Daw Khin Nwe Win - Financial Advisor

Daw Khin Nwe Win - Financial Advisor Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Daw Khin Nwe Win - Financial Advisor, Magway.

03/12/2024

၁ မိနစ်​လောက် ​စဥ်းစား​ကြည့်​ပေးပါ။

သင့်ဆီမှာ ခုချက်ချင်း

သိန်း 100 အလွယ်တကူ ထုတ်သုံးဖို့ရှိလား။
သိန်း 200 အလွယ်တကူ ထုတ်သုံးဖို့ရှိလား။
သိန်း 300 ဆိုရင်​ကော
သိန်း 1,000 ဆိုရင်​ကော
သိန်း 2,000 ဆိုရင်​ကော
သိန်း 3,000 ဆိုရင်​ကော
အဲ့ပမာဏထက် ပိုလာရင်​ကော

အဲ့ဒီ​ငွေ​တွေကို တိုးပွား​အောင် လုပ်​ပေးမှာ မဟုတ်ပါဘူး။ မဖြစ်မ​နေ သုံးကို သုံး​ပေးရမယ့် ဘယ်​တော့မှ ပြန်မရနိုင်​တော့မယ့် သင် နဲ့ သင့်မိသားစုရဲ့ ကျန်းမာ​ရေး အသုံးစရိတ်ပါ။

ကျန်းမာ​ရေးအတွက် သိန်း​ပေါင်းရာ​၊ထောင်ချီ မစုရ​သေးတာဖြစ်ဖြစ်၊ စုထားပြီးသားထဲက မသုံးလိုက်ချင်တာဖြစ်ဖြစ် ရှိခဲ့မယ်ဆိုရင် တရက်မှ ​ငွေကျပ် ရာဂဏန်း၊ ​ထောင်ဂဏန်းသာရှိတဲ့ AIA ရဲ့ အလုံးစုံကျန်းမာ​ရေး အာမခံ ထားရှိပြီး မိမိတို့ မိသားစုရဲ့ ​ငွေ​ကြေးပိုင်ဆိုင်မှုကို ကျန်းမာ​ရေးစရိတ်​ကြောင့် မ​လျော့သွား​အောင် စီမံထားရှိပါရှင်။

"တရက်မှ ​ခေါက်ဆွဲ တပန်းကန် ဖိုး မရှိတဲ့ ​ပရီမီယံ​ကြေးက
သင့်မိသားစုရဲ့ ​ငွေထုပ်ကြီးကို မ​လျော့သွား​အောင် လုပ်​ပေးနိုင်ပါတယ်။"

Crd Sayar Ma Thae Wai Soe
Financial Knowledged Sharing

Khin Nwe Win
09-797043500, 09-401597373
[email protected]
Financial Services Consultant


28/11/2024

AIA Regional Health Passport

AIA နဲ့အတူ ငွေသားမလိုဝန်ဆောင်မှုနဲ့ ကမ္ဘာတစ်ဝန်းရှိ အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုလွယ်ကူစွာ ရရှိခံစားနိုင်ပါပြီ။

AIA Myanmar မှ Regional Health Passport ဝန်ဆောင်မှုနဲ့ အတူ ကျွန်တော်တို့ရဲ့ Member တွေက စင်ကာပူ၊ ထိုင်း၊ အမေရိကန်၊ ဥရောပ၊ ကနေဒါ နဲ့ ဩစတြေးလျ အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံအနှံ့ ကွန်ရက်ချိတ်ဆက်ထားတဲ့ ဆေးရုံပေါင်း ၆၈၀၀ ကျော်မှာ ဆေးကုသမှုခံယူနိုင်ပါတယ်။

AIA Regional Health Passport ဆိုတာ AIA က ပေးအပ်တဲ့ သီးသန့်ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး ကျွန်တော်တို့ရဲ့ ကျန်းမာရေးအလုံးစုံအာမခံ (One Health Solution) ဝယ်ယူထားတဲ့ Member တွေအတွက် ကမ္ဘာတစ်ဝန်း ရှိဆေးရုံများမှာ ကုန်ကျစရိတ်သက်သာစွာဖြင့် ငွေသားမလို အဆင့်မြင့်ဆေးကုသမှုကို ခံယူနိုင်မှာဖြစ်ပါတယ်။

ကျန်းမာရေးအလုံးစုံအာမခံ ပေါ်လစီရဲ့ တစ်ဦးချင်းနဲ့ ကော်ပိုရိတ်ပေါ်လစီ Member များအားလုံး ဒီဝန်ဆောင်မှုကိုရယူဖို့ အကျုံးဝင်ပါတယ်။

Crd Ma Thae Wai Soe
Financial Knowledge Sharing

အသေးစိတ်သိရှိလိုပါက

Khin Nwe Win
Financial Services Consultant
09-797043500, 09-401597373
AIA Life Insurance Myanmar

အသက်သေဆုံးမှုအတွက် အကျိုးခံစားခွင့်ရှိသူက ငွေလက်ခံရရှိပါပြီလို့ ကိုယ့်ကို အကြောင်းကြားလာတာကို ကိုယ်က ရင်ထဲမှာ လှပ်ခနဲ ဝမ...
21/08/2024

အသက်သေဆုံးမှုအတွက် အကျိုးခံစားခွင့်ရှိသူက ငွေလက်ခံရရှိပါပြီလို့ ကိုယ့်ကို အကြောင်းကြားလာတာကို ကိုယ်က ရင်ထဲမှာ လှပ်ခနဲ ဝမ်းနည်းပြီး မျက်ရည်ကျလာတယ်

ကျန်ခဲ့တဲ့ အမ အတွက် ဒီအရာက ချစ်ရသူနဲ့ ပတ်သက်ပြီးနောက်ဆုံးအပြီးသတ်ကိစ္စ ဖြစ်နေမလားလို့ တွေးနေမိတယ်

ချစ်ရသူ ဆုံးရှုံးလိုက်ခြင်းက တန်ဖိုးဖြတ် မရတဲ့ ဆုံးရှုံးမှုကြီးပါ

မိသားစုအတွက် ချစ်ခြင်းမေတ္တာကို ငွေကြေးအကာအကွယ်ရယူပြီး စီမံပေးနိုင်ခဲ့တဲ့ အကို နောက်ဆံငင်ခြင်း မရှိဘဲ ကောင်းရာ မွန်ရာ မှာ ရောက်ရှိပါစေလို့ ဆုတောင်းပေးနေပါတယ်။

Claim Department နဲ့အတူ ကျွန်မတို့ Finance Director, Financial Consultant ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
Crd Ma Thae

11/08/2024

ရင်မှဖြစ်သော ပန်းကလေးများ

ကလေးလေးတွေက မေမေတို့အတွက် အရိပ်တကြည့်ကြည့်နဲ့ ချစ်မဝဖြစ်ရတဲ့ ပန်းလေးတွေလိုပါဘဲ

ကလေးလေးတွေက အစားစားမယ်၊ အိပ်မယ်၊ဆော့ကစားမယ်၊ တီတီတာတာလေးတွေ ပြောမယ်၊ သူတို့လိုချင်တာ မရရင် စိတ်ကောက်မယ်၊ စိတ်ကောက်တောင်းလို့မှ မရရင် ဂျီကျ အော်ဟစ်သောင်းကြမ်းကြမယ်၊

ဒါတွေက မေမေတို့ ဖြတ်သန်းနေရတဲ့ နေ့စဥ်ဘဝပါဘဲ၊ မေမေတို့ ကလေးလေးတွေကို ပြုစုစောင့်ရှောက်ရင်း ပင်ပန်းရပေမယ့် သူတို့လေးတွေ ကျန်းကျန်းမာမာ ကြီးပြင်းလာရင်ကိုဘဲ ပီတိဖြစ်ရင်း ပင်ပန်းရတာတွေ မေ့သွားကြတာပါဘဲ

ကလေးလေးတွေက ပုံမှန် စားသောက် ဆော့ကစား လှုပ်ရှားနေရာကနေ အပြုအမူလေးတွေ ငြိမ်ကျသွားမယ်၊ မျက်နှာလေးတွေ နွမ်းသွားမယ်ဆိုရင်တော့ မေမေတို့က သူတို့ခံစားရတာတွေ အကုန်ပြန်မပြောတတ်တဲ့ ကလေးလေးတွေအတွက် ပူပန်ရတော့တာဘဲ၊

မေမေတွေက သူတို့သာ ဘယ်နေရာ ဘယ်လို ချွေတာလိုက်မယ်သာ ရှိမယ်၊ ရင်သွေးလေးတွေအပေါ် အကောင်းဆုံးဆိုတာတွေဘဲ ပေးချင်ကြတာပါ

ကျွန်မတို့ရဲ့ PGMF လုပ်ဖော်ကိုင်ဖက် ညီမလေးရဲ့ သမီးလေး ၃နှစ်ကျော် ကလေးလေးက

August 2023 မှာ သွေးလွန်တုပ်ကွေး ရင်ကြပ် ချောင်းဆိုးပြီး ဆေးရုံ ၅ ရက် တက်ရောက် ကုသမှုခံယူခဲ့ရပါတယ်။

ဒုတိယအကြိမ် May 2024 မှာ အူယောင်ပြီး ဆီးလမ်းကြောင်းပိုးဝင်လို့ ဆေးရုံ (3)ရက် တက်ရောက်ပြီး ကုသမှု ခံယူခဲ့ပါတယ်။

တတိယအကြိမ် June 2024 မှာ အူအတက်ယောင်လို့ ဆေးရုံ (5)ရက် တက်ရောက်ပြီး ခွဲစိတ်ကုသမှုခံယူခဲ့ပါတယ်။

မေမေ့အနေနဲ့ သမီးလေးမျက်နှာလေးနွမ်းပြီး နေထိုင်မကောင်းဖြစ်တဲ့အခါမှာ နယ်မြို့ဖြစ်တဲ့ မိတ္ထီလာမြို့မှာ ကလေးအထူးကုဆရာဝန်နဲ့ပြသရင်း ပုဂ္ဂလိက ဆေးရုံမှာ ကောင်းကောင်းမွန်မွန် အချိန်မှီ စမ်းသပ်၊စစ်ဆေး၊ကုသမှု ခံယူနိုင်အောင် စီစဥ်ပေးနိုင်ခဲ့ပါတယ်။

ဒီလိုအကောင်းဆုံးတွေ လုပ်ပေးနေတဲ့ မေမေက သမီးလေး နေထိုင်မကောင်းဖြစ်ခဲ့တဲ့ကာလတွေမှာ ကျွန်မတို့ PGMF အဖွဲ့စည်းက မြန်မာပြည်ကနေ ထွက်ခွာသွားပြီမို့ အလုပ်နားလိုက်ရပြီး ဝင်ငွေမရှိတဲ့ ကာလတွေပါဘဲ။

အခုလိုဝင်ငွေမရှိတဲ့ ကာလတွေမှာ သမီးလေး ကျန်းမာရေးအတွက် အကောင်းဆုံး စီစဥ်ပေးနိုင်ခဲ့တာက

ကျွန်မတို့အတွက် မှတ်မှတ်ရရဖြစ်ရတဲ့နေ့ 30 June 2023 (PGMF မြန်မာပြည်မှ ထွက်ခွာရက်) မှာ မေမေက သမီးလေးအတွက် One Health Solutions လို့ခေါ်တဲ့ အလုံးစုံကျန်းမာရေး အာမခံအမျိုးအစား တနှစ်လုံးကို ကျန်းမာရေးစရိတ် (75)သိန်းအထိ သုံးစွဲခွင့်ရှိတဲ့ Plan-2 ကို တနှစ်စာ ပရီမီယံကြေး (263,000)ကျပ် နဲ့ ဝယ်ယူစီစဥ်ထားခဲ့ပါတယ်။

သမီးလေးအတွက် ကျန်းမာရေးအသုံးစရိတ် စုစုပေါင်း 22သိန်းကျော်ကို အာမခံသက်တမ်း ပထမနှစ်အတွင်း AIA ထံမှ ပြန်ပြီး ထုတ်ယူသုံးစွဲနိုင်ခဲ့ပါတယ်။

ကျန်းမာရေးအာမခံသာ မဝယ်ထားဖြစ်ခဲ့ရင် စုဆောင်းထားတာတွေထဲကနေ သုံးစွဲလိုက်ရမှာပါ။

တခါတလေ ကျွန်မတို့တွေးဖြစ်ခဲ့ကြတယ်၊

တချို့အရာတွေ မဖြစ်လာနိုင်ပါဘူးလို့ အထူးသဖြင့် မိသားစုအတွက် မကောင်းဘူးလို့ ထင်တဲ့အရာတွေ၊ ပိုက်ဆံကုန်စေမယ့်အရာတွေပေါ့။

ဒါပေမယ့် မဖြစ်ချင်တိုင်းလည်း မကြုံချင်လို့ မရတဲ့အပေါ် ကိုယ့် မိသားစုအတွက် အသက်ညှာဆုံးဖြစ်မယ့်အရာတွေအပေါ် ကိုယ်တတ်နိုင်တဲ့အား နဲ့ အကောင်းဆုံးငွေကြေးစီမံကြရတာပါဘဲ။

အာမခံနှင့် ပတ်သက်၍
အသေးစိတ် ထပ်မံသိရှိလိုပါက
Daw Khin Nwe Win
09-797043500, 09-401597373
[email protected]
Financial Advisor


1️⃣ အသက်ရှင်သန်ဖို့အတွက် အာဟာရ မှီဝဲ ​နေရတဲ့အခါ2️⃣ ​အပူ၊အ​အေးဒဏ် နဲ့ လုံခြုံမှုအတွက် အဝတ်အထည်ဝတ်ဆင်​နေရတဲ့အခါ3️⃣ ​လေဒဏ်၊...
09/08/2024

1️⃣ အသက်ရှင်သန်ဖို့အတွက် အာဟာရ မှီဝဲ ​နေရတဲ့အခါ

2️⃣ ​အပူ၊အ​အေးဒဏ် နဲ့ လုံခြုံမှုအတွက် အဝတ်အထည်ဝတ်ဆင်​နေရတဲ့အခါ

3️⃣ ​လေဒဏ်၊မိုးဒဏ် နဲ့ လုံခြုံမှု ​နေစရာအကာအကွယ် ယူ​နေရတဲ့အခါ

4️⃣ အရွယ်မတိုင်မှီ သေမင်းနဲ့ အသက်လု စီးချင်းထိုးရတဲ့အခါ

5️⃣ ပညာအရာမှာ မနိမ့်ကျလိုတဲ့အခါ

6️⃣ လူ​တောထဲမှာ လူလို့သတ်မှတ်​စေလိုတဲ့အခါ

7️⃣ မရှိခိုးနိုး လို့ သံသယ အဝင် မခံလိုတဲ့အခါ

8️⃣​ ယုံကြည်မှု​တွေ ရစေလိုတဲ့အခါ

9️⃣ ဝင်​ငွေတိုးပွားလိုတဲ့အခါ

🔟 ကိုယ့်ထက်အားနည်းသူကို ကူညီ​ပေးလို့တဲ့အခါ

1️⃣1️⃣ လူ့​ဘောင်ဝတ္တရားအားလုံးကို တာဝန်​ကျေလိုတဲ့အခါ

1️⃣2️⃣ အရာရာမှာ လူတန်း​စေ့ ​နေ​လိုတဲ့အခါ

1️⃣3️⃣ အိုမင်း မစွမ်း​တော့တဲ့အခါ

1️⃣4️⃣ အခြားသူ​တွေကို ဝန်မပို​စေလိုတဲ့အခါ

1️⃣5️⃣ နှုတ်ဆက်ရမယ့်အချိန်မှာ ​နောက်ဆံငင်ခြင်း ကင်းလိုတဲ့အခါ

​စတဲ့ စတဲ့ "အခါ"​ပေါင်းများစွာက ​တောင်ထိပ်​ပေါ်က ကြာပန်း​တွေ အပြည့်၊ တေးသီကျုး​နေတဲ့ ငှက်​က​လေး​တွေနဲ့ သာယာလှတဲ့ ​ရေကန်ကြီး ဖြစ်ခဲ့မယ်ဆိုရင် ကြာကန်ကြီးကို ​အ​ရောက်သွားဖို့ လှမ်းတက်ရမယ့် ​လှေကားထစ် တစ်ထစ်ချင်းစီက​ ​ငွေ​ကြေးနဲ့ အလားသဏ္ဍန်တူပါတယ်။

​ငယ်ရွယ်တုန်း၊ ကျန်းမာတုန်း၊

✅️ ငွေ​ကြေးကို သမာအာဇီဝနည်းလမ်းဖြင့် ရှာ​ဖွေရင်း၊

✅တိုးပွား​အောင် ​ငွေ​ကြေးရင်းနှီးမြှပ်နှံမှု မလုပ်နိုင်ခဲ့ရင်​တောင် ​ရလာတဲ့ငွေကို စု​ဆောင်းတတ်တဲ့ အ​လေ့အကျင့်​ကောင်းကို ပျိုး​ထောင်ရင်း၊

✅️​ငွေ​ကြေးမဖြုန်းတီးမိ​စေဖို့ သတိပြုရင်း၊

✅အာမခံထားရှိခြင်းဖြင့် သက်ရှိ၊သက်မဲ့ ဆုံးရှုံးနိုင်ဖွယ်များအား ​ငွေ​ကြေးအကာအကွယ်ထားရှိရင်း၊

ဘဝခရီးကို ​လျှောက်လှမ်း​နေလျက်ပါခင်ဗျာ🙏

Crd Ma Thae Wai Soe
Financial Knowledge Sharing

အာမခံနှင့်ပါတ်သက်၍ အသေးစိတ်ဆွေးနွေးလိုပါက
Daw Khin Nwe Win
Financial Advisor
[email protected]
09-401597373
09-797043500

ရေအိုင်လောက် ကူးခပ်ပြီးကမ္ဘာကြီး ဘယ်လို လည်အောင် လှည့်ရကြောင်း ငါ့ကိုလာမပြောနဲ့ကျောထောက်နောက်ခံ မရှိတဲ့ကောင်ကူးခပ်နေတာ အ...
30/06/2024

ရေအိုင်လောက် ကူးခပ်ပြီး
ကမ္ဘာကြီး ဘယ်လို လည်အောင်
လှည့်ရကြောင်း ငါ့ကိုလာမပြောနဲ့

ကျောထောက်နောက်ခံ မရှိတဲ့ကောင်
ကူးခပ်နေတာ အိုင်မဟုတ်ဘူး
ပင်လယ်
မင်းထက်အသက်ရူကြပ်ဖူးတယ်။

လွန်ခဲ့တဲ့ 2023 June 30 အသဲကွဲတဲ့နေ့မျက်ရည်မကျနိုင်လောက်အောင် ဝမ်းနည်းရတဲ့မြင်ကွင်းဘယ်လိုအိပ် အိပ် အိပ်မပျော်နိုင်တဲ့ညတွ...
30/06/2024

လွန်ခဲ့တဲ့ 2023 June 30 အသဲကွဲတဲ့နေ့
မျက်ရည်မကျနိုင်လောက်အောင် ဝမ်းနည်းရတဲ့မြင်ကွင်း
ဘယ်လိုအိပ် အိပ် အိပ်မပျော်နိုင်တဲ့ညတွေနဲ့
စိတ်နဲ့လူနဲ့မကပ်ပဲ ကယောင်ကတမ်းတွေဖြစ်စေတဲ့နေ့
အခုထိ အသည်းကွဲလို့ကောင်းတုန်းပဲ
မု မအွန်နိုင်သေးဘူး💔💔💔💔💔

29/06/2024

အကြိုက်ချင်းတူသူတွေ Shake သွားလိုက်

1. မာလာရှမ်းကော၊ မာလာမောက်ချိုက် ထုံထုံစပ်စပ်လေး
2. အသားကင် ဆို ရဲပြီး ကျွတ်နေမှ မွှေးနေရော
3. ကြက်ကြော် ၊ အကြော်စုံ ပူပူလေး
4. အချိုရည်၊ ဝီစကီလေး၊ ဘီယာလေး၊ ဝိုင်လေး နဲ့မှ အမောပြေ
5. ဆေးလိပ် လေးဆို ရှိုက်လိုက်ရမှ၊ ကွမ်းလေးဆို မြုံ့နေရမှ

ဖော်ပြပါအချက်တွေထဲက ရာခိုင်နှုန်း များများ သင်လုပ်မိနေပြီဆိုရင်တော့

2025 ခုနှစ်မှာ New Case အဖြစ် ထပ်မံဖြစ်ပွားနိုင်တဲ့ကင်ဆာရောဂါလူနာရှင်အသစ်ဦးရေ (83,268) စာရင်းထဲမှာ သင်ပါဖို့ အခွင့်အလမ်းများနေပါပြီ။

ကင်ဆာရောဂါက ရုပ်ပိုင်းဆိုင်ရာ နာကျင်ခံစားရမှု ပြင်းထန်တဲ့အပြင် ဆေးကုသမှုစရိတ် အလွန်မြင့်မားတဲ့ ရောဂါအမျိုးအစားဖြစ်ပါတယ်။

ရောဂါဖြစ်ပွားစေတဲ့ အမူအကျင့်တွေကို တတ်နိုင်သမျှ လျှော့ချရင်း မတော်တဆ ဖြစ်ပွားတဲ့အခါ ငွေကြေးပူပင်မှု ကင်းဝေးစေဖို့အလွန်အင်မတန် စျေးသက်သာတဲ့ ကင်ဆာအာမခံအကာအကွယ် ရယူထားဖို့ တိုက်တွန်းပါရစေရှင်။

အသက် (30)အရွယ် အမျိုးသားတယောက်က အာမခံအကာအကွယ် သိန်းပေါင်း (1,000)အတွက် တနှစ်လုံးကိုမှ ပရီမီယံကြေး (125,000)ကျပ်သာ ကျသင့်ပါတယ်။

အာမခံနှင့် ပါတ်သက်၍
အသေးစိတ် ထပ်မံသိရှိလိုပါက
Khin Nwe Win

09-797043500,09-401597373
[email protected]
Financial Services Consultant

မင်္ဂလာပါရှင်ကျွန်မက​တော့ ကမ္ဘာ့အကြီးဆုံး အသက်အာမခံ ကုမ္ပဏီဖြစ်တဲ့ AIA Life Insurance Company မှာ Financial Services Con...
02/06/2024

မင်္ဂလာပါရှင်
ကျွန်မက​တော့ ကမ္ဘာ့အကြီးဆုံး အသက်အာမခံ ကုမ္ပဏီဖြစ်တဲ့ AIA Life Insurance Company မှာ Financial Services Consultant အဖြစ်လုပ်ကိုင်​နေသူ တစ်ဦးဖြစ်ပါတယ်။

မိတ်​ဆွေတို့ရဲ့ မိသားစု အနာဂတ်ဘဝကို အသက်အာမခံ ၊ ကျန်းမာ​ရေးအာမခံ အကာအကွယ်​နဲ့ ကူညီပေးရန် အဆင်သင့်ရှိ​နေပါပြီရှင်။

ကိုယ် နဲ့ကိုယ့် မိသားစုအနာဂတ်အတွက် ငွေကြေးနဲ့ ပတ်သက်လာရင် စိုးရိမ်ပူပန်မှုကင်းရအောင် အာမခံအကာအကွယ်ရယူထားနိုင်မှ ဘဝရဲ့ ​ခြေလှမ်းတိုင်းမှာ စိတ်အေးချမ်းရမှာပါ။​

Khin Nwe Win
Services Consultant
#09401597373/09797043500
[email protected]
Wai Soe's Team
Financial Services
Life Insurance Myanmar

Address

Magway

Telephone

+959401597373

Website

Alerts

Be the first to know and let us send you an email when Daw Khin Nwe Win - Financial Advisor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share