KoKyaw - Forex Business Consultant

KoKyaw - Forex Business Consultant ကမ္ဘာ့ရွှေ အကြံပေး

13/09/2023

တောလိုက်တဲ့🐅 ကျားဘဲဖြစ်နေလား
အလိုက်ခံရတဲ့🦌 သားကောင်ဘဲဖြစ်နေလာ
ဘာကောင်ဘဲ ဖြစ်နေနေ
"ကျော်ဝေ”

👴 တရုတ်လုပ်ငန်းရှင် သူဌေးဆီကို  တရုတ်လူမျိုခပ်နွမ်းနွမ်း🚶 တစ်ယောက် အလုပ် လာတောင်းတယ်။"ထမင်းစားဖို့တောင် ခက်နေလို့ အလုပ်လ...
12/09/2023

👴 တရုတ်လုပ်ငန်းရှင် သူဌေးဆီကို
တရုတ်လူမျိုခပ်နွမ်းနွမ်း🚶 တစ်ယောက်
အလုပ် လာတောင်းတယ်။

"ထမင်းစားဖို့တောင် ခက်နေလို့ အလုပ်လေးတစ်ခု ပေးပါဗျာ"

"အင်း အလုပ်တော့ရှိတယ် ကြိုးစားလုပ်"
"ဟုတ်ကဲ့"
လအတန်ကြာတော့ တရုတ်သူဌေးလည်း
လုပ်ငန်းသစ် တိုးချဲ့၊
အလုပ်တောင်းသော တရုတ်သူဆင်းရဲလည်း
ပြည့်စုံတိုးတက်၊ လုပ်ငန်းရှင်ဖြစ်လာသော်လည်း
သူ့ကျေးဇူးရှင် သူဌေးကို မမေ့...

* * * * * * * * * * *

👳 အိန္ဒိယလူမျိုး သူဌေးတစ်ယောက်ဆီ
ခပ်စုတ်စုတ်လူမျိုးတူ🏃 တစ်ဦး အလုပ်လာတောင်းတယ်။

"ဟရေး အဘိုင် အလုပ်လေးပေးပါ"
"ရှိတာလုပ်ကွာ ထမင်းစားဖို့တော့ ရမယ်"
"ဟုတ်ကဲ့"
မာမွတ်လည်း ဆောလျင်စွာ အလုပ်တွေပြီးသလို
သူဆင်းရဲ အနဲ လည်း ပြောင်ပြောင် ယောင်ယောင်နဲ့
လုပ်ငန်းစိတ်ချရသူမို့
ဦးစီးခေါင်းဆောင်ဖြစ်လာတယ်။

* * * * * * * * * * *

🤵 မြန်မာလူမျိုး လုပ်ငန်းရှင်ဆီ ဟန်အပြည့်နဲ့
လူတစ်ယောက်🕴 ရောက်လာတယ်။

"ကျနော် အလုပ်ပြတ်နေတာ တစ်နှစ်နီးပါးရှိပါပြီ။
အလုပ်ကလေး ပေးပါဗျာ။

"အေး ရှိတာလေးလုပ်ပေါ့ကွာ။"
"ဟုတ်ကဲ့ ဘယ်လောက် ပေးမှာပါလဲ။
ဘယ်လို လုပ်ရမှာပါလဲ"
"အင်း မင်းလုပ်နိုင်စွမ်းရည်ပေါ် မူတည် ပေးမယ်ကွာ"
"ဟုတ်ကဲ့ ကျနော်က ဘာတွေ လုပ်တတ်ပါတယ်ဗျာ"
"အေး"

သုံးရက်လောက်နေတော့
"ကျနော်က ဆရာကြီးဗျ🕺 ဒါတွေ မလုပ်နိုင်ဘူး။
ဒီလောက်ဆို ကျနော့် ပေးတာနဲ့ တန်နေပြီ။
ဒီနေ့ မအားဘူးဗျာ တခြားအလုပ်တွေရှိသေးတယ်။
ကျနော်မရှိရင် ဒီအလုပ်က လုပ်မရဘူးဗျ။
ခုသူဌေးက ဘာမှ အသုံးမကျပါဘူးဗျာ
ကျနော်ပဲ လုပ်နေရတာမို့ ကျနော့်ပဲ အလုပ် ပေးဗျာ။
ကျနော် ...... ကျနော် ......... ပေါင်းများစွာကြား
မြန်မာပိုင်ရှင်သူဌေးလည်း
ထမင်းပန်းကန် အလုမခံရဖို့ ၆လကျော်
တစ်နှစ်တွင်း အလုပ်နားခိုင်းလိုက်ရတဲ့အဖြစ်။

🙏ဟန်၊ မာန်၊ သစ္စာ၊ ကျေးဇူးတရား၊ ဆရာဆိုတဲ့
ဦးထိပ်ထားမှု အစစ ကွာခြားမှုတွေနဲ့
မိမိက ဘယ်လောက်ပေးလို့
ဘယ်လောက်ပြန်ရပါလားဆိုတဲ့ တွေးခေါ် မှု

မိမိရပ်တည်မှု၊ အရည်အချင်းထက် ပိုသာရလိုမှု၊
ပညာကုန်မတတ် ဆရာကိုသတ်မယ်ဆိုတဲ့
စိတ်များနေသ၍

တိုးတက်မှုဆိုတာ
ပေးဆပ်မှုထက် ရလိုမှုများသော
အသိုက်အဝန်းတွေကြားတွေ့ကြုံသမျှကို
ပညာအဖြစ်ပြောင်းလဲသင်ယူနိုင်စွမ်း ရှိကိုရှိရမယ်။

မူရင်းရေးသူ

🤗 တချို့ကမေးတယ် ပြန်မဖြေဘူး😷 ပြန်မဖြေရတာလဲ ​အကျိုးအကြောင်းရှိနေလို့ပါ🤔 ရွှေစိတ်တော်များ တမျိုးမမြင်လိုက်ပါနဲ့  #ကျော်ဝေ
11/09/2023

🤗 တချို့ကမေးတယ် ပြန်မဖြေဘူး

😷 ပြန်မဖြေရတာလဲ ​အကျိုးအကြောင်းရှိနေလို့ပါ

🤔 ရွှေစိတ်တော်များ တမျိုးမမြင်လိုက်ပါနဲ့

#ကျော်ဝေ

11/09/2023

🐅ကျားကသားကောင် ချောင်းသလို ခဏတော့ စောင့်လိုက်ပါအုံး ပိုင်မှ သေချာမှ လုပ်ပါ

🕺 လူပီသတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက်အဓိကလိုအပ်ချက်ဟာ ကိုယ်ချင်းစာတရားပါပဲ။ကိုယ်ချင်းစာတရားဆိုတာ ကိုယ်ဖြစ်တော့မှ စာနာပါလို့...
11/09/2023

🕺 လူပီသတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက်
အဓိကလိုအပ်ချက်ဟာ ကိုယ်ချင်းစာတရားပါပဲ။

ကိုယ်ချင်းစာတရားဆိုတာ ကိုယ်ဖြစ်တော့မှ
စာနာပါလို့ အော်ခိုင်းတာမဟုတ်ဘူး။
သူ့နေရာမှာ ကိုယ်သာဆိုရင်ဘယ်လိုနေမလဲဆိုပြီး
မလုပ်ခင် ကြိုတွေးစေချင်တာပါ။

ဘုရားကို ဘယ်လောက်လှူလှူ
တရားဘယ်လောက် ထိုင်ထိုင်
ကိုယ်ချင်းစာတရား မရှိဘူးဆိုရင်
အဲဒီလူဟာလူပိုသာဖြစ်ပြီး အလကားလူသာဖြစ်တယ်။

ငပိဆားမရှိတာ ဝယ်လို့ရတယ်။
အသိတရားမရှိတာ ဝယ်လို့မရဘူး။
ငပိဆားပါမှ ဟင်းအရသာရှိသလို
အသိတရားရှိမှလူ့ဘဝဟာ တန်ဖိုးရှိတယ်။ ။

#လူထုဒေါ်အမာ


ကျော်ဝေ
Forex Advisor

08/09/2023

🙏 မင်္ဂလာပါ🙏

ကျွန်တော်ကတော့ Forex Business Advisor ကျော်ဝေ ဖြစ်ပါတယ်..

08/09/2023

ေသာကြာနေ့ရဲ့ 2:30စျေး
1oz- 1924$လက်ရှိစျေး
ကျော်ဝေ
Forex Advisor

08/09/2023

☝ မင်းတို့ရဲ့ ဘဝတွေ အနာဂတ်တွေ အိမ်မတ်တွေကို 🌐လှောင်အိမ်ထဲမှာ ထာနေကြတုန်းဘဲလား
မင်းတို့ရဲ့ ဘဝတွေကို လွတ်လပ်စွာ🛰 ပျံသန်းကြည့်လိုက်ပါ.....
ကျော်ဝေ
Forex Advisor

ကောင်လေး အထီးကျန်ခြင်းတစ်ခွက်ပေးဟေ့ဘားထဲဝင်လာတဲ့ လူရွယ်တစ်ဦးက ဆိုင်ဝန်ထမ်းကောင်လေးကို လှမ်းအော်ပြောတယ်။ဆောရီးပဲ အစ်ကို အ...
08/09/2023

ကောင်လေး အထီးကျန်ခြင်းတစ်ခွက်ပေးဟေ့

ဘားထဲဝင်လာတဲ့ လူရွယ်တစ်ဦးက ဆိုင်ဝန်ထမ်းကောင်လေးကို လှမ်းအော်ပြောတယ်။

ဆောရီးပဲ အစ်ကို အထီးကျန်ခြင်းကုန်နေတယ် ဟာတာတာပဲ ကျန်ပါတယ်

အဲဒီလိုဆိုရင်လည်း စိတ်ချမ်းသာခြင်းတစ်ခွက်ပေးကွာ

ဆောရီး အစ်ကို အဲဒါရောင်းကုန်သွားပြီ။ အစ်ကိုသောက်နေကျ တစ်ကိုယ်တည်းတစ်ခွက်လောက်ယူမလား

ဟာ အဲဒီတစ်ကိုယ်တည်းကို ငါသောက်နေတာ ၅နှစ်ရှိသွားပြီကွ.. ဒီနေ့ အရသာတစ်မျိုးပြောင်းချင်တယ်.. ပျော်ရွှင်ခြင်းရော ကုန်သွားပြီလား

ဒါတော့ရှိတယ် အစ်ကို.. ဒါပေမယ့် ရေရောတယ်.. မစစ်ဘူး

ဒါဆိုရင် စစ်မှန်ခြင်းရော

မနေ့က ဟန်ဆောင်ပန်ဆောင်ရောင်းတုန်းက စစ်မှန်ခြင်းကို တစ်ခုဝယ်တစ်ခုလက်ဆောင်ပေးအဖြစ်နဲ့ ပေးလိုက်လို့ ကုန်သွားပြီအစ်ကို၊ အစ်ကိုလည်းသိသားပဲ ဒီခေတ်မှာ စစ်မှန်ခြင်းက အဖိုးမတန်တော့ဘူး.. လက်ဆောင်အဖြစ်နဲ့ပဲ ပေးလို့ရတော့တယ်။

ထားလိုက်ကွာ.. ဒါဆို အချစ်စစ်တစ်ခွက်ပေးကွာ

အစ်ကိုကလည်းဗျာ ကျွန်တော့်ကို အကြပ်ရိုက်နေတာပဲ။ ဒီကနေ့ခေတ်မှာ ဒီပစ္စည်းလုံးဝမရှိတော့ဘူး.. ပစ္စည်းပြတ်နေတာကြာပြီ အစ်ကို။ အရင် မှောင်ခိုခေတ်တုန်းက ဒီပစ္စည်းပေါ်ခဲ့ပါသေးတယ်.. ဒါပေမယ့် တန်ဖိုးကြီးလွန်းတယ် အစ်ကို

အင်း. အချစ်စစ်ကို မသောက်ရတာ နှစ်ပေါင်းများစွာကြာခဲ့လို့ ဘယ်လိုအရသာရှိမှန်းတောင် မသိတော့ပါဘူးကွာ

အစ်ကို.. မသောက်တာကြာရင် သောက်မနေပါနဲ့တော့အစ်ကို၊ သူက အရသာမဆိုးဘူးဆိုပေမယ့် လူကို အလွယ်တကူ အနာတရဖြစ်စေတတ်တယ်

မင်း ဘယ်လိုသိတာလဲ.. မင်းသောက်ဖူးလို့လား

အဆိပ်သာသောက်မယ် အဲဒီဟာကိုတော့ ကျွန်တော်သောက်မှာမဟုတ်ဘူး အစ်ကို၊ ကျွန်တော်က တခြားဧည့်သည်ပြောလို့ သိရတာပါ။ ဒါနဲ့ အစ်ကို အကြင်နာမဲ့ခြင်းကို တစ်ခွက်လောက်သောက်ကြည့်ပါလား.. ခုတစ်လော အဲဒီဟာအရောင်းသွက်နေတယ် အစ်ကို၊ လူတော်တော်များများ ကြိုက်ကြတယ်

ဟား..ဟား ဟိုးတစ်လောကပဲ ရက်စက်ခြင်းကို ဒီကောင်တွေသောက်ခဲ့ကြသေးတာ မဟုတ်လား.. ဘယ့်နှယ် တခြားအရာပြောင်းသောက်နေပါလိမ့်

အခု ဒါခေတ်စားနေတယ်လေ အစ်ကို

အင်း. ထားလိုက်ပါတော့ အဲတာတော့ ငါမသောက်ချင်ဘူး ဒါနဲ့ ချစ်သူရှိလား

ရှိတယ် အစ်ကို

ဒါဆို ချစ်သူတစ်ခွက်ပေးကွာ.. ကတိများများထည့်ပေးနော်

အခုလာတဲ့ ကတိတွေက အတုတွေများတယ် အစ်ကို

ဒါဆို အတွင်းသိအစင်းသိရောရှိလား.. ဘယ်လိုရောင်းလဲ

ဒါက စျေးကြီးတယ်အစ်ကို.. ရာသက်ပန်နဲ့ ဝယ်မှရတယ်

အေး.. ဒါဆို တစ်ခွက်ပေးကွာ..
အော် နောက်ပြီး အချစ်တစ်ထုပ် ပါဆယ်ဆွဲမယ်ဟေ့ အိမ်ကခွေးကို ကျွေးမလို့

Credit မူရင်း

#ကျော်ဝေ
#ကမ္ဘာ့ရွှေနှင့်_နိုင်ငံတကာငွေကြေးစျေးကွက်_သင်တန်း

08/09/2023

သောကြာနေ့ စျေးကွက်ရဲ့ နောက်ဆုံးနေ့ ဖြစ်တဲ့ အဖွင့်စျေး
တအောင်းစ-1919$ စျေးဖွင့်လာခဲ့ပါတယ်။
ကျော်ဝေ
Forex Advisor 09-459026112

Address

Mandalay

Alerts

Be the first to know and let us send you an email when KoKyaw - Forex Business Consultant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KoKyaw - Forex Business Consultant:

Shortcuts

Share