HSI HSENG GAD

HSI HSENG GAD ​စော​စော​ပြော​စော​စောသိအားလုံးအကျ?

26/01/2024

ဆီဆိုင်မြို့မှချစ်ခင်ရတဲ့
မိဘပြည်သူများ မိတ်​ဆွေများအားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနှင့်မိမိတို့နေအိမ်အသီးသီးမှာ
ငြိမ်းချမ်းစွာဖြင့်အမြန်ဆုံးပြန်လည်​
နေထိုင်နိုင်ကြပါ​စေခင်ဗျား

လပ်တိုင်-ပင်အွန်းကျေးရွာချင်းဆက်လမ်း ကျောက်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး ဆီဆိုင်    ဖေဖော်ဝါရီ  ၃ နယ်စပ်ရေးရာဝန...
03/02/2021

လပ်တိုင်-ပင်အွန်းကျေးရွာချင်းဆက်လမ်း ကျောက်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
ဆီဆိုင် ဖေဖော်ဝါရီ ၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာအုပ်စု အတွင်းရှိ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရေးနှင့် ဒေသထွက်ကုန်များ ဈေးကွက်သို့ အချိန်တို အတွင်း လွယ်ကူလျင်မြန်စွာ တင်ပို့ရောင်းချနိုင်ရေးတို့အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ်(၁၉၁.၆၄၇)သန်းဖြင့် တင်ဒါအောင်မြင်သည့် Golden Top Point ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် လပ်တိုင်-ပင်အွန်း ကျေးရွာချင်းဆက်လမ်း(၇/၀)မိုင်အနက် (၁/၄)မိုင် ကျောက်ချောခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်အဆင့်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် ကော်မတီဝင်များ၊ ဟိုပုံးမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောသန်းချစ်တို့က ဖေဖော်ဝါရီ ၃ ရက်နေ့တွင် လုပ်ငန်းအရည်အသွေးကောင်းမွန်မှုရှိ/မရှိကို မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းပြီးစီးပြီဖြစ်၍ ကျေးရွာ(၇)ရွာ၊ အိမ်ခြေ(၁၃၁၁)၊ လူဦးရေ (၆၁၅၈)ဦး ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူနေမှုဘဝများဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း သိရသည်။

ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ စားသောက်ရေးအဆင်ပြေစေရေးအတွက် နိုင်ငံတော်မှ ထောက်ပံ့သော ငွေကျပ် ၂ သောင်းအား ကျေး...
28/01/2021

ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ စားသောက်ရေးအဆင်ပြေစေရေးအတွက်
နိုင်ငံတော်မှ ထောက်ပံ့သော ငွေကျပ် ၂ သောင်းအား ကျေးရွာအရောက် ကွင်းဆင်းထောက်ပံ့ပေး
ဆီဆိုင် ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် Covid-19 ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားထပ်တိုး အိမ်ထောင်စုများ စားသောက်ရေးအဆင်ပြေစေရေးအတွက် နိုင်ငံတော်မှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂ သောင်းနှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိရာ ဇန်နဝါရီ ၂၈ ရက် နံနက် ၁၀ နာရီခန့်က နောင်ကျောကျေးရွာအုပ်စုနှင့် တောင်ရှေ့ကျေးရွာအုပ်စုတို့ရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ ထံသို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့သည်။
အိမ်တိုင်ရာအရောက်ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေနှင့် သက်ဆိုင်ရာအုပ်စုအုပ်ချုပ်ရေးမှူးတို့က နောင်ကျောကျေးရွာအုပ်စု၊ ကောင်ဝိန်းတန်ကျေးရွာရှိ ပုံမှန်ဝင်ငွေမရှိသည့် ထပ်တိုးအိမ်ထောင်စု(၂၀)စု၊ လူဦးရေ(၉၃)ဦးခန့်ကိုလည်းကောင်း၊ တောင်ရှေ့ကျေးရွာအုပ်စု၊ နောင်ထော်ကျေးရွာရှိ ပုံမှန်ဝင်ငွေမရှိသည့် ထပ်တိုးအိမ်ထောင်စု(၂၅)စု၊ လူဦးရေ(၁၃၀)ဦးခန့်ကိုလည်းကောင်း အိမ်တိုင်ရာအရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်အတွင်း ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၃)အုပ်စုရှိပြီး ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စု(၂၀၀၀)စုရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

တောင်ပေါ်ကျေးရွာသို့ ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်စေရေး ကွင်းဆင်းအသိပညာပေးဟောပြော ဆီဆိုင်   ဇန်နဝါရီ ၂၇ ကျေးလက်နေပ...
27/01/2021

တောင်ပေါ်ကျေးရွာသို့ ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်စေရေး ကွင်းဆင်းအသိပညာပေးဟောပြော
ဆီဆိုင် ဇန်နဝါရီ ၂၇
ကျေးလက်နေပြည်သူများ ဘိန်းစိုက်ပျိုးမှုပပျောက်စေရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ သိရှိနားလည်လာစေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားသံကျေးရွာအုပ်စု၊ ပချားကလိုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဇန်နဝါရီ ၂၇ နံနက် ၁၀ နာရီက ဘိန်းစိုက်ပျိုးမှုလျော့နည်းပပျောက်စေရေး ကွင်းဆင်းအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူ ဦးသိန်းဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန်၊ မြို့နယ်ဥပဒေအရာရှိ ဦးဇော်မျိုးစေး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်သူခိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ကြင်၊ မြို့နယ်လဝကဦးစီးဌာနမှူး ဦးအောင်ဆန်းဝင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးခွန်အောင်နိုင်၊ ဘန်းယဉ်တိုက်နယ်ဆရာဝန် ဒေါက်တာမျိုးသက်ဦးတို့က ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်မည့်လုပ်ငန်းစဉ်များအကြောင်း၊ Covid-19 ရောဂါကာကွယ်ရေး နည်းလမ်းများအကြောင်း၊ ပြည်သူများ သိသင့်သိထိုက်သည့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးနှင့် အန္တရာယ်များအကြောင်း၊ မူးယစ်ဆေးဝါးဆိုင်ရာဉပဒေအကြောင်းအရာများကိုလည်းကောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)လျှောက်ထားခြင်းဆိုင်ရာများကိုလည်းကောင်း၊ ဘိန်းအစားထိုးသီးနှံများ ပြောင်းလဲစိုက်ပျိုးရေးအကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား မှတ်ပုံတင်ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ပေးနေမှုအခြေအနေများကိုလည်းကောင်း၊ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အကြောင်းများကို လည်းကောင်း အသီးသီးအသိပညာပေးဟောပြောပြီး တက်ရောက်လာသော ဒေသခံပြည်သူများက ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။

ထမ်းဖုရားကျေးရွာသို့ ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် အဝတ်အထည်များလှူဒါန်းပေးဆီဆိုင်    ဇန်နဝါရီ ၂၆ကျေးလက်နေပြည်သူများ...
26/01/2021

ထမ်းဖုရားကျေးရွာသို့ ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် အဝတ်အထည်များလှူဒါန်းပေး
ဆီဆိုင် ဇန်နဝါရီ ၂၆
ကျေးလက်နေပြည်သူများ ကျန်းမာရေးဆိုင်ရာ အသိပညာဗဟိုသုတများ တိုးပွားလာစေရန် အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပင်စုံကျေးရွာအုပ်စုအတွင်းရှိ ထမ်းဖုရားကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်း ကွင်းပြင်တွင် ဇန်နဝါရီ ၂၆ ရက် နံနက် ၉ နာရီက ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် အဝတ်အထည်များ လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဒုံစေ့က အမှာစကား ပြောကြားပြီး နန်းဩကျေးလက်ကျန်းမာရေးဌာန၊ ဆရာမဒေါ်နန်းရွှေဥမှ တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်း၊ နှလုံး၊ ဆီးချို သွေးချိုရောဂါ၊ သွေးတိုးရောဂါအကြောင်းများကို အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါကျေးရွာရှိ ပြည်သူများအား အဝတ်အထည်များ ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဒုံစေ့ မတည်ရန်ပုံငွေနှင့် စေတနာအလှူရှင်များတို့ စုပေါင်း၍ သားသမီး(၆)ဦးရှိပြီး ဆင်းရဲနွမ်းပါးသော မိသားစုအတွက် နေအိမ်အသစ်တစ်လုံးဆောက်လုပ်လှူဒါန်းပေးခြင်း၊ ဆောင်၊ ခြင်ထောင်၊ အိပ်ရာခင်း၊ ခေါင်းအုံး (၃)စုံစီကိုလည်း ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံမှ လှူဒါန်းလာသည့် ဆန်အိတ်များကို ပရိယတ္တိစာသင်ကျောင်းတိုက်များသို့ဆက်ကပ်လှူဒါန်းပေးဆီဆိုင်  ဇန်နဝါရီ ၂၆ ...
26/01/2021

ကိုရီးယားနိုင်ငံမှ လှူဒါန်းလာသည့် ဆန်အိတ်များကို ပရိယတ္တိစာသင်ကျောင်းတိုက်များသို့
ဆက်ကပ်လှူဒါန်းပေး
ဆီဆိုင် ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့အတွင်းရှိ ပရိယတ္တိစာသင်ကျောင်းတိုက်များသို့ ကိုရီးယားနိုင်ငံမှ လှူဒါန်းလာသည့် ဆန်အိတ်များကို ဇန်နဝါရီ ၂၆ ရက် နံနက် ၉ နာရီခွဲက တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဆက်ကပ်လှူဒါန်းရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေနှင့် မြို့နယ်သာသနာရေးမှူး ဦးအောင်ဆန်းဝင်းတို့က မြကန်သာရပ်ကွက်အတွင်းရှိ ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ ဇ၀နာရာမပရိယတ္တိစာသင်ကျောင်းတိုက်ကြီးနှင့် ဟိုခဲရပ်ကွက်အတွင်းရှိ ဥတ္တရာရုံကျောင်းတိုက်တို့ အတွက် တစ်ကျောင်းလျှင် ဆန်(၈)အိတ်၊ အောင်ချမ်းသာရပ်ကွက်အတွင်းရှိ သာသနာလင်္ကာရကျောင်းတိုက်အတွက် ဆန်(၅)အိတ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့၌ ရှေးဦးသူနာပြုစုခြင်း(အခြေခံ)သင်တန်းဆင်းဆီဆိုင်   ဇန်နဝါရီ ၂၁ အရည်အချင်းပြည့်ဝသော မျိုးဆက်သစ်လူငယ်များဖြစ်ပ...
21/01/2021

ဆီဆိုင်မြို့၌ ရှေးဦးသူနာပြုစုခြင်း(အခြေခံ)သင်တန်းဆင်း
ဆီဆိုင် ဇန်နဝါရီ ၂၁
အရည်အချင်းပြည့်ဝသော မျိုးဆက်သစ်လူငယ်များဖြစ်ပေါ်လာစေရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဆီဆိုင်မြို့နယ်ကြက်ခြေနီအသင်းနှင့် ဆီဆိုင်မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးသူနာပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၂၁ ရက် နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရှေးဦးသူနာပြုစုခြင်း(အခြေခံ)သင်တန်းသား/သူများမှ ကြက်ခြေနီသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ၊ မြို့နယ်ကြက်ခြေနီအသင်းနာယက ဦးသိန်းဇော်မှ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဉက္ကဋ္ဌ ဦးချိုတူးမောင်က အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမျိုးမင်းဆွေမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စစ်ရေးပြဆု၊ စာပေဆု၊ စံပြကျောင်းသား/သူဆု၊ အခြေခံစစ်ရေးဘာသာရပ်တွင် စစ်မိန့်သံပီသမှုဆုနှင့် တက်ကြွစွာ လုပ်ဆောင်နိုင်မှု စသည့် ထူးချွနဆုရရှိသော သင်တန်းသား/သူ များအား တာဝန်ရှိသူများက ဆုများအသီးအသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါသင်တန်းကို ဆီဆိုင်မြို့ပေါ်(၆)ရပ်ကွက်နှင့် နောင်ကျောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၄)ရွာမှ သင်တန်းသား(၁၂)ဦး၊ သင်တန်းသူ(၃၆)ဦးတက်ရောက်ပြီး သင်တန်းနည်းပြ(၇)ဦး တို့က ကြက်ခြေနီအကြောင်း သိကောင်းစရာနှင့် အခြေခံမူ(၇)ချက်၊ လူနာစမ်းစစ်ခြင်း၊ အပူလောင်ခြင်း၊ သဘာဝဘေးအန္တရာယ်ကာကွယ်ခြင်းနှင့် တုံ့ပြန်ခြင်း၊ ဦးစားပေးလူနာ ရွေးချယ်ခြင်း၊ ဒဏ်ရာများနှင့် သွေးယိုစီးခြင်း၊ အရိုးကျိုးခြင်း၊ အရိုးအဆစ်ကြွက်သားဒဏ်ရာ၊ သွေးဆုတ်သွေးလန့်ရှော့ဖြစ်ခြင်း၊ အခြေခံအသက်ကယ်အထောက်အကူပြုနည်း၊ သတိလစ်ခြင်း၊ အဆိပ်သင့်ခြင်း၊ ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ၊ တီဘီရောဂါ၊ ဆေးထည့်ပတ္တီးစည်းနည်း၊ ရေကောင်းရေသန့်နှင့် ဝမ်းပျက်ဝမ်းလျှော၊ တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ HIV နှင့် AIDS ရောဂါ၊ ဆို့နစ်ခြင်း၊ ဦးခေါင်းနှင့်ကျောရိုးတန်မကြီးဒဏ်ရာ၊ မူးမေ့ခြင်း၊ သတ္တဝါများတုပ်ခြင်း ကိုက်ခြင်း၊ အထွေထွေဗဟုသုတ၊ စစ်ရေးပြခြင်း၊ စာတွေ့စစ်ဆေးခြင်း စသည့်ဘာသာရပ်များကို သင်တန်းကာလ(၆)ရက်ဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ ကြောင်း သိရသည်။

21/01/2021

ဆီဆိုင်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်မည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး
ဆီဆိုင် ဇန်နဝါရီ ၂၁

20/01/2021

အိန္ဒိယက ကိုဗစ်ကာကွယ်ဆေးကို မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံတွေအတွက် ယနေ့ စတင်
ပို့​ဆောင်ပါသည်
crd Tin Maung Hlaing

19/01/2021

ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ
စတင်တော့မည်ဖြစ်သည့်အတွက်
အကောင်းဆုံးစိတ်အချရဆုံး
လူကို​ရွေးချယ်ဖို့နဲ့ လူရွေးမမှားစေဖို့
ယခုvideo လေးကိုကြည့်ကြပါစို့

Equipping Youth For Employment Project-EYE အစီအစဉ်အရ စာသင်ကျောင်းဆောင်နှင့် အိပ်ဆောင်ဆောက်လုပ်ဆီဆိုင်  ဇန်နဝါရီ ၁၄ ပညာရေ...
14/01/2021

Equipping Youth For Employment Project-EYE အစီအစဉ်အရ
စာသင်ကျောင်းဆောင်နှင့် အိပ်ဆောင်ဆောက်လုပ်
ဆီဆိုင် ဇန်နဝါရီ ၁၄
ပညာရေးဝန်ကြီးဌာနနှင့် Asian Development Bank-ADB တို့ ပူးပေါင်း၍ လူငယ်များ အလုပ်အကိုင်ရရှိရေးအတွက် လေ့ကျင့်ပြုစုမွေးထုတ်ရေးစီမံကိန်း (Equipping Youth For Employment Project-EYE)အရ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ တဘက်ကျေးရွာအုပ်စု၊ ပန်ကန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် စာသင်ကျောင်းဆောင်နှင့် ကျောင်းသား/သူများအိပ်ဆောင် ဆောက်လုပ်လျက်ရှိရာ ဇန်နဝါရီ ၁၄ ရက် နံနက် ၁၁ နာရီက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်အဆင့်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးဘဆန်းလှနှင့် အဖွဲ့ဝင်များ၊ ပန်ကန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကော်ခမ်းတို့က EYE Project အစီအစဉ်အရ စုစုပေါင်းကုန်ကျငွေကျပ်(၅၆၀.၄၄၆)သန်းဖြင့် ရတီပြည့်လျှံဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်လျှက်ရှိသည့် အလျား ၁၅၀ ပေ၊ အနံ ၆၀ ပေရှိ စာသင်ခန်း ၄ ခန်း၊ နားနေခန်း ၁ ခန်း၊ စာကြည့်တိုက် ၁ ခန်းနှင့် သိပ္ပံခန်း ၁ ခန်းပါရှိသော စာသင်ကျောင်းဆောင်နှင့် အလျားပေ ၂၀၀၊ အနံ ၉၉ ပေရှိ ဧည့်ခန်း၊ အဆောင်မှူးခန်း၊ ထမင်းစားခန်း၊ မီးဖိုခန်း၊ ရေချိုးခန်း၊ အိမ်သာ၊ မသန်စွမ်းရေချိုးခန်း အိမ်သာ(၁)လုံးနှင့် အိပ်ခန်းများပါရှိပြီး ကျောင်းသား(၃၂)ဦးနှင့် ကျောင်းသူ(၃၂)ဦး (ကျား/မ)သီးသန့်စီ ထားနိုင်သော အိပ်ဆောင်တို့ ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

Address

Hsi-hseng

Website

Alerts

Be the first to know and let us send you an email when HSI HSENG GAD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HSI HSENG GAD:

Share