GrowPro - F&B Operations & Business Consultant

Call Contact the business

GrowPro - F&B Operations & Business Consultant Helping restaurant & F&B owners maximize profit through Recipe Costing, P&L Automation, and Operations Systems across Myanmar & Thailand.

အောင်မြင်တဲ့စားသောက်ဆိုင်ဖြစ်ဖို့ အောက်ပါ အကြောင်းအချက်တွေနဲ့ပြည့်စုံမှုရှိနေရပါမယ်။ 1) Type of Restaurantစားသောက်ဆိုင် ...
15/12/2024

အောင်မြင်တဲ့စားသောက်ဆိုင်ဖြစ်ဖို့ အောက်ပါ အကြောင်းအချက်တွေနဲ့ပြည့်စုံမှုရှိနေရပါမယ်။
1) Type of Restaurant
စားသောက်ဆိုင် အမျိုးကွဲတွေထဲကမှ ကိုယ်က ဘယ်လိုစားသောက်ဆိုင်အမျိုးအစားကိုဖွင့်မှာလည်း ဆိုတာသိရမှာပါ။
2) Menu Style
ကိုယ်ရောင်းလိုတဲ့ စားသောက်ဆိုင် အမျိုးအစားနဲ့ လိုက်လျောညီထွေဖြစ်မယ့် ဟင်းပွဲအမျိုးအစားတွေ မီနူးထဲမှာထည့်ပြီးပြင်ရပါမယ်။
3) Suitable Location
ဆိုင်ရဲ့ နေရာအချက်အချာကျခြင်းဟာလည်း အင်မတန်မှ အရေးကြီးပါတယ်။
4) Good Taste
ကိုယ့်ဆိုင်ရဲ့ ဟင်းပွဲဟာ လက်ရာကောင်းမွန်ရမယ်။
5) Fast Food and Drinks
အစားအသောက်တွေ မြန်မြန်ဆန်ဆန်ချက်ပြုတ်နိုင်ရမယ်။
6) Good Service
ဝန်ဆောင်မှုတွေ ကောင်းနေရမယ်။ (ဆိုင်ထဲ စားသုံးသူဝင်လာချိန်/ သုံးဆောင်နေချိန်/ ပြန်သွားချိန်)
7) Good Hygiene
ကျန်းမာရေးအတွက် သန့်ရှင်းသပ်ရပ်နေရမယ်။ ( ဆိုင်အတွင်း၊အပြင်/ ဝန်ထမ်း/ အစားအစာ)
8) Best Price
မိမိပတ်ဝန်းကျင် အမျိုးအစားတူစားသောက်ဆိုင်တွေနဲ့ ယှဉ်ရင် ဈေးနှူန်းသက်စေရမယ်
9) Marketing (Formal Marketing/Digital Marketing)
မိမိရဲ့ စားသောက်ဆိုင်ရှင်သန်ရပ်တည်နိုင်အောင် နဲ့ အမြတ်အစွန်း အတွက် အမြဲတမ်းစျေးကွက်ရှာဖွေနေရမယ်။



ရွှေရောင်မင်္ဂလာနှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ......။
01/01/2024

ရွှေရောင်မင်္ဂလာနှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ......။


29/12/2023

⛵️ထားဝယ်စားသောက်ဆိုင်စီးပွားရေးလောကမှာ ဆိုင်တွေဖွင့်တာများလာပြီး ပြိုင်ဆိုင်မှုတွေ အပြင်းထန်ဆုံးဖြစ်လို့လာခဲ့ပါပြီ။

🍝အခြေခံအကျဆုံး ဟင်းတစ်ပွဲရဲ့ အမှန်တစ်ကယ် ကုန်ကျစရိတ်နဲ့ ရောင်းဈေးတွေကိုမှ စနစ်တကျတွက်ချက် မပြင်ဆင်ထားသေးဘူးဆိုရင် သင့်စီးပွားရေး အရှုံးနဲ့ ရင်ဆိုင်ရဖို့သေချာနေပါပြီ။

🏪စားသောက်ဆိုင်ပိုင်ရှင်ကြီးများ စိတ်ချမ်းသာရေးနှင့် အမြတ်ငွေတိုးပွားရေးအတွက် Grow Pro မှ စနစ်အကျဆုံး တာဝန်ယူဆောင်ရွက်ပေးနေပါပြီ။

၁) လစဉ်အရှုံးအမြတ်စာရင်းရေးဆွဲပေးခြင်း။

၂) ဟင်းတစ်ပွဲခြင်းစီ၏ အမှန်တစ်ကယ်ကုန်ကျစရိတ်ကို ရှာဖွေသတ်မှတ်ပေးခြင်း။

၃) ဟင်းတစ်ပွဲခြင်းစီ၏ ရောင်းဈေးသတ်မှတ်ပေးခြင်း။

၄) ငွေကြေးသုံးစွဲမှု အစီအစဉ်များပြန်လည်ချမှတ်ဆောင်ရွက်ပေးခြင်း။

၅) စားသောက်ဆိုင်လည်ပတ်ပုံကိုစနစ်တကျစီမံခန့်ခွဲပေးခြင်း။

၆) အသုံးစရိတ်ကို စနစ်တကျလျော့ချပေးခြင်းဖြင့် ဝင်ငွေပိုမိုတိုးတက်အောင်စီမံပေးခြင်း။

၇) စားသောက်ဆိုင် အသုံးစရိတ်များကို ခွဲခြမ်းစိတ်ဖြာစီမံပေးခြင်း။

၈) စရင်းဇယားများကို စနစ်တကျတည်ဆောက်ပေးခြင်း။

၉) ဝန်ထမ်းများအား စားသောက်ဆိုင်ငွေကြေးစီမံခန့်ခွဲမှုသင်တန်းပေးခြင်း။

၁၀) Menu Design နှင့် ဈေးနှုန်း ရေးဆွဲသတ်မှတ်ပေးခြင်း တို့ကို Grow Pro – Financial Consultant For Restaurant Business မှစနစ်အကျဆုံး တာဝန်ယူဆောင်ရွက်ပေးနေပါပြီ။

💓Special Discount အနေဖြင့် 💓

ပထမဦးဆုံးအပ်နှံသူ လုပ်ငန်းရှင်ကြီး (၃) ဦးအတွက် (၅၀) ရာခိုင်နှုန်း လျှော့ဈေးဖြင့် လက်ခံဆောင်ရွက်ပေးပါမည်။

အမြတ်ငွေတိုးပွား စိတ်ချမ်းသာမှာ Grow Pro ကိုသာဆက်သွယ်ပါ။

☎️ အသေးစိတ်သိရှိလိုပါက - 09429331109 သို့ဖုန်းဆက်မေးမြန်းနိုင်သလို

Messenger ကနေလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။



Helping restaurant & F&B owners maximize profit through Recipe Costing, P&L Automation, and Operations Systems across Myanmar & Thailand.

သင်ဟာစီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဒါမှမဟုတ် စီးပွားရေးလောကကို စတင်ဝင်ရောက်တော့မယ်ဆိုရင် မဖြစ်မနေသိကိုသိထားရမယ့် အကြောင...
20/12/2023

သင်ဟာစီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဒါမှမဟုတ် စီးပွားရေးလောကကို စတင်ဝင်ရောက်တော့မယ်ဆိုရင် မဖြစ်မနေသိကိုသိထားရမယ့် အကြောင်းအရာဖြစ်ပါတယ်။
စီးပွားရေးတစ်ခုလုပ်တယ်ဆိုတာဟာ ကျွန်တော်တို့ရဲ့ ဘဝတွေ၊ အချိန်တွေ၊ ငွေကြေးတွေထည့်ဝင်ရင်းနှီးထားရတာပါ။
အရင်းအနှီးကြီးပါတယ်။ အဲ့လိုကြီးမားတဲ့ အရင်းအနှီးတွေ မဆုံးရှုံးရလေအောင် လေ့လာထားတဲ့ အတတ်ပညာတွေ၊ အတတ်ပညာနဲ့ ဆက်နွယ်တဲ့ ပတ်ဝန်းကျင်တွေမှာ
ရင်းနှီးမြုပ်နှံ့ကြပါတယ်။ အဲ့ဒီရင်းနှီးမြုပ်နှံ့မှုတွေအပေါ်မှာ စီမံခန့်ခွဲမှုတွေ ပြုလုပ်ရပါတယ်။ စီမံခန့်ခွဲမှုတွေဟာလည်း အရေးပါလာပါတယ်။
ဟုတ်ပြီ... ကျွန်တော်တို့က ဘာတွေကို စီမံခန့်ခွဲရမှာပါလည်း....။ ကျွန်တော်တို့လေ့လာထားတဲ့ အသိပညာ၊ အတတ်ပညာ Intelligence Quotient (IQ) ပေါ်မှာ စီမံရမယ်။
အသိပညာ အတတ်ပညာတွေကို ၊ ဥာဏ်ပညာဖြစ်အောင် နှလုံးသွင်းထားတဲ့ နှလုံးရည်စွမ်းရည် Emotional Quotient (EQ) တွေပေါ်မှာ စီမံရမယ်။
IQ နဲ့ EQ ကိုအသုံးချပြီး စီးပွားရေးလောကမှာ ရင်းနှီးမြုပ်နှံ့ ခဲ့ကြ၊ စီမံခန့်ခွဲခဲ့ကြပေမယ့်။
စီးပွားရေးလောကမှာ တတိယမြောက်အရေးကြီးလှတဲ့ Political Quotient (PQ) နိုင်ငံရေးစွမ်းရည်
(နိုင်ငံရေးဟာ ကိုယ့်ရဲ့ စီးပွားရေးပေါ် အကျိုးသက်ရောက်လာနိုင်မှုကို အကဲဖြတ်နိုင်စွမ်း) လည်းရှိဖို့ အရေးကြီးလှပါတယ်။
ထားဝယ်မြို့ပေါ်မှာ ရပ်တန့်သွားတဲ့ ခရီးသွားလုပ်ငန်းတွေ၊ ဧည့်သည်မရှိတဲ့ မိုးမျှော် ဟိုတယ်၊ ဧည့်ရိပ်သာတွေကို ကြည့်ရင်ဖြစ် ဒီအချက်ကသိသာနိုင်ပါတယ်။
အချုပ်အားဖြင့် ပြောရမယ်ဆိုရင်ဖြင့် IQ+EQ+PQ သုံးခုလုံးကို ဥာဏ်ပညာအသိအဖြစ်ရှိမှ Management Quotient (MQ) စီမံခန့်ခွဲမှု ဟာပြည့်စုံပြီးမြောက်မှာဖြစ်ပါတယ်။
IQ+EQ+PQ=MQ ရယ်လို့ မှတ်သားနားလည်ပြီး အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ဖြစ်နိုင်ကြပါစေ။

31/12/2021

Hello

Address

Yae Street
Dawei
14011

Telephone

+959429331109

Website

Alerts

Be the first to know and let us send you an email when GrowPro - F&B Operations & Business Consultant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GrowPro - F&B Operations & Business Consultant:

Shortcuts

Share