Living Yangon ဆောက်လုပ်ရေး နှင့် အိမ်ခြံမြေ ကုမ္ပဏီ

  • Home
  • Myanmar
  • Dagon
  • Living Yangon ဆောက်လုပ်ရေး နှင့် အိမ်ခြံမြေ ကုမ္ပဏီ

Living Yangon ဆောက်လုပ်ရေး နှင့် အိမ်ခြံမြေ ကုမ္ပဏီ LivingYangon ဆောက်လုပ်ရေး
095071087 - 09785071087 - 09425282282

မြောက်ဒဂုံမြို့နယ် ၊ ၄၄ရပ်ကွက်၊ ဘုရင့်နောင်လမ်းမပေါ်ရှိ တာဝန်ယူ ဆောက်လုပ်ပေးနေသော ဓာတ်လှေကားပါ ၅ထပ်ခွဲ အဆောက်အဦး​၏ ပြီးစ...
26/11/2025

မြောက်ဒဂုံမြို့နယ် ၊ ၄၄ရပ်ကွက်၊ ဘုရင့်နောင်လမ်းမပေါ်ရှိ တာဝန်ယူ ဆောက်လုပ်ပေးနေသော ဓာတ်လှေကားပါ ၅ထပ်ခွဲ အဆောက်အဦး​၏ ပြီးစီးမှုမှတ်တမ်း
👉ကျွန်မတို့ Living Yangon ဆောက်လုပ်ရေးကုမ္ပဏီမှ အကြမ်းထည်မှစပြီး ရေ၊ မီး၊ ဆေး interiorအထိ အစအဆုံးတာဝန်ယူဆောက်လုပ်ပေးထားပါသည်

ဗုဒ္ဓနည်းဖြင့် စီမံခန့်ခွဲခြင်း (၁)_____________________သမားရိုးကျ စီမံခန့်ခွဲမှုကို ဗုဒ္ဓနည်းဖြင့် ပြန်လည်အသက်သွင်းခြင်...
26/11/2025

ဗုဒ္ဓနည်းဖြင့် စီမံခန့်ခွဲခြင်း (၁)
_____________________
သမားရိုးကျ စီမံခန့်ခွဲမှုကို ဗုဒ္ဓနည်းဖြင့် ပြန်လည်အသက်သွင်းခြင်း
​_____________________

I. နိဒါန်း (Introduction)

သင့်လုပ်ငန်းခွင်ကို တည်ငြိမ်နေတယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ "အသက်မပါတော့သလို" ခံစားနေရပါသလား?

တကယ်​တော့ ယနေ့ခေတ် လုပ်ငန်းခွင်အများစုဟာ သမားရိုးကျ စီမံခန့်ခွဲမှု (Traditional Management) ဘောင်အတွင်း စက်ရုပ်ဆန်ဆန် လည်ပတ်နေကြပါတယ်။ စည်းမျဉ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ ပြည့်စုံနေပေမယ့် လူတွေကတော့ မပျော်ရွှင်ကြပါဘူး။

အထူးသဖြင့် ဖန်တီးနိုင်စွမ်းနဲ့ လွတ်လပ်မှုကို မြတ်နိုးတဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် အထက်-အောက် အမိန့်ပေးစနစ် (Hierarchy) တွေဟာ မွန်းကျပ်စရာ ဖြစ်လာနေပါတယ်။

ဒီလို အခြေအနေမျိုးမှာ ကျွန်တော်တို့ လိုအပ်နေတာက စနစ်ဟောင်းကို ဖြိုဖျက်လိုက်ဖို့ မဟုတ်ပါဘူး။ စနစ်ဟောင်းကို "ဝိညာဉ်" ပြန်ထည့်ပေးဖို့ပါ။ ဒီနေရာမှာ ဗုဒ္ဓရဲ့ဒဿနတွေက အကောင်းဆုံး အဖြေတစ်ခု ဖြစ်လာပါတယ်။ သတိ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ နဲ့ အကြောင်းအကျိုး ဆင်ခြင်ခြင်းဆိုတာဟာ ဘာသာရေး သက်သက်မဟုတ်ဘဲ၊ ခေတ်မီ စီမံခန့်ခွဲမှုရဲ့ အနုပညာ လက်နက်ကောင်းတွေ ဖြစ်ပါတယ်။

ဒီဆောင်းပါးမှာ သမားရိုးကျ စီမံခန့်ခွဲမှုစနစ်ရဲ့ မာကျောမှုတွေကို ဗုဒ္ဓနည်းလမ်းများဖြင့် ဘယ်လိုပျော့ပျောင်းသက်ဝင်လာအောင် လုပ်မလဲ၊ လုပ်ငန်းခွင်ကို ပိုပြီး လူသားဆန်အောင် ဘယ်လို ပြန်လည်အသက်သွင်းမလဲ ဆိုတာကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
​.

II. သမားရိုးကျ စီမံခန့်ခွဲမှု၏ အားသာချက်နှင့် အားနည်းချက်များ

၁။ အားသာချက်များ:

• ​တိကျခိုင်မာမှု: ဘယ်သူက ဘာလုပ်ရမယ် (Roles)၊ ဘယ်လိုလုပ်ရမယ် (Process) ဆိုတာ တိကျပါတယ်။

• ​ထိရောက်မှု: အစီအစဉ်ချခြင်း (Planning) နဲ့ ထိန်းချုပ်ခြင်း (Control) တွေကြောင့် အလုပ်တွေက မြန်ဆန်ပြီး ရလဒ်ထွက်ပါတယ်။

• ​ဆုံးဖြတ်ချက်: Data နဲ့ အချက်အလက်ပေါ်မူတည်ပြီး ဆုံးဖြတ်ရတာ လွယ်ကူပါတယ်။

၂။ အားနည်းချက်များ:

• ​စိတ်ခံစားချက် ကင်းမဲ့ခြင်း: လူသားတွေရဲ့ "စိတ်" ကို မေ့ထားတတ်တယ်။ "အလုပ်ပြီးရင် ပြီးရော" ဆိုတဲ့ ပုံစံကြောင့် လူသားဆန်မှု (Human touch) ပျောက်ဆုံးတတ်ပါတယ်။

• ​မျိုးဆက်သစ်များနှင့် အဆင်မပြေခြင်း: Gen Z လို Digital Team တွေက အမိန့်ပေး စီမံတာထက်နားလည်မှုကို ပိုလိုချင်ကြပါတယ်။

• ​Burnout ဖြစ်လွယ်ခြင်း: စိတ်ဖိစီးမှုတွေကိုလျစ်လျူရှုမိလို့ ဝန်ထမ်းတွေ ရေရှည်မှာ အလုပ်ထွက်ချင်စိတ် ပေါက်လာစေတယ်။
​.

III. ဗုဒ္ဓနည်းဖြင့် စီမံခန့်ခွဲခြင်း၏ အခြေခံသဘောတရားများ

ဗုဒ္ဓရဲ့ တရားတော်တွေထဲက လုပ်ငန်းခွင်နဲ့ အံဝင်ခွင်ကျဖြစ်မယ့် အချက် (၅) ချက်ကို ထုတ်နုတ်ကြည့်ရအောင်။

• ​အကြောင်းအကျိုး ဆက်နွယ်မှုကို မြင်ခြင်း (Cause & Effect): ပြဿနာတစ်ခုဖြစ်ရင် ဘယ်သူ့ကြောင့်လဲဆိုတာထက် "ဘာအကြောင်းကြောင့် ဖြစ်ရတာလဲ" ဆိုတဲ့ Root Cause ကို ရှာဖွေခြင်းပါ။

ဥပမာ- ဝန်ထမ်းတစ်ဦး အလုပ်နောက်ကျမှုများနေရင် အပြစ်တင်ရုံနဲ့ မပြီးဘဲ သူ့မှာ မိသားစုပြဿနာလား၊ ကျန်းမာရေးပြဿနာလား ဆိုတာ နားလည်အောင် ကြိုးစားခြင်းဟာ ဒီသဘောတရားကို အသုံးချခြင်းပဲ ဖြစ်ပါတယ်။

• ​မေတ္တာထားခြင်း (Loving-kindness): ခေါင်းဆောင်မှုမှာ မေတ္တာထည့်သုံးတာပါ။ ​ခေါင်း​​ဆောင်ဟာ ဝန်ထမ်းတွေကို အလိုလိုက်တာ မဟုတ်ဘဲ သူတို့ရဲ့အခက်အခဲကို နားလည်ပေးပြီး ​ကောင်းကျိုးလိုလား​သောစိတ်ဖြင့်ကူညီ​ပေးဖို့လိုပါတယ်။ ဒီလိုစိတ်မျိုးဟာ အဖွဲ့အစည်းအတွင်း ယုံကြည်မှုကို တည်ဆောက်ပေးပြီး လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်စေပါတယ်။

• ​အတ္တလျှော့ချခြင်း (Egoless Leadership): ခေါင်းဆောင်တိုင်း မင်းမူချင်တဲ့စိတ် (Ego) ရှိကြပါတယ်။ "ငါ့အမိန့်၊ ငါ့ရာထူး" ဆိုတဲ့ မာန်မာနကို လျှော့ချလိုက်ရင် အဖွဲ့အစည်းထဲမှာ သဟဇာတပိုဖြစ်လာပြီး ပဋိပက္ခတွေ အလိုလို နည်းသွားတတ်ပါတယ်။

• ​သတိ (Mindfulness): သတိ ဆိုတာ ပစ္စုပ္ပန်အချိန်မှာ ဘာဖြစ်နေလဲဆိုတာကို သိနေခြင်းပါ။ သတိနဲ့ ​ပြောဆို၊ သတိနဲ့ နား​ထောင်၊ သတိနဲ့တုန့်ပြန်ရင် ဆုံးဖြတ်ချက် မှားယွင်းမှုကို အများကြီး လျှော့ချပေးပါတယ်။

• ​မှန်ကန်သော စကားနှင့် လုပ်ရပ် (Right Speech / Right Action): လုပ်ငန်းခွင်မှာ မှန်ကန်ပြီး အကျိုးရှိတဲ့ စကားပြောရပါမယ်။ မှန်ကန်တဲ့လုပ်ရပ် ဆိုတာက​တော့ ကျိုးကြောင်းဆီလျော်ပြီး ကျင့်ဝတ်နဲ့ညီသော ဆုံးဖြတ်ချက်တွေကို ဆိုလိုပါတယ်။

IV. သမားရိုးကျ စီမံခန့်ခွဲပုံများကို ဗုဒ္ဓနည်းဖြင့် ဘယ်လိုအသက်သွင်းနိုင်သလဲ?

လက်တွေ့ လုပ်ငန်းခွင်မှာ ဒီနှစ်ခုကို ဘယ်လို ပေါင်းစပ်မလဲ ကြည့်ကြပါစို့။

၁။ အစည်းအဝေးနှင့် ဆက်သွယ်ရေး (Meetings & Communication)

• ​သမားရိုးကျပုံစံ: ခေါင်းဆောင်ကပဲပြောပြီး တစ်ဖက်သတ် အမိန့်တွေကိုချ၊ ကျန်တဲ့လူတွေက နားထောင်ရတဲ့ (One-way command) ပုံစံ။

• ​ဗုဒ္ဓနည်း:
• ​Mindful Meetings: အစည်းအဝေးမစခင် မိနစ်အနည်းငယ်ခန့် ငြိမ်သက်ပြီး စိတ်ကို တည်ငြိမ်အောင်ထားပါ။ (ဒါက အာရုံစူးစိုက်မှုကို ကောင်းစေပါတယ်)။

• ​Active Listening: သူများပြောနေရင် ကြားဖြတ်မပြောဘဲ၊ သူပြောချင်တဲ့ အနှစ်သာရကို အာရုံစိုက်နားထောင်ပေးပါ။

• ​Right Speech: ဝေဖန်စရာရှိရင်တောင် "မှန်ကန်ရမယ်၊ အကျိုးရှိရမယ်၊ နားထောင်ရသူအတွက် လက်ခံနိုင်လောက်တဲ့ အချိန်ဖြစ်ရမယ်" ဆိုတဲ့ မူကို သုံးပါ။

၂။ အဖွဲ့ စီမံခန့်ခွဲမှု (Team Management)

• သမားရိုးကျပုံစံ: အလုပ်တာဝန်နဲ့ ရာထူးတွေကိုသာ အလေးပေးပြီး လူတစ်ဦးချင်းစီရဲ့ ခံစားချက်နဲ့ ဖွံ့ဖြိုးမှုကို လျစ်လျူရှုထားတတ်ပါတယ်။

• ဗုဒ္ဓနည်း:
• ​Mentoring (သင်ပြလိုစိတ်): ခေါင်းဆောင်တိုင်းမှာ သင်ပြပေးလိုစိတ်ရှိရပါမယ်။ အသင်းသားတစ်ဦး အမှားလုပ်မိပြီဆိုရင် ချက်ချင်းအပြစ်ရှာမယ့်အစား "ဒီအမှားကနေ ငါတို့ ဘာသင်ယူနိုင်မလဲ" ဆိုတဲ့ မေးခွန်းကို အတူတူဆွေးနွေးပါ။

• ​Non-harm (Ahimsa): ပဋိပက္ခဖြစ်ရင် တစ်ဖက်သားကို အရှက်ကွဲအောင် မလုပ်ဘဲ ဖြေရှင်းပါ။

၃။ စွမ်းဆောင်ရည် သုံးသပ်ခြင်း (Performance Evaluation)

• သမားရိုးကျပုံစံ: KPI ဆိုတဲ့ ကိန်းဂဏန်းတွေကိုသာ အဓိကထားအကဲဖြတ်ပါတယ်။ ရလဒ်ကောင်းရင် ဆုချီးမြှင့်၊ ဆိုးရင် အပြစ်​ပေးတာမျိုးပါ။

• ​ဗုဒ္ဓနည်း:
• KPI ကို ဖျက်လိုက်ခြင်းမဟုတ်ပါ။ ဒါပေမဲ့ရလဒ်တစ်ခုတည်းကိုကြည့်မယ့်အစား ရလဒ်ရဖို့အတွက် ကြိုးစားမှု (Effort) နဲ့ အပြုအမူပိုင်း အရည်အသွေး (Behavioral Quality) တို့ကိုပါ ထည့်သွင်းစဉ်းစားပါ။

• ​Feedback ပေးတဲ့အခါ အပြစ်တင်တာထက် Growth Perspective (တိုးတက်ရေး) ဘက်ကနေ ထောက်ပြပါ။

၄။ စိတ်ဖိစီးမှု စီမံခန့်ခွဲခြင်း (Stress Management)

• သမားရိုးကျပုံစံ: အလုပ်ဝန်ကို ညီမျှအောင်ခွဲဝေပေးခြင်း၊ အားလပ်ရက်ပေးခြင်းတွေနဲ့သာ ဖြေရှင်းတတ်ပါတယ်။

• ​ဗုဒ္ဓနည်း:
• ​Mindfulness Breaks: ကော်ဖီသောက်ချိန်မှာ ဖုန်းပွတ်မယ့်အစား ၅ မိနစ်လောက် စိတ်အပန်းဖြေတဲ့ အလေ့အကျင့် လုပ်ခိုင်းပါ။

• ​Compassion Culture: အမှားလုပ်မိတဲ့သူကိုကြောက်ရွံ့စေမယ့်အစား သင်ခန်းစာယူတတ်တဲ့ ယဉ်ကျေးမှုကို ဖန်တီးပါ။

၅။ ဆုံးဖြတ်ချက်ချခြင်း (Decision-Making Process)

• သမားရိုးကျပုံစံ: အချက်အလက်တွေ၊ ဒေတာတွေကိုသာ အခြေခံပြီး ရာထူးကြီးသူက ဆုံးဖြတ်လေ့ရှိပါတယ်။

• ​ဗုဒ္ဓနည်း:
• ​Holistic Thinking: ဆုံးဖြတ်ချက်တစ်ခုက ကုမ္ပဏီအတွက်မြတ်ပေမယ့် အကျိုးဆက်ကပတ်ဝန်းကျင်ကို ထိခိုက်မလား? ဝန်ထမ်းတွေကို ထိခိုက်မလား? (Right Livelihood) ဆိုတာ ခြုံငုံစဉ်းစားပါ။

• ​စိတ်လှုပ်ရှားနေချိန်၊ ဒေါသထွက်နေချိန် ဆုံးဖြတ်ချက် မချပါနဲ့။ သတိ (Mindfulness) ကပ်ပြီးမှ ဆုံးဖြတ်ပါ။

V. Practical Implementation Tips for Organizations

သင့်ရုံးမှာ မနက်ဖြန်ကစပြီး ဘာတွေ စလုပ်နိုင်မလဲ?

• ​Daily 3-minute: အလုပ်မစခင် ၃ မိနစ်ခန့် အဖွဲ့လိုက် ငြိမ်သက်ခြင်း (သို့) ဝင်လေထွက်လေ မှတ်ခြင်း။

• ​Gratitude Circle: အပတ်စဉ် Meeting တွေမှာ "ဒီတစ်ပတ်အတွင်း ဘယ်သူ့ကျေးဇူးကြောင့် ငါ့အလုပ်တွေ ပြီးမြောက်ခဲ့တယ်" ဆိုတာကို ထုတ်ပြောတဲ့ အစီအစဉ်လေး ထည့်ပါ။ (Team Spirit ကို အံ့ဩစရာကောင်းလောက်အောင် မြှင့်တင်ပေးပါတယ်)။

• ​Ego-Check: "အပြစ်ရှာတာထက် အဖြေရှာပါ"၊ "ဂုဏ်ယူစွာနဲ့ နှိမ့်ချစွာ နေထိုင်ပါ" ဆိုတဲ့ စည်းမျဉ်းလေးတွေ သတ်မှတ်ထားပါ။

• ​Compassionate Communication: ဝန်ထမ်းများအား မတူညီတဲ့ လုပ်ငန်းခွင်အခြေအနေတွေမှာ ဘယ်လိုပြန်ပြောမလဲဆိုတဲ့ Role-play တွေ လုပ်ဆောင်ပေးပါ။
​.

VI. Case Examples (လက်တွေ့ ဥပမာများ)

• ​Tech Team တစ်ခု၏ အပြောင်းအလဲ: Deadlines တွေကြပ်လွန်းလို့ Stress များနေတဲ့ Tech Team တစ်ခုဟာ မနက်တိုင်း "Stand-up Meeting" မလုပ်ခင် ၁ မိနစ် Mindfulness လုပ်တဲ့ အလေ့အထကို စတင်ခဲ့ပါတယ်။ ရလဒ်ကတော့ Code ရေးတဲ့အခါ အမှား (Bugs) တွေ နည်းလာပြီး၊ Team Member အချင်းချင်း စိတ်ရှည်သည်းခံမှု ပိုရှိလာကြပါတယ်။

• ​Customer Service ဌာန: ဖောက်သည်တွေ ဆဲဆိုတာကို ခံရလေ့ရှိတဲ့ CS Team မှာ "Right Speech & Metta" ကို သင်တန်းပေးခဲ့ပါတယ်။ Customer က ဒေါသထွက်နေရင် ကိုယ်ကပါ ဒေါသနဲ့ တုံ့ပြန်မယ့်အစား၊ မေတ္တာထားပြီး နားထောင်ပေးလိုက်တဲ့အခါ Complaint Rate တွေ သိသိသာသာ လျော့ကျသွားတာ တွေ့ရပါတယ်။
​.

VII. နိဂုံး (Conclusion)

ဗုဒ္ဓနည်းဖြင့် စီမံခန့်ခွဲခြင်းဟာ သမားရိုးကျ စီမံခန့်ခွဲမှုပုံစံ (Hard Skills) တွေကို လူသားဆန်တဲ့ မေတ္တာ၊ကရုဏာ၊ မုဒိတာ၊ စေတနာ (Soft Skills) တွေနဲ့ ဖြည့်စွက်ပေးခြင်းသာဖြစ်တယ်။

ဒီလိုလုပ်ဆောင်ခြင်းဖြင့် စက်ရုပ်ဆန်နေတဲ့ ရုံးခန်းတွေကို "လူသားဆန်ပြီး နွေးထွေးတဲ့ အောင်မြင်မှု နယ်မြေ" အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ စီးပွားရေးအရ အမြတ်အစွန်းရရုံသာမက၊ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းမှုကိုပါ ပေးစွမ်းနိုင်တဲ့ ရေရှည်တည်တံ့မယ့် (Sustainable) စီမံခန့်ခွဲမှု နည်းလမ်းတစ်ခု ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

-------

"ဒီ​ဆောင်းပါးက သင့်အတွက် အထောက်အကူဖြစ်မယ်ဟု မျှော်လင့်ပါတယ်။ ပိုမိုကျယ်ပြန့်တဲ့ အကြံဥာဏ်များ လိုအပ်ပါက ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။"

Zar Ni Kyaw - Soft Skills Trainer

Be the Better You.




❤️❤️❤️❤️❤️
09/09/2025

❤️❤️❤️❤️❤️

Pro Shell
09/09/2025

Pro Shell

ဒီလထဲမှာ ပေ၂၀*၆၀ Modernအိမ်လေးတစ်လုံးကိုလည်း အိမ်ရှင်ထံ အပ်နှံပေးခဲ့ပါပြီ 🙏🏾🙏🏾🙏🏾 ဒီအိမ်လေးကတော့ မြောက်ဒဂုံမြို့နယ်၊ ၃၈ရပ...
22/08/2025

ဒီလထဲမှာ ပေ၂၀*၆၀ Modernအိမ်လေးတစ်လုံးကိုလည်း အိမ်ရှင်ထံ အပ်နှံပေးခဲ့ပါပြီ 🙏🏾🙏🏾🙏🏾

ဒီအိမ်လေးကတော့ မြောက်ဒဂုံမြို့နယ်၊ ၃၈ရပ်ကွက်၊ ဓမ္မသုခလမ်းပေါ် ဆောက်လုပ်ထားသော ပေ ၂၀ × ၆၀ အိမ်လေးအား Living Yangon ဆောက်လုပ်ရေးမှ တာဝန်ယူ ဆောက်လုပ်ပေးခဲ့ပါတာပဲဖြစ်ပါတယ်။

အခန်းဖွဲ့စည်းပုံ👇👇

🔹မြေညီထပ်
☑️ Living Room ဧည့်ခန်း
☑️ Double Bedroom ( 1 ) ခန်း
☑️ Kitchen
☑️ Common Bathroom & Toilet
🔹ပထမထပ်
☑️ Shrine Room ဘုရားခန်း
☑️ Master Bedroom ( 1 ) ခန်း
☑️ Double Bedroom ( 1 ) ခန်း
☑️ Balcony ဝရန်တာ
🔹ဒုတိယထပ်
☑️ Master Bedroom ( 1 ) ခန်း
☑️ Balcony ဝရန်တာကျယ်
🔹 အပေါ်ဆုံးထပ် Roof Top ( Roof Slab )
🔹 Ground Tank / Over Head Tank 1500 Ltr
🔹 Pressure Pump
💢 ခြံထဲတွင် ကား ( 2 ) စီး ရပ်နားနိုင်ပါသည်

လူကြီးမင်းတို့​၏ တန်ဖိုးရှိလှတဲ့ အိမ်လေးတွေ ဆောက်လုပ်ချင်တယ်ဆိုပါက Living Yangon
Constructionကို ဆက်သွယ်ပြီး အသေးစိတ်မေးမြန်းဆွေးနွေးနိုင်ပါတယ်ရှင့်

095071087
09785071087
09425282282
Office - No 773, ဗိုလ်မှူးဗထူးလမ်း၊ ၄၇ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်း

Date 💁‍♂️22.8.2025 မြောက်ဒဂုံမြို့နယ် ၊ ဘုရင့်နောင်လမ်းမပေါ်တွင်ဆောက်လုပ်ပေးလျှက်ရှိသော ဆေးကုမ္ပဏီ၅ထပ်ခွဲရုံးခန်းအဆောက်အ...
22/08/2025

Date 💁‍♂️22.8.2025

မြောက်ဒဂုံမြို့နယ် ၊ ဘုရင့်နောင်လမ်းမပေါ်တွင်ဆောက်လုပ်ပေးလျှက်ရှိသော ဆေးကုမ္ပဏီ၅ထပ်ခွဲ
ရုံးခန်းအဆောက်အဦးအား ဓာတ်လှေကား တပ်ဆင်ရန် Engineer အဖွဲ့များမှ ကြည့်ရှုစစ်ဆေးခြင်းနှင့်
Planချခြင်း လုပ်ငန်းများ ဆောင်ရွက်နေခြင်းမှတ်တမ်း🙏🏾🙏🏾🙏🏾🙏🏾🙏🏾🙏🏾

🙏🏾🙏🏾🙏🏾ရောင်းမည်🙏🏾🙏🏾🙏🏾💢 နေရာ - မြောက်ဒဂုံ 38 ရပ်ကွက် #ပြည်ထောင်စုလမ်းမကြီးတည့်ပေါက် #လမ်းချဲ့နေသော တပင်ရွှေထီးလမ်းမကြီး တ...
13/08/2025

🙏🏾🙏🏾🙏🏾ရောင်းမည်🙏🏾🙏🏾🙏🏾

💢 နေရာ - မြောက်ဒဂုံ 38 ရပ်ကွက်
#ပြည်ထောင်စုလမ်းမကြီးတည့်ပေါက်
#လမ်းချဲ့နေသော တပင်ရွှေထီးလမ်းမကြီး တစ်ဆစ်ချိုး
#လမ်းအသစ်ခင်းပြီးသော ဓမ္မသုခလမ်းပေါ်
💢 အဆောက်ဦး - 2.5RC Roof Slab တိုက်အသစ်စက်စက်
💢 ဈေးနှုန်း - 10600သိန်း ( ညှိနှိုင်း )
💢 ပိုင်ဆိုင်မှု - ပေ 40 အမည်ပေါက်မှ ရောင်းမည် .. ဂရန်မူရင်းခြမ်း ၊ ပေ 20 ဂရန်ခွဲစိတ်ပြီးခါနီး ..
💢 အလှည့် - မြောက်လှည့်
💢 အကျယ် - 20’ x 60’
💢 ဖွဲ့စည်းပုံ - တစ်အိမ်လုံးကျွန်းပါကေးခင်း ၊ ကျွန်းတံခါးများ ၊ မျက်နှာကျက်အလှမီးဆိုင်းများ တပ်ဆင်ထားပါသည် ..
🔹မြေညီထပ်
☑️ Living Room ဧည့်ခန်း
☑️ Double Bedroom ( 1 ) ခန်း
☑️ Kitchen with Cabinet
☑️ Common Bathroom & Toilet
🔹ပထမထပ်
☑️ Shrine Room ဘုရားခန်း
☑️ Master Bedroom ( 1 ) ခန်း
☑️ Double Bedroom ( 1 ) ခန်း
☑️ Balcony ဝရန်တာ
🔹ဒုတိယထပ်
☑️ Master Bedroom ( 1 ) ခန်း
☑️ Balcony ဝရန်တာကျယ်
🔹 အပေါ်ဆုံးထပ် Roof Top ( Roof Slab )
🔹 Ground Tank / Over Head Tank 1500 Ltr
🔹 Pressure Pump
💢 ခြံပတ်လည် အုတ်တံတိုင်းပတ်လည် စတီးဘလိတ်ဓါးဆူးကြိုး
💢 ခြံထဲတွင် ကား ( 2 ) စီး ရပ်နားနိုင်

📞09425282282 ( အကျိုးတူရ)

မြောက်ဒဂုံ 38ရပ်ကွက် ဓမ္မသုခလမ်း siteအား အိမ်ပိုင်ရှင်အစ်ကိုနဲ့အစ်မမှ ကြည့်ရှစစ်ဆေးမှုမှတ်တမ်း😀
16/06/2025

မြောက်ဒဂုံ 38ရပ်ကွက် ဓမ္မသုခလမ်း siteအား အိမ်ပိုင်ရှင်အစ်ကိုနဲ့အစ်မမှ ကြည့်ရှစစ်ဆေးမှုမှတ်တမ်း😀

  in progress @ 38ward Site
07/06/2025

in progress @ 38ward Site

မင်္ဂလာပါရှင့်🙏🏾🙏🏾 ဒီအဆောက်အဦးလေးကတော့ မြောက်ဒဂုံမြို့နယ်၊ ၄၄ရပ်ကွက်၊ ဘုရင့်နောင်လမ်းမပေါ်တွင် ဆောက်လုပ်ပေးနေသော ဆေးကုမ္...
07/06/2025

မင်္ဂလာပါရှင့်🙏🏾🙏🏾
ဒီအဆောက်အဦးလေးကတော့ မြောက်ဒဂုံမြို့နယ်၊ ၄၄ရပ်ကွက်၊ ဘုရင့်နောင်လမ်းမပေါ်တွင် ဆောက်လုပ်ပေးနေသော ဆေးကုမ္ပဏီရုံးခန်းနှင့် ဂိုဒေါင် လေးထပ်ခွဲအဆောက်အဦး​​လေးပဲ ဖြစ်ပါတယ်ရှင့်

မန္တလေးမြို့ကလုပ်ငန်းရှင်တစ်ဦး​မှ မိမိတို့​၏ ဆေး
ကုမ္ပဏီရုံးခွဲနှင့်ဂိုဒေါင်အတွက် ရန်ကုန်မြို့မြောက်ဒဂုံ
မြို့နယ်တွင်ရှိသော မြေကွက်တွင် အဆောက်အဦးဆောက်လုပ်ခြင်း လုပ်ငန်းအား Living Yangon ကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်ရှင့် 🙏🏾

အဆောက်အဦးဆောက်လုပ်ခြင်းအတွက် အသေးစိတ်သိရှိမေးမြန်းစုံစမ်းလိုပါက Living Yangon ကုမ္ပဏီရုံးခန်းသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

🏬 Office Address 👉 No(773), ဗိုလ်မှူးဗထူးလမ်း၊ ၄၇ရပ်ကွက် ၊ မြောက်ဒဂုံမြို့နယ်။
🕰️ Office Hours 👉 Monday ~ Saturday (9:30 AM to 6:00PM )
☎️ Office Phone 👉 095071087, 09425282282, 09785071087

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ပဲခူးမြစ်လမ်းမပေါ် မှာ ဆောက်လုပ်ပေးနေသော ရုံးခန်းနဲ့လူနေအိမ် သုံးထပ်အဆောက်အဦးအား ရေ၊မီး၊ဆေး မျက်နှ...
22/05/2025

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ပဲခူးမြစ်လမ်းမပေါ် မှာ ဆောက်လုပ်ပေးနေသော ရုံးခန်းနဲ့လူနေအိမ် သုံးထပ်အဆောက်အဦးအား ရေ၊မီး၊ဆေး မျက်နှာကျက် ကျွန်းပါကေးခင်းခြင်းစသော အချောထည်လုပ်ငန်းများ စတင်လုပ်ဆောင်ပေးနေပါပြီ 🤩

၃၈ရပ်ကွက် ၊ဓမ္မသုခလမ်း အိမ်လေး update 😍
21/05/2025

၃၈ရပ်ကွက် ၊ဓမ္မသုခလမ်း အိမ်လေး update 😍

Address

No(773), Bo Hmue Ba Htoo Road, 47ward, North Dagon Township, Yangon
Dagon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+9595071087

Website

Alerts

Be the first to know and let us send you an email when Living Yangon ဆောက်လုပ်ရေး နှင့် အိမ်ခြံမြေ ကုမ္ပဏီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Living Yangon ဆောက်လုပ်ရေး နှင့် အိမ်ခြံမြေ ကုမ္ပဏီ:

Share