ThinZar Zon - Life Insurance Consultant

ThinZar Zon - Life Insurance Consultant Life Insurance Planner

နေ့လည်ခင်းနေအရမ်းပူတဲ့အချိန် နောက်၅မိနစ်ဆိုရောက်ပြီလို့ပြောတဲ့သူကို ၂၀ မိနစ်လောက်စောင့်လိုက်ရလို့စိတ်တိုနေမိတယ်။ဖုန်းဆက်...
09/04/2026

နေ့လည်ခင်းနေအရမ်းပူတဲ့အချိန် နောက်၅မိနစ်ဆိုရောက်ပြီလို့ပြောတဲ့သူကို ၂၀ မိနစ်လောက်စောင့်လိုက်ရလို့စိတ်တိုနေမိတယ်။

ဖုန်းဆက်ကြည့်တော့လဲစက်ပိတ်ထားတယ်တဲ့ ၅ မိနစ်ဆိုရောက်ပြီအမဆိုလို့အိမ်အောက်ဆင်းစောင့်တယ် ဖုန်းခေါ်တော့စက်ပိတ်ထားတာနဲ့ ပြန်မတက်ပဲစောင့်လိုက်တာ ၂၀ မိနစ်လောက်ကြာသွားတယ်။

သူရောက်လာတော့ "sorry ပါအမရယ် အမနဲ့ ၂ လမ်းကျော်အိမ်ကိုပါဆယ်ဝင်ပို့တာ ပါဆယ်လက်ခံတဲ့အန်တီကြီးကသူ့သား ရေခြားမြေခြားက ပထမဆုံးပို့တဲ့ပစ္စည်းမို့လို့ ဝမ်းတွေသာပြီး အအေးတိုက်နေလို့ အန်တီကြီးဝမ်းသာနေတဲ့ပုံမြင်ပြီး ကိုယ်လဲပျော်ပြီး နည်းနည်းကြာသွားတာပါ"လို့ဆိုပါတယ်။

သူ့ကိုကြည့်လိုက်တော့ ချွေးတွေရွှဲနစ်နေပြီး အင်္ကျီလက်ရှည်၊လက်အိတ်ဝတ်ထားတော့ပူလှောင်နေတဲ့ပုံစံနဲ့ သူကဆက်ပြောရှာတယ်"ဖုန်းကနေပူတော့အားအရမ်းကုန်တာ power bank တပ်ထားပြီး မြေပုံကြည့်ရတော့ over heat ဖြစ်ပြီးစက်က ပိတ်ပိတ်သွားတယ်"ဆိုပြီး မှန်ကွဲနေတဲ့ဖုန်းအဟောင်းလေးကိုပါထုတ်ပြရှာတယ်။

သူရှင်းပြတဲ့အကြောင်းအရာ သူ့အခက်အခဲလေးကြားသိရတော့ ကိုယ့်စီရောက်ရင်သူ့ကိုပြောမယ်ဆိုတဲ့စကားတချို့ဟာ ဘယ်လိုပျောက်သွားမှန်းတောင်မသိတော့ပါဘူး။

တစ်ခါတလေ Delivery သမားလေးတွေပို့ပေးရတာ တစ်ခါတစ်လေ ပစ္စည်းသက်သက်မဟုတ်ဘဲဝေးကွာနေတဲ့မေတ္တာတွေကို ပို့ပေးနေတာပဲလို့ ရုတ်တရက်ခံစားမိလိုက်ပါတယ်။

ကျွန်မစိတ်မတိုတော့ပါဘူး၊ကျွန်မအတွက်ပဲအရင်စဉ်းစားမိလို့ စိတ်တိုမိတာ၊သူတို့အလုပ်က လမ်းပေါ်မှာဖြတ်သန်းရတာများပါတယ် ဖုန်းပူတာ၊ မိုးရွာတာတွေကြုံရပေမဲ့ ပစ္စည်းလက်ခံတဲ့သူစီက "ကျေးဇူးတင်ပါတယ်"ဆိုတဲ့စကားတစ်ခွန်းဟာ သူတို့မမျှော်လင့်သော်လည်းကြားဖို့ထိုက်တန်တဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။

ခုလိုပူပြီးလှတဲ့ရာသီဥတုမှာ ကိုယ်ကိုတိုင်သွားမယူချင်လို့ လာပို့ပေးတဲ့သူတွေကို ကျေးဇူးတင်သင့်ပါတယ်။ကိုယ်တိုင်သွားယူဖို့ဆိုတာက အစစအရာရာပိုအလုပ်များပါတယ် အချိန်လဲပိုပေးရတယ်။

ပစ္စည်းပဲမှာမှာ အစားအသောက်ပဲမှာမှာ Delivery ပို့ဆောင်ပေးသူအားလုံးက လမ်းမတွေပေါ် ယာဉ်
အန္တရာယ်လမ်းအန္တရာယ်နဲ့နေပူမိုးရွာ သွားလာရနေသူတွေပါ တစ်နေရာရာမှ အဆင်ပြေပေမဲ့ တခြားနေရာမှာအဆင်ပြေချင်မှလဲပြေမှာပါ။

ကျွန်မကိုပစ္စည်းလာပို့တဲ့ကောင်လေးက ကျွန်မမှာထားတဲ့ပစ္စည်းပေးပြီး "ဒီနေ့တော့ပါဆယ်နဲနဲများတယ်ဗျ နေပူပူထဲ စက်ဘီးစီးရတော့လူကတော့နည်းနည်းနွမ်းပေမဲ့စောင့်နေတဲ့သူတွေစီ မြန်မြန်ပို့နိုင်ဖို့ ဖုန်းအပူကြအောင်စောင့်ပြီး နောက်ထပ်နေရာအတွက် ဖုန်းကြိုဆက်ရမယ် Map လဲကြည့်ရဦးမယ်"တဲ့။

အဲ့ဒါနဲ့ကျွန်မလဲဂရုစိုက်သွားဖို့နဲ့ ပြန်အမ်းငွေကိုလဲမအမ်းပါနဲ့အတူ "ကျေးဇူးတင်ပါတယ်"လို့သေသေချာချာပြောဖြစ်ခဲ့ပါတယ်။

တစ်ကယ်တော့ Delivery ပို့ပေးရသူတွေက အရမ်းအန္တရာယ်များပါတယ် လုပ်ငန်းရှင်တွေအနေနဲ့အာမခံထားရှိဖို့လဲတိုက်တွန်းချင်ပါတယ်။

#ဘဝမှာကမ်းလက်တစ်စုံဖြစ်အောင်အမြဲကြိုးစားမယ့်သဉ္ဇာပါ🍀




#ကျေးဇူးတင်ပါတယ်

ငယ်ငယ်ကမီးပျက်ချိန်ဆို ကလေးကလေးချင်း လူကြီးလူကြီးချင်း တစ်ခါတစ်လေလဲအသက်ရွယ်မျိုးစုံ ဝိုင်းဖွဲ့ကာ စကားပြောတယ် ပုံပြင်လဲပြ...
08/04/2026

ငယ်ငယ်ကမီးပျက်ချိန်ဆို ကလေးကလေးချင်း လူကြီးလူကြီးချင်း တစ်ခါတစ်လေလဲအသက်ရွယ်မျိုးစုံ ဝိုင်းဖွဲ့ကာ စကားပြောတယ် ပုံပြင်လဲပြောတယ် သရဲအကြောင်းကတော့မပါမဖြစ် ဖြစ်သလို ဟာသလေးတွေပြောရင်းအားရပါးရ ရယ်မောသံတွေကအမှောင်ထုထဲကရိုးရာတစ်ခုလိုပါပဲ။

ယခင်က"မီးပျက်ခြင်း" ဆိုတာအမှောင်ထုသက်သက်မဟုတ်ဘဲ လူမှုပတ်ဝန်းကျင်နဲ့ မိသားစုကြားကနွေးထွေးမှုတွေကိုဖန်တီးပေးခဲ့တဲ့အချိန်လို့လဲဆိုလို့ရပါတယ်။

ဝရန်တာ ဒါမှမဟုတ် အိမ်ရှေ့ကွပ်ပျစ်တွေမှာလူစုကြပြီး စ​ကားလက်စုံကြချိန် မပါမဖြစ်ဇတ်လိုက်ကျော်တွေကတော့ လက်ဖက်သုပ်တို့ပဲကြီးလှော်တို့ နေကြာစေ့တို့ပါပဲ။

အဲ့အချိန်တုန်းက ကျွန်မတို့ဆီမှာ အခုလို(Internet၊Social Media) စတာတွေမရှိသေးပါဘူး။တစ်ယောက်နဲ့တစ်ယောက်ကြားကရင်းနှီးကျွမ်းဝင်မှုကလဲ လက်ရှိအချိန်ထက်ပိုပြီးခိုင်မာခဲ့ပါတယ်။

ယနေ့ခေတ်နည်းပညာတွေ တိုးတက်လာတဲ့အခါမှာတော့ ကျွန်မတို့ရဲ့ပတ်ဝန်းကျင်က ငယ်စဉ်ကထက်ပိုပြီးတိတ်ဆိတ်သွားတာသတိထားမိမယ်ထင်ပါတယ်။

မျက်မှောက်ခေတ်မီးပျက်သွားရင်လူစုပြီးစကားပြောမယ့်အစားလူတိုင်းက ကိုယ့်ဖုန်းမျက်နှာပြင်ကထွက်လာတဲ့အလင်းတန်းလေးတွေထဲမှာပဲ နှစ်မြုပ်သွားကြပါပြီ။

အရင်အချိန်နဲ့လက်ရှိအချိန်တူညီနေတာလေးကို ကျွန်မရဲ့စာအဆုံးမှာ စိတ်မကောင်းစွာနဲ့ဖော်ပြပေးသွားပါမယ်။

မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းကြားတွင်သာမကပဲ မိသားစုကြားထိပါ "တိုးတက်မှု"ဆိုတဲ့အရာကကျွန်မတို့ရဲ့ရင်းနှီးမှုနေရာကိုဝင်ယူသွားပါပြီ။ကျွန်မအခုလိုပြောနေတာက တိုးတက်မှုကိုမကောင်းဘူးလို့ပြောတာမဟုတ်ဘဲ မသိမသာဆုံးရှုံးလိုက်ရတဲ့အချို့ကိုပြောပြတာပါ။

ဘေးနားမှာအတူရှိနေပေမဲ့စိတ်တွေကတော့တစ်ခြားတစ်နေရာ(Social Media) ပေါ်ကိုအများစုကရောက်လို့သွားပါတယ်။ကိုယ်ဘေးကလူဘာဖြစ်တယ်ဆိုတာထက် Social Media ကတခြားသူရဲ့ကောင်းချင်းဆိုးချင်းအကြောင်းတွေကိုပိုစိတ်ဝင်စားသွားကြပါပြီ။လူချင်းနီးပေမဲ့စိတ်ချင်းဝေးသွားသလို ခံစားရတာမျိုးပါ။မီးပျက်ချိန်မှပဲလားဆိုမဟုတ်ပါဘူး မီးလာချိန်လဲ အများစုက အသီးသီးရဲ့စိတ်ဝင်စားရာနေရာမှာပါပဲ။

အရင်ကလူစုပြီးစကားပြောတာဟာအသိပညာဆုံစည်းရာနေရာတစ်ခုလိုပါပဲ။လူကြီးတွေဆီကနေ စကားအပြောအဆို၊ အတွေးအခေါ်နဲ့လူမှုဆက်ဆံရေးတွေကိုသင်ယူခဲ့ရပေမဲ့ ခုချိန်မှာတော့ပြောဆိုမှုများမရှိတော့သလို နားထောင်ချင်မဲ့သူများလဲ မတွေ့ရသလောက်ပါပဲ။

ကျွန်မအိမ်နဲ့ ပေ ၁၂၀ ပတ်လည်ဝန်းကျင်မှာ
လက်ဖက်ရည်ဆိုင် (၄)ဆိုင်ရှိတယ် မီးပျက်ချိန်ဆို ၃ပေ ပတ်လည်တစ်ဝိုင်းကို ၅ယောက် ၆ယောက်စုထိုင်ကြပေမဲ့ စကားသိပ်မပြောကြပဲ ဖုန်းပဲကြည့်နေကြတာကိုလည်းသတိထားမိပါတယ်။

ကျွန်မတို့ရဲ့ဆက်သွယ်မှုတွေက အရင်လောက်မနီးကပ်မနွေးထွေးကြတော့သလို အားလုံးက ON AIR ကနေပဲအဆက်သွယ်ရှိဖြစ်တော့ပါတယ်။

ဒါက နည်းပညာရဲ့ကောင်းကျိုးတွေကြားက ကျွန်မတို့ပေးလိုက်ရတဲ့ "တန်ဖိုး" တစ်ခုလို့တောင်ဆိုရမလားပါပဲ။တိုးတက်မှုက နည်းပညာ၊ဆက်သွယ်ရေးစနစ်နဲ့ devices တွေယူဆောင်လာပေးတာနှင့်အတူ မိတ်ဆွေ၊သူငယ်ချင်း၊အပေါင်းအသင်းနဲ့မိသားစုကြားကစကားသံတွေကိုပါခိုးယူသွားတယ်ထင်မိပါရဲ့။

သင့်အနေနဲ့လဲတချိန်ကမီးပျက်တဲ့ညတွေရဲ့အမှတ်တရအချို့ရှိမယ်လို့ထင်ပါတယ်။

အရင်အချိန်နဲ့လက်ရှိအချိန်တူညီနေတာလေးကတော့ မီးပျက်ရင်"ဟာ"နဲ့မီးပြန်လာချိန်"ဟေး" ကိုစိတ်မကောင်းစွာကြားနေရချင်းပါပဲ။

#ဘဝမှာကမ်းလက်တစ်စုံဖြစ်အောင်အမြဲကြိုးစားမယ့်သဉ္ဇာပါ🍀




#မီးပျက်ချိန်
#လရောင်အောက်ကစကားဝိုင်း

ခပ်မြင့်မြင့်နဲ့အသက်အန္တရာယ်များတဲ့တောင်နဲ့ အရမ်းမမြင့်ပေမဲအန္တရာယ်ရှိတဲ့ အမြင့်တွေထိ ကျွန်မတက်ဖူးပါတယ်" လှေခါးလက်ရန်းလေ...
07/04/2026

ခပ်မြင့်မြင့်နဲ့အသက်အန္တရာယ်များတဲ့တောင်နဲ့ အရမ်းမမြင့်ပေမဲအန္တရာယ်ရှိတဲ့ အမြင့်တွေထိ ကျွန်မတက်ဖူးပါတယ်" လှေခါးလက်ရန်းလေးအားပြုပြီးတော့ပေါ့"။

၅နှစ်သမီးလောက်ကတော့ ၄ပေ လောက်အမြင့်ရှိတဲ့အုတ်နံပေါ်တက်ထိုင်တာ "မကြောက်ဘူး"ဆိုပြီးဘာမှမကိုင်ပဲထိုင်တာ ပြုတ်ကြလို့ခေါင်းကိုအစိမ်းချုပ်ခံရတာခုထိမှတ်မိနေပါသေးတယ်။

အန္တရာယ်များတယ်ဆိုတဲ့တောင်က ကရင်ပြည်နယ်
က(တောင်ဝိုင်း)ဖြစ်ပြီး အရမ်းမမြင့်ပေမဲအန္တရာယ်များတဲ့နေရာဆိုတာကတော့ငွေဆာင်ကမ်းခြေနဲ့နီးတဲ့"ငှက်ကျွန်း"ပါ။

တောင်ဝိုင်းကတော့ အရမ်းအန္တရာယ်များပါတယ် ၊ဘာလို့အန္တရာယ်များလဲဆို မတ်စောက်လို့ပါ၊ ကျိုက်ထီးရိုး ဘုရားမှာဆို "ရေတံခွန်"သွားတဲ့လမ်းလဲအန္တရာယ်များပါတယ် ဒါပေမဲ့ "ရေတံခွန်လမ်းကပြေတယ် နားဖို့လွယ်ပါတယ်။ငှက်ကျွန်းကလဲ ခဏပဲတက်ရပေမဲ့မတ်တယ် ကျောက်တုံးတွေအရမ်းများလို့ ဖိနပ်ချော်ရင်တောင် ခြေထောက်ကိုအလွယ်တကူထိခိုက်မိစေနိုင်ပါတယ်။

တောင်ပေါ်တက်ရင် အပေါ်မော့ကြည့်လက်ရန်းလေးကိုင်ပြီးတက်တာပိုကောင်းပါတယ်။ဘေးတွေအောက်တွေလဲမကြည့်ပါနဲ့။

ကျွန်မပြောချင်တာက အထပ်မြင့်အဆောက်အအုံတစ်ခုပေါ်လှေခါးနဲ့တက်တဲ့အခါ ဘယ်သူမှ လက်ရန်းကိုကိုင်ပြီးမတက်ကြပါဘူး။ဒါပေမဲ့တစ်ချက်လောက် ပုံဖော်ကြည့်ပါ အဲဒီလှေခါးမှာ "လက်ရန်းသာမပါခဲ့ရင်"စိတ်ထဲဘယ်လိုဖြစ်နေမလဲ။

တစ်လှမ်းချင်းစီတိုင်းဟာတုန်ယင်နေမယ်၊တစ်ခုခုတွေးမိပြီး ခြေလှမ်းတွေလဲတုံ့ဆိုင်းနေနိုင်ပါတယ်။
လှေကားလက်ရန်းရှိရင်မဖြစ်တဲ့စိုးရိမ်စိတ်က လက်ရန်းမရှိဘူးလဲဆိုရော ဘာလို့ပေါ်လာတာလဲ။

အဖြေကရိုးရှင်းပါတယ် လက်ရန်းကိုကိုင်ထားလို့ မဟုတ်ဘဲ "ရှိနေတယ်" ဆိုတဲ့အသိကကျွန်မတို့ကို ယုံကြည်မှု (Confidence) ပေးထားလို့ပါ။ "ငါ ခြေချော်သွားရင်တောင်ဆွဲကိုင်ဖို့တစ်ခုခုရှိတယ်" ဆိုတဲ့ စိတ်အေးချမ်းမှုကပဲ ကျွန်မတို့ရဲ့ခြေလှမ်းတွေကို ပေါ့ပါးစေပြီး အပေါ်ဆုံးနေရာအထိ ရဲရဲဝံ့ဝံ့တက်လှမ်းနိုင်တဲ့ယုံကြည်မှုပေးထားတာပါ။

"အာမခံ" ဆိုတာလဲကျွန်မတို့ဘဝတွေရဲ့ လက်ရန်းတစ်ခုလိုပါပဲ။ကျွန်မတို့ရဲ့ ဘဝခရီးလမ်းမှာလည်း အရာရာအဆင်ပြေနေတဲ့အချိန်၊ကျန်းမာရေးကောင်းနေတဲ့အချိန်၊စီးပွားရေးအဆင်ပြေနေတဲ့အချိန်မျိုးတွေမှာ "အာမခံ" ဆိုတာကသတိမထားမိတဲ့ဘေးနားကလက်ရန်းလိုပါပဲ။မလိုအပ်ဘူးလို့တောင် ထင်ရတတ်ပါတယ်။

ဒါပေမဲ့ သတိပြုစေချင်တာကအာမခံရှိခြင်းဟာ "ခြေချော်မယ့်အချိန်" ကိုစောင့်နေတာမဟုတ်ပါဘူး။
ခြေချော်သွားခဲ့ရင်တောင် "အရှိန်ပြင်းပြင်း ပြုတ်မကျဖို့နဲ့အလွယ်တကူပြန်ထနိုင်ဖို့" ယုံကြည်ချက်တစ်ခုအဖြစ်ရှိနေပေးတဲ့သဘောပါ။

လက်ရန်းမရှိတဲ့ တောင်/လှေခါး ကို တက်ရတာဟာစိုးရိမ်စိတ်တွေ အရိပ်လိုလိုက်နေတဲ့ခရီးတစ်ခုလိုပါပဲ။ ကိုယ့်နောက်မှာ ကျန်ရစ်ခဲ့မယ့်မိသားစု၊ကိုယ်တည်ဆောက်ထားတဲ့အိပ်မက်တွေ ဒီအရာအားလုံးဟာခိုင်ခံ့တဲ့လက်ရန်းတစ်ခုမရှိဘူးဆိုရင် မတော်တဆတစ်ခုကြောင့်အချိန်မရွေးလွင့်စင်သွားနိုင်ပါတယ်။

ဘဝတစ်ခုရဲ့အမြင့်နေရာကို စိတ်အေးလက်အေးနဲ့ အမြင့်ဆုံးအထိ တက်လှမ်းဖို့ဆိုရင်တော့သင့်ဘေးနားမှာခိုင်ခံ့တဲ့ "လက်ရန်း" တစ်ခုကိုရှိနေစေဖို့တိုက်တွန်းချင်ပါတယ်ရှင်။

#ဘဝမှာကမ်းလက်တစ်စုံဖြစ်အောင်အမြဲကြိုးစားမယ့်သဉ္ဇာပါ🍀




#လှေကား

အမှတ်တရကိုပြုပြင်ထိန်းသိမ်းပေးသူကျွန်မဟိုရက်ပိုင်းကနာရီဓါတ်ခဲအားကုန်လို့ ဆူးလေတစ်ဝိုက်က ခါတိုင်းဓါတ်ခဲလဲနေကြဆိုင်ပဲဝင်လဲ...
06/04/2026

အမှတ်တရကိုပြုပြင်ထိန်းသိမ်းပေးသူ

ကျွန်မဟိုရက်ပိုင်းကနာရီဓါတ်ခဲအားကုန်လို့ ဆူးလေတစ်ဝိုက်က ခါတိုင်းဓါတ်ခဲလဲနေကြဆိုင်ပဲဝင်လဲဖြစ်တယ်။

နာရီဓါတ်ခဲလဲတာအချိန်ဘယ်လောက်ပေးရမယ်ထင်လဲ ကိုယ့်ရှေ့မှာစောင့်စရာနာရီမရှိရင် ကြာလှမှ၁၀မိနစ်ပေါ့။

အရင်ကလဲအဲ့လောက်ပါပဲဒါပေမဲ့ အခု၂၅ မိနစ်လောက်ကြာခဲ့တယ်၊ဒီနေ့ကျွန်မနာရီဓါတ်ခဲလဲတဲ့ဆိုင်မှာကြာခဲ့ရတဲ့အကြောင်းပြောပြချင်ပါတယ်။

အနော်ရထာလမ်းမတစ်နေရာမှာပေါ့ ဦးသာဒင်(အမည်လွှဲ) ဆိုတဲ့အသက် (၇၀)ဝန်းကျင်လူကြီးတစ်ယောက်ကမျက်လုံးနဲ့ညှပ်ပြီးကြည့်ရတဲ့မှန်ဘီလူးတစ်ခုကိုမျက်လုံးမှာတပ်ကာအလုပ်ရှုပ်နေပါတယ်။အရင်ကဆိုင်မှာမြင်ဖူးပေမဲ့ သူကိုယ်တိုင်ပြင်တာခုမှမြင်ရတာပါ။

ထိုဦးလေးကြီးပြင်နေတဲ့နာရီကိုကြည့်လိုက်တော့ တော်တော် ဟောင်းတယ်ဆိုတာထက် ခုခေတ်ဘက်နာရီမျိုးမဟုတ်ဘူး၊အဲ့ဒါနဲ့ကိုယ်ကလဲ "ဦးလေးကိုအရင်ကမြင်ဖူးပါတယ်ပြင်တာမတွေ့ရဘူး" လို့စကားစရာကနေ စကားလက်ဆုံကျဖြစ်ခဲ့ပါတယ်။

သူ့ကိုင်တွယ်ရတဲ့နာရီတွေကအနည်းဆုံး နှစ်၃၀ အထက်နာရီတွေလို့သိရပါတယ်။အချိန်ရဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့်အရောင်မှိန်နေတဲ့လက်ပတ်နာရီအဟောင်းလေးတွေပါ။

"ဒီနာရီတွေကနှလုံးခုန်သံရှိတယ်" လို့ ဦးသာဒင်ကဆိုပါတယ်။

သူ့ဆီကို အဝေးကနေတကူးတကလာပို့ကြတဲ့နာရီတွေဟာအချိန်ကြည့်ဖို့သက်သက် မဟုတ်ကြပါဘူး။

ဘွဲ့နှင်းသဘင်နေ့က ဖခင်ဖြစ်သူချွေးနည်းစာနဲ့ ဝယ်ပေးခဲ့တဲ့ နာရီ။
ပထမဆုံးလစာနဲ့ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ပြုခဲ့တဲ့ နာရီ။
အဘိုးဖြစ်သူကွယ်လွန်ခါနီးမှာ လက်ကချွတ်ပေးသွားခဲ့တဲ့အမွေအနှစ်။

သူမှမပြင်ပေးရင်တခြားဆိုင်တွေက spare part မရှိဘူး၊ပြင်လို့မရဘူးဆိုလို့ သူအနားယူချင်ပေမဲ့နှစ်ကာလကြာမြင်လာတဲ့မိတ်ဆွေတွေရဲ့နာရီတွေကို သူကိုယ်တိုင်ပြင်ပေးနေရတာလို့​ပြောပြပါတယ်။

ဦးသာဒင်ပြောပြတာကတော့ ဒီနေ့ခေတ်မှာဖုန်းတစ်လုံးရှိရုံနဲ့ အချိန်ကိုတိတိကျကျသိနိုင်သလို နာရီပျက်သွားရင်လည်းအသစ်ဝယ်ဖို့ကအရမ်းလွယ်ပါတယ်။ဒါပေမဲ့ ဦးသာဒင်ရဲ့ဖောက်သည်တွေကတော့ သူတို့ရဲ့ "အတိတ်ရဲ့တန်ဖိုး" တွေကိုအသက်ဆက်ဖို့ဦးသာဒင်ဆီရောက်လာကြပါတယ်လို့ဆိုပါတယ်။

ဦးသာဒင်ကနာရီစက်သွားလေးတွေကိုစိတ်ရှည်လက်ရှည်သန့်စင်ပေးတယ်၊ဆီအသစ်ထည့်ပေးတယ်၊ ကျိုးနေတဲ့ပင်နံပါတ်လေးတွေကိုအစားထိုးပေးတယ်။သူကနာရီပြင်ပေးတာတင်မဟုတ်ဘဲ အဲ့ဒီနာရီပိုင်ရှင်ရဲ့ "တန်ဖိုးထားမှု"ကိုပါကူညီထိန်းသိမ်းပေးနေတာပါ။

နာရီစက်ဝိုင်းထဲက စက္ကန့်တံလေး ပြန်လည်လှုပ်ရှားလာတဲ့အသံကိုနားထောင်ရင်း ဦးသာဒင်ကပြုံးလိုက်တယ် ဒါဟာသူ့အတွက်တော့အောင်မြင်တဲ့ ခွဲစိတ်မှုတစ်ခုပဲလို့သူကတင်စားလိုက်ပါသေးတယ်။

ကျွန်မတို့ရဲ့ပတ်ဝန်းကျင်မှာအရာရာဟာ "အသစ်" တွေနဲ့ အစားထိုးဖို့ အရမ်းလွယ်ကူလာပါတယ်။ ဒါပေမဲ့ "တန်ဖိုး"ဆိုတာ ဈေးနှုန်းပေါ်မှာတင် မူတည်တာ မဟုတ်ပါဘူး။ထို့နည်းတူ"သံယောဇဉ်"ဆိုတာအသစ်လဲလိုက်ရုံနဲ့ ပျောက်ကွယ်သွားတဲ့ အရာမျိုး မဟုတ်ပါဘူး။

ပျက်သွားလို့ လွှင့်ပစ်လိုက်တဲ့အရာတွေထဲမှာ ကျွန်မတို့ရဲ့ အမှတ်တရတွေပါ ပါသွားတတ်ပါတယ်။
သင့်ဆီမှာရောဘယ်လောက်ပဲ ဟောင်းနွမ်းနေပါစေ၊ ဘယ်တော့မှ လွှင့်မပစ်နိုင်တဲ့"အမှတ်တရ သက်သေ"လေးတွေရှိနေသလား။

#ဘဝမှာကမ်းလက်တစ်စုံဖြစ်အောင်အမြဲကြိုးစားမယ့်သဉ္ဇာပါ🍀




#အမှတ်တရ
#နာရီ

ကျွန်မဒီနေ့မျှဝေချင်တာကငယ်ငယ်ကအရမ်းကြိုက်ခဲ့တဲ့ ပေါင်ချိန်၊ဝူခုန်းစတဲ့ဇတ်လမ်းတွဲအကြောင်းမဟုတ်ပါဘူး။မဟုတ်ပါဘူးဆိုပေမဲ့ မျ...
05/04/2026

ကျွန်မဒီနေ့မျှဝေချင်တာကငယ်ငယ်ကအရမ်းကြိုက်ခဲ့တဲ့ ပေါင်ချိန်၊ဝူခုန်းစတဲ့ဇတ်လမ်းတွဲအကြောင်းမဟုတ်ပါဘူး။

မဟုတ်ပါဘူးဆိုပေမဲ့ မျှဝေပေးချင်တာက ဇာတ်လမ်းတွဲတွေမှာခဏခဏမြင်ရတဲ့အရမ်းမြင့်မားတဲ့ "ဝါးတော"ကြီးတွေအကြောင်းပါ။

ဝါးပင်ရဲ့အဖျားလောက်ကကြည့်ရင် အောက်ကဖြတ်သွားတဲ့သူတွေကိုသေးသေးလေးလို့ပဲမြင်ရတဲ့အခါ ဒီဝါးပင်တွေက နှစ်အရမ်းချို့တဲ့အပင်လို့ထင်ခဲ့ဖူးပါတယ် ဒါပေမဲ့တစ်ကယ်တမ်းမြေကြီးကနေအဲ့ဒီ့အမြင့်လောက်ထိရောက်ဖို့ကအချိန်အားဖြင့်( ၂ )လ လောက်ပဲလိုအပ်ပါတယ်။ဟုတ်ပါတယ် တစ်ကယ့်ကို ၂လ ရက်အနေနဲ့ဆို ရက်၆၀လောက်ဆိုပေ၈၀ကျော် လောက်ထိမြင့်သွားပါပြီ။

အပင်ကကြီးထားတာမြန်တယ်လို့ထင်ရပေမဲ့ တစ်ကယ်တမ်းစစိုက်တဲ့အချိန်ပြောပြရင် အံ့ဩမိမယ်ထင်ပါတယ်။

အဲ့ဝါးပင်မျိုးကို ပျိုးစစိုက်တဲ့အချိန်ကနေ မြေကြီးပေါ်စထွက်ဖို့အတွက်အချိန် ၄နှစ်ကျော် ၅နှစ်နီးပါးကြာမြင့်ပါတယ်။

ဝါးမျိုးစေ့ကိုမြေကြီးထဲချလိုက်တဲ့အခါပထမဆုံးနှစ်မှာဆိုဘာမှထွက်မလာပါဘူး။ဒုတိယနှစ်မှာလည်း တိတ်ဆိတ်နေဆဲပါ။တတိယနှစ်နဲ့ စတုတ္ထနှစ်မှာဆို ဝါးပင်ဟာ မြေပေါ်ကိုစင်တီမီတာဝက်လောက်တောင် ထိုးထွက်မလာပါဘူး။

ဒါပေမဲ့ ၄နှစ်ကျော် ၅နှစ်မြောက်မှာတော့အံ့သြစရာ စဖြစ်လာပါပြီ။ရုတ်တရက်ဆိုသလို မြေကြီးကို ထိုးထွက်လာပြီး ၆ပတ် နဲ့ ၈ပတ်ကြား အတွင်းမှာတင် အမြင့်ပေ ၈၀ကျော် (၈ ထပ်တိုက်အမြင့်နီးပါး)အထိ တစ်ဟုန်ထိုး ထိုးတက်သွားပါတယ်။

ဒီနေရာမှာ မေးစရာရှိတာက"ဝါးပင်ဟာ ၆ ပတ်အတွင်းမှာပဲ ကြီးထွားသွားတာလား"ဆို အဖြေက "မဟုတ်ပါဘူး"။ဝါးပင်မျိုးစေ့ဟာအဲ့ဒီ ၅ နှစ်တာကာလပတ်လုံးမြေကြီးအောက်မှာအလုပ်လုပ်နေခဲ့တာပါ။သူဟာအမြင့်ပေ ၈၀ ကျော်တဲ့အထိ အလေးချိန်ကိုထမ်းပိုးနိုင်ဖို့အတွက်မြေအောက်မှာအလွန်ခိုင်မာပြီး ရှုပ်ထွေးတဲ့ "အမြစ်ကွန်ရက်" ကြီးကိုတည်ဆောက်နေခဲ့တာဖြစ်ပါတယ်။၅ နှစ်တာအမြစ်ဆင်းခြင်းသာမရှိခဲ့ရင် ၅ နှစ်မြောက်မှာဖြစ်ထွန်းလာမည့် အရှိန်အဟုန်နဲ့ အမြင့်ကိုဝါးပင်ကိုဘယ်လိုမှတောင့်ခံနိုင်မှာမဟုတ်ပါဘူး။

ကျွန်စတို့ဟာ တခြားသူတွေရဲ့ "အောင်မြင်မှု" ဆိုတဲ့ ထိပ်ဆုံးအပိုင်းကိုပဲမြင်တက်ကြပြီး "မြေအောက်အမြစ်တွယ်ခြင်း" တွေကိုမမြင်တတ်ကြပါဘူး။

ဒီနေ့ခေတ်မှာ လူအများစုက Instant (ချက်ချင်းလက်ငင်း) ရလဒ်တွေကိုပဲလိုချင်ကြပါတယ်။ ချက်ချင်းချမ်းသာချင်တယ်၊ ချက်ချင်းအောင်မြင်ချင်ကြပါတယ်။ဒါပေမဲ့ တကယ့်ခိုင်မာတဲ့ အောင်မြင်မှုဆိုတာ တရုတ်ဝါးပင်လိုပဲအချိန်ယူရပါတယ်။၅ နှစ်တာကာလမတိုင်ခင် ပထမနှစ် ဒုတိယ နှစ်တွေလောက်မှာဘာမှမထူးခြားပါဘူးဆိုပြီး မျိုးစေ့ကိုရေမလောင်းဘဲပစ်ထားလိုက်ရင် ဝါးပင်ဟာ မြေကြီးထဲမှာတင်သေဆုံးသွားမှာပါ။ဒါကြောင့် သင့်ရဲ့ အိပ်မက်ကိုလည်းရလဒ်မမြင်ရသေးခင်မှာတင် လက်မလျှော့လိုက်ပါနဲ့။

အချိန်ကျလာရင် ဘယ်သူမှ တားလို့မရဘူး
အမြစ်တွေခိုင်မာသွားတဲ့နေ့မှာ ဝါးပင်ဟာတစ်ရက်ကို ၃ ပေနီးပါးအထိမြန်မြန်ဆန်ဆန်ကြီးထွားလာပါတယ်။

အဲ့ဒီလိုပဲကိုယ့်အတွက်လိုအပ်တဲ့အရည်အချင်းတွေကို တိတ်တဆိတ်စုဆောင်းနေပြီးအချိန်တန်လို့(Opportunity နဲ့ Skill ဆုံတဲ့အခါ) မှာတော့ ဘယ်သူမှတားမရတဲ့အရှိန်နဲ့ထိုးတက်သွားပါလိမ့်မယ်။

အကယ်၍ လူအများအမြင်မှာသင့်ကို "ဘာမှဖြစ်မလာသေးဘူး" မြင်နေကြလား? ကိုယ့်ကိုယ်ကိုယ်ရော "ငါ့ကြိုးစားမှုတွေအလဟဿဖြစ်နေပြီလား" လို့ သံသယဝင်မိတဲ့အခါ ယခုအကြောင်းအရာလေးကိုသတိရလိုက်ပါ။

သင်ဟာအခု "တရုတ်ဝါးပင်" တစ်ပင်လိုပေါက်မြောက်ဖို့ပြင်ဆင်နေတာပါ။အပြင်ပန်းမှာ ငြိမ်သက်နေပေမဲ့ အတွင်းထဲမှာတော့ မုန်တိုင်းအလား အောင်မြင်မှုအတွက် အမြစ်တွေကိုအားကောင်းအောင်လုပ်နေတာပါ။အချိန်တန်လို့ မြေပေါ်ကို ထိုးထွက်လာတဲ့နေ့မှာတော့ အားလုံးကသင့်ကို အံ့သြတကြီးနဲ့ ငေးမောကြည့်နေကြမှာပါ။

"အသံတိတ်ကြိုးစားပါ၊အောင်မြင်မှုကသင့်ကိုယ်စားစကားပြောပေးပါလိမ့်မယ်။"

#ဘဝမှာကမ်းလက်တစ်စုံဖြစ်အောင်အမြဲကြိုးစားမယ့်သဉ္ဇာပါ🍀





The Broken FemurUNESCO လို့ကြားလိုက်ရရင် ကမ္ဘာနေရာအသီးသီးက အဖိုးတန်ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်ခံရဲ့တဲ့နေရာတ...
02/04/2026

The Broken Femur

UNESCO လို့ကြားလိုက်ရရင် ကမ္ဘာနေရာအသီးသီးက အဖိုးတန်ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ်သတ်မှတ်ခံရဲ့တဲ့နေရာတွေလို့အရင်မြင်မိမှာပါ။

တစ်နည်းအားဖြင့်ရုပ်ဝတ္ထုတွေကိုသတ်မှတ်တဲ့ခေါင်းစဉ်ပါ။လူသားတွေအတွက် စိတ်ပိုင်းဆိုင်ရာ"ယဉ်ကျေးမှု"ဆိုတာကိုရောဘယ်လိုမျိုးသတ်မှတ်နိုင်မလဲဆိုတဲ့မေးခွန်းအတွက်ဖြေပေးခဲ့တဲ့အဖြေလေးကိုမျှဝေပေးချင်ပါတယ်။

အမျိုးသမီးမနုဿဗေဒပညာရှင် Margaret Mead ကို ကျောင်းသားတစ်ယောက်က "ယဉ်ကျေးမှုထွန်းကားခြင်းရဲ့ပထမဆုံးလက္ခဏာကဘာလဲ" လို့ မေးခဲ့ဖူးပါတယ်။

အများစုရဲ့အထင်ကအိုးခွက်တွေ၊ လက်နက်တွေလို့ထင်ထားကြပေမယ့် သူမအဖြေက"ကျိုးပြီးမှပြန်ဆက်သွားတဲ့လူ့ပေါင်ရိုး"လို့ ဖြေခဲ့ပါတယ်။

သူ့ပေးတဲ့ ဥပမာကတော့ "တိရစ္ဆာန်လောကမှာထိခိုက်ဒဏ်ရာကြောင့်ခြေထောက်ကျိုးရင်တခြားသောသားရဲတိရစ္ဆာန်တွေရဲ့အစားခံရမှာဖြစ်သလို၊အစာရှာမစားနိုင်ဘဲသေဆုံးသွားနိုင်ပါတယ်"လို့ဆိုပါတယ်။

ဒါပေမဲ့ ကျိုးနေတဲ့အရိုးပြန်ဆက်သွားဖို့ဆိုတာကဘေးကနေ နေ့ရက်တိုင်းအတွက်အစားအသောက်ဖန်တီးတယ်၊ဘေးကနေစောင့်ရှောက်ပေးတယ်၊ဒဏ်ရာကနေပြန်ကောင်းတဲ့အထိ အတူရှိနေပေးခဲ့တယ်ဆိုတဲ့ စာနာထောက်ထားမှုကို ဆရာမကြီးက"ယဉ်ကျေးမှုထွန်းကားခြင်းရဲ့ပထမဆုံးလက္ခဏာ"လို့ပြန်လည်ဖြေကြားခဲ့တယ်လို့မှတ်သားရပါတယ်။

ဆရာမကြီးရဲ့အဖြေကိုကြားမိချိန်မှာ လူသားတွေအတွက်ယဉ်ကျေးမှုထွန်းကားခဲ့တာနှစ်ပေါင်းတော်တော်ကြာခဲ့ပြီပဲလို့တွေးမိလိုက်ပါတယ်။

#ဘဝမှာကမ်းလက်တစ်စုံဖြစ်အောင်အမြဲကြိုးစားမယ့်သဉ္ဇာပါ🍀




အန္တရာယ်ရှိတဲ့အလုပ်မျိုးကို"အကြီးစားစွန့်စားမှုလို့"သတ်မှတ်ရင်ကျွန်မတို့နေ့စဉ်လှုပ်ရှားသွားလာနေရတာကိုလဲအန္တရာယ်ရှိသော "အ...
01/04/2026

အန္တရာယ်ရှိတဲ့အလုပ်မျိုးကို"အကြီးစားစွန့်စားမှုလို့"သတ်မှတ်ရင်ကျွန်မတို့နေ့စဉ်လှုပ်ရှားသွားလာနေရတာကိုလဲအန္တရာယ်ရှိသော "အသေးစားစွန့်စားမှုလို့"တင်စားချင်ပါတယ်။

လမ်းပေါ်ရောက်တာနဲ့ ကိုယ်မှားမှမဟုတ်ပဲတခြားသူရဲ့အမှားကလည်း ကိုယ့်စီအချိန်မရွေးရောက်လာနိုင်တယ်ဆိုတာကိုလဲမေ့မထားစေချင်ပါဘူး။

"တောင်တက်တာကစွန့်စားမှုတစ်ခုပါ ဒါပေမဲ့ ကိုယ့်
မိသားစုရဲ့ အနာဂတ်ကိုစွန့်စားမှုထဲထည့်မထားသင့်ပါဘူး။"

ဒါဟာကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ကို ပထမဆုံးတက်နိုင်ခဲ့တဲ့ (Sir Edmund Hillary) ရဲ့စကားပါ။

သူတောင်တက်နေစဉ်အတွင်း စိတ်အေးလက်အေး ရှိနေရခြင်းရဲ့ အကြောင်းရင်းတစ်ခုက "ငါ တစ်ခုခုဖြစ်သွားရင်တောင်ငါ့မိသားစုဒုက္ခမရောက်ဘူး" ဆိုတဲ့ အာမခံချက်ရှိနေလို့ပဲ ဖြစ်ပါတယ်။

ကမ္ဘာကျော် ရူပဗေဒပညာရှင်ကြီး အိုင်းစတိုင်းဟာ သိပ္ပံပညာမှာပဲ ထူးချွန်တာတင်မဟုတ်ဘဲ သူ့မိသားစုရဲ့ အနာဂတ်အတွက်လည်း အမြော်အမြင်ရှိရှိ ပြင်ဆင်ခဲ့သူပါ။၁၉၃၀ ပြည့်နှစ်ဝန်းကျင်မှာ အိုင်းစတိုင်းဟာ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့လာပြီးနောက် သူ့ရဲ့မိသားစုအတွက် (Life Insurance) ကို အသေအချာထားရှိခဲ့ပါတယ်။

သတိထားမိတဲ့အချက်က အန္တရာယ်ရှိမှထားဖို့လိုတာမဟုတ်ပဲ မသေချာသေးတဲ့ဆုလဒ်တွေမျှော်လင့်နေတာထက် ပစ္စုပ္ပန်မှာအနေအထားမပြတ်"ဂုဏ်သိက္ခာရှိရှိ"ရပ်တည်နိုင်ဖို့အတွက်လဲထားရှိခဲ့ကြတယ်လို့ဆိုချင်ပါတယ်။

အိုင်းစတိုင်းလို ဉာဏ်ကြီးရှင်မျိုးကအစ မိသားစုအတွက်အာမခံထားရှိခြင်းကိုအရေးကြီးတဲ့လုပ်ဆောင်ချက်တစ်ခုအဖြစ်သတ်မှတ်ခဲ့ပါတယ်။

အာမခံဆိုတာ စိတ်ငြိမ်းချမ်းမှု (Peace of Mind) ပါငွေကြေးရဖို့သက်သက်ထက် နောင်ရေး "စိတ်အေးရဖို့" အတွက်ဖြစ်ပါတယ်။ကိုယ့်နောက်ကွယ်မှာ ကျန်ခဲ့မယ့်သူတွေအတွက် လုံခြုံမှုပေးထားနိုင်ခြင်းက လူသားတစ်ယောက်ကိုပိုပြီး ရဲရဲဝံ့ဝံ့ ရှင်သန်စေနိုင်မှာဖြစ်ပါတယ်။

သူတို့နှစ်ဦးလုံးဟာ မတူညီတဲ့ နယ်ပယ်တွေမှာ ထူးချွန်ကြသူတွေ ဖြစ်ပေမဲ့ မိသားစုအတွက် ကြိုတင်ပြင်ဆင်မှု (အသက်အာမခံ) ထားရှိခြင်းမှာတော့ တူညီတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

အသက်အာမခံဟာ လူတန်းစားမရွေး၊နယ်ပယ်မရွေးအတွက်ဘယ်လောက်အရေးပါတယ်ဆိုတာကိုမီးမောင်းထိုးပြနေပါတယ်။

#ဘဝမှာကမ်းလက်တစ်စုံဖြစ်အောင်အမြဲကြိုးစားမယ့်သဉ္ဇာပါ🍀



ကျွန်မကြိုက်တဲ့ပုံပြင်လေးတစ်ခုပြောပြပါမယ်ရှင့်။ပုံပြင်လေးရဲ့ခေါင်းစဉ်က (Nails In The Fence )ဖြစ်ပါတယ်။တချို့လဲကြားဖူးကြမ...
31/03/2026

ကျွန်မကြိုက်တဲ့ပုံပြင်လေးတစ်ခုပြောပြပါမယ်ရှင့်။

ပုံပြင်လေးရဲ့ခေါင်းစဉ်က (Nails In The Fence )ဖြစ်ပါတယ်။တချို့လဲကြားဖူးကြမယ်ထင်ပါတယ်။

တစ်ခါကဒေါသအရမ်းကြီးတဲ့ ကောင်လေးတစ်ယောက်ရှိခဲ့တယ်။အဲဒီကောင်လေးရဲ့ ဖခင်ဖြစ်သူက သူ့သားရဲ့ဒေါသတကြီးပေါက်ကွဲတတ်တဲ့အကျင့်ကို ပြင်ပေးနိုင်ဖို့ သင်ခန်းစာတစ်ခုပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။

သူက သားဖြစ်သူကို သံအိတ်တစ်အိတ် ပေးလိုက်ပြီး ဒေါသထွက်တိုင်း ခြံစည်းရိုးသစ်သားတိုင်မှာ သံတစ်ချက်စီရိုက်ရမယ်လို့ခိုင်းလိုက်တယ်။ပထမဆုံးနေ့မှာတင် အဲဒီကောင်လေးဟာ ဒေါသအရမ်းထွက်ခဲ့တာကြောင့် ခြံစည်းရိုးမှာသံပေါင်း ၃၇ ချက်တောင်ရိုက်ခဲ့ရတယ်။

နောက်ပိုင်း သီတင်းပတ်တွေမှာတော့ ကောင်လေးဟာ သူ့ရဲ့ဒေါသကို စတင်ထိန်းချုပ်လာနိုင်ပြီး ခြံစည်းရိုးမှာ သံရိုက်ရတဲ့အကြိမ်ရေဟာလည်း သိသိသာသာ လျော့နည်းသွားခဲ့တယ်။ ခြံစည်းရိုးမှာသံရိုက်ရတာထက် ဒေါသကိုထိန်းချုပ်ရတာကပိုလွယ်ကူတယ်ဆိုတာကိုလည်းသူနားလည်လာခဲ့တယ်။

နောက်ဆုံးမှာတော့ သူတစ်နေ့လုံး ဒေါသမထွက်တဲ့နေ့တစ်နေ့ ရောက်လာခဲ့ပြီး သူကအရမ်းဝမ်းသာလွန်းလို့ အဖေဖြစ်သူကို မစောင့်နိုင်တော့ဘဲသွားပြောပြခဲ့တယ်။

ဖခင်ဖြစ်သူကလည်း သား​၏စကားသံကိုကြားပြီးဝမ်းသာကာနောက်တစ်ဆင့်လုပ်ရမဲ့အရာကိုထပ်ပြောပြခဲ့တယ်"ဒါဆိုရင် မင်းဒေါသကို ထိန်းနိုင်တဲ့နေ့တိုင်းမှာသံတစ်ချောင်းစီပြန်နှုတ်လိုက်" လို့ မှာကြားပြန်တယ်။

သီတင်းပတ်တွေ ကြာသွားပြီးတဲ့နောက် သံတွေအားလုံး ကုန်သွားပြီလို့ သားဖြစ်သူက လာပြောတဲ့နေ့ ရောက်လာခဲ့ပါတယ်။အဲဒီအခါ ဖခင်ဖြစ်သူက သားရဲ့လက်ကို နူးညံ့စွာကိုင်ထားပြီး ခြံစည်းရိုးဆီခေါ်သွားကာ "သား... မင်း တော်တော်လေး လုပ်နိုင်ခဲ့ပြီပဲ၊ ဒါပေမဲ့ ခြံစည်းရိုးမှာ ကျန်ခဲ့တဲ့ အပေါက်တွေကို ကြည့်စမ်း ဒီခြံစည်းရိုးကတော့ အရင်လိုဘယ်တော့မှ ပြန်မဖြစ်နိုင်တော့ဘူး" လို့ ပြောလိုက်တယ်။

အဖေဖြစ်သူ ဆက်ပြောတာကိုကောင်လေးက ဂရုတစိုက်ဆက်နားထောင်နေတယ်။ "မင်း ဒေါသနဲ့ တစ်ခုခုကို ပြောလိုက်တဲ့အခါ အဲဒီစကားတွေက ခြံစည်းရိုးက အပေါက်တွေလိုပဲတစ်ဖက်လူမှာ အမြဲတမ်း အမာရွတ်တွေကျန်ခဲ့စေတယ်။ မင်းဘယ်နှစ်ကြိမ်ပဲ 'တောင်းပန်ပါတယ်' လို့ ပြောပြော၊ အဲဒီ ဒဏ်ရာတွေကတော့ ရှိနေဦးမှာပဲ။"

ဒေါသထွက်နေတုန်းမှာ ပြောလိုက်တဲ့ စကားလုံးတွေဟာ တစ်ဖက်လူရဲ့ စိတ်နှလုံးသားမှာ "သံချက်ရာ" တွေကျန်နေသလိုအတူတူပါပဲ။
သံကို ပြန်နှုတ်လိုက်တာဟာ "တောင်းပန်လိုက်တာ" နဲ့ တူပါတယ်။ ဒါပေမဲ့ တစ်ဖက်လူရဲ့ စိတ်ထဲမှာ နာကျင်မှု "အမာရွတ်" ကတော့ ထာဝရ ကျန်ရစ်ခဲ့နိုင်ပါတယ်။
သံကို ပြန်နှုတ်ရတာထက်၊ သံကို စမရိုက်မိအောင် (ဒေါသကို စမထွက်မိအောင်) ထိန်းချုပ်တာက ကြိုးစားကြည့်ရင်ပိုပြီးလွယ်ကူသလို၊ ဆက်ဆံရေးကိုလည်း မပျက်စီးစေပါဘူး။
"ဒေါသနဲ့ ပြောလိုက်တဲ့ စကားတစ်ခွန်းကို တောင်းပန်စကားတစ်ထောင်နဲ့ ပြန်နှုတ်လို့ရနိုင်ပေမယ့်၊ ဖြစ်သွားတဲ့ 'အမာရွတ်' ကိုတော့ ပျောက်အောင် လုပ်ဖို့ခက်ခဲပါတယ်"။

ကျွန်မတို့မြန်မာစကားပုံမှာလဲ "ကြမ်းကျွံလျှင် နုတ်လို့ရသည်၊ စကားကျွံရင် နှုတ်လို့မရ"ကဲ့သို့ပုံပြင်လေးပဲဖြစ်ပါတယ်။

#ဘဝမှာကမ်းလက်တစ်စုံဖြစ်အောင်အမြဲကြိုးစားမယ့်သဉ္ဇာပါ🍀


အသက်အာမခံဝယ်ယူခွင့်မရခဲ့သောကမ္ဘာကျော်ပုဂ္ဂိုလ်(၃)ဦးလက်ရှိကာလမှာကျွန်မတို့အသက်အာမခံထားရှိမည့်ပုဂ္ဂိုလ်​၏ လုပ်ငန်းသဘောသဘာဝ...
30/03/2026

အသက်အာမခံဝယ်ယူခွင့်မရခဲ့သောကမ္ဘာကျော်ပုဂ္ဂိုလ်(၃)ဦး

လက်ရှိကာလမှာကျွန်မတို့အသက်အာမခံထားရှိမည့်ပုဂ္ဂိုလ်​၏ လုပ်ငန်းသဘောသဘာဝအခြေအနေ၊ကျန်းမာရေးနှင့်သက်ဆိုင်သည့်အတွက် အချို့သောအကာအကွယ်ရရှိဖို့နှင့်အသက်အရွယ်ပေါ်မှုတည်ပြီးဆေးစစ်ရန်လိုအပ်မှုများရှိပါသည်။

ကျွန်မပြောပြချင်တဲ့အကြောင်းက အာကာသ သမိုင်းမှာ တချိန်ကစိတ်မကောင်းစရာကောင်းသလို တစ်ဖက်ကလည်း မိသားစုအပေါ်ထားတဲ့ သူတို့ရဲ့ မေတ္တာကို ဖော်ပြနေတဲ့ "Apollo Insurance Covers" လို့ လူသိများတဲ့ဖြစ်ရပ်လေးပါ။

၁၉၆၉ ခုနှစ်မှာ Apollo 11 နဲ့ လကမ္ဘာပေါ်ကို သွားဖို့ ပြင်ဆင်တဲ့အခါ Neil Armstrong, Buzz Aldrin နဲ့ Michael Collins တို့ဟာ သူတို့ရဲ့ မိသားစုရှေ့ရေးအတွက် အသက်အာမခံထားဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီခေတ်က အာမခံကုမ္ပဏီတွေက "လပေါ်သွားတာဟာ အန္တရာယ် အရမ်းများလွန်းတယ်" ဆိုပြီးငြင်းဆိုခဲ့ကြပါတယ်။ တကယ်လို့ အာမခံရရှိမယ်ဆိုရင်လည်း ပရီမီယံကြေးက မတတ်နိုင်လောက်အောင် မြင့်မားနေခဲ့ပါတယ်။

အာကာသယာဉ်မှူးတွေဖြစ်တာနဲ့အညီခေသူတွေမဟုတ်တာ့ဘယ်လိုလုပ်လို့ရမလဲနည်းလမ်းတွေအချင်းချင်းတိုင်ပင်ရာကနေ နည်းလမ်းတစ်ခုရရှိသွားပါတယ်။

အာကာသယာဉ်မှူးတွေဟာ အစိုးရဝန်ထမ်းတွေဖြစ်လို့ လစာကလည်း အများကြီးမရပါဘူး။ သူတို့သာ တစ်ခုခုဖြစ်သွားရင် မိသားစုတွေ ဒုက္ခရောက်မှာကို စိုးရိမ်တဲ့အတွက် နည်းလမ်းသစ်တစ်ခုကိုစဉ်းစားမိခဲ့ကြပါတယ်။ အဲဒါကတော့ "အမှတ်တရလက်မှတ်ထိုးထားတဲ့ကတ်ပြားလေးတွေ" ပါပဲ။

ကမ္ဘာမြေမှာ သီးသန့်ခွဲနေထိုင်ရတဲ့ (Quarantine) ကာလအတွင်းမှာ သူတို့သုံးယောက်စလုံး ပို့စကတ် ရာပေါင်းများစွာပေါ်မှာ လက်မှတ်တွေထိုးခဲ့ကြပါတယ်။

လက်မှတ်ထိုးထားတဲ့ Card တွေပေါ်မှာ ကမ္ဘာ​မြေမှစတင်ထွက်ခွာတဲ့နေ့၊ လပေါ်ခြေချတဲ့နေ့လို့ ရေးထိုးကာမိသားစုထံကတ်ပြားတွေအပ်နှံပြီးသိမ်းထားခိုင်းခဲ့ပါတယ်။

သူတို့ရဲ့အကြံကတော့ "တကယ်လို့ ငါတို့ လပေါ်ကနေ ပြန်မလာနိုင်ခဲ့ရင် ဒီလက်မှတ်ပါတဲ့ ကတ်ပြားတွေဟာ ကမ္ဘာပေါ်မှာ တန်ဖိုးရှိလာမဲ့အမှတ်တရပစ္စည်းတွေဖြစ်သွားလိမ့်မယ် အဲဒါတွေကို လေလံတင်ရောင်းချပြီး မိသားစုအတွက်အထောက်အပံ့ပြုပေးနိုင်လိမ့်မယ်လို့"တွေးကာပြင်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။

ကံကောင်းစွာနဲ့ပဲ သူတို့အားလုံး ဘေးကင်းစွာ ကမ္ဘာမြေပေါ်ပြန်ရောက်လာခဲ့ကြပါတယ်။ ဒါပေမဲ့သူတို့လက်မှတ်ထိုးထားခဲ့တဲ့ "ကတ်ပြား" လေးတွေဟာ အခုအချိန်မှာတော့ လေလံစျေးကွက်မှာ ဒေါ်လာ သောင်းဂဏန်း၊ သိန်းဂဏန်း အထိ တန်ဖိုးရှိတဲ့ သမိုင်းဝင် ပစ္စည်းတွေ ဖြစ်နေပါပြီ။

ဒီအကြောင်းအရာလေးကိုမျှဝေဖြစ်တာကတော့အာကာသယာဉ်မှူးတွေရဲ့ သူရဲကောင်းဆန်မှုအပြင် ဖခင်တစ်ယောက်၊ ယောက်ျားတစ်ယောက်အနေနဲ့ မိသားစုအပေါ် ထားတဲ့ တာဝန်သိစိတ်ကိုသိရှိခဲ့ရလို့ဖြစ်ပါတယ်။

ခုတော့ခေါင်းစဉ်လိုမဟုတ်တော့ပါဘူး ပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းနဲ့အညီတာဝန်ရှိသူတွေကလုံလောက်တဲ့ပြင်ဆင်မှုတွေကိုပြည့်စုံအောင်ဆောင်ရွက်ထားပေးပြီးဖြစ်ပါတယ်လို့သိရပါတယ်။

#ဘဝမှာကမ်းလက်တစ်စုံဖြစ်အောင်အမြဲကြိုးစားမယ့်သဉ္ဇာပါ🍀


ကျွန်မကားစီးရင်းမီးပွိုင့်မိနေတုန်းကလေးမလေးတစ်ယောက်ကားနားရောက်လာပြီး "မမပန်းလေးဝယ်ပါလား"တဲ့။အချိန်အားဖြင့် မွန်းတည့်နေဟာ...
29/03/2026

ကျွန်မကားစီးရင်းမီးပွိုင့်မိနေတုန်းကလေးမလေးတစ်ယောက်ကားနားရောက်လာပြီး "မမပန်းလေးဝယ်ပါလား"တဲ့။

အချိန်အားဖြင့် မွန်းတည့်နေဟာခေါင်းပေါ်တည့်တည့် ရောက်ရှိနေတဲ့အချိန်ပါ ၊လမ်းမထက်မှာစံပယ်ပန်းလေးတွေရောင်းနေတဲ့ကလေးမလေးတစ်ယောက်ဟာဖုန်တထောင်းထောင်းနဲ့ ပူပြင်းလှတဲ့နွေရာသီကို အံတုရင်းမီးပွိုင့်လမ်းဆုံမှာပန်းလေးတွေရောင်းနေရရှာပါတယ်။

သူ့ရဲ့နွမ်းဖတ်နေတဲ့အင်္ကျီလေးဟာချွေးတွေနဲ့ ရွဲနစ်လို့နေပြီးပါးပြင်ပေါ်ကသနပ်ခါးတွေဟာလည်း ချွေးစီးကြောင်းတွေကြားမှာ ပျက်ပြယ်လုနီးပါးဖြစ်နေပါပြီ။ လက်ထဲမှာ ကိုင်ထားတဲ့ စံပယ်ပန်းကုံးလေးတွေကိုတော့ နေပူဒဏ်ကြောင့် ညှိုးနွမ်းမသွားအောင် အဝတ်ဟောင်းလေးနဲ့ အုပ်ပြီး ရေလေးဆွတ်ပေးထားပါတယ်။

"မမ... ပန်းလေးတစ်ကုံးလောက်ဝယ်ပါဦး၊ တစ်
မနက်လုံးမှ၅ကုန်းပဲရောင်းရသေးလို့ပါ"
သူ့ရဲ့ တုန်ရီနေတဲ့ အသံလေးဟာ ကားထဲကသီချင်းသံနဲ့ အင်ဂျင်သံတွေကြားမှာ တိုးဖျော့လွန်းလှပါတယ်။ကားမှန်တစ်ချက် ကျလာနိုးနဲ့ မျှော်လင့်တကြီး ကြည့်နေတဲ့ သူ့ရဲ့မျက်ဝန်းလေးဟာလဲဖုန်မှုန့်တွေကြောင့် နီမြန်းနေရှာတဲ့ပုံရိပ်ဟာမြင်ရသူကျွန်မအဖို့ ရင်ထဲမှာဆို့နင့်စရာပါ။

ကျွန်မလိုအပ်လို့မဟုတ်ပေမဲ့ မြန်မြန်ကုန်ပါစေဆိုတဲ့ စိတ်တစ်ခုနဲ့ပဲ ၁၀၀၀ ဖိုးအားပေးလိုက်တယ် ပြီးတော့ မုန့်ဖို့ဆိုပြီး ၁၀၀၀ ထပ်ပေးလိုက်တယ်။သူပန်းလေးတွေကုန်ရင်သိမ်းထားတာထပ်ထုတ်ပြီးရောင်းမှာလား သူရောင်းလို့ရတဲ့ပိုက်ဆံကို ဘယ်သူကဘယ်လိုလုပ်မလဲ ကလေးမလေးရပါ့မလား စတဲ့အတွေးတွေမပါပဲစာနာစိတ်နဲ့ ဝယ်ပြီး မုန့်ဖိုးဆိုတဲ့ခေါင်းစဉ်နဲ့သပ်သပ်ထပ်ပေးလိုက်တာပါ။

တစ်ခါတစ်လေအချို့သောဈေးသည်တွေကြောင့်
စိတ်အနှာက်အယှက်ဖြစ်ရတာလဲရှိပါတယ်။ဒါပေမဲ့ ဒီကလေးမလေးရဲ့အပြုအမူက ဂရုဏာစိတ်လေးဖြစ်ပေါ်စေတယ်။ကလေးမလေးစီကမြင်လိုက်ရတဲ့အပြုံးက သူပြောလိုက်တဲ့ "ကျေးဇူးတင်ပါတယ်"ဆိုတာထက်အဓိပ္ပာယ်လေးနက်တဲ့အပြုံးမျိုးပါ။

အဲ့နေ့ကတော့ အရင်လိုစိတ်အနှောက်အယှက်ဖြစ်စေတဲ့မီးပွိုင့်မိခြင်းမဟုတ်ပဲ ကြည်နူးမှုကိုခံစားမိစေတဲ့မီးပွိုင့်မိခြင်းအခိုက်အတန်းဖြစ်ခဲ့ပါတယ်။

မီးစိမ်းသွားလို့ ကျွန်မစီးတဲ့ကားထွက်ခွာသွားတဲ့အခါ ကလေးမလေးဟာ လမ်းဘေးက အရိပ်မရှိတဲ့ ဓာတ်တိုင်ခြေရင်းမှာထိုင်လိုက်ပြီး သူ့ရဲ့ နွမ်းဖတ်ခါနီးတဲ့ ပန်းလေးတွေကိုငေးကြည့်ရင်း ခြောက်ကပ်နေတဲ့ လည်ချောင်းကိုတံတွေးတစ်ချက် မြိုချလိုက်ပုံဟာ... နွေရာသီရဲ့ပူပြင်းမှုကို အံတုနေရတဲ့ပန်းကလေးတစ်
ပွင့်လိုပါပဲ။

ကျွန်မလဲကားဆရာကိုဝယ်ထားတဲ့ပန်းလေး ကားပေါ်ကဘုရားကိုကပ်ဖို့ပေးပြီးလိုရာခရီးကိုဆက်သွားခဲ့လိုက်ပါတယ်။

#ဘဝမှာကမ်းလက်တစ်စုံဖြစ်အောင်အမြဲကြိုးစားမယ့်သဉ္ဇာပါ🍀


#မီးပွိုင့်ကပန်းလေးတစ်ပွင့်

ကျွန်မပြီးခဲ့တဲ့ရက်က (KBTC) Student Day သွားဖြစ်ခဲ့ပါတယ်။ပွဲကအပြန် Grab ခေါ်မရတာနဲ့ Taxi လက်တားနဲ့အိမ်ပြန်ဖြစ်ခဲ့တယ်။ကား...
26/03/2026

ကျွန်မပြီးခဲ့တဲ့ရက်က (KBTC) Student Day သွားဖြစ်ခဲ့ပါတယ်။ပွဲကအပြန် Grab ခေါ်မရတာနဲ့ Taxi လက်တားနဲ့အိမ်ပြန်ဖြစ်ခဲ့တယ်။

ကားပေါ်ရောက်ပြီးအိမ်ပြန်လမ်းတစ်လျှောက် Taxi ဆရာနဲ့စကားပြောဖြစ်ရာကနေ ဗဟုသုတရစရာလေးကြားခဲ့ရလို့ပြန်လည်မျှဝေပေးခြင်ပါတယ်။

အကြောင်းကတော့ မြန်ပြည်တစ်ခွင် hits ဖြစ်နေတာတွေကတစ်ခုဖြစ်တဲ့ ကားအက္ခရာ(စုံရက်/မရက်) အကြောင်းပါ။

ကားမောင်းတဲ့ဦးလေးကြီးက Taxi ဆိုတော့ဓါတ်ဆီနေ့တိုင်းထည့်လို့ရပေမဲ့ သူက (စုံ ဂဏန်း) ရက်ရွေးထည့်ဖြစ်တယ်တဲ့။

ကျွန်မလဲစိတ်ဝင်စားတာနဲ့ "ဘာလို့(စုံ)ရက်ကိုထည့်တာလဲ" မေးလိုက်တော့၊(စုံ)ဂဏန်းမှာ (0)zero နဲ့ကားနံပါတ်မရှိတာရယ် ပြီးတော့(၈)ဂဏန်းကြတော့အရင်ကစက်မှုဇုန်နံပါတ်တွေဖြစ်လို့ခုချိန်မှာဆို အသုံးပြုတဲ့ကားအရေအတွက်အတော်နည်းသွားပြီ (၈ခ)လောက်ကထွက်ခဲ့တဲ့သင်္ကြန်လည်တဲ့ ဂျစ်ကားတွေ၊super customတွေကလမ်းပေါ်မှာနည်းလာတာရယ် ခုနောက်ပိုင်းအများစုကျန်တာက light truck တွေပဲရှိလို့ (စုံ)ရက်ကအက္ခရာ(၂)ခုစာလောက်တန်းစီရတာအချိန်ပိုသက်သာစေတယ်လို့သိခဲ့ရပါတယ်။

ဆက်စပ်မှုအနေနဲ့ဒီအကြောင်းကိုအများကသတိထားလာမိရင် ကားဝယ်ရောင်းလုပ်ကြတဲ့အခါ (စုံ)ဂဏန်းတွေကို ပိုကြိုက်ပိုရွေး လာကြမလားကတော့စဉ်းစားစရာပါ။

#ဘဝမှာကမ်းလက်တစ်စုံဖြစ်အောင်အမြဲကြိုးစားမယ့်သဉ္ဇာပါ🍀


#စုံရက်မရက်

ExpireတွေကိုသတိပြုပါFacebook post တစ်ခုမှာတွေ့လိုက်ရတဲ့သတိပြုစရာအကြောင်း မိခင်ကိုယ်တိုင်ရေးသားထားတာဖြစ်ပြီးသူ့ကလေးကရက်လွ...
25/03/2026

Expireတွေကိုသတိပြုပါ

Facebook post တစ်ခုမှာတွေ့လိုက်ရတဲ့သတိပြုစရာအကြောင်း မိခင်ကိုယ်တိုင်ရေးသားထားတာဖြစ်ပြီးသူ့ကလေးကရက်လွန်နေတဲ့မုန့်စားမိကာဗိုက်အရမ်းအောင့်လို့ဆေးရုံပြေးလိုက်ရတယ်ဆိုတာပါ။

သူရေးထားတာက သူကိုယ်တိုင်ရောကလေးကပါအချဉ်ထုတ်တွေကြိုက်တယ် တစ်ရက်ကလေးက ချွေးတွေအရမ်းထွက်လာပြီး ဗိုက်အောင့်တယ်အော်လာလို့နီးစပ်ရာဆေးရုံပြေးလိုက်တော့မှ အစာအဆိပ်သင့်တာလို့သိလိုက်ရတာပါ။

ကလေးသက်သာလာတဲ့အချိန်ဆရာဝန်က ကလေးကိုမေးတော့"ဆော့ကစားရင်းစားပွဲအောက်မှာကျနေတဲ့အချဉ်ထုတ်တွေ့ပြီး မဖောက်ရသေးတာနဲ့မုန့်ထုတ်ကိုဖုန်သုတ်ပြီးစားဖြစ်တယ် စားပြီးတဲ့အချိန်နဲ့ဆေးရုံရောက်တာ ၂ နာရီလောက်ပဲခြားတယ်"လို့သိရပြီး ကလေးရှိတဲ့မိခင်တွေအိမ်မှာ expired ကျော်လောက်မဲ့အစားအစာတွေမထားမိဖို့မျှဝေထားတဲ့အကြောင်းပါ။

ကျွန်မတို့သွားရင်းလာရင်းရေဆာရင်ဝယ်သောက်ဖြစ်တဲ့ရေသန့်ဗူးတွေမှာ expire date တွေပါပါတယ်။လုံးလုံးသောက်လို့မရဘူးမဟုတ်ပေမဲ့အန္တရာယ်မကင်းပါဘူး။

ဒါဟာရေပဲရှိပါသေးတယ်၊အဆာပြေမဟုတ်လဲ breakfast အနေစားတက်ကြတဲ့ပေါင်မုန့်၊ကိတ်မုန့်နဲ့အခြားမုန့်တွေမှာလဲ expire dateတွေပါပါတယ်။ထို့နည်းတူချက်ပြုတ်ရာမှာအသုံးပြုတဲ့ပါဝင်ပစ္စည်းတွေမှာလဲ expire date ကပါပါတယ်။

ရေတောင်လိုအပ်လို့ထည့်ပေးထားတာမို့လို့ အခြားသော expire date ပါတဲ့ဘယ်စားသောက်ကုန်ပစ္စည်းမဆိုအန္တရာယ်မကင်းပါဘူး။

Expired ရက်ကျော်လို့ ပုံသဏ္ဌာန် အနံ့ မပြောင်းလဲတဲ့စားသောက်ကုန်တွေရှိတာလဲသတိထားမိပါတယ်၊ကျွန်မထပ်ပြောချင်တာက ရေတောင်အန္တရာယ်မကင်းလို့ ထည့်ပေးထားတဲ့အတွက် expire datecပါတဲ့ဘယ်အစားအသောက်မဆို ပေးထားတဲ့ရက်လွန်တာနဲ့မစားသုံးတာအကောင်းဆုံးနဲ့နှမြောပြီးလဲမစားကြပါနဲ့လို့မျှဝေပါရစေရှင်။

#ဘဝမှာကမ်းလက်တစ်စုံဖြစ်အောင်အမြဲကြိုးစားမယ့်သဉ္ဇာပါ🍀


Address

UFC Tower Botahtaung
Botahtaung
11163

Telephone

+95943133854

Website

Alerts

Be the first to know and let us send you an email when ThinZar Zon - Life Insurance Consultant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ThinZar Zon - Life Insurance Consultant:

Share