Haka's CryptoHub

Haka's CryptoHub Money won't solve all your problems, but it will solve most of them

စက်တင်ဘာ အစမှာ Crypto တွေ အတက်အကျကြမ်းအုံးမှာလား? လာမည့်အပါတ်စက်တင်ဘာ 2ရက်နေ့ ကနေ 5 ရက်နေ့ အထိ မှာ Crypto market ကြီးတော...
31/08/2025

စက်တင်ဘာ အစမှာ Crypto တွေ အတက်အကျကြမ်းအုံးမှာလား?

လာမည့်အပါတ်စက်တင်ဘာ 2ရက်နေ့ ကနေ 5 ရက်နေ့ အထိ မှာ Crypto market ကြီးတော့ သက်ရောက်မှုရှိနိုင်တဲ့ အမေရိကန်ရဲ့ အရေးကြီး စီးပွားရေး Data တွေထွက်ရှိလာဖို့ရှိပါတယ်။

စက်တင်ဘာ(2)ရက်နေ့ မှာ ISM Manufacturing PMI Data, (3) ရက်နေ့မှာ JOLTS Job Openings Data, (4) ရက်နေ့မှာ ADP Non-Farm Employment Change Data, (5) ရက်နေ့မှာ Non-Farm Payrolls (NFP) နဲ့ Unemployment Rate Data တို့ထွက်ရှိလာမှာဖြစ်ပြီးတော့ အထူးသဖြင့် စက်တင်ဘာ 5 ရက်နေ့ က Non-Farm Payrolls Dataကို အာရုံစိုက်ထားရပါမယ်။ ဒီ ဒေတာက ဒီတစ်ပတ်ရဲ့ အရေးအကြီးဆုံး ဒေတာပါ! NFP ဒေတာ အားကောင်းရင် စီးပွားရေး ခိုင်မာတယ်လို့ ယူဆပြီး Fed က စည်းချက်နှုန်း မြှင့်ထားနိုင်ချေ မြင့်လာပါတယ်။ ဒါက Bitcoin, Ethereum, XRP လို coin တွေရဲ့ စျေးကို ၅-၇% လောက် ကျဆင်းစေနိုင်ပါတယ်။ ဒေတာ အားနည်းရင်တော့ စည်းချက်နှုန်း လျှော့ချနိုင်ချေ မြင့်လာပြီး crypto စျေးတွေ ၅-၁၀% တက်လာနိုင်ပါတယ်။ ဒီ ဒေတာဟာ စျေးကွက်တစ်ခုလုံးကို လှုပ်ခတ်စေနိုင်ပြီးတော့ Crypto တွေ အတက်အကျကြမ်းအုံးမှာပါ။ Crypto bro တွေ အနေနဲ့ သတင်းတွေလည်းစောင့်ကြည့်ပြီးတော့ မိမိတို့ရဲ့ future trade တွေမှာ သတိလေးနဲ့ trade ဖို့

ရှေ့ရက်က ETH အကြောင်း ပြောပြီးပြီဆိုတော့ ဒီနေ့ ကတော့ Solana(SOL) အကြောင်းပါ။ Crypto လောကမှာ Bitcoin နဲ့ Ethereum ပြီးရင်...
31/08/2025

ရှေ့ရက်က ETH အကြောင်း ပြောပြီးပြီဆိုတော့ ဒီနေ့ ကတော့ Solana(SOL) အကြောင်းပါ။

Crypto လောကမှာ Bitcoin နဲ့ Ethereum ပြီးရင် Solana (SOL) က ထိပ်တန်းနေရာမှာ ရပ်တည်နေတဲ့ အင်အားကြီး coin တစ်ခုပါ! 🚀 ဒါဆို Solana ဆိုတာ ဘာလဲ၊ ဘာကြောင့် ဒီလောက်ထင်ရှားနေရတာလဲ? လာပါ၊ အတူတူ လေ့လာကြည့်ရအောင်ပါ

Solana ဆိုတာ မြန်နှုန်းမြင့်ပြီး အားကောင်းတဲ့ blockchain platform တစ်ခုဖြစ်ပြီး decentralized applications (dApps) နဲ့ smart contracts တွေကို ဖန်တီးနိုင်ဖို့ ဒီဇိုင်းထုတ်ထားတာပါ။ Ethereum ရဲ့ အဓိက ပြိုင်ဘက်အဖြစ် တချို့က “Ethereum killer” လို့တောင် ခေါ်ကြပါတယ်။ ၂၀၁၇ မှာ Anatoly Yakovenko က စတင်တည်ထောင်ခဲ့ပြီး Solana ဟာ Proof-of-History (PoH) နဲ့ Proof-of-Stake (PoS) နည်းပညာတွေကို ပေါင်းစပ်သုံးထားလို့ တစ်စက္ကန့်မှာ ငွေပေးငွေယူလွှဲပြောင်းမှု (TPS) ၆၅,၀၀၀ အထိ လုပ်ဆောင်နိုင်ပါတယ်! 😮 Ethereum ရဲ့ ၁၅ TPS နဲ့ယှဉ်ရင် ဘယ်လောက်မြန်ကြောင်း သိသာပါတယ်။ အပိုဆုအနေနဲ့ ငွေပေးငွေယူအခကြေးငွေကလည်း အလွန်သက်သာပြီး ပျမ်းမျှအားဖြင့် $0.00025 ပဲ ကျသင့်ပါတယ်။ ဒါကြောင့် developers နဲ့ users တွေကြားမှာ လူကြိုက်များနေတာပါ။
ဒီနေ့မှာတော့ SOL ရဲ့ စျေးနှုန်းက $203.51 – $205.38 ဝန်းကျင်မှာ ရှိနေပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ၁.၁၉% လောက် အနည်းငယ်ကျဆင်းထားပါတယ်။ ဒါပေမယ့် တစ်နှစ်အတွင်း ၄၁.၈၄% တက်လာခဲ့ပြီး စျေးကွက်တန်ဖိုး (market cap) $107.42B – $110.06B နဲ့ CoinMarketCap မှာ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။ ၂၀၂၅ ဇန်နဝါရီမှာ သမိုင်းတလျှောက် အမြင့်ဆုံးစျေး (ATH) $293.31 ထိရောက်ခဲ့ပြီး လက်ရှိမှာ အနည်းငယ်ကျဆင်းထားပေမယ့် လာမယ့် ၂၀၂၅ နှစ်ကုန်မှာ $300–$500 ထိ တက်လာနိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းထားပါတယ်။ အကယ်၍ စျေးကွက်အနေနဲ့ အလွန်အမင်းအောင်မြင်ခဲ့ရင် ၂၀၃၀ မှာ $1,000 ထိတောင် ရောက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်! 📈 ETF တွေ အတည်ပြုခံရတာ၊ memecoin တွေ ထွက်ပေါ်လာတာနဲ့ Solana ရဲ့ scalability က ဒီတိုးတက်မှုကို တွန်းအားပေးနိုင်ပါတယ်။
Solana ရဲ့ ecosystem ကလည်း အလွန်စည်ကားပါတယ်! Decentralized exchanges တွေဖြစ်တဲ့ Raydium နဲ့ Serum၊ NFT marketplace ဖြစ်တဲ့ Magic Eden၊ နဲ့ gaming platform တွေဖြစ်တဲ့ Splinterlands စတဲ့ အောင်မြင်တဲ့ project တွေ အများကြီးရှိပါတယ်။ Stablecoin တွေဖြစ်တဲ့ USDC နဲ့ မကြာခင်က ထွက်လာတဲ့ USD1 တို့ဟာလည်း Solana ရဲ့ DeFi ecosystem မှာ $12B ကျော်တန်ဖိုးရှိလာပြီး စျေးကွက်ကို ပိုမိုအားကောင်းစေပါတယ်။ ဒါ့အပြင် Solana ရဲ့ Saga နဲ့ Seeker smartphones တွေကလည်း dApp store နဲ့ secure key storage တွေနဲ့ blockchain ကို မိုဘိုင်းအသုံးပြုသူတွေဆီ ယူဆောင်လာပါတယ်။
Solana ကို ဘာက ထူးခြားစေသလဲဆိုရင် သူ့ရဲ့ မြန်နှုန်းမြင့်မှု၊ သက်သာတဲ့ အခကြေးငွေ DeFi၊ NFT၊ gaming နဲ့ Solana Pay (Shopify နဲ့ ပေါင်းစပ်ထားတဲ့) လို real-world applications တွေအတွက် အလွန်သင့်လျော်စေပါတယ်။ ဒါပေမယ့် အခက်အခဲလည်း ရှိခဲ့ဖူးပါတယ်။အရင်က network outage တွေ ဖြစ်ခဲ့ဖူးပေမယ့် Firedancer နဲ့ Solana Turbo လို အဆင့်မြှင့်တင်မှုတွေက ဒီပြဿနာတွေကို ဖြေရှင်းနေပါပြီ။

Crypto bor တို့ထဲမှာ SOL hold ထားသူတွေ ရှိလား? 💸 SOL စျေးနှုန်း ဘယ်အထိတက်လာနိုင်မယ်လို့ မျှော်လင့်ထားကြလဲ?

Ethereum ဆိုတာ ဘာလဲ ဘယ်လဲ? 🤔Crypto နယ်ပယ်ထဲမှာ Bitcoin အပြီး marketcap အကြီးဆုံး Crypto ကတော့ Ethereum (ETH) ပဲဖြစ်ပါတယ်...
30/08/2025

Ethereum ဆိုတာ ဘာလဲ ဘယ်လဲ? 🤔

Crypto နယ်ပယ်ထဲမှာ Bitcoin အပြီး marketcap အကြီးဆုံး Crypto ကတော့ Ethereum (ETH) ပဲဖြစ်ပါတယ်။

Ethereum က Blockchain နည်းပညာအပေါ် အခြေခံထားပြီး Smart Contracts နဲ့ Decentralized Applications (dApps) တွေကို ဖန်တီးနိုင်စေတဲ့ Platform ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Blockchain အပေါ် အလုပ်လုပ်မယ့် Internet 2.0 ဆိုရင်လည်းမမှားပါဘူး။

Ethereum (ETH) စျေးသည် ယနေ့ $4,350 – $4,360 အတွင်းရှိခဲ့ပြီး၊ တစ်နေ့အတွင်း 0.5–0.9% ရှိတဲ့ တက်မှုရှိနေပါတယ်။ Whale တွေရဲ့ profit တွေယူနေမှုကြောင့် All Time High (ATH) $3.957 ကနေ $4.100 ဝန်းကျင်ထိ တစ်ပါတ်အတွင်း (8.46%) လောက်ကျဆင်းခဲ့ ပြီး အနာဂတ်မှာတော့ ETH ရဲ့ စျေး $5,000+ ထိဖြစ်နိုင်ချေရှိတယ်လို့ခန့်မှန်းထားကြပါတယ်။ Trump ရဲ့ Genius Stablecoin Law ကြောင့် market တစ်ခုလုံးမှာ institutional adoption တိုးလာနိုင်ပြီးတော့ Stablecoin usage တိုးလာရင် ETH network ပေါ်ရှိ transaction volume တက်လာပြီး ETH demand ကို မြှင့်ပေးတာကြောင့် Trader တွေ အနေနဲ့ ETH ကို ATH စံချိန်အသစ်တွေ တင်ရန်မျော်လင့်နေကြပါတယ်။

Ethereum blockchain ပေါ်မှာ အောင်မြင်တဲ့ project တွေ တော်တော်များများ တည်ဆောက်ထားပြီး Uniswap (UNI), Aave (AAVE), Chainlink (LINK) နှင့် USDT, USDC (Stablecoins) စတဲ့ လူသုံးများထင်ရှားတဲ့ coin တွေက Etherum network ပေါ်မှာတည်ဆောက်ထားပြီးလည်ပါတ်နေကြပါတယ်။မကြာသေးခင်က လည်း gaming အခြေပြု Robin network က လည်း Ethereum ပေါ်ကိုပြန်လည်ရွေ့ပြောင်းလာမယ်လို့ ပြောထားပါတယ်။

ETH ကို Hold ထားတဲ့ သူတွေရှိလား? ဘယ်စျေးနှုန်းထိ တက်နိုင်မယ်လို့ မျော်လင့်ထားကြပါသလဲဗျ?

"September မှာ မီးခံသေတ္တာထဲ ကနေ ထွက်လာမဲ့ Token တွေ" လာမည့် စက်တင်ဘာလမှာတော့ စျေးကွက်ထဲ ကို Token unlock တွေ လုပ်မှာဖြစ...
29/08/2025

"September မှာ မီးခံသေတ္တာထဲ ကနေ ထွက်လာမဲ့ Token တွေ"

လာမည့် စက်တင်ဘာလမှာတော့ စျေးကွက်ထဲ ကို Token unlock တွေ လုပ်မှာဖြစ်ပြီးတော့ စုစုပေါင်း $4.5 bilion ဖိုးရှိပါတယ်။ SUI, ARB, APT, MOVE စတဲ့ လူသိများတဲ့ crypto တွေလည်းပါဝင်ပြီးတော့ $1.17 bilion တန်ဖိုးလောက် က တော့ အလုံးရင်းဝင်ရောက်လာဖို့ ရှိပြီးတော့ ကျန်တဲ့ token တွေ က တော့ တစ်ဖြည်းဖြည့်းနဲ့ Unlock လုပ်သွားမှာပါ။ Token unlock လုပ်တိုင်းမှာ market အတွင်း စျေးနှုန်း အပြောင်းအလဲ တွေရှိတက်ပြီးတော့ Trading လုပ်နေတဲ့ သူတွေ အနေနဲ့ သတိထားကြဖို့ လိုပါတယ်။

🚀 Altcoin Era စတော့ မှာလား 🚀အခုဆိုရင် Altcoin Season နီးကပ်လာနေပြီလားလို့ မေးခွန်းထုတ်စရာတွေ ထွက်ပေါ်လာနေပါပြီ။အမေရိကန်ဗ...
27/08/2025

🚀 Altcoin Era စတော့ မှာလား 🚀

အခုဆိုရင် Altcoin Season နီးကပ်လာနေပြီလားလို့ မေးခွန်းထုတ်စရာတွေ ထွက်ပေါ်လာနေပါပြီ။

အမေရိကန်ဗဟိုဘဏ်ရဲ့ အတိုးနှုန်းလျှော့ချမယ့် ဖြစ်နိုင်ခြေဟာ 87.2% အထိ မြင့်တက်လာနေတာကို CME FedWatch Tool ရဲ့ ဒေတာတွေက ဖော်ပြနေပါတယ်။ ဒီလို အတိုးနှုန်း လျှော့ချမှုဟာ စျေးကွက်ထဲကို ငွေကြေးစီးဆင်းမှု ပိုများလာစေနိုင်ပြီး ရင်းနှီးမြှုပ်နှံသူတွေဟာ Bitcoin အပြင် အခြားသော စွန့်စားရမှု များတဲ့ Altcoin တွေဆီကိုပါ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်လာနိုင်ပါတယ်။

ဒီလိုအခြေအနေမျိုးဟာ Altcoins တွေရဲ့ စျေးနှုန်းတွေဟာ Bitcoin ထက် ပိုပြီးတက်လာတတ်တဲ့ “Altcoin Season” ကို ဦးတည်နိုင်ပါတယ်။

ယခုလိုအချိန်မှာ Crypto invest လုပ်သူတွေအနေနဲ့ မိမိရဲ့ Portfolio ကို Altcoins တွေနဲ့ မျှတအောင် ပြန်လည်စီမံခန့်ခွဲသင့်ပြီး သေချာလေ့လာပြီးမှ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ပါတယ်။

📉 Bitcoin -3% (24h)Whale🐋များက BTC ကို Binance သို့ အမြတ်ရယူရန် လွှဲပြောင်းနေ⚡အခုလက်ရှိမှာတော့ Bitcoin (BTC) စျေးကွက်ဟာ ...
27/08/2025

📉 Bitcoin -3% (24h)
Whale🐋များက BTC ကို Binance သို့ အမြတ်ရယူရန် လွှဲပြောင်းနေ⚡

အခုလက်ရှိမှာတော့ Bitcoin (BTC) စျေးကွက်ဟာ ရောင်းအားဖိအားနဲ့ အမြတ်ထုတ်ရောင်းချမှုတွေကို သိသိသာသာ ရင်ဆိုင်နေရပါတယ်။ ၂၄ နာရီအတွင်း စျေးနှုန်း ၃% ကျဆင်းခဲ့ပြီး Whale တွေဟာ သူတို့ရဲ့ Bitcoin တွေကို Binance လိုမျိုး အခြား Exchange တွေကို ပြောင်းရွှေ့နေကြပါတယ်။

အထူးသဖြင့် စျေးကွက်အပေါ် သက်ရောက်မှုရှိတဲ့ ဖြစ်ရပ်တစ်ခုကတော့ 2.01K Whale တစ်ဦးဟာ Bitcoin ၇၅၀ ကို အမြတ်ထုတ်ဖို့အတွက် Binance ကို ရွှေ့ပြောင်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလို စျေးကျဆင်းမယ့် အခြေအနေကို Hyperliquid ကုန်သည်တစ်ဦးက Bitcoin ၅၀ နဲ့ Short Position ကို တိုးမြှင့်ခဲ့ပြီးပါတယ်၊။ နောက်ထပ် whale တစ်ဦးက တော့ ဒီတစ်ပါတ်ထဲ မှာတင် 27,000 BTC ကိုရောင်းချခဲ့ပြီးတော့ $3 billion ဖိုး ETH တွေကို ဝယ်သွားခဲတာပါ။ ETH ကိုင်ထားတဲ့ သူတွေ ရှိလား အမြတ်တွေ ကော ရနေပြီလား ခင်ဗျာ!!

✨ Haka’s CryptoHub မှ ကြိုဆိုပါတယ် ✨ဒီနေရာကတော့ crypto knowledge နဲ့ သတင်း တွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်တယ် ခင်ဗျာ။
27/08/2025

✨ Haka’s CryptoHub မှ ကြိုဆိုပါတယ် ✨

ဒီနေရာကတော့ crypto knowledge နဲ့ သတင်း တွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်တယ် ခင်ဗျာ။

Adresse

Zug
Zug

Benachrichtigungen

Lassen Sie sich von uns eine E-Mail senden und seien Sie der erste der Neuigkeiten und Aktionen von Haka's CryptoHub erfährt. Ihre E-Mail-Adresse wird nicht für andere Zwecke verwendet und Sie können sich jederzeit abmelden.

Teilen