nwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share