09/08/2026
Offplan Vs Ready
Dubaiမှာ Property ဝယ်မယ်ဆိုရင် Off-Plan လား Ready Propertyလားဆိုတာ ခေါင်းအစားဆုံးအချက်ပါ။
ဒီမေးခွန်းကိုInvestorတော်တော်များများကလဲ မေးကြပါတယ်။
အဖြေကတော့ သင့်Investment Objective ပေါ်မူတည်ပါတယ်။ Personal OpinionအရInvestmentအတွက်ဆိုရင်တော့ Off-Planကိုပိုပြီးကြိုက်ပါတယ်။ ၃လ-၆လ-၁နှစ်-၂နှစ်ကနေ ၅နှစ်အထိရွေးနိင်ပြီး အရစ်ကျ၈နှစ်အထိပေးလို့ရတဲ့ Planတွေရှိတာဆိုတော့Paymentကြောင့်ရင်မပူရဖူးပေါ့လေ…
ဒါဆိုComparisonလေးတွေလုပ်ကြည့်ရအောင်ပေါ့နော်။
🟢 OFF-PLAN အတွက်အားသာချက် 4 ချက်လောက်ကြည့်မယ်ဆို…
1️⃣ Payment Plan ပို Flexible ဖြစ်တယ်
တစ်ခါတည်း Cash အများကြီးထုတ်စရာမလိုဘဲ Developer Payment Plan နဲ့ Capital ကို စီမံလို့ရမယ်၊ Diversifyလုပ်နိုင်မယ်။
2️⃣ Entry Price + Capital Appreciation Potential
Project အစောပိုင်းမှာ ဝင်နိုင်ရင် Market တက်လာတာနဲ့အမျှ Capital Growth ရနိုင်တဲ့အခွင့်အရေးရှိပါတယ်။
3️⃣ New Community + Modern Amenities
အသစ်တည်ဆောက်မယ့် Community တွေမှာ Modern Facilities, Swimming Pool, Gym, Green Areas, Retail & Lifestyle Amenities တွေ ပါဝင်လာတတ်ပါတယ်။ အနီးနားက အိမ်အဟောင်းတွေထက်စျေးကောင်း၊ အဌားခပိုရမယ်။
4️⃣ No Commissions
Agent commission 2%မပေးရတဲ့အတွက် အရင်းထဲကအများကြီးသက်သာမှာဖြစ်ပါတယ်။
🔴 OFF-PLAN — အားနည်းချက် ၃ ချက်
1️⃣ ချက်ချင်း Rent မရနိုင်ဘူး
Handoverမရခင်Rental Incomeမရတာများပါတယ်။ (Off plan UnitမှာROIလိုချင်တယ်ဆို Full Cashပေးလို့ရတဲ့ Developer/Unitတွေတော့ ရှိပါတယ်)
2️⃣ Construction / Handover periodရှိတယ်
Developer ရဲ့ Construction Progress နဲ့ Handover Timeline ကို စောင့်ရပါတယ်။
3️⃣ Project Selection အရေးကြီးတယ်
Off-plan ဆိုတိုင်း အမြတ်ရမယ်ဆိုတာ မဟုတ်ပါဘူး။ Developer, Location, Price, Payment Plan နဲ့ Future Supply ကို သေချာစစ်ရပါတယ်။
⸻
🔵 READY PROPERTY — အားသာချက် ၃ ချက်
1️⃣ Immediate Rental Income
ဝယ်ပြီးတာနဲ့ ကိုယ်တိုင်နေထိုင်နိုင်သလို Tenant ရှာပြီး Rent ချနိုင်ပါတယ်။
2️⃣ Actual Property ကို မြင်နိုင်တယ်
View, Layout, Building Quality, Amenities တွေကို တကယ်သွားကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။
3️⃣ ချက်ချင်းအသုံးပြုနိုင်တယ်
Propertyကောင်းကောင်းရွေးချယ်နိုင်ရင် ဝယ်ပြီးတာနဲ့ကိုယ်တိုင်အသုံးပြု/Rental Income စရနိုင်ပါတယ်။
🔴 READY PROPERTY — အားနည်းချက် 4ချက်
1️⃣ Upfront Capital ပိုလိုနိုင်တယ်
Payment Plan ရွေးချယ်စရာက Off-plan လောက် Flexible မဖြစ်နိုင်ပါဘူး။
2️⃣ Capital Growth Potential ကို Entry Price က သတ်မှတ်ပြီးသားဖြစ်တတ်တယ်
Property က Market ထဲရောက်ပြီးသားဖြစ်လို့ Early-entry Advantage ကို ရရှိထားပြီးသားမဟုတ်ပါဘူး။ သူများအမြတ်ယူပြန်ရောင်းမှာဖြစ်တဲ့အတွက် စျေးတခုပိုမယ်။
3️⃣ Building / Community က အသစ်မဖြစ်နိုင်ဘူး
Amenities, Design, Building Quality နဲ့ Community Development က New Off-plan Project တွေလောက် မကောင်းနိုင်ပါဘူး။
4️⃣Commission ပေးရလို့ စျေးပိုကြီးမယ်!!! 💵
Agencies ကိုအနည်းဆုံး Commission fees2%ပေးရတဲ့အတွက် အရင်းအနှီးပိုများမှာဖြစ်ပါတယ်။
⸻
💡 ဒါကြောင့် ဘယ်ဟာကို ရွေးမလဲ?
Immediate rental income လိုတယ်ဆိုရင်Ready Property
Long-term capital growth + flexible payment + New Community ကိုလိုချင်တယ်ဆိုရင်တော့OFF-PLAN အသေချာပဲခမျာ…
ကျွန်တော့်အမြင်မှာတော့
Dubai မှာ Investment အတွက်ဆိုရင် Off-Plan က ပိုပြီး Strategic ဖြစ်ပါတယ်။
ဒါပေမယ့်ထပ်ပြောပါမယ်ခမျာ… “Off-plan ဆိုတာနဲ့ အမြတ်ရမယ်” လို့ မယူဆပါနဲ့။
Project မှားရင် Off-plan ကလည်း အန္တရာယ်ရှိပါတယ်။ကျနော်ရေးထားတဲ့ထဲမှာကျန်ခဲ့တာတွေရှိရင်လဲဖြည့်စွက်ပေးလို့ရပါတယ်ခမျာ… 🙏🏼
သင့် Budgetနဲ့ Objective ကို Comment မှာရေးထားပေးမယ်ဆို ကျနော်ကအခမဲ့ဆွေးနွေးပေးပါမယ်ခမျ။
Investmentအတွက်အသေးစိတ်ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်လဲ UAEနဲ့Thailandမှာ2နှစ်ကျော်အတွေ့အကြုံရှိပြီး International Investorsပေါင်းများစွာကို အကျိုးအမြတ်ကောင်းများရအောင် ကူညီပေးနိုင်ခဲ့တဲ့ Vineetကိုဆက်သွယ်တိုင်ပင်လို့ရပါတယ်ခမျာ…
Real Estate Investment များနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးတိုင်ပင်ရန်:
Vineet (Pyae Phyo Han)
Property Consultant - Lavinia Properties (Dubai Branch)
☎️ Contact Details:
+971556683320 (Viber / WhatsApp, UAE Number)
+66659768095 (Line)